May Honey Logo May Honey
Previous Next

၁၅၄။ ရင်သားကြီးတာက ပြဿနာပဲ

ကျွင်းကျွင်းသည် တုံတုံကိုချီကာ ကန်ဘေးတွင် အကြာကြီးထိုင်စောင့်နေခဲ့သည်။ နောက်ဆုံးသည် ကန်ရေသည် လှုပ်လာမှ သူမစိတ်အေးရသည်။ ထို့နောက် ကန်ထဲကနေ ပြန်ကူးလာသည့်သဏ္ဍာန် တစ်ခုကို သူမမြင်လိုက်ရသည်။

“အ. . .အာ?”   ကတုံးပြောင်ကြီး ရေပေါ်ကို တက်လာသည့်အခါ သူမ၏မျက်လုံးများကို မယုံနိုင်ဖြစ်သွားသည်။ လင်းချင်းအနားကို ရောက်လာမှ ကျွင်းကျွင်းသည် ဒါခေါင်းကြီးမှန်း သေချာသိတော့သည်။

ထိုကတုံးမသည် မျက်နှာလေးက အလွန်တရာလှပသော်လည်း စိတ်ညစ်နေသည့်ရုပ်ဖြင့် ဖြစ်သည်။ ရေကန်၏အလယ်ကနေ ကန်အစပ်သို့ ကူးလာသည်။ ကျွင်းကျွင်းကတော့ လင်းချင်းကို ကြည့်ကာ   ‘သူကတုံးဖြစ်သွားပြီ’   လင်းချင်း၏ မကျေမနပ်ဖြစ်နေသည့် မျက်နှာထားကို မြင်သည့်အခါ သူမသည် လက်ကိုကွယ်ကာ မရယ်ဘဲ မနေနိုင်ပေ။ 

လင်းချင်းသည် ကျွင်းကျွင်းကို ကြည့်လိုက်သည့်အခါ သူမချီထားသည့် တုံတုံက အိပ်နေကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့် ရေထဲကနေ သူမ၏သန့်ရှင်းကာ ချောမွေ့နေသည့် ကိုယ်ဖြင့် ထထွက်လာခဲ့သည်။ ထို့နောက် ကန်စပ်တွင် ချွတ်ထားသည့် အဝတ်များကို ယူဝတ်လိုက်သည်။

ရယ်လို့ဝတော့မှ ကျွင်းကျွင်းသည် လင်းချင်ကို ပြန်ကြည့်သည်။ ထိုအခါ သူမ၏အသွင်အပြင်သည် ပြောင်းလဲသွားသော်လည်း အရင်လိုအရှိန်အဝါရှိနေဆဲ ဖြစ်သည်။ ထို့အတူ လင်းချင်းသည် အရင်ကထက် ကျွင်းကျွင်းအား ဖိအားပိုပေးနေနိုင်သည်။ လင်းချင်းကို သေချာကြည့်သည့်အခါ သူမ၏မျက်နှာသည် နူးညံကာ လှပလွန်းသည်။ သို့သော်လည်း ဘဲဉပုံမျက်နှာဖြင့် ကတုံးဖြစ်နေသည့်အခါ ကြက်ဉကြီးတစ်လုံးလိုပင်။ ထို့ကြောင့် လင်းချင်းကို ကြည့်ရင်း ကျွင်းကျွင်းသည် အူတက်နေပြန်သည်။

လင်းချင်းသည် မျက်လုံးလှန်လိုက်ကာ သူမအား ဒီလိုအဓိပ္ပါယ်ပါသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
‘ငါပျော်မနေဘူးဆိုတာ နင်မြင်တယ်မလား? ဒါတောင် ငါ့ကိုရယ်နေသေးတယ်လား’

ကျွင်းကျွင်းက ကိုယ်ကိုတုန်အောင် ရယ်နေသောကြောင့် တုံတုံသည် နိုးလာသည်။ သူသည် မျက်လုံးကိုပွတ်ကာ အိပ်ချင်စုံမွှားဖြင့် ဘေးကိုကြည့်သည်။ လင်းချင်းအား ကတုံးဖြင့် မြင်သည့်အခါ ကလေးသည် အံ့သြစွာဖြင့်   ‘ဟင်. . .ဒါဘယ်သူကြီးလဲ? ဘာဖြစ်လို့ ဆံပင်မရှိတာလဲ?’

အဝတ်ဝတ်ပြီးသည့် လင်းချင်းသည် သူမ၏ခေါင်းပြောင်ပြောင်ကိုထိကာ ထူးဆန်းသလို ခံစားရသည်။ ထို့နောက် သူမသည် ခေါင်းငုံ့ကာ ရင်ဘတ်ကို ကြည့်လိုက်သည်။ အရင်က သူမသည် ပြားချပ်နေသဖြင့် လက်တိုအကျီကို ဒီတိုင်းဝတ်လေ့ရှိသည်။ ထို့ကြောင့် သူမသည် အကျင့်လိုဖြစ်နေခဲ့သည်။ သို့သော်လည်း ရင်ဘတ်သည် ပြန်ဖွံ့ဖြိုးလာကာ သိသာမြင်သာသည့် အရွယ်အစားရှိနေသဖြင့် အသားအသစ်နှင့် နို့သီးခေါင်းများသည် အရမ်းထိခိုက်လွယ်နေသည်။

အခုတော့ အကျီလက်ပြတ်ကို ဒီတိုင်းဝတ်လိုက်သည့်အခါ ရင်သားနေရာတွင် အနည်းငယ်ကြပ်နေကာ သူမ၏အသားကို ဖိထားသလိုပင်။ သူမလှုပ်ရှားလိုက်တိုင်း ကလိထိုးခံရသလို ယားယံနေခြင်းက အဆင်မပြေပေ။
‘အခု ငါအတွင်းခံရှာဝတ်ရတော့မှာလား?’

လင်းချင်းက သူမ၏ရင်ဘတ်ကို စိတ်ရှုပ်စွာ ကြည့်နေသည့်အခါ ဘေးက ကျွင်းကျွင်းသည် ပြဿနာကို သိသွားကာ ထပ်ရယ်ချင်လာသည်။   ‘သူ့မှာ ခံစားမှုရှိနေသေးတယ်လား?’

သူမအထင်မှန်ပါသည်။ လင်းချင်း၏ အာရုံခံစားမှုများ ပြန်ရောက်လာပြီ။ မျက်ဝန်းများသည် နက်နေသေးသော်လည်း အဖြူအမဲသာ မမြင်ရတော့ပေ။ သာမန်လူသားများလို အရောင်များကို ပြန်မြင်နေရပြီ ဖြစ်သည်။ သူမ၏ အသားအရည်သည်လည်း ခံစားနိုင်နေသည်ဖြစ်သည်။ မဟုတ်လျှင် ဘာကြောင့်များ အဆင်မပြေဖြစ်မည်နည်း?

သို့သော်လည်း လင်းချင်းသည် အာရုံသိပြန်ရနေသည်ကို သတိမထားမိသေးပေ။ အခုအချိန်တွင် သူမတွေးနေသည်တစ်ခုက ချူးလီလီ၏ ဘီရိုထဲတွင် သူမနှင့်တန်မည့် အတွင်းခံရှိမလားဆိုသည်သာ။ သို့သော်လည်း ချူးလီလီ၏ မဖွံ့ဖြိုးသေးပုံရသည့် ကိုယ်ကြောင့် သူမမျှော်လင့်ချက် ပျောက်ချင်သွားသည်။ 

သူမသည် ဦးထုပ်လည်းရှာရမည်။ လက်ရှိအသွင်အပြင်ကို တွေးမိသည့်အခါ သူမသည် စိတ်ညစ်သွားသည်။
‘ဆံပင်က ပြန်ပေါက်မှာလား? ပေါက်မှာပါနော် ဒီတိုင်းကြီးတော့ မဖြစ်ဘူးမလား? ကတုံးကြီးနဲ့? မဖြစ်ဘူး ငါ့မျက်နှာက ပြန်ကောင်းပင်မယ့် ကတုံးဖြစ်သွားတယ် ဘာဖြစ်လို့လဲ? ဘာဖြစ်လို့ ကံကြမ္မာက ငါ့ကိုလာနောက်နေတာလဲ? ငါ့ကိုဆက်တိုက်ခံစားရအောင် လုပ်နေတာပဲ’
ခနစိတ်ဓာတ်ကျပြီးနောက် လင်းချင်းသည် သူမအား ဒုက္ခမျိုးစုံဖြစ်စေသည့် နတ်ဘုရားကို စိတ်တိုသွားသည်။

ဒီလိုတွေးရင်း ချူးလီလီ၏ ပိုင်ဆိုင်မှုများရှိရာသို့ သွားကြည့်လိုက်သည်။ သူမသည် ငုံ့ကြည့်လိုက်သည့်အခါ သူမတွင် D cupရှိလောက်ကြောင်း ခန့်မှန်းမိသည်။ ဒီလိုမျိုး ကြီးမားသည့် ရင်ဘတ်က ထွက်လာခြင်းသည် သူမအတွက် အရမ်းထူးဆန်းနေစေသည်။

ကျွင်းကျွင်းသည် တုံတုံကိုချီကာ လင်းချင်းအနောက်သို့ လိုက်လာသည်။ တုံတုံ၏ မျက်လုံးများသည် လင်းချင်း၏ခေါင်းတွင်သာ။ ကလေးသည် လင်းချင်းကို မကြောက်တော့သော်လည်း လင်းချင်း၏ခေါင်းကို အရမ်းစိတ်ဝင်စားနေကာ ကိုင်ကြည့်ချင်နေတာ ဖြစ်သည်။

လမ်းလျှောက်နေရင်းလ င်းချင်းသည် ကျွင်းကျွင်း၏ ရင်ဘတ်ကို လှည့်ကြည့်သည်။ ထိုနောက် အမူအယာမဲ့စွာဖြင့် ခေါင်းပြန်လှည့်ကာ ချူးလီလီ၏ ဘီရိုဆီ ဆက်သွားသည်။ ကျွင်းကျွင်း၏ ရင်ဘတ်ကို မျက်လုံးဖြင့် တိုင်းကြည့်လိုက်ရာ Bလောက် ဖြစ်သည်။ ဒါကိုမြင်သည့် ကျွင်းကျွင်းကတော့ ဆွံ့အသွားသည်။

သူမထင်သလိုပင် လင်းချင်းသည် ချူးလီလီ၏ ဘီရိုထဲတွင် အတွင်းခံဆိုဒ်အသေးများသာ တွေ့ကာ သူမ၏ဆိုဒ်ကို မတွေ့ပေ။ သူမလို အတွင်းခံဝတ်မထားသည့် ကျွင်းကျွင်းကို ထပ်ကြည့်လိုက်ပြန်သည်။ ထို့နောက် သူမသည် အပြင်တွင်သာ အတွင်းခံရှာရတော့မည်။ ဒီနေရာမှာတော့ သူမနှင့်တန်တာ မရှိပေ။   ‘ရင်သားကြီးတာက ပြဿနာကြီးပဲ။ တော်တဲ့အတွင်းခံကို ရှာမရဘူး’

သို့သော်လည်း သူမသည် တော်သည့်ဦးထုပ်ကိုတော့ တွေ့ခဲ့သည်။ သူမသည် ပုဝါတစ်ခုဖြင့် ခေါင်းကိုပတ်လိုက်ပြီးနောက် အနက်ရောင်လျှာထိုးဦးထုပ်ကိုဆောင်းကာ နေကာမျက်မှန်အမည်းကြီး တပ်လိုက်သည်။ အခုလည်း သူမ၏အသွင်အပြင်က သံသယဝင်စရာကြီး ထပ်ဖြစ်ပြန်သည်။

ရင်ဘတ်က အဆင်မပြေနေသည်ကို လင်းချင်းသည် သည်းခံရင်း ကျွင်းကျွင်းနှင့် တုံတုံကို နယ်မြေထဲကနေ ခေါ်ထုတ်လာသည်။

သူတို့အပြင်ရောက်သည့်အခါ တစ်ညလုံး ငုပ်တုပ်လေး ထိုင်စောင့်နေခဲ့ရရှာသည့် ချူးလီလီသည် တန်းသိသည်။ ထို့ကြောင့် လိပ်ကြီးတစ်ကောင်၏ အခွံပေါ်တွင် ထိုင်နေရင်းက လှည့်ကြည့်လာသည်။ သေချာပေါက်ကို ဒီဇွန်ဘီဘုရင်မလေး၏ အစေခံဇွန်ဘီများက ဒီလိပ်ခွံပေါ်တွင် မထိုင်ခင် အဝတ်တစ်ခုဖြင့် သေချာသုတ်ပေးခဲ့ရသေးတာ ဖြစ်သည်။

လင်းချင်းနှင့် တခြား၂ယောက်ကို မြင်သော် လိပ်ခွံပေါ်ကနေ ထလာသော်လည်း လင်းချင်းဆီကို လျှောက်ဖို့ရပ်သွားသည်။ ထို့နောက် လင်းချင်းကို ခေါင်းအစ ခြေအဆုံး နားမလည်စွာ ကြည့်သည်။ လင်းချင်းသည် ပြောင်းလဲသွားသည်။ သူမ၏မျက်နှာက ပြောင်းသွားသလို အရှိန်အဝါသည်လည်း ပိုသန်မာလာသည်။

ဒီတစ်ခါတော့ ချူးလီလီသည် လင်းချင်း၏ အဆင့်ကို သိလိုက်သော်လည်း စွမ်းအားကိုတော့ မခန့်မှန်းတက်ပေ။   ‘ဟင်? အဆင့်လေးလား? အခုမှ အဆင့်လေးဖြစ်စ?’   သူမထူးဆန်းသလို ခံစားရသည်။

လင်းချင်းသည် အန္တရာယ်ကြီးသည့်ခံစားချက်ကို ဖြစ်စေသဖြင့် သူမနှင့် အဆင့်တူလောက်သာ ဖြစ်သင့်သည်။    ‘အခုမှ စွမ်းအားတွေ နိုးလာလို့လား? ဒါပင်မယ့် တစ်ချိန်လုံး နယ်မြေအစွမ်းကို သုံးနေတာပဲမလား?’

သူမ၏ မျက်လုံးနီနီဝိုင်းဝိုင်းလေးများဖြင့် ချူးလီလီသည် ပုဝါပေါ်မှာ ဦးထုပ်ကြီးဆောင်းထားသည့် လင်းချင်းကို အနားကပ်ကာ ကြည့်သည်။ လင်းချင်းအား စပ်စုစွာဖြင့် အရှေ့မှအနောက် စက်ပိုင်းတစ်ပတ်သေချာကြည့်သေးသည်။ ထို့နောက် ကျွင်းကျွင်းအား နားမလည်စွာဖြင့် ဒီလိုအဓိပ္ပါယ်ပါသည့် မျက်လုံးများဖြင့် ကြည့်သည်။   ‘ဘာဖြစ်လို့လဲ? သူဘာဖြစ်တာလဲ? ဘာဖြစ်လို့ တစ်ညလေးနဲ့ ဒီလိုဖြစ်သွားတာလဲ?’  
Previous Chapter 154 of 198 Next