၆၈။ ဇွန်ဘီကာကွယ်ရေး
လင်းချင်းသည် ဇွန်ဘီမ၏စိတ်ရှုပ်နေခြင်းကို သတိထားမိပြီး သူမ၏အခြေအနေကို သိလိုက်သည်။ သူမသည် ဇွန်ဘီပေါက်စဖြစ်လိမ့်မည်။ ဇွန်ဘီဖြစ်တာ မကြာလောက်သေးပေ။ ထို့ကြောင့် ကောင်းကောင်းမလှုပ်ရှားသေး။ ကောင်းသည်တစ်ခုမှာ မှတ်ညဏ်ပျောက်နေတာတောင် အတွေးများက ရှင်းနေသေးသည်။
ထို့အပြင် သူမသည် အပေါ်ထပ်က လူသားကို ကာကွယ်ရန် ကြိုးစားနေသေးသည်။ ထို့ကြောင့် လင်းချင်းသည် ဒီဇွန်ဘီမကို မိစ္ဆာမဖြစ်ခင် တစ်နည်းနည်းဖြင့် ကယ်လို့ရလောက်သေးသည်ဟု တွေးမိသည်။
“ဂါး” ‘အပေါ်ထပ်က လူသားကို ကာကွယ်ပေးနေတာပဲ’ လင်းချင်းက သူမကိုကြည့်ကာ အသေအချာပြောလိုက်သည်။
“ဂါး!” ‘နင်စားလို့မရဘူး! အဲ့ဒါငါ့သား!’ လင်းချင်းက အပေါ်ထပ်ကလူသားအကြောင်း ပြောသည်နှင့် သူမသည် စိုးရိမ်လာကာ လင်းချင်းအား အော်ပြောသည်။
သူမအတွက်တော့ လင်းချင်းသည် စကားပြောရသည့်ဇွန်ဘီ ဖြစ်သော်လည်း ဒီတို့တွေ့ဆုံခြင်းက ကောင်းလားဆိုးလား မသိသေးပေ။ ဓားပြမဟုတ်သည့်လူသားသာဆိုလျှင် ကလေးကို ခေါ်သွားခိုင်းတော့မှာ ဖြစ်သည်။ သို့သော်လည်း လင်းချင်းက အဆင့်မြင့်ဇွန်ဘီဖြစ်ကာ ရန်လိုမှုမရှိသဖြင့် သူမပေါ့နေလို့တော့ မရပေ။
အခုတော့ ဇွန်ဘီမသည် လင်းချင်းက သူမကလေးအတွက် ရောက်လာသည်ဟု ယုံသွားသည်။ ဇွန်ဘီများသည် လူသားများကို ချည်းကပ်လျှင် အကြောင်းအရင်းတစ်ခုသာရှိသည်။ လင်းချင်းကို ကြောက်လန့်တကြား သူမကြည့်လိုက်သည်။ သူမအတွက်ကြောက်တာမဟုတ်သော်လည်း ကလေးကို စားခံရမှာ ကြောက်နေခြင်းသာ ဖြစ်သည်။ သူမအခုတွေးမိတာ တစ်ခုသည် ကလေးကို လုံခြုံအောင်ထားဖို့သာ။
လင်းချင်းသည် ဇွန်ဘီမကိုကြည့်ရင်း ခေါင်းငြိမ့်လိုက်သည်။ သူမကိုယ်သည် ကောင်းမွန်သေးသလို မိဘမေတ္တာကပြည့်ဝနေသဖြင့် သူမ၏အရှိန်အဝါသည် ကောင်းလှသည်။ ကလေးမမွေးဖူးသည့် အမျိုးသမီးဆိုလျှင် ဒီလိုအရှိန်အဝါမရှိနိုင်ပေ။ “ဂါး” ‘စိတ်လျှော့စမ်းပါ။ ငါလူသားမစားဘူး။ ဒါပင်မယ့် နင့်ကလေးက အသက်တောင် သိပ်မရှုနိုင်တော့ဘူး’ လင်းချင်းက ဇွန်ဘီမအား ပြောလိုက်သည်။ ကလေး၏အသက်ရှုသံသည် ဖျော့လာပြီဖြစ်ကြောင်း သူမအာရုံရနေသည်။ ဝူယွဲ့လင်းအား သူမတွေ့စကာ အခြေအနေမျိုးပင်။
လင်းချင်းက ကလေးက အသက်ရှုမလွယ်ကြောင်း ပြောသည်ကိုကြားသည့်အခါ ဇွန်ဘီမသည် ချက်ချင်းစိတ်ပူသွားသည်။ သို့သော်လည်း လင်းချင်းကို မယုံရဲသေးဘဲ သတိအပြည့်ဖြင့် ကြည့်နေသည်။
လင်းချင်းသည် သူမ၏စိတ်ပူနေခြင်းကို သိသည်။ ထို့ကြောင့် ခနတွေးပြီးနောက် ဇွန်ဘီမအား ပြောလိုက်သည်။ “ဂါး” ‘ခနလေး ငါပြန်လာခဲ့မယ်’
ထို့နောက် သူမသည် ဇွန်ဘီမအရှေ့မှ ပျောက်ကွယ်သွားသည်။
‘ဟင်?’
ဇွန်ဘီမသည် အံ့သြသွားသည်။
နယ်မြေထဲသို့ရောက်သည့်အခါ ဝူယွဲ့လင်းက ခုံပေါ်တွင်ထိုင်နေကြောင်း တွေ့လိုက်ရသည်။ ကလေးမလေးကို တစ်ချက်ကြည့်ပြီးနောက် သူမဘာမှမပြောတော့ပေ။ ခွက်သန့်သန့်တစ်ခုကိုယူကာ ဆေးပြီးမှ ရေအပြည့်ထည့်၍ နယ်မြေထဲက ထွက်လာသည်။
ဇွန်ဘီမသည် လင်းချင်းပျောက်သွားသဖြင့် ခနအံ့သြနေရသော်လည်း လင်းချင်းမရှိသည်နှင့် ဇွန်ဘီအုပ်ကြီးက အမြန်လှေကားပေါ်သို့ တက်လာသည်နှင့် ရင်ဆိုင်လိုက်ရသည်။ သူမသည် အသိပြန်ဝင်ကာ သာမန်ဇွန်ဘီများကို အော်ရတော့သည်။ သို့သော်လည်း သူမ၏အသံမပျောက်ခင်မှာ လင်းချင်းက ပြန်ပေါ်လာသည်။
လင်းချင်းပြန်ပေါ်လာသည့်အခါ ဇွန်ဘီတိုင်းသည် အံ့သြသွားကြသည်။ ဇွန်ဘီမသည် တွေးနေမိသည်။ ‘ဒီအဆင့်မြင့်ဇွန်ဘီက ငါတို့ကိုလာကစားနေတာလား?’
ထို့နောက် လင်းချင်းသည် ဇွန်ဘီမအား စာရေးထားသည့် စာရွက်ပြလိုက်သည်။ ‘ဒါကရေသန့်။ နင့်ကလေးကို တိုက်လို့ရတယ်။ ကယ်ချင်တယ်ဆိုရင် ငါ့ကိုသူနဲ့တွေ့ခွင့်ပေး။ မဟုတ်ရင် သေမှာကို နင်ထိုင်သာစောင့်နေလိုက်တော့’
စာဖတ်ပြီးသည်နှင့် ဇွန်ဘီမသည် မျက်နှာပြောင်းသွားသည်။ ရေးထားသည်ကို နားလည်သော်လည်း လင်းချင်းကို ယုံသင့်လား မသိသေးပေ။ သို့သော်လည်း လင်းချင်းက သူမ၏ကလေး အသက်ကောင်းစွာမရှုနိုင်တော့သည်ကိုတောင် သိနေသေးသဖြင့် သူမသာ အခုတစ်ခုခုမလုပ်ပေးလျှင် ကလေးက သေသွားနိုင်သည်ကိုတော့ သိသေးသည်။
လင်းချင်းသည် ဒီလိုအခက်အခဲဖြစ်နေသည့်အချိန်မှာ သူမအားကယ်နိုင်ဖို့ အခွင့်အရေးပေးထားသော်လည်း ယုံမယုံကတော့ သူမ၏အပိုင်းသာ။ အလျင်မလိုဘဲ ရေခွက်ကိုကိုင်ထားကာ သူမအား တည်ငြိမ်စွာ စောင့်နေသည်။
ဇွန်ဘီမသည် ခနတွေးပြီးနောက် သူမကိုယုံဖို့ပဲ ရွေးလိုက်တော့သည်။ ဒီထက်ပိုကောင်းမည့်အကြံလည်း သူမတွေးမိသည်မှာ မဟုတ်တာ။ ကလေးအတွက် အစာနှင့်ရေလည်း ထွက်မရှာပေးနိုင်သလို ကလေးကိုလည်း ခေါ်သွားလို့မရပေ။ လင်းချင်း၏ လက်ထဲက ရေခွက်ကိုယူလိုက်ကာ ပြောသည်။
“ဂါး”
‘အနားကိုတော့ လာလို့မရဘူးနော်’
ထို့နောက် သူမသည် စိတ်ပူစွာဖြင့် အပေါ်ထပ်သို့ တက်သွားသည်။ လမ်းလျှောက်နေစဉ် လင်းချင်းကိုလည်း လှည့်ကြည့်လိုက်သေးသည်။
လင်းချင်းသည် ခေါင်းငြိမ့်ပြကာ သူမဖြစ်စေချင်သလို သုံးမီတာ လေးမီတာလောက်အကွာမှသာ နောက်ကနေ လိုက်လာသည်။ ကလေးကိုကယ်ဖို့လာသည်ဖြစ်သဖြင့် ဇွန်ဘီမကို စိတ်ပူအောင် မလုပ်ချင်ပေ။
ဇွန်ဘီမလည်း လင်းချင်းက ခပ်ခွာခွာမှလိုက်လာသဖြင့် သက်ပြင်းချနိုင်သည်။ ဒုတိယထပ်သို့ ရောက်သည့်အခါ သူမသည် ကော်ရစ်တာအဆုံးသို့ လျှောက်သွားသည်။ ထို့နောက် တံခါးရှေ့တွင်ရပ်ကာ ဖွင့်ဝင်သွားည်။ လင်းချင်းသည် လိုက်လာသော်လည်း တံခါးဝတွင် ရပ်လိုက်ကာ အထဲကိုလှမ်းကြည့်ရင်း စောင့်နေပေးသည်။ ဧည့်ခန်းနှင့် အိပ်ခန်းနှစ်ခုကို သူမတွေ့လိုက်သည်။ ဇွန်ဘီမသည် အိပ်ခန်းတစ်ခုသို့ ဝင်သွားသည်။
သူမသည် တံခါးဝတွင်စောင့်နေရင်း ဇွန်ဘီမဝင်သွားသည့်အခန်းမှ လူသားနံ့ကိုရသည်။ ဇွန်ဘီမက ကလေးကိုရေတိုက်မတိုက်တော့ သူမလည်းမသိပေ။ ခနကြာသော် ဇွန်ဘီမသည် ရေခွက်အလွတ်ဖြင့်ပြန်ထွက်လာကာ လင်းချင်းအား အိပ်ခန်းတံခါးဝမှနေ လှမ်းကြည့်လာသည်။
လင်းချင်းသည် ဒုတိယထပ်သို့ တက်လာသည့် သာမန်ဇွန်ဘီများကို တစ်ချက်ကြည့်ပြီးမှ တိုက်ခန်းထဲသို့ ဝင်လာကာ တံခါးပိတ်လိုက်သည်။ ထို့နောက် လင်းချင်းသည် ဧည့်ခန်းထဲတွင် ပျောက်သွားပြန်သည်။ ပြန်ပေါ်လာသည့်အခါ နှစ်ယောက်ဖြစ်သွားသည်။ လင်းချင်း၏ဘေးတွင် ကလေးမလေးတစ်ယောက်က ရပ်နေသည်။ ဇွန်ဘီမသည် သူတို့ကိုကြည့်ရင်း မျက်လုံးပြူးကာ လန့်သွားသည်။
ဝူယွဲ့လင်းသည် လင်းချင်းက သူမကိုနယ်မြေထဲမှနေ ခေါ်ထုတ်လာသည့်အခါ အနည်းငယ်စိတ်အဆင်မပြေဖြစ်သွားသည်။ ဇွန်ဘီမတစ်ကောင်က သူမရှေ့တွင် ရပ်နေသည်ကိုမြင်သည်နှင့် လင်းချင်း၏အနောက်သို့ ချက်ချင်းပြေးပုန်းတော့သည်။
ဇွန်ဘီမသည် လင်းချင်းလည်း လူသားနှင့်အတူရှိမည်ဟု မတွေးမိပေ။ ဝူယွဲ့လင်းဆီမှ လူသားနံ့ရသည့်အခါ သူမသည် ကိုက်ချင်လာသည်။ ဝူယွဲ့လင်းသည် သူမနှင့် ဘာမှမဆိုင်သည့် ကလေးမလေးဖြစ်သောကြောင့် သူမ၏ စားချင်စိတ်က ပြင်းထန်လာသည်။
“အဟမ်း!”
လင်းချင်းသည် ဇွန်ဘီမ၏မျက်နှာမှ အမူအယာမြင်သည့်အခါ ချောင်းဟန့်လိုက်သည်။ လင်းချင်းအသံကြားမှ ဇွန်ဘီမသည် အသိပြန်ဝင်သွားကာ လင်းချင်း၏အနောက်မှာသာ ယုံကြည်စွာ ပုန်းနေသည့်ကလေးမလေးကိုကြည့်ရင်း နားမလည်နိုင်ဖြစ်သွားသည်။
‘ဘာတွေဖြစ်နေတာလဲ? ဘာဖြစ်လို့ ဒီဇွန်ဘီမက လူသားကလေးကို သူနဲ့အတူခေါ်ထားတာလဲ? သူ့သမီးများလား? ပြီးတော့ ကလေးမလေးက သူ့ကိုအရမ်းအားကိုးပုံရတယ်’
သူမတွေးနေမိသည်။
လင်းချင်းသည် သူမ၏အတွေးများကိုကြားနေရသည်။ ဇွန်ဘီမက သူမကို ကလေး၏အမေဟု ထင်လိုက်သည့်အခါ တကယ်ဆွံ့အသွားသည်။ အကယ်၍ ဇွန်ဘီမသာ ဒီကိုယ်ပိုင်ရှင်က ကလေးကို ပြန်ပေးဆွဲပြီး ကလေး၏အဖေကို မုဒိန်းကြည့်ခဲ့သည့်သူမှန်းသိလျှင် ဘယ်လိုထင်မလဲ သိချင်သွားသည်။
သူမည် စာရွက်ထုတ်ကာ ရေးလိုက်ပြီး ‘နင်မြင်တဲ့အတိုင်း ငါ့မှာ နယ်မြေရှိတယ်။ ကလေးမလေးက တချိန်လုံး ငါ့နယ်မြေထဲမှာနေတာ။ နင့်ကလေးကိုလည်း ငါ့နယ်မြေထဲမှာ ထားသင့်တယ်။ ပြီးရင် ငါ့နောက်ကိုလိုက်ခဲ့။ ကလေးကို နင်ဘယ်သူ့ကို သွားပေးမှာလဲ? ကလေးရဲ့အဖေရော ရှင်သေးလား?’
စာဖတ်ပြီးနောက် ဇွန်ဘီမသည် မျက်လုံးများအရောင်မှိန်သွားကာ ခေါင်းခါသည်။
လင်းချင်း၏မေးခွန်းကို မဖြေနိုင်ပေ။ သူမသည် ဘယ်သူ့ကိုမှ မှတ်မိတာ မဟုတ်ပေ။ သူမဘယ်သူလဲ? မိသားစုတွေနဲ့ သူငယ်ချင်းမိတ်ဆွေတွေကရော ဘယ်မှာလဲ? ကလေး၏အဖေ ဘယ်သူလဲကအစ သူမမှတ်မိတာ မဟုတ်ပေ။ ထို့ကြောင့် ကလေးကို ဘယ်သူ့ပေးရမလဲ မသိပေ။ သူမည် ကလေးကို ကိုယ်တိုင်သာ စောင့်ရှောက်ချင်သော်လည်း စိတ်လွတ်သွားကာ ကိုက်မိမည်ကို စိုးရိမ်နေတာ ဖြစ်သည်။