May Honey Logo May Honey
Previous Next

၁၇၈။ မေးချင်သလောက်မေး

လိပ်ကိုလှောင်ချိုင့်ထဲသို့ ပေါ့ပေါ့လေ းထည့်လိုက်သည်ကို မြင်သည့်အခါ အခြားသူများသည် အံ့သြတကြီးဖြင့် အနားသို့လာကြည့်ကြသည်။   ‘လိပ်ရောဟုတ်လို့လား? ဘာဖြစ်လို့ ယုန်ထက်မြန်နေတာလဲ?’

လင်းချင်းသည် လှောင်ချိုင့်ထဲကို လက်ထဲ၍ လှုပ်လိုက်သည်။ ထိုအခါ သူမ၏နယ်မြေထဲမှ အခြားလိပ်များသည် လှောင်ချိုင့်ထဲသို့ ပြုတ်ကျလာတော့သည်။ လိပ်အုပ်ကြီးသည် လှောင်ချိုင့်ထဲတွင် ပြေးလွှားနေကြရာ ဆူညံ့နေသည့်အသံများက ကျယ်လောင်စွာ ထွက်ပေါ်နေတော့သည်။

ဟိုတယ်အခန်းထဲကလူများသည် ဆူညံသံများကိုကြားသည့်အခါ ပြတင်းပေါက်ကနေ ကြည့်ကြသည်။   “ဟင်? သူတို့ဘာလုပ်နေကြတာလဲ?”

“လှောင်ချိုင့်ကကြီးလိုက်တာ။ ဘာတွေလှောင်ထည့်ထားတာလဲ? အကောင်တွေက အရမ်းကြီးနေတာပဲ။ ကြည့်ရတာ လိပ်ကြီးတွေကျလို့?”

“လိပ်တွေလား? ဒီလောက်အပြေးမြန်တဲ့လိပ်ကို မြင်ဖူးကြလို့လား?”

“တကယ်လိပ်တွေ ဒါပင်မယ့် သန္ဓေပြောင်းတွေထင်တယ်။ ဘာဖြစ်လို့ လုထန်ယုက ဒီလိပ်တွေကို လှောင်ထားတာလဲ?”

“ဘယ်သူသိမှာလဲ? သူကတကယ်ထူးဆန်းတယ်”

လုံချင်းယင်သည် မနေနိုင်ဘဲ မေးတော့သည်။   “မနေ့ညက လိပ်တွေသွားဖမ်းတာလား? နင်စားမှာမလို့လား?”   လင်းချင်းက သန္ဓေပြောင်းတိရစ္ဆာန်များကို စားကြောင်းကို သိလေရာ လိပ်များကိုမြင်တော့ အစာဖြစ်မည့်အကြောင်း သိလိုက်သည်။

လင်းချင်းသည် နေကာမျက်မှန်ကို ပြန်တပ်လိုက်ပြီးနောက် ပြုံးရင်းဖြင့် ခေါင်းငြိမ့်ပြသည်။

“ဒါဆိုရင် ဒါတွေစားတယ်ပေါ့။ လူသားမစားတာ မထူးဆန်းတော့ပါဘူး”   လင်းဝမ်ဝမ်က ပြောသည်။   “ဒါပင်မယ့် လိပ်တွေက သန္ဓေပြောင်းတွေ။ ပိုးရှိမယ်လို့ထင်တယ်။ နင်ကဇွန်ဘီဆိုတော့ ထပ်မကူးနိုင်တော့ပင်မယ့် ဒီမှာလိပ်တွေလှောင်ထားလို့ လှောင်ချိုင့်ထဲကလွတ်သွားပြီး ငါတို့ကိုကိုက်ရင်ရော?”

‘ဒါကတော့ လှောင်ချိုင့်ခိုင်မခိုင်ပေါ် မူတည်တာပေါ့’   လင်းချင်းက တွေးကာ လုံချင်းယင်ကို ကြည့်လိုက်သည်။

လုံချင်းယင်က ပြန်ဖြေသည်။   “လွှတ်မပေးသ၍ လှောင်ချိုင့်ထဲက မလွတ်ပါဘူး”

လှောင်ချိုင့်သည် အလေးကြီးဖြစ်သည်။ လိပ်များက သူတို့သွားထက်ထက်များဖြင့် ကိုက်နေသော်လည်း သံချောင်းများတွင် အဖြူစင်းလောက်သာ ကျန်နေနိုင်တာဖြစ်သည်။

“အင်း”   လင်းဝမ်ဝမ်သည် လုံချင်းယင်ကိုကြည့်ကာ ခေါင်းငြိမ့်ပြသည်။ 

ထို့နောက် နှစ်ယောက်လုံးအား လင်းချင်းကကြည့်ကာ
“စားနိုင်တယ်”

လုံချင်းယင်နှင့် လင်းဝမ်ဝမ်တို့သည် အချင်းချင်းကြည့်ပြီးနောက် လင်းချင်းကို တအံ့တသဖြင့် လုံချင်းယင်က   “ဒီလိပ်တွေကို ငါတို့စားရတယ်လို့ ပြောတာလား? ဒါပင်မယ့် ပိုးရှိနေတဲ့ သန္ဓေပြောင်းကောင်တွေ။ ငါတို့စားလိုက်ရင် နင်တို့လိုဖြစ်သွားမှာမလား?”

လင်းချင်းသည် ခေါင်းခါကာ တစ်လုံးချင်းပြောသည်။   “မဖြစ်။ ဒါကင်းတယ်”

လင်းဝမ်ဝမ်သည် လုံချင်းယင်ကို တစ်ချက်ကြည့်ပြီးနောက် လင်းချင်းအား တိတိကျကျမေးသည်။   “နင် ကလေးကို ဒီသန္ဓေပြောင်းကောင်တွေ ကျွေးနေတာတော့ မဟုတ်ဘူးမလား?”

လင်းဝမ်ဝမ်သည် ဇွန်ဘီတွေက ကလေးကို ဘယ်လိုများ ကောင်းကောင်းဂရုစိုက်နေသလဲ သိချင်နေတာဖြစ်သည်။ ခုနလေးတင် သူမ၏အမေနှင့် ကလေးကို ဇွန်ဘီတွေက ဘာတွေကျွေးနေသလဲ အတူတွေးကာ ပြောဆိုနေကြသေးသည်။

လင်းချင်းသည် ခေါင်းငြိမ့်ပြသည်။ လင်းဝမ်ဝမ်က မျက်လုံးပြူးသွားကာ သူမကို   “ကလေးက ဇွန်ဘီဖြစ်သွားမှာ မစိုးရိမ်ဘူးလား?”

လင်းချင်းသည် လက်ကာပြကာ   “မဖြစ်”

လင်းဝမ်ဝမ်သည် သူမကိုကြည့်ရင်း ပဟေဠိဖြစ်နေသည်။ ကလေးသည် အခုအထိ ရှင်နေနိုင်သည်မှာ အံ့ဖွယ်လိုခံစားရသည်။ သို့သော်လည်း လင်းချင်းကသာ လူသားများအတွက် ဘာကစားရသည် ဘာကစားမရဘူးပြောနိင်လျှင် တကယ့်ကိုအရမ်းအကူအညီဖြစ်မှာဖြစ်သည်။

“ကလေးက နင်နဲ့နေတာ ကြာပြီလား?”   သူမမေးသည်။ လင်းချင်းက လက်ချောင်း၇ချောင်းထောင်ပြသည်။

“ခုနစ်? ခုနစ်လလား? ခုနစ်ရက်လား?”   လင်းဝမ်ဝမ်ကမေးသည်။

“ရက်”   လင်းချင်းက ပြန်ဖြေသည်။

“အင်း”   လင်းဝမ်ဝမ်က ခေါင်းငြိမ့်သည်။

လှောင်ချိုင့်သည်ခိုင်ကာ လိပ်များကို ထည့်ပြီးနောက် လင်းချင်းသည် ဟိုတယ်သို့ ပြန်လာသည်။ အခြားသူများက သူမနောက်က လိုက်လာစဉ် လင်းဝမ်ဝမ်က မေးခွန်းပေါင်းစုံ မရပ်စတမ်းမေးနေသည်။

“ငါတို့ဘာဖြစ်လို့ လိပ်သားစားသင့်သလဲ မပြောပြရသေးဘူး။ ဒါနဲ့ဇွန်ဘီတွေက အညစ်အကြေးဘယ်လိုစွန့်ထုတ်လဲ? ဒါနဲ့တခြားဇွန်ဘီတွေက လူသားစားတာကို နင်ကဘာဖြစ်လို့ တိရိစ္ဆာန်ပဲစားတာလဲ?”

လင်းချင်းသည် အနည်းငယ်ဆွံ့အနေခဲ့သည်။ သူမ၏စကားပြောနှုန်းက နှေးလွန်းသဖြင့် လင်းဝမ်၏ အဆုံးမရှိနိုင်သည့်မေးခွန်များကို နားထောင်နေရုံအပြင်မရှိပေ။ လင်းဝမ်ဝမ်က မေးနေရင်း အဖြေကိုသိသွားသဖြင့် သူမသည် တချို့မေးခွန်းများကို ကျော်လိုက်သည်။

လုံချင်းယင်က အသားကျနေပြီဖြစ်ရာ အမှုအယာကင်းမဲ့စွာဖြင့် နောက်ကနေလိုက်လာသည်။

“စားချင်ရင်ငါ့ရေကိုသုံး”   လေးလွှာသို့ရောက်မှ လင်းချင်းသည် လင်းဝမ်ဝမ်ကို ပြောတော့သည်။

သူမ၏စကားတောင်မဆုံးသေးခင် လင်းဝမ်ဝမ်သည်   “အာ နင်ပေးတဲ့ရေနဲ့ လိပ်ကိုပြုတ်ရမှာလား? ရေကပိုးသေနိုင်တယ်လား? တကယ်ကြီးလား?”

လင်းချင်းသည် စကားဖြတ်ပြောသည်ကို စိတ်ထဲမထားဘဲ သေချာစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

“ဪ သိပြီ သိပြီ”   လင်းဝမ်ဝမ်က ပြောသည်။   “မဖြစ်နိုင်ဘူးလို့ ထင်ရပင်မယ့် ကလေးက ကျန်းမာတာပဲ။ အဲ့ဒါကြောင့် ယုံလိုက်မယ်။ ပြီးတော့ ငါတို့ကို ထိခိုက်အောင် မလုပ်ဘူးမလား?”

လင်းချင်းသည် သူတို့ကိုထိခိုက်အောင် လုပ်ချင်ရင် ကယ်နေစရာကို မလိုဘူးမလား? ထို့ကြောင့် သူမသည် တိတ်ဆိတ်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

ဇွန်ဘီအခန်းရောက်မှ လင်းချင်းသည် တံခါးကိုပိတ်ကာ ရှဲ့တုန်းအား   “ပြော”   ‘နင်မေးချင်သလောက်မေးလို့ရပြီ’

စိတ်ရှုပ်နေသည့် ရှဲ့တုန်းသည် လင်းချင်းကို ခေါင်းအစခြေအဆုံးကြည့်ရင်း အခုမှ သူ့ကိုမေးခွန်းမေးခွင့်ပြုပြီဖြစ်ကြောင်း သိလိုက်သည်။

ထိုအချိန်တွင် အခန်းထဲသို့ပြန်ရောက်နေသည့် ချူးလီလီသည် ရှဲ့တုန်းကို တအံ့တသြကြည့်သည်။ အနားသို့လာကာ ခေါင်းအစခြေအဆုံးပတ်ကြည့်ပြီးမှ ဇွန်ဘီဖြစ်ကြောင်း သေချာသိသွားသည်။ ထို့နောက် သူမ၏အကြိုက်ဆုံးနေရာဖြစ်သည့် ပြတင်းပေါက်နားက ခုံသို့ပြန်သွားထိုင်သည်။

လင်းချင်းက စကားတစ်လုံးသာပြောသော်လည်း ရှဲ့တုန်းက သူမပြောချင်သည့်အဓိပ္ပာယ်ကို သိသဖြင့် သူစာရေးပြဖို့လိုအပ်သည်များကို လက်ဟန်ပြကာတောင်းလိုက်သည်။

လင်ချင်းသည် သူ့ကိုစာရေးဖို့ပေးလိုက်ပြီးနောက် အခန်းထဲတွင် ဘယ်နေရာမှာ ထိုင်ရမလဲ ကြည့်လိုက်သည်။ လက်တင်ရသည့်ကုလားထိုင်နှစ်ခုရှိတာ ခွေးခြေလိုခုံလေးတစ်ခုရှိသည်။ ထိုခွေးခြေလိုခုံဖြင့် ချူးလီလီသည် ပြတင်းပေါက်နားတွင် ထိုင်နေသည်။ တုံတုံနှင့် ကျွင်းကျွင်းက ကုတင်ပေါ်တွင်ထိုင်နေလေရာ ခုံ၂လုံးလွတ်သည်။

သူမသည် တစ်ခုံတွင်ထိုင်လိုက်ကာ နောက်တစ်ခုံတွင် ရှဲ့တုန်းကို ထိုင်ဖို့ညွှန်ပြလိုက်သည်။ ရှဲ့တုန်းက လာထိုင်ပြီးနောက် ရေးပြသည်။   ‘တကယ်လုထန်ယုလား?’

စာဖတ်ပြီးနောက် လင်းချင်းသည် ခနတွေးကာ ခေါင်းငြိမ့်ပြီး ခေါင်းခါပြသည်။ ရှဲ့တုန်းသည် အံ့သြခြင်းမရှိဘဲ နားမလည်သာဖြစ်သွားသည်။ ကျွင်းကျွင်းနှင့် ချူးလီလီတို့ကလည်း သူမကို စိတ်ဝင်တစားဖြင့် ကြည့်နေကြသည်။ ကျွင်းကျွင်းသည် အိပ်နေသည့်တုံတုံကို စောင်သေချာခြုံပေးပြီးနောက်ကြည့်နေတာဖြစ်သည်။ ရှဲ့တုန်း၏မေးခွန်းကို သူတို့လည်း သိချင်ကြသည်။

ကျွင်းကျွင်းနှင့် ချူးလီလီတို့သည် လင်းချင်းဆိုသည်က စခန်းခေါင်းဆောင်အမည်မှန်း မသိသလို ငရဲမီးခေါင်းဆောင်ဆိုသည်ကိုတောင် မကြားဖူးတာဖြစ်နိုင်သည်။ ထို့ကြောင့် လင်းချင်းဟု မိတ်ဆက်ပေးတုန်းက သူတို့သည် အာရုံသိပ်ရှိကြတာဖြစ်သည်။ သို့သော်လည်း ဒီလူစုကို လင်းချင်းက တခြားနာမည်တစ်ခုဖြင့် မိတ်ဆက်နေသောကြောင့် သူတို့နှစ်ယောက်လည်း နားမလည်ဖြစ်သွားကြသည်။

လင်းချင်းသည် သင်ပုန်းကိုယူလိုက်ကာ ရှဲ့တုန်းရေးသည်များကို ဖျက်ပြီးနောက်   ‘ငါက လင်းချင်းပါ။ ဒါပင်မယ့် ဒီကိုယ်က လုထန်ယုရဲ့ဟာ။ ငါနိုးလာတော့ သူကသေနေပြီ။ ပြီးတော့ ဒီကိုယ်က ဇွန်ဘီဖြစ်နေပြီးသားဆိုတော့ ငါလည်းဇွန်ဘီအဖြစ်နဲ့ နိုးလာတာ’

ရေးစရာအများကြီးရှိသော်လည်း လင်းချင်းသည် လက်ရေးကိုသေးရေးကာ သူတို့ကိုပြလိုက်သည်။  
Previous Chapter 178 of 198 Next