May Honey Logo May Honey
Previous Next

၁၈၁။ လမ်းခွဲပြီးသွားကြမယ်

နောက်နေ့တွင် လင်းချင်းသည် ကျွင်းကျွင်းနှင့် ချူးလီလီတို့အား အခန်းထဲတွင် နေခဲ့စေကာ ရှဲ့တုန်းနှင့်အတူ ယွမ်ထန်ရှင်း၏အခန်းသို့ သွားသည်။ အခန်းတံခါးကို ဝေ့ကျင်းချန်က ဖွင့်ပေးသည်။ တပ်သားအချို့ကလွဲလျှင် လူစုံနေပြီဖြစ်သည်။ သူတို့သည် လင်းချင်းကို မျှော်နေပုံရသည်။ လင်းဖန်နှင့် ယွမ်ထန်ရှင်းသည် ဆိုဖာပေါ်တွင် ထိုင်နေကာ အမျိုးသမီးလင်းနှင့် ချန်းဝမ်ရှုတို့က ပြတင်းပေါက်နားက ကုလားထိုင်တွင် ထိုင်နေကြသည်။ 

လင်းချင်းသည် လူတိုင်းကို ပြုံး၍ခေါင်းငြိမ့်ပြလိုက်ကာ ခုံအလွတ်တစ်ခုတွင် ထိုင်လိုက်သည်။ ရှဲ့တုန်းကတော့ လင်းချင်း၏အနောက်တွင် ရပ်နေလိုက်သည်။ အခန်းထဲကလူတိုင်း၏ အာရုံသည် ရှဲ့တုန်းဆီသို့ ရောက်သွားသည်။ မနေ့က လုံချင်းယင်နှင့် လင်းဝမ်ဝမ်တို့သည် သူ့ကိုအနီးကပ်မြင်လိုက်ရသော်လည်း ကျန်သည့်သူများကတော့ ပြတင်းပေါက်ကနေ လှမ်းမြင်လိုက်ရခြင်းဖြစ်သည်။

ရှဲ့တုန်း၏ ရုတ်တရက်ပေါ်လာမှုသည် လင်းဖန်နှင့် အခြားသူများကို မအံ့သြစေပေ။ အစက လင်းချင်းသည် မျက်လုံးနီဇွန်ဘီမလေးဖြင့် ရှိနေသည်။ နောက်နေ့တွင် ကလေးချီထားသည့် အမျိုးသမီးဇွန်ဘီက ပေါ်လာသည်။ အခုတော့ သူမသည် ခါးဆန့်ကာ ခေါင်းမတ်ထားသည့် တပ်သားဖြစ်ပုံရသည့် ယောက်ျားတစ်ယောက်ဖြင့် ရောက်လာပြန်သည်။ အတွေ့အကြုံရှိသည့် တပ်သားဟောင်းများဖြစ်သည့် လင်းဖန်နှင့် ယွမ်ထန်ရှင်းတို့ထက်တောင် သူသည် တပ်သားပုံပို၍ပေါက်သည်။

စခန်းက လူအများစုသည် စွမ်းအားရှင်များ သို့မဟုတ် အရင်ကတပ်သားဟောင်းများ ဖြစ်ကြသည်။ စွမ်းအားရှင်များက တစ်ကိုယ်တည်းတိုက်ခိုက်နိုင်စွမ်း ကောင်းချိန်တွင် တပ်သားဟောင်းများက စိတ်ဓာတ်မာကျောကာ ခံနိုင်ရည်မြင့်မားသည်။ ထို့အတူ စခန်းတွင် အရည်အချင်းများ တိုးတက်လာသူတို့များနေသဖြင့် ဒီလိုလူမျိုးက သိပ်မရှားပေ။ ထို့ကြောင့် လင်းဖန်နှင့် ယွမ်ထန်ရှင်းတို့သည် ရှဲ့တုန်းအား အာရုံသိပ်မရှိတော့ဘဲ လင်းချင်းစကားပြောမည်ကိုသာ စောင့်နေလိုက်သည်။

“မနေ့က စခန်းသစ်ဆောက်ဖို့ နေရာက ဇွန်ဘီမြို့တော်ဆိုရင် ပိုကောင်းမယ်ပြောလို့ ငါတို့တိုင်ပင်ကြည့်လိုက်တာ ဟန်ကျိုးမြို့လည်လောက်ကိုသွားမယ်။ ဒီနေရာ ဇွန်ဘီတွေနဲ့ ပြည့်နေမှာပဲ”   ယွမ်ထန်ရှင်းက မြေပုံကို စားပွဲပေါ်တွင် ဖြန့်ပြကာ ဟန်ကျိုးမြို့ကို ထောက်ပြရင်း ပြောသည်။

လင်းချင်းသည် ခေါင်းငြိမ့်ကာ စာရေးပြသည်။   “ငါတို့အဲ့ဒီမြို့ရဲ့ တားမြစ်ထားတဲ့နေရာက အခြေအနေကို အရင်သွားကြည့်ပြီးမှ ဆုံးဖြတ်ချက်ချသင့်တယ်”

ယွမ်ထန်ရှင်းသည် သူမကိုကြည့်ကာ မေးသည်။   “ငါတို့အခြေမချခင် အရင်သွားကြည့်သင့်တယ်လို့ ပြောချင်တာလား?”

လင်းချင်းသည် ခေါင်းငြိမ့်ကာ ဆက်ရေးပြသည်။   “ပင်လယ်မြို့တော်စခန်းကို လူရှာဖို့ နင်တို့သွားမှာမလား? ငါတို့က အဲ့ဒီမြို့ကိုသွားကြည့်လို့ရတာမလို့ လူခွဲသွားရတယ်”

ယွမ်ထန်ရှင်းနှင့် လင်းဖန်သည် အချင်းချင်းကြည့်ကာ လင်းဖန်က တအံ့တသြဖြင့်   “နင်တို့ အဲ့ဒီမြို့ကို အရင်သွားထောက်လှမ်းမယ်လို့ ပြောချင်တာလား? ငါတို့လူတွေကို ငါတို့ကအရင်သွားရှာပြီးတော့ နောက်အစီအစဉ်အတွက် နင့်ဆီက သတင်းကို ငါတို့က စောင့်ရမှာလား”

လင်းချင်းသည် ခေါင်းငြိမ့်ပြသည်။ ယွမ်ထန်ရှင်းက ခနတွေးကာ ပြောသည်။   “ဒါအလုပ်ဖြစ်တယ်။ လီကျန်းတို့ကို ရှာတွေ့မလား မတွေ့ဘူးလား မပြောနိုင်ဘူး။ သူတို့သာ ပင်လယ်မြို့တော်စခန်းမှာရှိရင် မြန်မြန်တွေ့မှာပဲ။ ဒါပင်မယ့်မရှိရင် ငါတို့က ရှာဖို့ပိုအချိန်ကြာမှာ။ ဒီလိုအချိန်မှာ သူတို့က မြို့အလည်ကို သွားထောက်လှမ်းပေးဖို့က တကယ်လုပ်သင့်တယ်”

စကားဆု့းသည့်အခါ လင်းဖန်ကို အမြင်မေးဖို့ လှမ်းကြည့်သည်။ လင်းဖန်သည် ခေါင်းငြိမ့်ပြကာ ပြောသည်။   “နင်တို့က ဇွန်ဘီတွေဆိုတော့ စခန်းထဲကို ငါတို့နဲ့လိုက်လို့ မရလောက်ဘူး။ ဇွန်ဘီမြို့တော်ကို သွားထောက်လှမ်းတာကမှ နင်တို့နဲ့ပိုသင့်တော်တဲ့အလုပ်ပဲ။ ဒါပင်မယ့် အခုဒီနေရာကို စောင့်ရှောက်ဖို့လူလည်း လိုသေးတော့ ငါပဲနေခဲ့မယ်”

လင်းဝမ်ဝမ်သည် ဒီနေရာက အစားအသောက်တိုင်းကို သူမ၏နယ်မြေထဲသို့ ထည့်ထားနှင့်ပြီ။ သို့သော်လည်း သူတို့သည် နေစွမ်းအင်သုံးပစ္စည်းများကို သူတို့နှင့်အတူ ယူလာရန် ဖြုတ်ဖို့က လိုသေးသည်။ ထို့ကြောင့် လူအချို့က ဒီပစ္စည်းများအတွက် ရောက်လာပါက အင်အားရှိသူတစ်ယောက်က ကာကွယ်ပေးဖို့လိုသေးသည်။ ထို့ကြောင့် လင်းဖန်က နေခဲ့သင့်သည့်သူ ဖြစ်နေတော့သည်။ ယွမ်ထန်ရှင်းသည် ပင်လယ်မြို့တော်စခန်းကို လူရှာဖို့ သွားလိမ့်မည်။ လုထန်ယုတို့ ဇွန်ဘီအဖွဲ့ကတော့ ဇွန်ဘီမြို့တော်ကို သွားထောက်လှမ်းသင့်သည်။

ယွမ်ထန်ရှင်းနှင့် လင်းချင်းသည်လည်း လင်းဖန်နှင့် အတွေးချင်းတူသည်။ ထို့ကြောင့် လင်းချင်းက ‘သဘောတူတယ်’ဟု ရေးပြသည်။ ယွမ်ထန်ရှင်းက   “ကောင်းတယ်! ပင်လယ်မြို့တော်စခန်းကို တူယွမ်ရှင်းရယ် နောက်သုံးယောက်လောက်ရယ် ခေါ်သွားလိုက်မယ်။ လင်းဖန်နဲ့ လုံချင်းယင်တို့ကတော့ တခြားသူတွေကို စောင့်ရှောက်ဖို့ ဒီမှာနေခဲ့ကြ”

လင်းဖန်နှင့် လင်းချင်းတို့က ခေါင်းငြိမ့်ပြသည်။ 

လင်းချင်းက ထပ်ရေးပြသည်။
“မနက်ဖြန် ငါသွားမယ်”

သဘောတူညီမှုရသည်နှင့် လင်းချင်းသည် အခန်းထဲကနေ ပြန်လာသည်။ သူမ၏ ကတုံးပြောင်ကို ဒီလူများက ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ ကြည့်နေကြသည်များကို စိတ်ထဲမထားသော်လည်း သူမ၏ခေါင်းက အေးလာသလိုတော့ ခံစားရသည်။

ဇွန်ဘီအခန်းထဲသို့ ရောက်သည့်အခါ လင်းချင်းသည် ကျွင်းကျွင်းရေချိုးဖို့အတွက် ရေချိုးကန်ထဲကို သူမ၏ကန်ရေဖြည့်လိုက်သည်။

ကျွင်းကျွင်းသည် တုံတုံကို ကုတင်ပေါ်တွင် ထားခဲ့ကာ ရေချိုးခန်းသို့ လာသည်။ သို့သော်လည်း သူမသည် ဘယ်လောက်မှ မလျှောက်ရသေးဘဲ ကလေးက အော်ငိုလေသည်။ သူ့အား ဘယ်သူကမှ ထိန်းပေးခြင်းကို မလိုချင်ကာ သူအမေနှင့်သာ နေချင်လေသည်။ လင်းချင်းလည်း ချီပေးထားတာတောင် မရသဖြင့် တုံတုံအား ကျွင်းကျွင်းကို ပေးလိုက်ကာ နှစ်ယောက်လုံးကို ရေချိုးခန်းထဲသို့ တွန်းပို့လိုက်သည်။   “အတူချိုး”

ဒီလိုရှင်းပြီးသည့်အခါ လင်းချင်းသည် တစ်ဖက်က ရှဲ့တုန်း၏ အခန်းသို့သွားကာ သူ့ရေချိုးကန်ထဲတွင်လည်း သူမ၏ကန်ရေဖြည့်ပေးလိုက်ကာ ရေချိုးစေသည်။

သူမ၏နယ်မြေသည် အဆင့်မြင့်လာပြီဖြစ်ရာ ကန်ရေထဲက စွမ်းအင်သည်လည်း အရင်ကထက် ပိုကောင်းလာသည်။ ထို့ကြောင့် လင်းချင်းသည် မျက်လုံးမှိတ်လိုက်ပြီး အာရုံခံကြည့်သည့်အခါ ရေချိုးကန်အပြည့်ဖြစ်နေသည့် စိမ်းပုတ်ရောင် မဟုတ်တော့ဘဲ စိမ်းတောက်တောက်ဖြစ်လာသည့် စွမ်းအားဖြင့်ရေများကို တွေ့ရသည်။ သူမမျက်လုံးပြန်ဖွင့်ကြည့်သည့်အခါ ရေသည် တခြားရေများလို ဖောက်ထွင်းမြင်ရအောင် ကြည်လင်နေသည်။

နေ့လည်တွင် လင်းချင်းက ပြတင်းပေါက်နေ ကြည့်နေစဉ် ယွမ်ထန်ရှင်း၊ တူယွမ်ရှင်း၊ ရှင်းလော့နှင့် စုလျန်တို့က ဟိုတယ်ကနေ ထွက်သွားသည်ကို တွေ့လိုက်ရသည်။ သူတို့သည် ဟိုတယ်ကထွက်သည့်အခါ လိပ်များထည့်ထားသည့် လှောင့်ချိုင့်ကြီးကို ခနရပ်ကြည့်သွားကြသေးသည်။

ညတွင်တော့ လင်းချင်းသည် ကျွင်းကျွင်း၊ တုံတုံနှင့် ချူးလီလီတို့ကို နယ်မြေထဲတွင် နားစေကာ သူမကတော့ အပြင်က အခန်းထဲတွင် နေကျန်ခဲ့သည်။ မီးကိုပိတ်လိုက်ကာ အိပ်ရာပေါ်လှဲရင်း အမှောင်ထဲတွင် တောက်ပနေသည့် မျက်ဝန်းနက်များဖြင့် မျက်နှာကျက်ကို ကြည့်နေသည်။ 

ဇွန်ဘီဖြစ်သောကြောင့် အိပ်ဖို့မလိုသော်လည်း လုပ်စရာမရှိသဖြင့် လှဲရင်းတွေးနေတာဖြစ်သည်။ ခနကြာတော့ လင်းချင်းသည် ပြတင်းပေါက်ဘက်သို့ ကြည့်လိုက်သည်။ ဘာအသံကိုမှ မကြားသော်လည်း လူနံ့ကို ရ၍ဖြစ်သည်။ ထိုလူနံ့သည် ဒီအဆောက်အဦးထဲကလူများ၏ အနံ့မဟုတ်ပေ။

ထို့ကြောင့် ထလိုက်ကာ ပြတင်းပေါက်ကနေ အဖြူနှင့်အနက်ဖြစ်နေသည်ကို ကြည့်လိုက်သည်။ လင်းချင်းသည် နေ့တိုင်းတွင် အရောင်များကို မြင်နိုင်သော်လည်း ညပိုင်းတွင်တော့ အဖြူနှင့်အနက်သာ အရင်ကလို မြင်ရသည်။ သူမသည် လက်ပိုက်လိုက်ကာ ပြတင်းပေါက်ပေါင်ကို မှီ၍ ကြည့်နေသည်။

‘မနေ့က သူတို့ထဲက တစ်ယောက်ကို ငါသတ်လိုက်တာတောင် ဘယ်လိုလုပ်များ ငါ့ဆီကို ရောက်လာကြပြန်တာလဲ?’
ဟုတ်ပါသည်။ ထိုလူသားများသည် မနေ့က ရှဲ့တုန်းကို လိုက်နေသည်များ ဖြစ်ကြသည်။

Previous Chapter 181 of 198 Next