၁၁၉။ အခြားအရာ
“ဒါဆိုရင် လင်းဖန်းတို့ကိုရှာဖို့ ပင်လယ်မြို့တော်ကို သွားမှာလား?’ လုံချင်းယင်က မေးသည်။
လင်းချင်းက ခေါင်းငြိမ့်ပြသည်။
“ခေါင်းဆောင်ကို သွားရှာမှာလား?” တူယွမ်ရှင်းကလည်း ဒါကိုပဲမေးသည်။
လင်းချင်းသည် ခေါင်းထပ်ငြိမ့်ပြကာ ရေးပြသည်။ ‘ငါလိုတဲ့အချက်အလက်ရပြီဆိုတော့ ဒီမှာမနေတော့ဘူး”
“နင်သွားရှာမယ်ဆိုတော့ ငါလည်း လိုက်ခဲ့လို့ရမလား?” လုံချင်းယင်က မေးသည်။ မေးပြီးသည့်နောက် သူမသည် ကျွင်းကျွင်းနှင့် ကလေးကို ကြည့်လိုက်သည်။ ကလေးက လူသားဖြစ်နေမှတော့ ဒီလိုကလေးကို ဇွန်ဘီနှစ်ကောင်ဖြင့် ထားခဲ့ဖို့ကို သူမအဆင်မပြေဖြစ်နေသည်။ သူမလည်း စခန်းပြန်ရတော့တာ မဟုတ်သလို စခန်းက သူမအတွက် မလုံခြုံတော့ပေ။ ထို့ကြောင့် လင်းဖန်းတို့ မိသားစုကိုသာ လိုက်ရှာဖို့ တွေးလိုက်သည်။
ထို့အပြင် လင်းချင်းပြောသည်ကို မှန်တာ ဟုတ်မဟုတ် သူမသိချင်သည်။ အချိန်ကြာလာလျှင် ဒီတစ်ကောင်က လင်းဖန်းတို့မိသားစုကို တကယ်ကူညီမှာ ဟုတ်မဟုတ်ကို သူမယုံရမရသိလာမှာ ဖြစ်သည်။
တူယွမ်ရှင်းသည် လုံချင်းယင်ကို တအံ့တသြဖြင့် ကြည့်လိုက်သည်။ လင်းဖန်းတို့ကို သွားရှာမည်ကို သိသော်လည်း ဇွန်ဘီနှင့် လိုက်သွားမည်လို့တော့ သူမထင်ထားပေ။ ဒါကအရမ်းအန္တရာယ်များသည်။ ပြီးတော့လည်း ဒီဇွန်ဘီအကြောင်းရော မိတ်ဆွေဟုတ်မဟုတ်ရော မသိရသေးတာ ဖြစ်သည်။
“သူနဲ့သွားမလို့လား? အန္တရာယ်အရမ်းများတယ်” သူသည် ဒါကိုတွေးနေရင်း မနေနိုင်တော့ဘဲ ထုတ်ပြောလိုက်သည်။ ဒီဇွန်ဘီ၏ စကားများက ယုံချင်စရာ မရှိပေ။ ဒီဇွန်ဘီသည် လင်းဖန်းတို့မိသားစုအပေါ် မကောင်းသည့် ရည်ရွယ်ချက်ရှိနေနိုင်သည်။ အကယ်၍ ဇွန်ဘီနှင့် သူ့သူငယ်ချင်းက နောက်ကျောကနေ လာကိုက်ရင်ရော?
လင်းချင်းသည် ဒီနှစ်ယောက်ကို တည်ငြိမ်စွာကြည့်ပြီး ငြိမ်နေသည်။
လုံချင်းယင်သည် တူယွမ်ရှင်းဆိုလိုသည်ကို နားလည်သလို သူမလည်း ဒီလိုပဲခံစားရတာ ဖြစ်သည်။ လင်းချင်းကို ကြည့်လိုက်သည့်အခါ ဒီဇွန်ဘီ၏ ရည်ရွယ်ချက်ကို အန္တရာယ်များတောင်မှ သိချင်နေသည်။ သို့သော်လည်း လင်းဖန်းကို သူမတစ်ယောက်တည်း လိုက်ရှာနေတာက ပိုအန္တရာယ်များသည်။ သူမသည် အဆင့်လေးထိပ်ဆုံး အဆင့်ငါးဇွန်ဘီများနှင့်သာ တိုးပါက သူမသေသွားနိုင်သည်။ ဒီထူးဆန်းသည့် ဇွန်ဘီနောက်ကိုသာ လိုက်ချင်တော့သည်။ အနည်းဆုံးတော့ ဒီဇွန်ဘီက ဖော်ရွေသည်။
“ငါ့ကိုထိခိုက်အောင် မလုပ်ဘူးလို့ ယုံတယ်။ မဟုတ်ရင် ၂ကြိမ်တောင် ကယ်ပါ့မလား?”
လင်းချင်းကို ကြည့်ကာ တူယွမ်ရှင်းကို ပြောသည်။
“ဒါပင်မယ့်. . .” တူယွမ်ရှင်းသည် ဆက်ပြောဖို့လုပ်သော်လည်း လုံချင်းယင်၏ မျက်လုံးထဲမှ ခိုင်မာစွာ ဆုံးဖြတ်ထားခြင်းကို မြင်သည့်အခါ ရပ်သွားသည်။
လုံချင်းယင်သည် သူ့ကိုလှည့်ကြည့်ကာ “ငါ့ကိုစိတ်ပူနေရင်လည်း ငါနဲ့လိုက်ခဲ့ပါလား? နင့်အဖွဲ့သားတွေက သေသွားတော့ နင်တစ်ယောက်တည်းရယ်။ စခန်းကိုပြန်ရင် ပိုဒုက္ခရောက်မှာ။ တစ်ယောက်တည်း လက်စားချေဖို့ ခက်လိမ့်မယ်”
တူယွမ်ရှင်းသည် ငြိမ်ကျသွားသည်။ လုံချင်းယင်ပြောသည်က မှန်သည်။ သူကိုယ်တိုင်လည်း သူမလို အခြေအနေမျိုးပင်။ လင်းဖန်းတို့မိသားစုနှင့် သူ့မှာအရင်က တိုက်ရိုက်အဆက်အသွယ် မရှိသော်လည်း လုံချင်းယင်နှင့် ဟောင်ဝူကို တိုက်နေရင်း ပျောက်သွားလေသဖြင့် လုံချင်းယင်၏ဘက်သားဟု ထင်ခံရတော့မှာ သေချာပေါက်ပင်။
ထို့ကြောင့် လုံချင်းယင်နှင့်သာ လင်းဖန်းတို့ကို သွားရှာတာ ပိုကောင်းသည်။ တစ်နေ့တွင် လင်းဖန်းသည် စခန်းသို့ လက်စားချေရန် သူ့အားပြန်ခေါ်လာမှာ အမှန်ပင်။ ထို့အပြင် လင်းဖန်းတို့မိသားစုသည် ယန်ကျင်းဟွာလက်ထဲတွင် အလွယ်လေးသေမှာ မဟုတ်ဘူးဟု သူယုံကြည်သည်။
ထိုအချိန်တွင် လင်းချင်းသည် စာရေးပြသည်။
‘နင်တို့စခန်းခေါင်းဆောင်က လင်းဖန်းရဲ့ညီမ လင်းချင်းလား?’
ဒီမေးခွန်းကို သူမတွေးနေတာ ကြာပြီ။ အစကတော့ ခန့်မှန်းချက်ဖြစ်ပင်မယ့် အချက်အလက်တိုင်းက ဒီအဖြေကို ညွှန်ပြနေလေသည်။
သူမသည် နားမလည်နိုင်တော့ပေ။ ထူးဆန်းသည့် ကမ္ဘာထဲတွင် နိုးလာကာ ဒီကမ္ဘာတွင် နောက်ထပ်သူမက မိသားစုများဖြင့် ရှိနေခဲ့ဖူးတာကို တွေးနေမိသည်။ တခြားသူဆိုရင်ရော ဒီအခြေအနေတွင် ဘယ်လိုခံစားရမှာလဲ?
လင်းချင်းသည် သူမ၏ဘဝကို သံသယဝင်လာသည်။ သူမကဘာလဲ? ထူးဆန်းသည့်ကိုယ်တွင် နိုးထလာကာ သူမ၏မျက်နှာနှင့် ကိုယ်တို့အပြင် သူမဘေးက အရာတိုင်းက သူမနှင့် မဆိုင်တော့ပေ။ ထို့ကြောင့် နောက်ထပ်သူမဖြစ်သူအကြောင်းကို သိဖို့လိုသည်။ သို့သော်လည်း နောက်ထပ်သူမရှိကြောင်း သိချိန်တွင် ထိုတစ်ယောက် သေသွားပြီဟု ပြောနေကြပြီ။ အခု ဘာဖြစ်နေတာလဲ?
လင်းချင်းသည် စိတ်ရှုပ်လို့သာနေသည်။ ထိုအချိန်တွင် မေးခွန်းတစ်ခုချင်းစီအတွက် အဖြေရှာဖို့သာ ရှိတော့သည်။
လုံချင်းယင်သည် သူမ၏စာကိုဖတ်ကာ လေးစားအားကျမှုအပြည့်ဖြင့် “ဟုတ်တယ်။ ငရဲမီးခေါင်းဆောင်ရဲ့ နာမည်အရင်းက လင်းချင်း။ သူ့အစွမ်းက အရမ်းကြောက်ဖို့ကောင်းတဲ့ အနက်ရောင်အဆိပ်မီးပဲ။ အဲ့ဒါကြောင့် ငရဲမီးခေါင်းဆောင်လို့ ခေါ်ကြတာ။ သူတစ်ယောက်တည်း အင်အားကောင်တာ မဟုတ်ဘူး။ ညီအကိုမောင်နှမတွေလည်း အဲ့လိုပဲ။ အရှက်မရှိတဲ့ လုံယုပိုင်သာ ဒုစခန်းခေါင်းဆောင်နဲ့ ပေါင်းမကြံရင် အဆင့်ခုနစ်တွေ လက်ထဲမှာ သေသွားမှာ မဟုတ်ဘူး”
ငရဲမီးခေါင်းဆောင် သေဆုံးခြင်းကို ပြောပြီးသည့်အခါ လုံချင်းယင်၏ မျက်နှာသည် ဒေါသနှင့် အမုန်းတို့ဖြင့် ပြည့်နေသည်။ သူမဒေါသထွက်ရခြင်းမှာ လုံယုပိုင်၏ ရည်မှန်းချက်ကြောင့်ဖြစ်ပြီး ယန်းကျင်းဟွား၏ သစ္စာဖောက်ခြင်းကို မုန်းတီးတာ ဖြစ်သည်။
လုံချင်းယင်၏ စကားကိုကြားသည့်အခါ လင်းချင်းသည် ယုံလိုက်ရတော့သည်။ သူမ၏ခန့်မှန်းမှုကို အတည်ပြုပေးခံလိုက်ရသည်။ ထိုလူသည် သူမ၏ အခြားတစ်ယောက်ဖြစ်သည့် သူမပင်။ အကယ်၍ ငရဲမီးသာ လင်းချင်းအမည်ရသည့် တစ်ကောင်ကြွက်ဆိုလျှင် နာမည်တူတာ ဖြစ်နိုင်သေးသည်။ အခုတော့ လင်းဖန်း၊ လင်းဝမ်ဝမ်နှင့် အခြားမိသားစုများကပါ. . .ဒီလောက်ကြီးအထိ တူနေတာတော့ မဖြစ်နိုင်တော့ဘူးမလား? ဒါနဲ့ ယန်ကျင်းဟွာကရော ဘယ်သူလဲ?
လင်းချင်းသည် အံ့သြနေကာ သူမခနတွေးပြီးနောက် ထပ်ရေးကာမေးသည်။ ‘လင်းချင်းရဲ့ အငယ်တွေက လင်းဝမ်ဝမ်နဲ့ လင်းဟောင်မလား?’
စာဖတ်ပြီးသည့်အခါ လုံချင်းယင်သည် သူမအား တအံ့တသြဖြင့် မေးသည်။ “ဟုတ်တယ်။ နင်မသိဘူးလား? လင်းဖန်းကို သိတယ်ဆိုပြီးတော့ သူ့မောင်နှမတွေ နာမည်ကို မသိတာလား?”
‘သိတယ်။ အတည်ပြုချင်လို့ပါ’ လင်းချင်းသည် ရေးပြသည်။ သူမ၏ အခြားသူမရှိနေသည်ကို . . .အတည်ပြုချင်၍ ဖြစ်သည်။ အခုအချိန်မှာ သူမဘာပြောရမလဲ သူမမသိတော့ပေ။
လုံချင်းယင်သည် တိတ်တိတ်နေကာ လင်းချင်းကို ကြည့်သည်။ ဒီဇွန်ဘီက ပိုပြီးထူးဆန်းလာသည်ဟု သူမခံစားရသည်။
လုံချင်းယင်၏ဘေးက တူယွမ်ရှင်းကတော့ ခနတွေးပြီးနောက် ခေါင်းငြိမ့်ကာ “ဟုတ်ပြီ။ နင်နဲ့ငါအတူလိုက်ပြီးတော့ ခေါင်းဆောင်ကိုရှာမယ်။ တောင်ပိုင်းမှာ ငါတို့အတွက် နေရာရှိတော့တာမှ မဟုတ်တာ။ ခေါင်းဆောင်နောက်ကိုပဲ လိုက်တာကောင်းမယ်”
စကားပြောရင်းဖြင့် သူသည် ဟေးဒီးစခန်းဘက်ကို အမုန်းဖြင့်ကြည့်လိုက်သော်လည်း လင်းချင်း၏ နယ်မြေထဲတွင်ဖြစ်ရာ အဖြူရောင်မြူခိုးများသာ မြင်ရသည်။ နယ်မြေထဲတွင် ရောက်နေကြောင်း သူမေ့နေမိတာ ဖြစ်သည်။
တူယွမ်ရှင်းက လိုက်မည်ပြောသည့်အခါ လုံချင်းယင်သည် သက်ပြင်းခိုးချလိုက်မိသည်။ သူသာပါရင် သူမသည် ထူးဆန်းသည့် ဇွန်ဘီများဖြင့် တစ်ယောက်တည်း ခရီးဆက်ရမှာ မဟုတ်တော့ပေ။
လင်းချင်းသည် လုံချင်းယင်ကို လိုက်ဖို့ခေါ်ရန် တွေထားသော်လည်း အံ့သြဖို့ကောင်းစွာ သူမတောင် မပြောရသေးဘဲ သူတို့က လိုက်မည်ဟု ပြောလာကြသည်။ အစက ဒီသွေးအေးသည့် မိန်းမကို ဘယ်လိုခေါ်ရမလဲ တွေးနေစဉ်မှာ ကိစ္စများသည် သူမထင်သည်ထက် ပိုချောမွေ့စွာ အဆင်ပြေသွားသည်။
သို့သော်လည်း တွေးဖို့တစ်ခုရှိနေလေရာ သူမစာရေးပြလိုက်သည်။ ‘ငရဲမီးခေါင်းဆောင်ကို သတ်တယ်ဆိုတဲ့သူတွေက မြေနဂါးစခန်းနဲ့ ယန်းကျင်းဟွာဆိုရင် အဲ့ဒီယန်ကျင်းဟွာက ဘယ်သူလဲ?’