“ဒုခေါင်းဆောင်က မဖြစ်နိုင်ဘူး!” လီကျန်းက အလောတကြီးပြောသည်။ “ဒုခေါင်းဆောင်ယန်က ဒီလိုမဖြစ်နိုင်ဘူး! ဟေးဒီးစခန်းကလူတိုင်းက ငါတို့ခေါင်းဆောင်ရဲ့အသက်ကို သူကယ်ထားတယ်ဆိုတာ သိနေတာပဲ! ခေါင်းဆောင်ကလည်း သူ့မောင်နှမတွေထက်တောင် သူ့ကိုပိုကောင်းကောင်းဆက်ဆံတာ! ဘယ်လိုလုပ်ပြီးတော့ မြေနဂါးစခန်းရဲ့ကြွက်ဖြစ်နိုင်မှာလဲ!”
“မဖြစ်နိုင်ဘူး! မဖြစ်နိုင်ဘူး! ခေါင်းဆောင်ယန်ဆိုတာ မဖြစ်နိုင်ဘူးမလား? သူကခေါင်းဆောင်ရဲ့ မောင်လေးလိုပဲ ငရဲမီးခေါင်းဆောင်အပေါ်ကိုလည်း သူကကောင်းပါတယ်! ဘယ်လိုလုပ်ပြီးတော့ ထိခိုက်အောင်လုပ်မှာလဲ?” လင်းယုသည် ခေါင်းခါကာ ပြောသည်။ တခြားသူများသည်လည်း သူ့လိုအတွေးများဖြင့် ဖြစ်သည်။
သူတို့၏မျက်နှာများကိုကြည့်ကာ ဟောင်မင်းသည် သက်ပြင်းချပြီး “ခေါင်းဆောင်ယန်က လုံယုပိုင်က မိုးမီးစခန်းနဲ့ ပူးပေါင်းပြီးတော့ မင်းတို့စခန်းကို လာတိုက်မယ်လို့ ခေါင်းဆောင်ကို ပြောထားတာမလား? ငါးလအတွင်း? မင်းတို့သိလား. . .ဒီလဝက်အတွင်းမှာ မင်းတို့စခန်းက လူဘယ်နှစ်ယောက်လောက် တိုက်ခိုက်ခံလိုက်ရလဲဆိုတာ? မြေနဂါးစခန်းနဲ့ မိုးမီးစခန်းအပြင် ဖုံးကွယ်ထားတဲ့တိမ်တိုက်ကလူတွေပါ ပေါ်လာတာ။ လုံယုပိုင်အပါအဝင် အဆင့်၇ငါးယောက်က ပူးပေါင်းတိုက်ခဲ့တယ်။ ပြီးတော့လည်း ယန်ကျင်းဟွာက ငရဲမီးခေါင်းဆောင်ရဲ့ အစွမ်းတွေကို ဖိနှိပ်ထားဖို့အတွက် ရေထဲမှာ ဆေးတစ်ခုခု ခတ်ခဲ့တယ်”
လူငါးယောက်သည် မျက်လုံးများပြုတ်မတက် ပြူးကျယ်သွားသည်။ ဟောင်မင်း၏စကားများကို သူတို့မယုံကြည်ချင်ကြပေ။ သို့သော်လည်း ဟောင်မင်းကတော့ သူတို့ကို အကြောင်းမရှိဘဲ လိမ်မည်မဟုတ်သည်ကို သေချာနားလည်ကြသည်။ ဒီလိုစကားမျိုးကို ပင်လယ်မြို့တော်ခေါင်းဆောင်မှ ပြောခိုင်းလိုက်ခြင်းသာ ဖြစ်နိုင်သည်။
သူတို့ငါးယောက်လုံးတိတ်နေကြရာ ဟောင်မင်းသည် စိတ်ရှည်စွာ ဆက်ပြောသည်။ “မင်းတို့အတွက် ခက်ခဲမယ်ဆိုတာ သိပါတယ်။ ပြီးတော့ ဘယ်လိုလုပ် ယုံချင်မှာလဲ။ ဒါပင်မယ့် ဒီသတင်းကို ငါတို့အတည်ပြုပြီးပြီ။ မကြာခင် မင်းတို့လူတွေဆီက သတင်းရလာမှာပါ။ မင်းတို့အတွက် နောက်သတင်းနှစ်ခုရှိသေးတယ်။ သတင်းကောင်းနဲ့ သတင်းဆိုးပေါ့။ ဘယ်ဟာကို အရင်နားထောင်ချင်လဲ?”
“သတင်းကောင်း!”
“သတင်းဆိုး!”
လူငါးယောက်သည် ချက်ချင်းဖြေလာသော်လည်း ရွေးချယ်မှုက ကွာခြားနေသည်။ လီကျန်းသည် အခြားသူများကို ကြည့်လိုက်ရာ သူတို့ချက်ချင်းငြိမ်သွားကြသည်။ ထို့နောက် ဟောင်မင်းအား “သတင်းဆိုးပဲ အရင်ပြောပါ။ ငါတို့အဆိုးဆုံးကို သိနေပြီးပြီပဲ။ စခန်းပျက်တာထက် ပိုဆိုးတာ ဘာရှိနိုင်မှာလဲ?”
ဟောင်မင်းသည် ခေါင်းငြိမ့်ကာ “ငါပြောသလိုပဲ မြေနဂါးစခန်းက အဆင့်၇ငါးယောက်ကို မင်းတို့စခန်းတိုက်ဖို့ လွှတ်လိုက်တာ။ အဲ့ဒါကြောင့် မင်းတို့ခေါင်းဆောင်က ဝိုင်းခံလိုက်ရတော့ ဒီအခြေအနေမှာ သူ့အစွမ်းကိုသူ မထိန်းနိုင်တော့ စခန်းတစ်ဝက်လောက်ကို မီးတိုက်သွင်းပစ်လိုက်သည်။ သူအများကြီး သေသွားတယ်။ ပြီးတော့ ပင်လယ်ကမ်းစပ်က ဝမ်မြို့ကို တွန်းပို့ခံလိုက်ရတာမှာ ချောက်ပေါ်မှာ သူ့အမြူတေကို သူဖောက်ခွဲပစ်လိုက်တယ်။ အဆင့်၇နှစ်ယောက် ဒဏ်ရာရသွားပြီး ၁ယောက်သေသွားတယ်လို့ ငါတို့ကြားတယ်။ ဒါပင်မယ့် ဒီသတင်းက အတည်ပြုဖို့ လိုနေသေးတယ်။ ငရဲမီးခေါင်းဆောင်က သူ့ကိုယ်သူဖောက်ခွဲသွားတယ် ကြားပင်မယ့် မျက်မြင်သက်သေမရှိဘူး။ အခုတော့ ဒီလိုလုပ်သွားတယ်ဆိုတဲ့နေရာမှာ သေချာအောင်သိဖို့ လူလွှတ်ထားတယ်”
ဒါကိုကြားသည့်အခါ လီကျန်းတို့သည် ဘာစကားမှ မပြောနိုင်တော့ပေ။ သူတို့ခေါင်းဆောင်ကို အဆင့်၇ငါးယောက် ဝိုင်းတိုက်ရာတွင် သေဆုံးသွားသည်။ ဒါကဘာကိုဆိုလိုသနည်း? လုံယုပိုင်နှင့် အခြားစခန်းမှ ခေါင်းဆောင်တိုင်းရောက်လာပြီး တိုက်ခိုက်သွားသည် ဆိုသည့်အဓိပ္ပါယ်ပင်။
ငါးယောက်နှင့်တစ်ယောက်. . .ငရဲမီးခေါင်းဆောင်သည် သန်မာသည်မှန်သော်လည်း ဒီလိုအခြေအနေတွင်တော့ မနိုင်လောက်ပေ။ ထို့ကြောင့် အမြူတေကို ဖောက်ခွဲလိုက်ကာ ရန်သူတစ်ယောက်ကိုပါ အသေသတ်သွားခြင်းက ကျိုးကြောင်းစီလျော်သည်။
“မဖြစ်နိုင်ဘူး! မဖြစ်နိုင်ဘူး! ငါတို့ခေါင်းဆောင်က မနိုင်ရင်တောင် ပြေးရတာပဲ။ သူ့အစွမ်းက အရမ်းထူးခြားပြီး သန်မာတာ။ အဆင့်၇ငါးယောက်က အလွယ်လေးသတ်လို့မရဘူး! ဘယ်လိုဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကို ဖောက်ခွဲမှာတဲ့လဲ? သေသွားရင် ကျန်တဲ့မိသားစုတွေက ဘယ်လိုလုပ်မှာလဲ?” လင်းယုသည် သူ့ဟာသူရေရွတ်သည်။
“ဟုတ်တယ် ခေါင်းဆောင်က မသေနိုင်ဘူး! သူ့မိသားစုကို ဒီလိုထားခဲ့မှာ မဟုတ်ဘူး!” လီကျန်းသည် မျှော်လင့်ချက်အပြည့်ဖြင့် တောက်ပစွာပြောသည်။
“ပြီးတော့ သတင်းကောင်းရှိတယ်” ဟောင်မင်းက ပြောသည်။ “ခေါင်းဆောင်လုပ်လိုက်တဲ့အကျိုးကြောင့် သူ့မိသားစုက လွတ်သွားတယ်။ ဒါပင်မယ့် အခုတော့ ယန်ကျင်းဟွာက လိုက်ဖမ်းနေတယ်။ ငါတို့သိသလောက်ဆိုရင် မင်းခရိုင်ထဲကို ရောက်လာပြီတဲ့။ ဒါပင်မယ့်လည်း နောက်ဘာဆက်ဖြစ်သလဲတော့ ငါတို့လည်း မသိရသေးဘူး”
“ခေါင်းဆောင်ရဲ့ မိသားစုက လွတ်တယ်လား? ဒါပင်မယ့် ဒုခေါင်းဆောင်ယန်က ဘာဖြစ်လို့ လိုက်နေတာလဲ? ဘယ်လိုများ ဒါမျိုးကို လုပ်နိုင်ရတာလဲကွာ!” လီကျန်းက သူ့ကိုကြည့်ကာ ပြောသည်။
ယန်ကျင်းဟွာက ခေါင်းဆောင်၏မိသားစုကို ထိခိုက်အောင်လုပ်သည် ဆိုသည်ကို သူတို့ မယုံကြည်ချင်ကြပေ။ ခေါင်းဆောင်နှင့် သူမ၏မိသားစုက ဒုခေါင်းဆောင်ကို သူတို့မိသားစုဝင်လို ဆက်ဆံခဲ့သည်ကို ဘယ်လိုဖြစ်၍များ သူကကျေးစွပ်ကာ ထိခိုက်အောင် လိုက်လုပ်နေသနည်း?
“ယုံတာ မယုံတာကတော့ မင်းတို့အပိုင်းပါ။ သတင်းကတော့ အမှန်ပဲ” ဟောင်မင်းက ပြောသည်။ “ငါတို့ခေါင်းဆောင်က လင်းဖန်တို့မိသားစုကို ကူညီဖို့ လူလွှတ်ဖို့ ပြင်နေတယ်။ ဘာဖြစ်လဲဆိုတာ မင်းတို့ကို ပြောပြပြီးတော့ ကူညီဖို့လိုက်မလား မေးခိုင်းလိုက်တာ။ အခု သူတို့အခြေအနေမှ မကောင်းတာ”
“ငါတို့သွားမယ်!”
“အကုန်သွားမှာ!”
“ဟုတ်တယ်။ ကူညီဖို့သွားရမယ်!”
“ယန်ကျင်းဟွာက တကယ်လုပ်တာ ဟုတ်မဟုတ် သွားရှာရမယ်!”
ဟောင်မင်းပြောပြီးသည်နှင့် ငါးယောက်သည် ချက်ချင်းပြောလာကြသည်။ သူတို့သည် ဟောင်မင်းပြောသည်ကို မယုံသဖြင့် သူတို့မျက်လုံးဖြင့် ကိုယ်တိုင်မြင်ချင်ကြသည်။
ဟောင်မင်းက ခေါင်းငြိမ့်ကာ “ဟုတ်ပြီ။ ဒီနေ့လည်ထွက်မယ်။ ဒီတစ်ခါဦးဆောင်မယ့်အဖွဲ့က ငါ့အဖွဲ့။ ငါတိုလူတွေက ယန်ကျင်းဟွာကို မယှဉ်နိုင်ပင်မယ့် သူ့စစ်သားတွေကိုတော့ ရှင်းနိုင်ပါတယ်။ မင်းတို့ပါလိုက်ရင်တော့ ပိုအားကောင်းတာပေါ့”
ဟောင်မင်းသည် အဆင့်ငါးရေခဲစွမ်းအားရှင် ဖြစ်သည်။ သူ့အစွမ်းသည် သန်မာသဖြင့် ရှောင်ယွင့်လုံက လက်ရွေးစင်တပ်ဖွဲ့များနှင့်အတူ လင်းဖန်တို့မိသားစုကို ကယ်ဖို့စေလွှတ်ခြင်း ဖြစ်သည်။ လီကျန်းသည် အဆင့်ငါးဖြစ်သလို သူပါဝင်ခြင်းသည် အဖွဲ့ကို ပိုအားကောင်းစေမည်။
“ခေါင်းဆောင်သေတယ်ဆိုတာ မယုံနိုင်ဘူး။ သေမှာမဟုတ်ဘူး။ ငါတို့ခေါင်းဆောင်မိသားစုကိုပဲ အရင်သွားခေါ်ရအောင်။ ပြီးတော့မှ ခေါင်းဆောင်က ဖောက်ခွဲသွားတယ်ဆိုတဲ့နေရာကို ငါတို့သွားကြည့်ကြမယ်” လီကျန်းကပြောသည်။
“ဟုတ်တယ်!” အခြားသူများကလည်း သဘောတူကြသည်။
“နောက်ဒုခေါင်းဆောင်ကရော ဘာဖြစ်သွားသေးလဲ?” ဖန်ယုမင်းသည် မေးလာသည်။
ဟောင်မင်းက “ဒုခေါင်းဆောင်ယွမ်လား? သူလည်းပျောက်နေတာ ၁လလောက်ရှိပြီ။ သူရှင်သေးလား ဘယ်သူမှမသိဘူး။ ဒါပင်မယ့် ငါတို့ရတဲ့သတင်းအရဆိုရင် မြေနဂါးစခန်းကလူတွေ မတိုက်ခင်တည်းက သူထွက်သွားတာ ပျောက်သွားတယ်ဆိုပဲ”
အခြားသူများသည် အချင်းချင်းကြည့်ကာ အံ့သြသွားသည်။ လီကျန်းက မေးသည်။ “ဒုခေါင်းဆောင်ယွမ်က ငါတို့စခန်းထွက်သွားတဲ့အချိန် ပျောက်သွားတာလား? ဘာဖြစ်လို့လဲ?”
ဟောင်မင်းသည် ခေါင်းခါကာ ဖြေသည်။ “ငါတို့လည်း မသိဘူး။ ဒါပင်မယ့် အချိန်တည်းက သူ့အကြောင်းကို ဘာမှမကြားရတော့တာ။ မင်းတို့ဘာသာပဲ အဖြေရှာလိုက်တော့။ မဟုတ်ရင်လည်း သူပြန်ပေါ်လာရင် အမှန်တရားပါ ထွက်လာမှာပါ”
အခြားသူများသည်လည်း ခေါင်းငြိမ့်ရုံအပြင် ဘာမှမလုပ်နိုင်ပေ။ သူတို့မသိသေးသည်များကို ခန့်မှန်းရုံသာ တက်နိုင်သည်။ဘာဖြစ်လို့ ဒုခေါင်းဆောင်သည် အကြောင်းမရှိ ပျောက်သွားမည်နည်း? ပုံမှန်ဆိုလျှင် သူ့အသက်ပေးရလျှင်တောင်မှ ငရဲမီးခေါင်းဆောင်ကို တစ်ခုခုအဖြစ်မခံနိုင်သည့် လူစားမျိုးဖြစ်သည်။ ငရဲမီးခေါင်းဆောင်သည် သူ့အတွက် အလွန်တရာကို အရေးပါသည့်သူဖြစ်သည်။