May Honey Logo May Honey
Previous Next

၁၄၁။ သူ့ရင်ဘတ်က မနာတော့ဘူး

လင်းချင်းက ချူးလီလီသည် မကြာခင်အထိ ပြန်လာဦးမည်ဟု မထင်သဖြင့် အခြားသူများကို ကြည့်လိုက်သည်။ လင်းဝမ်ဝမ်၊ လင်းဟောင်၊ အမျိုးသမီးလင်း၊ ချန်းဝမ်ရှု၊ လင်းရှောင်လုနှင့် အခြားလူများသည် လင်းဖန်ကို ဝိုင်းထားကြသည်။

အစတုန်းက လင်းဖန်၏ အခြေအနေကြောင့် သူမသည် အခြားသူများကို သေချာကြည့်ဖို့ အချိန်မရခဲ့ပေ။ အခုတော့ သူတို့ကို သေချာကြည့်လိုက်သည့်အခါ သူတို့အကုန်လုံးသည် အတော်ပြောင်းလဲကုန်ကြပြီ။ အထူးသဖြင့် ရှောင်လုလေးပင်။

လင်းချင်း၏မှတ်ညဏ်ထဲတွင် ရှောင်လုလေးသည် လေးဖက်ထောက်တက်ရုံမှ လမ်းလျှောက်တက်စ စကားပြောတက်စ ကလေးသေးသေးပင်။ အခုတော့ လင်းချင်း၏ခါးလောက်အထိ အရပ်ရှည်လာကာ သူမ၏ပါးဖောင်းဖောင်းလေးများသည် သွယ်လျသွားပြီ။ သူမသည် ခရမ်းရောင်ဂါဝန်လေးကို အဖြူရောင်ကုတ်ဖြင့် ဝတ်ထားသည်။ သူမ၏မျက်နှာလေးသည် နူးညံ့နေကာ ချစ်စရာလေးဖြစ်ပြီး မျက်လုံးများသည် တောက်ပကာ ဆန်းကျယ်မှုတစ်ခုခုရှိနေသလိုပင်။ လင်းဖန်၏ဘေးတွင် ထိုင်နေကာ သူမ၏အဘွားဖြစ်သူကို မှီထားရင်းက လင်းချင်းကို စပ်စုစွာဖြင့် လှမ်းကြည့်နေသည်။

လင်းဝမ်ဝမ်သည် ပိုပြီးရင့်ကျတ်လာပုံရသည်။ သူမ၏ လှပသည့်မျက်နှာလေးသည် အခုတော့ ပြတ်သားနေသည်။ သို့သော်လည်း လင်းချင်းသည် သူမက စိတ်ထားကောင်းကာ နူးညံဆဲဆိုသည်ကိုတော့ ပြောနိုင်သည်။ သူမ၏ သည်းခံနိုင်စွမ်းကို မကျော်သေးသဖြင့် သူမသည် သင့်တင့်မျှတသည့် အမျိုးသမီးလေးလို ဖြစ်နေမှာ ဖြစ်သည်။

လင်းဟောင်ကတော့ အစွမ်းအစရှိကာ စိတ်မရှည်သည့်လူငယ်လေး ဖြစ်လာခဲ့သည်။ သူ့၏ချောမောသည့်မျက်နှာတွင် အခုတော့  ယောက်ျားပီသမှုများရှိနေကာ အရင်ကထက် ပိုရင့်ကျတ်နေပြီ။ လင်းချင်း၏ အငယ်မောင်နှမနှစ်ယောက်သည် နူးညံ့ကာ ကြင်နာတက်သော်လည်း ဒေါသထွက်လာလျှင် ကြောက်ဖို့ကောင်းကြသည်။ လင်းချင်းတောင်မှ သူတို့ကို စိတ်တိုအောင် မစရဲပေ။

လင်းချင်းနှင့် မောင်နှမတိုင်းသည် မိဘများဆီမှ ချောမောမှုများကို အမွေရထားသည်။ လူတိုင်းသည် လှပသည့် မျက်နှာရှိကြသည်။ အသက်သုံးဆယ့်ငါးနှစ်ရှိနေသည့် လင်းဖန်တောင်မှ ကြည့်ကောင်းနေဆဲပင်။

လင်းချင်း၏မိသားစုထဲတွင် ပြောင်းလဲမှုအနည်းဆုံးသည် သူမ၏အမေဖြစ်သည်။ အမျိုးသမီးလင်းသည် အသက်၆၀ကျော်နေပြီဖြစ်သော်လည်း သွက်လက်နေဆဲပင်။ သူမ၏ အရှိန်အဝါကတော့ အနည်းငယ်ပြောင်းသွားသည်။ သူမသည် အရင်ကထက် ပိုသန်မာလာပုံရသည်။ သူမသည် သားသမီးများကို ထောက်ပံပေးဖို့အတွက် အမြဲတမ်း ထက်မြက်နေဆဲဖြစ်သည်။ သားသမီးများသည် အရွယ်ရောက်နေကြသော်လည်း သူမကတော့ ကလေးလိုမြင်ကာ ဂရုစိုက်နေဆဲပင်။

ကမ္ဘာပျက်ကပ်ကြောင့် အများကြီးပြောင်းသွားပုံရသည်မှာ လူတိုင်းဖစ်သည်။ အန္တရာယ်မရှိဘူးထင်ရသည့် အငယ်နှစ်ယောက်ကတောင် အခုတော့ အနည်းငယ် ရန်လိုတက်နေကြပြီ။ လင်းချင်း၏ ယောင်းမဖြစ်သည့် ချန်းဝမ်ရှုကတော့ စိတ်ကြီးတက်ဆဲပင်။ အရင်တည်းက သူမသည် စိတ်တိုလွယ်တက်သူဖြစ်သည်။ 

လင်းချင်းသည် သူမ၏မိသားစုထဲတွင် လင်းဖန်ကလွဲ၍ လူတိုင်းက ကျန်းမာကြောင်း သိလိုက်ရသည်။ ကြည့်ရသည်မှာ သူမ၏အကိုသည် မိသားစုကို သေချာကာကွယ်ပေးထားပုံရသည်။ လင်းချင်းသည် ပြန်လာရသည်က အရမ်းကံကောင်းသည်ဟု ခံစားရသည်။ သူမသာ ခရီးစဉ်တွင် ရက်အနည်းငယ်အချိန်ဖြုန်းမိပါက အကျိုးဆက်သည် မတွေးဝံ့စရာပင်။

လင်းဖန်၏စွမ်းအားသည် အတွင်းဒဏ်ရာများကြောင့် ကုန်ခမ်းလုမတက် ဖြစ်ခဲ့သည်ကို တွေးမိသည့်အခါ ယန်ကျင်းဟွာကို သူမသတ်ချင်သွားသည်။ သူမ၏သတ်ချင်စိတ်က သိသာသွားသဖြင့် လင်းဟောင်၊ လင်းဝမ်ဝမ်၊ ယွမ်ထန်ရှင်းနှင့် တပ်သားငါးယောက်သည် သူမကို ချက်ချင်းကြည့်လာကြသည်။

သူတို့အမြင်အရ လင်းချင်းသည် မျက်နှာတွင် အမာရွတ်ပြည့်နေသည့် ပိန်ပိန်ပါးပါး အရပ်သာမန်ပဲရှိကာ နေကာမျက်မှန်တပ်ထားသည့် လူဆိုးဂိုဏ်းမှ ယောက်ျားတစ်ယောက်လိုပင်။ ကလေးများဆိုလျှင် ကြောက်မည်ဖြစ်ကာ လူကြီးများကတော့ ရှောင်ရှားကြမည့်ပုံပင်။  
သို့သော်လည်း လင်းမိသားစုများက သူမ၏မျက်ဝန်းနက်ဖြစ်နေသည့် ဇွန်ဘီမျက်လုံးများထက် နေကာမျက်မှန်ဖြင့်က ပိုလိုက်သည်ဟု ခံစားရသည်။ ထိုအချိန်တွင် လင်းဖန်သည် ချောင်းထဆိုးသည်။   “အဟွတ်. . .အဟွတ်. . .အဟွတ်. . .”

သူ့အသံကြားသည့်အခါ လင်းချင်းကို ခနမေ့လိုက်ကာ သူ့ကိုသာ လူတိုင်းသည် ပြန်ကြည့်လိုက်ကြသည်။ 

“အကိုကြီး နိုးလာပြီလား?”   လင်းဝမ်ဝမ်နှင့် လင်းဟောင်တို့သည် တအံ့တသြမေးသည်။ လင်းဖန်မျက်လုံးပွင့်လာသည်ကို မြင်သည့်အခါ လင်းဟောင်သည် သွေးခုန်နှုန်းကို စမ်းလိုက်ပြီးမှ သက်ပြင်းချကာ   “နိုးလာပြီဆိုတော့ သက်သာနေပြီဆိုတဲ့ အဓိပ္ပါယ်ပဲ။ နားလိုက်ရင် ပိုမြန်မြန်သက်သာမှာ။ ဒါပင်မယ့် အကိုကြီးရဲ့ အခုအခြေအနေအရဆိုရင် ငါတို့အမြန်သွားမရတော့ဘူး”

လင်းဖန်သည် မျက်လုံးပွင့်လာသည်နှင့် အခြားသူများကို ကြည့်ကာ   “ဘာ. . .ဘာဖြစ်တာလဲ? ငါမေ့သွားတာလား?”

အခြားသူများသည် ခေါင်းငြိမ့်ပြလိုက်ကြသည်။ ချန်းဝမ်ရှုက   “ယန်ကျင်းဟွာရဲ့ တိုက်နေတာကို ထိန်းပေးနေတုန်းက သွေးအန်တယ်။ မမှတ်မိဘူးလား?”

“အင်း မှတ်မိတယ်။ အခုယန်ကျင်းဟွာ ဘယ်မှာလဲ? အကုန်အဆင်ပြေကြလား?”   လင်းဖန်သည် မျက်မှောင်ကျုံ့ကာ ခနတွေးပြီးနောက် ဘာဖြစ်သလဲ မှတ်မိသွားသဖြင့် အကုန်အဆင်ပြေရဲ့လား အရင်မေးလာသည်။

အခြားသူများကို စိုးရိမ်စွာဖြင့် သူကြည့်လိုက်သည့်အခါ သူ့ဘေးကလူတိုင်းသည် ဘာဒဏ်ရာမှ မရသည်ကို မြင်မှ သက်ပြင်းချနိုင်သည်။ ထို့နောက် နောက်မှရောက်လာသည့်သူများကို သူမြင်လိုက်သည်။

“ဟင် ထန်ရှင်း မင်းရောက်လာတယ်လား? ပြီးတော့ ချင်းယင်. . .တူယွမ်ရှင်း?  မင်းတို့တွေ. . .”   လင်းဖန်သည် အကုန်လုံးကို အံ့သြပြီး ပျော်ရွှင်စွာ နှုတ်ဆက်သည်။

“ဖေဖေ ဖေဖေ ဘယ်လိုနေသေးလဲ? နာသေးလား?”   လင်းရှောင်လုသည် လင်းချင်းကို စပ်စုမနေတော့ဘဲ သူမ၏အဖေကိုသာ စိတ်ပူစွာဖြင့် မေးသည်။ သူမဒီလိုမေးလိုက်မှ အခြားသူများသည် အခြေအနေကိုမေးဖို့ သတိရကြသည်။

“ဟုတ်သား လင်းဖန် အခုဘယ်လိုနေလဲ?”   အမျိုးသမီးလင်းက စိတ်ပူစွာဖြင့် မေးသည်။

“လင်းဖန် ရင်ဘတ်က နာသေးလား? အရင်က ဒဏ်ရာရထားတာ အခုဘယ်လိုနေသေးလဲ?”   ချန်းဝမ်ရှုက မေးသည်။

လင်းဟောင်သည် လင်းဖန်ကို ကြည့်ကာ အဖြေကို စောင့်နေသည်။ ထိုအခါမှ လင်းဖန်သည် သူ့ကိုယ်သူ အာရုံရတော့သည်။ အသက်ကို ဝဝရှုပြီးတော့ ဖြည်းဖြည်းချင်း ရှုထုတ်လိုက်သည်။ ထို့နောက် သူ့ကိုယ်သူ ခေါင်းငုံ့ကြည့်ကာ အရင်က ဒဏ်ရာရထားသည့်နေရာကို လက်ဖြင့်ဖိကြည့်သည်။ ထို့နောက် အခြားသူများကို တအံ့တသဖြင့် ပြန်ကြည့်သည်။

“ဘာဖြစ်လို့. . .ငါ့ရင်ဘတ်က. . .မနာတော့တာလဲ? အဆုတ်ပျက်သွားပြီး အသက်ရှုကြပ်နေလို့ သွေးမစီးသလိုဖြစ်နေတာတွေက ပျောက်သွားပြီ။ အခုအသက်ရှုရတာ ချောချောမွေ့မွေ့ပဲ။ အရင်က အသက်သေချာရှုမရဘူး”   လင်းဖန်က ပြောသည်။ ထို့နောက် သူ့မိသားစုကို နားမလည်နိုင်စွာကြည့်ကာ   “မှော်ဆေးတွေများ တိုက်လိုက်တာလား? ဘာဖြစ်လို့ ငါ့ဒဏ်ရာတွေက မြန်မြန်ပျောက်သွားတာလဲ?”

လင်းဟောင်နှင့် လင်းဝမ်ဝမ်သည် သူတို့လည်း လင်းဖန်ကို ဘယ်လိုကုပေးလိုက်သလဲ မသိကြသဖြင့် ခေါင်းခါပြလိုက်သည်။  
“ကပ္ပတိန်ကြီးကို သူကယ်လိုက်တာ”   ထိုအချိန်တါင် တူယွမ်ရှင်းသည် အနားသို့ရောက်လာက လင်းဟောင်၏ခေါင်းပေါ်မှနေ လင်းဖန်ကို လှမ်းကြည့်ရင်း တောက်ပပျော်ရွှင်စွာဖြင့် ပြောသည်။

လင်းဖန်အခြေအနေကောင်းမှ သူသည်လည်း အူမြူးနိုင်တော့သည်။ အရင်က သူ့စကားကို အခြားသူများက မယုံကြည်မည်ကို စိုးရိမ်ခဲ့ရတာ ဖြစ်သည်။ အခုတော့ ဒီခံစားချက်များသည် ပျော်ကွယ်သွားကာ သူသည် ဂုဏ်ယူချင်သလိုတောင် ဖြစ်နေသေးသည်။
Previous Chapter 141 of 198 Next