May Honey Logo May Honey
Previous Next

၁၉၈။ ဇွန်ဘီလား လူလား

လင်းချင်းသည် သူတိုနှစ်ယောက်ကို ဆယ်စက္ကန့်လောက် ကြည့်ပေးလိုက်ပြီးနောက်မှ ခုံတွင်ပြန်သွားထိုင်လိုက်သည်။ သူမသည် ခုံတွင်ထိုင်ရင်းဖြင့် ဒီနှစ်ယောက်မှာ ဘာဖြစ်သလဲသိဖို့ အချိန်ယူရမည်ဖြစ်ကြောင်း သိလိုက်သည်။

လင်းချင်းထိုင်လိုက်သည့်အခါ လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် အနည်းငယ်သက်သာရာရသွားသည်။ သူမဆီက ဖိအားမရှိတာကြောင့် သူတို့စိတ်သည် ချက်ချင်းသွက်လက်လာသည်။ သူတို့၏မျက်လုံးထဲတွင် လုထန်ရိသည် ကျန်းမာသည့် လူသားတစ်ယောက်လိုဖြစ်သည်။ မျက်လုံးများကတော့ ခြွင်းချက်ပင်။

ဘယ်ဇွန်ဘီက ဒီလိုမျိုး ကျန်းမာပုံရကာ သန့်ပြန်နေမည်နည်း? ချူးလီလီကတော့ သန့်ပါသည်။ သူတို့လည်း သူတို့က မမြင်ဖူးကြသေးပေ။ ချူးလီလီတောင်မှ မျက်တွင်းနက်ကြီးများ နည်းနည်းရှိနေသေးသလို ရှဲ့တုန်းကတော့ လူနှင့်ပိုတူသည်။ သူတို့နှစ်ယောက်လုံးမှာ ရှဲ့တုန်းက ဇွန်ဘီဆိုသည်ကိုလည်း မသိကြသေးပေ။

‘ဘယ်ဇွန်ဘီက လူသားမစားဘဲနေလို့လဲ?  ဒါပင်မယ့် ဒီတစ်ယောက်တော့ ငါတို့ကို ကယ်ရုံတင်မကဘူး စကားပါပြောနိုင်တယ်’   ကောင်းချင်းမင်းသည် ပိုသွက်လက်စွာ တွေးနိုင်သည်။ လင်းချင်းကို ခေါင်းအစခြေအဆုံးကြည့်လေရာ သူမသာ နေကာမျက်မှန်တပ်ထားသ၍ လူသားတစ်ယောက်လို ဖြစ်ကြောင်း သိလိုက်ရသည်။ သို့သော်လည်း ဇွန်ဘီမဟုတ်ရင် မျက်လုံးက ဘာဖြစ်လို့ ဒီလိုဖြစ်နေတာလဲ? သူမေးလာပြီ။   “နင်ကဘာလဲ? ဇွန်ဘီလား? လူလား?”

သူမသည် လူနှင့်တူသော်လည်း ဇွန်ဘီမျက်လုံးရှိသည်။ သို့သော်လူလို နေသည်။ ဒီလိုဇွန်ဘီမျိုးကို သူမကြားဖူးပေ။ ဒီမေးခွန်းကိုမေးရင်းဖြင့် ကောင်းချင်းမင်းသည် လုထန်ရိကို တစ်ချက်ကြည့်လိုက်ရာ လုထန်ရိသည်လည်း ဒါကိုမေးချင်နေပုံရသည်။ နှစ်ယောက်လုံးက လင်းချင်းကို ကြည့်လာသည်။

လင်းချင်းသည် သူတို့ကို လက်ညိုးထိုးပြပြီးနောက် သူမ၏ခေါင်းကို ပြန်ထိုးပြလိုက်သည်။ သူမသည် သူတို့ကို ကိုယ့်ဟာကိုယ်တွေးကြည့်စေချင်တာ ဖြစ်သည်။ 

လုထန်ရိသည် လင်းချင်းကို မျက်တောင်မခတ်စတမ်းကြည့်နေကာ ဖြစ်နိုင်သမျှ ခန့်မှန်းချေတိုင်းကို တွေးကြည့်နေပုံရသည်။ သူထင်သလောက်က လုထန်ယုက သေတာသေချာသည်။ ထို့ကြောင့် ဇွန်ဘီဖြစ်လာသည်။ နေရာလွတ်အစွမ်းနှင့် သူမသိလိုက်ရသည့် အစွမ်းတစ်ခုက ဇွန်ဘီဖြစ်လာမှ နိုးထလာသည်။

‘ဒါပင်မယ့်လည်း လူသားဆန်မှုနှင့် အသိစိတ်တို့က ဇွန်ဘီဖြစ်တာတောင် ရှိနေသေးတယ်လား? ပြီးတော့လည်း စတော်ဘယ်ရီသီးကို စားလိုက်သေးတယ်။ ဘယ်ဇွန်ဘီက စတော်ဘယ်ရီသီးကို စားလဲ? ဇွန်ဘီမဟုတ်ဘူးဆိုရင် ဘာဖြစ်လို့ မျက်လုံးက ဒီလိုဖြစ်နေတာလဲ? နေရာလွတ်စွမ်းအင်ကရော ဘယ်ကနေရလဲ?’
မေးခွန်းပေါင်းစုံသည် လုထန်ရိ၏ ခေါင်းထဲတွင်ပေါ်လာသည်။

လင်းချင်းသည် လုထန်ရိနှင့် ကောင်းချင်းမင်းတို့၏ စိတ်ရှုပ်မှုများကို သေချာအာရုံခံမိသည်။ လုထန်ရိကသာ သူ့မောင်နှမဖြစ်သူ၏ကိုယ်ထဲတွင် တခြားဝိညာဉ်က ရောက်နေသည်ကို သိသွားရင် ဘယ်လိုတုံ့ပြန်မလဲ လင်းချင်းက သိချင်သွားသည်။ မလိုတဲ့ပြဿနာတွေရှာတက်သည့် မကောင်းတဲ့မောင်နှမတစ်ယောက်လို လုထန်ရိက မြင်နေပုံရသဖြင့် ဒါကိုလည်း သေချာရှင်းအောင် လုပ်ရဦးမည်။

သူတို့စိတ်ငြိမ်ပုံရမှ လင်းချင်းသည် သူမက လုထန်ယုမဟုတ်ကြောင်း ရှင်းပြဖို့ သင်ပုန်းကိုထုတ်ရေးရန် လုပ်သည်။ သို့သော်လည်း ထိုအချိန်တွင် အပြင်ဘက်မှ သန်မာသည့်အရှိန်အဝါတစ်ခုကို ရလိုက်သည်။ ထို့ကြောင့် ချက်ချင်းမျက်နှာပြောင်းသွားကာ ထရပ်၍ ပျောက်သွားတော့သည်။

အပြင်ဘက်တွင် လူစုသည် ကျောက်တုံးလှေကားတွင် အနားယူနေကြသည်။ ဟွမ်ရှို့က ရှဲ့တုန်းအား မေးခွန်းမျိုးစုံမေးနေကာ ရှဲ့တုန်းက စာရေး၍ ပြန်ဖြေပေးနေသည်။ ထိုအချိန်တွင် လင်းချင်းက သူ့ဘေးတွင် ပေါ်လာသည်။ သို့သော်လည်း လုထန်ရိနှင့် ကောင်းချင်းမင်းတို့က သူမနှင့်အတူ ပြန်ပါမလာပေ။

ဘာမှမပြောဘဲနဲ့ လင်းချင်းသည် ရှဲ့တုန်းနှင့် ဟွမ်ရှို့ကို ဆွဲခေါ်ကာ ပျောက်သွားကြသည်။ နောက်ပြန်ပေါ်လာသည့်အခါ နောက်နှစ်ယောက်ကို နယ်မြေထဲသို့ခေါ်သွားပြန်သည်။ သူမသည် အနည်းငယ်လောနေသလိုမျိုး အမြန်လှုပ်ရှားနေတာ ဖြစ်သည်။

“ဟင်? ဘာဖြစ်လို့လဲ?”   အခြားသူများသည် သူတို့သူငယ်ချင်းများနှင့်အတူ ပျောက်နေသည်ကို သိလိုက်ကြသည်။ နယ်မြေထဲသို့ ရောက်ဖူးသူများက နယ်မြေထဲကို ထည့်နေကြောင်းကို သိကြသည်။ သို့သော်လည်း ဘာမှမပြောဘဲ ဒီလိုအမြန်လုပ်နေလေရာ ဘာဖြစ်နေသလဲကို သူတို့မသိကြပေ။

လင်းချင်း၏လှုပ်ရှားမှုက မြန်သော်လည်း နယ်မြေထဲသို့ ရောက်နေသဖြင့် အပြင်ဘက်က သူမ၏အာရုံခံမိများသည် သိပ်မကောင်းပေ။ ရှဲ့တုန်းတို့ကို နယ်မြေထဲသို့ ထည့်ပြီးသည့်အခါ ကျန်သည့်ငါးယောက်ကို ကယ်ဖို့ရာ အချိန်မမှီတော့ပေ။ ထို့ကြောင့် သူမသည် နယ်မြေထဲကထွက်လာသည်နှင့် ထိုငါးယောက်ဆီသို့ အမြန်ပြေးကာ အနီးဆုံးတစ်ယောက်ကို ပိတ်ကန်ထုတ်လိုက်သည်။

“အား! ဘာဖြစ်လို့ ကန်. . .”   ထိုလူသည် အကန်ခံလိုက်ရသဖြင့် လွင့်ထွက်သွားကာ မျက်လုံးအပြူးသားဖြင့် ဘာဖြစ်လို့ ကန်သနည်းကို မေးဖို့လုပ်သည်။ သို့သော်လည်း သူ့စကားမဆုံးခင်း မိုးခြိမ်းသံများက ထွက်လာသည်။ 

လင်းချင်းက ပထမလူကိုကန်ပြီးနောက် နောက်တစ်ယောက်ကိုထပ်ကန်ကာ လှည့်၍နောက်ထပ်တစ်ယောက်ကို ကန်လိုက်သည်။ သို့သော်လည်း သူမကန်နေသည်ကို မြင်သည့် ကျန်သည့်နှစ်ယောက်သည် အကန်ခံရမည်ကိုစိုး၍ ဝေးရာသို့ ပြေးလေပြီ။ ထိုအခါမှ လင်းချင်းသည်လည်း ဘေးသို့အမြန်ရှောင်လိုက်သည်။

လူတိုင်းကရှောင်လိုက်သည်နှင့် မိုးခြိမ်းသံများနှင့်အတူ လက်မောင်းလောက်ထူသည် လျှပ်စီးတစ်ကြောင်းသည် ကောင်းကင်ပေါ်ကနေ သူတို့ငါးယောက်ထိုင်ခဲ့သည့် နေရာကို ကျလာသည်။ ထို့နောက် နောက်ထပ်မိုးခြိမ်းသံနှင့်အတူ နောက်ထပ်လျှပ်စီးလေးငါးခုက အချင်းငါးမီတာပတ်လည်ကို ကျလာသည်။

နယ်မြေထဲသို့ထည့်ခံရသူများသည် သူတို့ဆရာများကို နားမလည်စွာ ကြည့်လာသည်။ သို့သော်လည်း သူတို့ဆရာများက သူတို့ကို ဒီလိုပြန်ကြည့်နေတာ ဖြစ်သည်။ လင်းချင်း၏ အပြုအမှုကြောင့် လုထန်ရိသည် မကောင်းတာတစ်ခုခု ဖြစ်ပြီကို သိလိုက်သဖြင့် မေးသည်။   “ဘာဖြစ်တာလဲ?”

“မသိဘူး။ ဒီတိုင်းခေါ်လာတာ”   ဟွမ်ရှို့သည် ပြန်ဖြေကာ ရှဲ့တုန်းကို ကြည်သည်။ ရှဲ့တုန်းက လင်းချင်းနှင့်အတူဖြစ်သဖြင့် သူများသိမလားဟူ၍ ကြည့်လိုက်တာဖြစ်သည်။

ရှဲ့တုန်းသည် လင်းချင်းလိုမျိုး မျက်လုံးမှိတ်ကာ အာရုံခံကြည့်သော်လည်း နယ်မြေအပြင်တွင် ဘာဖြစ်နေသလဲကို မသိရပေ။ မျက်လုံးပြန်ဖွင့်သည့်အခါ ဟွမ်ရှို့က သူ့ကိုကြည့်နေသဖြင့် ခေါင်းခါပြလိုက်သည်။ ထိုအခါ အကုန်လုံးသည် ဘာဖြစ်မှန်းမသိ ဖြစ်နေကြတော့သည်။

အပြင်ဘက်တွင်တော့ လင်းချင်းသည် ရှောင်လိုက်ပြီးနောက် သူမ၏ခေါင်းကို လက်ဖြင့်ကာထားလိုက်သည်။

ဒုန်း!   သူမ၏အနားသို့ အရိပ်တစ်ခုသည် ကျလာသည်နှင့် သူမ၏ခေါင်းကို လက်ဖြင့်ရိုက်ချသည်။ လင်းချင်း၏ အနောက်တွင်ဖြစ်သော်လည်း လင်းချင်းသည် ချက်ချင်းတုန့်ပြန်ကာ ရှောင်လိုက်နိုင်သည်။ ထိုအခါ လက်သည်းများသည် ခေါင်းကိုမထိတော့ဘဲ လက်မောင်းကို ထိသွားသည်။

ဘုန်း!   လင်းချင်းသည် နောက်သို့လွင့်သွားကာ နံရံကိုတိုက်မိ၍ နံရံတောင်ပေါက်ထွက်သွားသည်။

ဂါး!   ထိုလမ်းအလယ်မှ အကောင်ကြီးသည် နံရံထဲသို့ပေါက်ဝင်သွားသည့် လင်းချင်းကို ကြည့်ကာ အကျယ်ကြီး အော်ချလိုက်သည်။  
Previous Chapter 198 of 198 Next