May Honey Logo May Honey
Previous Next

၁၉၇။ အတည်ပြုထားတဲ့သရုပ်မှန်

လုထန်ရိ၏ လှုပ်ရှားမှုများသည် ပုံမှန်ထက်နှေးသလို ဖြစ်နေသဖြင့် ကောင်းချင်းမင်းက လင်းချင်းကို သူ့အစားမေးပေးလာသည်။   “သေချာလား? ဒါတွေက သန္ဓေပြောင်းတွေ။ ငါတို့ကို သတ်ဖို့လုပ်နေတာတော့ မဟုတ်ဘူးမလား? ဘယ်တုန်းကမှ နင်သူ့ကို ဂရုစိုက်ဖူးတာလည်း မဟုတ်ဘူးမလား?”

သူသည် လုထန်ရိနှင့် လင်းချင်း၏ကိုယ်ပိုင်ရှင်တို့ ဆက်ဆံရေးကို ပြောင်ပဲထောက်ပြောလိုက်သဖြင့် လင်းချင်းသည် ပြုံးလိုက်ကာ မီးဖိုဘေးကခုံတွင် သွားထိုင်လိုက်သည်။ လုထန်ရိတို့နှစ်ယောက်သည် သူမ၏အပြုံးမှ အထင်သေးမှုကို သိလိုက်သည်။ လင်းချင်းက ထိုင်လိုက်ပြီးမှ သူတို့ကို မော့ကြည့်ကာ
“စားရဲလား?”
ဒါပဲပြောလိုက်သော်လည်း နှစ်ယောက်လုံးသည် ရန်စခံလိုက်ရသလို ဖြစ်သွားသည်။ လင်းချင်းသည် သူတို့က ဒီအသီးကိုစားအောင် တမင်ပြောလိုက်တာ ဖြစ်သည်။ လုထန်ရိက

စတော်ဘယ်ရီသီးကို မျက်လုံးအနားသို့တိုး၍ သေချာကပ်ကြည့်လိုက်သည်။ အသီးမှာ အရမ်းကြီးကာ ထူးဆန်းသည့်အရောင်နှင့်ဖြစ်သော်လည်း အနံ့ခံကြည့်သည့်အခါ စိတ်ရှင်းသည့်အသံပြင်းပြင်းလေးကို ရနေသည်။ လင်းချင်း၏နယ်မြေထဲတွင် စိုက်တာမဟုတ်ဘဲ လင်းချင်း၏ကန်ရေဖြင့် လောင်းပေးမထားလျှင် ဒီလိုမဖြစ်ဘူး ဆိုသည်ကိုတော့ မသိပေ။ လုထန်ရိသည် လင်းချင်းကို ကြည့်ကာပြောသည်။
“ဝန်ခံထားမှတော့ ငါဒါကိုစားစား မစားစား နင့်မျက်လုံးကို ပြပြမပြပြ ဘာမှအရေးမကြီးတော့ဘူး။ ဒါပင်မယ့် နင်အခုငါ့ကိုကြည့်”

ဒီမိန်းမက အရင်ကနှင့် မတူတော့တာသည်ကိုတော့ သူသိနေသည်။ လင်းချင်းကို သူသည် စိတ်ရှုပ်စွာဖြင့်ကြည့်လိုက်ပြီးနောက် စတော်ဘယ်ရီသီးကို ပါးစပ်ထဲထည့်ကာ ကိုက်စားလိုက်သည်။

“ဟေ့ မင်းသေချင်ရင်တောင် ဒီလိုလုပ်စရာမလိုပါဘူး”   ကောင်းချင်းမင်းသည် ကြောင်အသွားသည်။ စတော်ဘယ်ရီများက အဆိပ်ရှိမရှိ မသိသော်လည်း သန္ဓေပြောင်းနေသဖြင့် ဇွန်ဘီပိုးရှိနေမှာ သေချာသည်။

လုထန်ရိက စတော်ဘယ်ရီကို ကိုက်လိုက်သဖြင့် ကောင်းချင်းမင်းသည် ချက်ချင်းပဲ သူ့မေးကို လက်ဖြင့်အမြန်ဖျစ်ရန် လုပ်သည်။ လုထန်ရိက ခေါင်းကိုရှောင်လိုက်ကာ သူ့မျက်နှာကို နောက်လက်တစ်ဖက်ဖြင့်ကာလိုက်ပြီး မြိုချလိုက်သည်။ သူ့ကိုထိခိုက်စေချင်ရင် မကယ်ဘူးဆိုသည်ကို သိသည်။ ဘာဖြစ်လို့များ အဆိပ်ကျွေးတာသနည်း?  ဘာများဖြစ်၍နည်း? သူယုံကြည်ဖို့သာ ရွေးချယ်လိုက်သည်။ သူမဘယ်လိုဖြစ်ခဲ့သလဲကို သူသိချင်သည်။ အသံအိုးထိသွားကာ အသံပျက်စီးနေပုံလည်းရသေးသည်။

ထို့နောက် ကောင်းချင်းမင်းအား    “စိတ်မပူနဲ့ ငါတို့ကို ထိခိုက်အောင် မလုပ်ပါဘူး”

ထို့နောက် လင်းချင်းကို လှည့်မေးသည်။
“ငါစားပြီးရင် ဟိုလူကို အဲ့ဒါလုပ်ပြီးတော့ နင်ဘာဖြစ်လဲဆိုတာ ငါ့ကိုပြောပြမှာလား?”
‘အဲ့ဒါ’ဆိုသည်မှာ စခန်းခေါင်းဆောင်ကို မုဒိန်းကျင့်ခြင်းဖြစ်သည်။ သူသည် ဒါမျိုးကို ထုတ်မပြောဖို့ ရှက်နေသော်လည်း လူတိုင်းက ဒါကိုသိပြီးဖြစ်သည်။ ထိုအချိန်တွင် သူထူးဆန်းသလို ခံစားလိုက်ရသည်။ သူ့အရှေ့ကသူသည် သူရင်းနှီးနေကြသူမဟုတ်တော့ဘဲ သူစိမ်းတစ်ယောက်လိုပင်။

လင်းချင်းသည် ခေါင်းငြိမ့်ပြလိုက်သည်။ လုထန်ရိက မှတ်မိနေပြီးနောက် သူမထင်သည်ထက် အပြုအမှုသည်လည်း ပိုကောင်းသည်။ သူ့အပြုအမှုအရဆိုလျှင် အံ့သြနေရုံတင်မကဘဲ စိုးရိမ်ကာ ပျော်နေသလို ဖြစ်နေသည်။ သူ့စိတ်ခံစားချက်များတွင် အမုန်းတရားနှင့် မကောင်းသည့်သဘောထားများ ရှိမနေပေ။ အခုတော့ သူမ၏မျက်လုံးကို မြင်ချင်ကာ အသံက ဘယ်လိုဖြစ်သလဲကို သိချင်နေသည်။ ထို့အတူ မကောင်းတာလုပ်ပြီးနောက် ဘယ်လိုဖြစ်ခဲ့သလဲကို သိချင်နေသေးသည်။ ဒါက သူမကို ရိုးရှင်းစွာ စိတ်ပူနေသလိုပဲမလား?

ထို့နောက် လင်းချင်းသည် လုထန်ရိနှင့် ဝေးနေသဖြင့် ထူးဆန်းသည့် ခံစားမှုကို ရနေသည်။    ‘ဘာဖြစ်လို့လဲ? သူတို့က မောင်နှမတွေမလို့လား? ဒါပင်မယ့် ဇွန်ဘီဖြစ်နေပြီပဲဟာကို။ သွေးရင်းတွေဘာတွေ ရှိသေးလို့လား?’

လင်းချင်းက ခေါင်းငြိမ့်ပြသဖြင့် လုထန်ရိသည် ဆက်စားလိုက်သည်။ နောက်ထပ်စားမှ သူသည် ခုနက သတိမထားမိသည်ကို သိလိုက်သည်။   ‘ဟင်? နည်းနည်းချိုသလိုပဲ! ချိုတယ်ပြီးတော့ နည်းနည်းချဉ်ဖြုံးဖြုံးလေးနဲ့ အရသာက မဆိုးဘူး!’

လုထန်ရိသည် ခနတွေးပြီးနောက် စတော်ဘယ်ရီတစ်လုံးကို ကောင်းချင်းမင်းကိုပေးကာ   “မြည်းကြည့် မင်းမစားရင် သူကငါ့ကိုပြောပြမှာ မဟုတ်ဘူး”   ဒီလိုပြောရင်းဖြင့် လင်းချင်းကို တစ်ချက်ကြည့်လိုက်သည်။

ကောင်းချင်းမင်းသည် ဆွံ့အသွားသည်။ လင်းချင်းက လက်လေးဖြန့်ကာ ကောင်းချင်းမင်းအား   “သူပြောတာ”   သူမပြောသည် မဟုတ်၍ သူမနှင့် ဘာမှမဆိုင်ပေ။

ကောင်းချင်းမင်းသည် လုထန်ရိကိုကြည့်ကာ စိတ်ထဲကနေ အပြစ်တင်မိနေသည်။   ‘အဲ့ဒါနဲ့ ငါ့ကိုပါ သေရွာကိုခေါ်မလို့လား? မင်းက ငါ့သူငယ်ချင်းကောင်းကြီးလေကွာ’

လုထန်ရိသည် နောက်တစ်လုံးကိုတောင် ထပ်စားနေပြီဖြစ်သည်။ တကယ်တော့ သူတို့သည် ဗိုက်ဆာနေခဲ့သည်မှာ ရက်အချို့လောက်ရှိပြီ။ တစ်ကိုက်စားပြီးနောက် သူသည် လက်ထဲမှာ ကျန်နေသေးသည့် နောက်စတော်ဘယ်ရီသီးများကိုပါ ဆက်စားနေတာဖြစ်သည်။ ဒီမိန်းမက သူတို့ဗိုက်ဆာနေမှန်းသိလို့ တမင်ကျွေးနေသလားလို့တောင် သူတွေးမိသွားသည်။

“ဟုတ်ပြီ စားစေချင်လို့ ငါစားပြီးပြီ။ နေကာမျက်မှန်ကြီးကို အခုချွတ်တော့”   ဘာကြောင့်မှန်းမသိ နေကာမျက်မှန်ကို သူတကယ်ဂရုစိုက်နေမိသည်။ လုထန်ယုက ဘယ်တုန်းကမှ သူမ၏အလှကို ဖုံးမည်များကို မဝတ်ဆင်ဖူးပေ။

“နောင်တမရနဲ့”   လင်းချင်းက ပြောလိုက်သည်။  
  
“ဘာဖြစ်လို့ နောင်တရမှာလဲ?”   လုထန်ရိက စိတ်ရှုပ်စွာ မေးသည်။

လင်းချင်းသည် ခေါင်းငြိမ့်ပြပြီးနောက် ခေါင်းကိုငုံ့ကာ နေကာမျက်မှန်ကို ချွတ်ပြီးနောက် ခေါင်းကိုမော့လိုက်သည်။ ထို့နောက် လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် သူမ၏ပြောင်ဖြစ်နေသည့် မျက်ဝန်းနက်များကို မြင်လိုက်ရတော့သည်။ သူမ၏မျက်လုံးများသည် တစ်ခုလုံးနက်နေကာ မှိန်မှိန်လေး တောက်ပလို့နေသည်။ 

နှစ်ယောက်လုံးသည် လန့်သွားကာ မျက်လုံးများပြုတ်ကျမတက် ဖြစ်သွားသည်။ ဒီမျက်လုံးများသည် လူသားမျက်လုံးများ မဟုတ်ဘဲ အဆင့်မြင့်ဇွန်ဘီများတွင်သာ ရှိတာဖြစ်သည်။ ဒီလိုမျက်လုံးများကို ခုနကတင် သူတို့မြင်ခဲ့ရသည်။ 

“နင့်မျက်လုံးက!”   လုထန်ရိသည် လင်းချင်းကို မယုံနိုင်စွာကြည့်ရင်း ပြောသည်။ သို့သော်လည်း သူသည် စကားအကုန် မပြောနိုင်ပေ။ ထိုအချိန်တွင် လင်းချင်းက ထလာကာ သူတို့ကို ထူးဆန်းသည့် သူမ၏မျက်လုံးများဖြင့်ကြည့်ရင်း အနားသို့ကပ်လာသည်။

လင်းချင်းကပ်လာသည့်အခါ သူတို့နှစ်ယောက်သည် နောက်ကိုဆုတ်မိသွားကြသ်ည။ ဒီလိုမျက်လုံးမျိုးဖြင့် ကြည့်ခံရသည့်အခါ သူတို့သည် စိတ်ငြိမ်မနေတော့ပေ။ လင်းချင်းက တစ်လှမ်းတိုးလာတိုင်း သူတို့သည် တစ်လှမ်းနောက်သို့ ဆုတ်မိလာသည်။

ထို့နောက် လင်းချင်းသည် နေကာမျက်မှန်ကို ပြန်တပ်လိုက်ကာ ခပ်ဖွဖွပြုံးလိုက်သည်။   ‘ကောင်လေးတွေ နင်တို့ငါ့ကိုအခု ကြောက်ပြီမလား? ခုနက မျက်လုံးကိုပဲ မေးနေပြီးတော့။ ဘာဖြစ်လို့ အခုမှကြောက်တာလဲ? ငါက မတူဘူးဆိုတာကို သိတယ်မလား’

လင်းချင်းရပ်လိုက်သော်လည်း လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် နောက်သို့ ခြေလှမ်းအချို့ထပ်ဆုတ်ထားလိုက်သေးသည်။ သူတို့သည် လင်းချင်းနှင့် နှစ်မီတာလောက်အကွာတွင်သာ ရပ်နေကြသည်။

“နင်. . .နင်. . .နင့်မျက်လုံးက ဘာဖြစ်တာလဲ?”   လုထန်ရိသည် လင်းချင်းကို အသံတုန်ရီစွာဖြင့် မေးသည်။

“ဇွန်ဘီကွ”   ကောင်းချင်းမင်းသည် လုထန်ရိအား   “သူဇွန်ဘီဖြစ်သွားပြီ”

လုထန်ရိသည် ကောင်းချင်းမင်းကို မယုံနိုင်စွာဖြင့် လှည့်ကြည့်လိုက်သည်။ ကောင်းချင်းမင်းကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကာ ဘာအသံမှထွက်မလာပေ။ နေကာမျက်မှန်အောက်တွင် ဒီလိုမျက်လုံးများရှိနေဖို့ သူမမျှော်လင့်ထားပေ။ ကန်းနေသည့် မျက်လုံးများ ဖြစ်ပါက ပိုကောင်းမည်ဟု သူယုံကြည်မိသွားသည်။  
Previous Chapter 197 of 198 Next