၈၉။ မောင်နှမ
“အနှောင့်အယှက်ပေးမိတာ အားနာပါတယ်” လုထန်ယုသည် ဝူချန်းယွဲ့အား ပြုံးကာနှုတ်ဆက်ရင်း ပြောသည်။
ဝူချန်းယွဲ့သည် သူ့ခုံမှနေ ထလိုက်ကာ ပေါ့ပေါ့ပါးပါးဖြင့် “ရပါတယ်။ ထိုင်ပါ။ စခန်းကနေ အပြင်ထွက်မယ်လို့ ကြားတယ်။ ပြန်ရောက်လာတာလား? ဘာဖြစ်လို့ အလျင်စလိုနဲ့ လာတွေ့တာလဲ? ဘာဖြစ်လို့လဲ?” စကားပြောနေစဉ်တွင် သူ့ရုံးခန်းထဲက နှစ်ခုံတွဲဆိုဖာကို ညွှန်ပြလိုက်သည်။ ထို့နောက် ရေသန့်စက်ထဲမှရေကို ခွက်နှစ်ခုထဲသို့ထည့်လိုက်ကာ ရေခွက်များကို လူငယ်များရှေ့သို့ တိုးပေးလိုက်သည်။
ထို့နောက် သူ့သမီးဆီသို့သွားလိုက်ကာ ပွေ့ချီလိုက်ပြီး ဝူယွဲ့လင်းအား သူ့အပေါ်တွင် ထိုင်စေသည်။ လုထန်ယုနှင့် ကောင်းချင်းမင်းတို့သည် သူညွှန်ပြသည့်ခုံတွင် ထိုင်ကြသည်။ ရှောင့်ယွဲ့လုံသည် တံခါးသွားပိတ်ပေးပြီး ထွက်သွားသည်။
“မေးစရာလည်း နည်းနည်းရှိလို့ပါ။ လုထန်ယုကို ဘယ်အချိန်တုန်းက နောက်ဆုံးတွေ့လိုက်တာလဲ?” လုထန်ယုအကြောင်းကို လုထန်ရီသည် မေးရသည်မှာ သိပ်အဆင်မပြေလှပေ။ သို့သော်လည်း မေးနိုင်လိုက်သည်။
သူအပြင်သွားခဲ့သည်။ သူနှင့်ကောင်းချင်းမင်းတို့သည် အလောင်းသွားရှာခြင်း ဖြစ်သည်။ သို့သော်လည်း ဘာမှမတွေ့ပေ။ ဇွန်ဘီဖြစ်ပြီး ထွက်ပြေးနေသလား မသိသဖြင့် သူတို့သည် အနီးအနားက ဇွန်ဘီများကြားတွင် ရှာခဲ့သေးသော်လည်း သူ့ညီမကို မတွေ့ပေ။ ထို့ကြောင့် ဝူချန်းယွဲ့အား လုထန်ယု၏ အလောင်းဘယ်နားရှိသလဲ လာမေးရခြင်း ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ညီမက ဒီလူကို မုဒိန်းကျင့်ခဲ့သည်။ ဝူချန်းယွဲ့သည် လုထန်ယုသူ့အား လုပ်သွားခြင်းထက် သူ့သမီးကိုသာ ပိုအလေးထား၍ ဖြစ်သည်။
အံ့သြဖို့ကောင်းစွာ ဝူချန်းယွဲ့သည် သူတို့ထင်သလို ဒေါသမထွက်ပေ။ ထို့အစား တည်ငြိမ်စွာ အပြုံးလေးဖြင့် “မေးခွန်းတစ်ခုလောက် မေးရမလား?”
လုထန်ရီသည် ခေါင်းငြိမ့်ပြလိုက်သည်။
ဝူချန်းယွဲ့သည် သူ့အားကြည့်အား အံ့သြစွာဖြင့် မေးသည်။ “ခင်ဗျားက ကျိုးဘက်ကလူဖြစ်နေတာတောင် ယန်ချောင်းရဲ့ မိန်းမအကြောင်း ဘာဖြစ်လို့ လာမေးနေတာလဲ? လာမေးဖို့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်တာလား? ကျိုးကခိုင်းလိုက်တာလား?” သူသိချင်သည်မှာ လုထန်ရီ၏ မေးခွန်းသည် သူ့ဟာသူသိချင်၍လား သူ့တို့ဆရာအတွက် လာမေးနေခြင်းလားဟူ၍ ဖြစ်သည်။
ဝူချန်းယွဲ့သည် လုထန်ရီအား သေချာကြည့်လိုက်သည်။ ဒီလူအကြောင်းကို သူကြားဖူးသည်။ သေချာမသိသော်လည်း နာမည်တော့ ကြားဖူးသည်။ စခန်းကကြီးကာ လူလည်းများလွန်းသည်။ ခေါင်းဆောင်သုံးယောက်က စခန်းကိုအုပ်ချုပ်ကြကာ သံသယဝင်စရာမလိုအောင် သူတို့တွင် နောက်လိုက်များလွန်းသည်။ ဝူချန်းယွဲ့သည် လုထန်ရီကို ကြားဖူးသော်လည်း မမြင်ဖူးပေ။ လုထန်ရီသည် သူ့လိုမဟုတ်သော်လည်း တာဝန်များဖြင့်လူဖြစ်သဖြင့် သူတို့သည် အလှမ်းဝေးကာ မဆုံကြခြင်းပင်။
လုထန်ရီသည် သူ့ကိုလာတွေ့မည်ဟု မထင်ခဲ့ပေ။ အခုတော့ လုထန်ရီ၏ မျက်နှာကိုကြည့်ရင်း သူအတွေးများနေမိသည်။ ထို့ကြောင့် ဒီလိုမေးလိုက်ခြင်းပင်။
လုထန်ရီသည် မျက်နှာမည်းသွားသော်လည်း ပြန်ထိန်းလိုက်သည်။ ဝူချန်းယွဲ့ကို မျက်လုံးချင်းဆုံအောင်ကြည့်ကာ “အဲ့ဒီမိန်းမက ခင်ဗျားကို ပြောမကောင်းတာတွေ လုပ်သွားတယ်ဆိုတာ သိပါတယ်။ ဒါပင်မယ့် ကျွန်တော်တို့ကြားက ဆက်ဆံရေးကို မဖုံးထားတော့ပါဘူး။ သူက သွေးတစ်ဝက်ရောတဲ့ ကျွန်တော့်ညီမပါ။ ငယ်ငယ်လေးထဲက ဆက်ဆံရေးက အဆင်မပြေခဲ့ဘူး။ ကမ္ဘာပျက်တော့လည်း သက်သက်စီပဲ နေခဲ့ကြတာ။ ဒါပင်မယ့် သူ့သွေးတစ်ဝက်ကလည်း ကျွန်တော့်သွေးနဲ့တူတူပဲလေ။ အဲ့ဒါကြောင့် သေသွားရင် ငြိမ်းငြိမ်းချမ်းချမ်းနားစေချင်လို့”
ဝူချန်းယွဲ့သည် ပြုံးလိုက်ကာ “ဒါဆိုရင် သူ့မှာအကိုရှိခဲ့တာပေါ့။ ခင်ဗျားသိလား? ကျွန်တော့်ကို သူလုပ်သွားတာကို ဂရုစိုက်မနေဘူး။ ဒါပင်မယ့် လင်းလင်းကို အန္တရာယ်များတဲ့နေရာမှာ ထားခဲ့တည်းက ခွင့်လွှတ်မပေးနိုင်ဘူး။ ဒါပင်မယ့်လည်း သေပြီကြားတော့ ထားလိုက်ပါတော့တယ်။ ဘယ်တုန်းက နောက်ဆုံးတွေ့လဲ သိချင်ရင် မြို့တောင်ဘက် မနက်ခင်းလမ်းရဲ့ စျေးဝယ်စင်တာမှာ”
လုထန်ယုသည် သူ့စကားကို သေချာနားထောင်ကာ မှတ်ထားလိုက်သည်။ ထိုအချိန်တွင် ကောင်းချင်းမင်းသည် စကားကိုဖြတ်မေးသည်။
“ခေါင်းဆောင်ဝူ လုထန်ယုက ခင်ဗျားရဲ့ လင်းလင်းလေးကို အပြင်မှာ ထားခဲ့တယ်လို့ ကြားတယ်။ ဒါပင်မယ့် ဘယ်လိုလုပ် ပြန်တွေ့တာလဲ? လုထန်ယုသေတည်းက ခင်ဗျားတို့ လိုက်ရှာနေတာ။ အဲ့ဒီအချိန်တွေမှာ လင်းလင်းက တစ်ယောက်တည်း။ ဘယ်လိုများ ခင်ဗျားတို့ တွေ့တဲ့အထိ ရှင်နေနိုင်တာလဲ? တကယ်သိချင်တာ။ ဘယ်လိုဖြစ်လဲဆိုတာ တွေးတောင်မရဘူး။ တကယ့်အံ့ဖွယ်ပဲ”
သူတကယ်သိချင်နေတာ ဖြစ်သည်။ ကောင်းချင်းမင်းသည် ကျိုးရှုဟိုင်း၏ဘက်မှ နည်းပညာဌာန၏ ခေါင်းဆောင်ဖြစ်သည်။ ထို့ကြောင့် သတင်းများသည် သူ့အားဖုံးကွယ်၍ မရပေ။ သို့သော်လည်း လုထန်ယု၏ အလောင်းပျောက်သွားခြင်းနှင့် ဝူယွဲ့လင်းပျောက်သွားသည့် ကိစ္စတို့တွင် သက်သေရှာမရခဲ့ပေ။ ကောင်းချင်းမင်းသည် ပျင်းရိကာ ဂရုမစိုက်သလို နေတက်သော်လည်း သူသည် ပဟေဠိတစ်ခုခုရှိပါက အဖြေမရမခြင်း တွေးကာရှာနေတက်တာ ဖြစ်သည်။ သူသည် မဖြေရှင်းရသည့် ပဟေဠိများကို စိတ်ထဲတွင်မှတ်ထားကာ မအိပ်နိုင်ဘဲ တွေးနေတက်တာ ဖြစ်သည်။ တစ်ခါတစ်လေ သူသည် အနည်းငယ် စိတ်မမှန်သူလိုပင်။
ဝူချန်းယွဲ့သည် သူ့အားလင်းချင်းအကြောင်း သေချာပေါက် မပြောပေ။ သူမကို ထိခိုက်မှာ စိုးရိမ်၍ မဟုတ်သော်လည်း သူ့သမီးလေးကို မကောင်းသည့် သက်ရောက်မှုများ ရှိသွားမှာ စိုးရိမ်၍ ဖြစ်သည်။ ထိုကြောင့် ပြုံးကာ တည်တည်ငြိမ်ငြိမ်ဖြင့်
“ဒီလိုမေးမှပဲ ဘာဖြစ်သွားလဲ ငါလည်းသိချင်နေတာ။ မုန့်ယွဲ့မှာသာ ထူးခြားတဲ့အစွမ်းမရှိရင် ငါတို့ရှာနိုင်မှာ မဟုတ်ဘူး။ ငါတို့တွေ့တော့ မြို့နဲ့အဝေးမှာ။ သူ့ကိုခေါ်သွားတာက လူသားတွေပဲ ဖြစ်လောက်မယ်။ တစ်ချိန်လုံး စောင့်ရှောက်ပေးထားပုံရတယ်။ ဒါပင်မယ့် ငါတို့ရောက်သွားတော့ လူလုံးထွက်မပြဘူး။ အဲ့ဒါကြောင့် အဲ့ဒီလူတွေက ဘယ်သူလဲဆိုတာ မသိလိုက်ဘူး”
ဝူချန်းယွဲ့သည် အမှန်နှင့်အလိမ်ကို တစ်ဝက်စီဖြင့် ပြောလိုက်သည်။ လင်းလင်းက ဘာဖြစ်လို့ အဆာငတ်တာ မတော်တဆမရှိတာကို ရှင်းပြလိုက်ပြီး ဇွန်ဘီမကို မမြင်သလို လုပ်လိုက်သည်။ သို့သော်လည်း ကောင်းချင်းမင်းအား သူ့သမီးကိုခေါ်ကာ စောင့်ရှောက်ထားသူသည် ပေါ်မလာသဖြင့် သူသိချင်ရင်တောင် မေးလို့မရတော့အောင် လမ်းပိတ်လိုက်သည်။
လင်းလင်းကလည်း စကားပြောမှာ မဟုတ်သဖြင့် သူမဆီမှ အဖြေကို သူတို့ရမှာ မဟုတ်ပေ။ တကယ်တော့ သူတို့သာ လင်းလင်းကို စကားပြောနိုင်အောင် လုပ်လျှင် ဝူချန်းယွဲ့သည် တစ်မျိုးဝမ်းသာရမည် ဖြစ်သည်။
သူ့စကားများကိုကြားသည့်အခါ ကောင်းချင်းမင်းသည် အတွေးထဲမျောနေသည်။ တဖြည်းဖြည်း ဝူချန်းယွဲ့ပြောသည်ကို ဖြစ်နိုင်သည်ဟု တွေးကာ ယုံကြသည်သွားသည်။
“ခေါင်းဆောင်ဝူ ခင်ဗျားပြောတဲ့စင်တာကို ရောက်ပြီးပြီ။ အဲ့အနားက ဆယ်မိုင်လောက်ကိုလည်း ရှာပြီးတာတောင်မှ ဘာမှမတွေ့ဘူး။ ဒါပင်မယ့် သိလိုက်တာတစ်ခုက လင်းယုံးနဲ့ သူ့လူတွေကို ခင်ဗျားတို့လူတွေက သတ်လိုက်ပြီဆိုတာပဲ။ မသေခင် သူတို့ကို မေးခွန်းများ မေးခဲ့သေးလား?” လုထန်ရီက မေးသည်။
သူ့စကားများသည် ရှင်းသည်။ ဝူချန်းယွဲ့၏လူများက လင်းယုံးနှင့်အခြားနှစ်ယောက်ကို ဖမ်းလိုက်တာ သူသိသည်။ သူတို့အား လုထန်ယုဘယ်မှာလဲ သိချင်သဖြင့် ဒီအကြောင်းမေးနေခြင်းပင်။ ထို့ကြောင့် မသေခင် တစ်ခုခုပြောသွားသေးသလား သိချင်တာဖြစ်သည်။
ဝူချန်းယွဲ့သည် ခနတွေးလိုက်ကာ ပြောသည်။ “လုထန်ယုအနောက်ကို လိုက်ပြီး ကာကွယ်ပေးနေရတဲ့ သုံးယောက်မလား? သူတို့ကို လက်ထောက် ရှောင်ယွင့်လုံက ရှင်းလိုက်တာ။ ဘာဖြစ်သလဲ သေချာတော့ ပြောမပြဘူး။ သူ့ကိုပဲ တိုက်ရိုက်မေးကြည့်ပါလား?”
သူသည် ပြန်ရောက်တည်းက ရုံးကိစ္စများကို ကိုင်တွယ်နေရသဖြင့် ရှောင်ယွင့်လုံသည်လည်း သူ့အရေးကြီးကိစ္စများကိုသာ တင်ပြကာ အသေးအမွှားများကို အသေးစိတ်ရှင်းမပြပေ။ သို့သော်လည်း သူတို့ပြောသည့်အကြောင်းကိုတော့ အသိပေးထားခဲ့သည်။ ဒီလိုပြောပြီးနောက် တံခါးပေါက်ကိုကြည့်ကာ လှမ်းပြောလိုက်သည်။ “ချန်း လက်ထောက်ခေါင်းဆောင်ကို သွားခေါ်လိုက်”