May Honey Logo May Honey
Previous Next

၁၆၁။ နာနာကိုက်

အမိုးပေါ်ကို လှမ်းအားရုံစိုက်နေသည့် လင်းချင်းသည် သူမ၏အရှေ့က အဆင့်ငါးဇွန်ဘီကို အာရုံမရှိတော့ပေ။

“ဂါး!”   လင်းချင်း၏ ဂရုမစိုက်သည့် အပြုအမှုကြောင့် ဇွန်ဘီခေါင်းဆောင်သည် မကျေမနပ်ဖြစ်သွားကာ လင်းချင်းကို ထပ်အော်သည်။ 

လင်းချင်းကတော့ သူ့အားအေးစက်စွာဖြင့် ကြည့်လိုက်ကာ စိတ်ထဲတွင် အထင်သေးနေမိသည်။   ‘နင်က တော်ကြာသေတော့မှာမလို့ ငါအော်ခွင့်ပြုလိုက်ပါ့မယ်’   ဒီအတွေးဖြင့် သူမသည် သွားများကိုဖြဲပြကာ ပြန်အော်လိုက်ပြီးလိုက် ဇွန်ဘီခေါင်းဆောင်ကို ချက်ချင်းတိုက်ခိုက်သည်။

လင်းချင်း၏ အထင်သေးသည့်အော်သံကြောင့် ဇွန်ဘီခေါင်းဆောင်သည် ပိုဒေါသထွက်လာသည်။ ထို့ကြောင့် တွေးတောင်မနေဘဲ လင်းချင်းကို ခုန်အုပ်သည်။ လင်းချင်းသည် ရှောင်လိုက်ကာ လက်သည်းများကို ထုတ်လိုက်ပြီးသည်။ အယောင်ပြလှုပ်ရှားပြီးနောက်မှ ကိုယ်ကိုလှည့်လိုက်ကာ ပြင်းထန်စွာ တိုက်ခိုက်လေသည်။

ဇွန်ဘီခေါင်းဆောင်သည် လင်းချင်းကို သူတိုက်ခိုက်နိုင်ပြီ ထင်သွားသော်လည်း အံ့သြဖို့ကောင်းစွာ သူမကဘေးကိုရှောင်သွားသဖြင့် သူမ၏ကိုယ်အား သူ့သံလက်သည်းများဖြင့် မထိမိတော့ပေ။ 

ထို့နောက် သူမသည် သူ့အရှေ့တည့်တည့်သို့ ရောက်လာချိန်တွင်တော့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံလိုက်ရသလို သူခံစားလိုက်ရသည်။ သို့သော်လည်း ရှောင်ရှားဖို့ နောက်ကျသွားလေပြီ။ လင်းချင်းက ဒီအခွင့်အရေးကို ကိုင်ဆုပ်ကာ သူမ၏လက်သည်းများဖြင့် ဇွန်ဘီခေါင်းဆောင်ကို တိုက်ခိုက်လိုက်ပြီ။ ဇွန်ဘီခေါင်းဆောင်သည် လင်းချင်း၏ လက်သည်းများကို မစိုးရိမ်သော်လည်း အဘယ့်ကြောင့် အန္တရာယ်ကို ခံစားရမှန်း သူနားမလည်ပေ။

လင်းချင်းက လက်သည်းများကို ယမ်းလိုက်သည့်အခါ မြူခိုးနက်များက လေဓားများ နှင့်အတူ ထွက်ပေါ်လာသည်။ ဇွန်ဘီခေါင်းဆောင်သည် မြူခိုးနက်များနှင့် ထိလိုက်သည်နှင့်  အနောက်သို့ ချက်ချင်းဆုတ်လိုက်သည်။ ထို့နောက် လင်းချင်းအား ဒေါသထွက်နေသည့် ကြောင်တစ်ကောင်လို စူးရှလွန်းသည့် အသံကြီးဖြင့် သွားဖြဲကာ အော်တော့သည်။

သို့သော်လည်း မကြာခင်တွင် ဇွန်ဘီခေါင်းဆောင်သည် မှားနေသည်ကို သတိထားမိသွားသည်။ သူ့ခေါင်းကို ငုံကြည့်လိုက်သည့်အခါ သူ့ခါးသည် မရှိတော့ပေ။ သူ့ခါးပိုင်းသည် ပျောက်သွားတာ ဖြစ်သည်။ ဘာဖြစ်မှန်းမသိချိန်တွင် သူ့လက်မောင်းတစ်ဖက်ကလည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာသည်။ ထိုအချိန်တွင် သူ့ခေါင်းပေါ်မှ လေတိုးသံကို ကြားလိုက်ရသည်။ ထို့နောက် သူ့လည်ပင်းကို တစ်ခုခုက ဖြတ်သွားသလို ခံစားလိုက်ရပြီးနောက် သူ့ခန္ဓာကိုယ်အား ခံစား၍မရတော့ပေ။

လင်းချင်းသည် ဇွန်ဘီခေါင်းဆောင်၏ လည်ပင်းကို ဖြတ်လိုက်လေရာ ခေါင်းကြီးက ပြုတ်ကျလာသည်။ သူမသည် ခေါင်းကို ခွဲလိုက်ကာ အထဲမှ အဝါရောင်အမြူတေကို ထုတ်ယူလိုက်ပြီးနောက် ရှဲ့တုန်းရှိရာသို့ အမြန်ပြေးသွားသည်။

ထိုအခိုက်အတန့်တွင် ရှဲ့တုန်းသည် အချက်ပေါင်းများစွာ အကန်ခံနေရပြီ ဖြစ်သည်။ သူသည် နံရံရှိရာသို့ လွင့်ထွက်သွားကာ သူ့၏အနီရောင်ပုပ်ပုပ်သွေးများသည် နံရံတွင် စွန်းထင်းနေသည်။

“မင်းသွေးက ဘာဖြစ်လို့ အနီရောင်ပုပ်ပုပ် ဖြစ်နေတာလဲလို့ ငါမေးနေတယ်။ ဒါက ကျန်းမာပုံရတဲ့သွေးမဟုတ်ဘူး”
လူသုံးယောက်သည် အနားသို့ ရောက်လာပြီးနောက် သူ့အားကန်လိုက်သူက လက်ပိုက်ထားရင်းက ပြောသည်။

“ဒီကောင်က အနေတာ။ မင်းမသိဘူးလား? သူ့ဆီက ဘာအသံ မင်းကြားဖူးလို့လဲ?”   တခြားသူက ပြောသည်။   “ဟေ့ကောင် ငါတို့ကို ဇွန်ဘီအမြူတေပေး မင်းတစ်ယောက်တည်း အဆင့်လေးဇွန်ဘီအမြူတေကို ယူထားလို့ရမလား? အိပ်မက်မက်မနေနဲ့!”   ထိုလူက မျက်မှောင်ကျုံ့ကာ ရှဲ့တုန်းကို ပြောသည်။

ရှဲ့တုန်းသည် လက်ကိုမြှောက်ကာ သူ့ရင်ဘတ်အားဖိနင်းနေသည့် အရှေ့ကလူ၏ ခြေထောက်ကို ဆုပ်ကိုင်လိုက်သည်။ ထိုအချိန်တွင် သူ့သည် ဒီလူသုံးယောက်အား သွေးပေနေသည့်သွားများကို ဖြဲပြရင်း သေချာစိုက်ကြည့်ကာ ပြုံးပြလိုက်သည်။ သူသည် အခုသူများခြေထောက်အောက်တွင် အနင်းခံဖြစ်နေသော်လည်း သူ့ရန်သူရှေ့တွင် အားနည်းသည့်ပုံမပြပေ။   ‘တစ်ယောက်ယောက်က ဒီကိုလာနေပြီ! ငါခနလေး တောင့်ခံဖို့ပဲ လိုတော့တာ!’

ထိုလူသုံးယောက်ကတော့ ဘယ်လိုရန်သူဖြင့် ရင်ဆိုင်ရမလဲကို မသိပေ။ ရှဲ့တုန်းက အကြောက်အလန့်မရှိဘဲ ဒီလိုအချိန်မှာတောင် ပြုံးနေနိုင်သေးသည်ကို မြင်ရသည့်အခါ နားမလည်နိုင် ဖြစ်သွားကြသည်။

“ဘယ်လိုလုပ် ပြုံးနေနိုင်သေးတာလဲ? မြန်မြန်သေချင်နေပြီ ထင်တယ်။ ဒါဆိုလည်း ကူညီပေးရတာပေါ့”   ရှဲ့တုန်း၏ ရင်ဘတ်ကို နင်းထားသူက ပြောသည်။ ဒီလိုပြောနေရင်း သူ့ခြေထောက်ကို ဆုပ်ကိုင်ထားသည့် ရှဲ့တုန်း၏လက်ကို ခြေထောက်ကို ရုန်းလိုက်သည်။ သို့သော်လည်း ရှဲ့တုန်းသည် ခေါင်းကိုမြှောက်လိုက်ကာ ထိုလူ၏ ခြေထောက်ကို လှမ်းကိုက်ချလိုက်သည်။

“အား!!! တောက်! ငါ့ကိုလွတ်စမ်း!”
ထိုလူသည် အော်လေသည်။ ရှဲ့တုန်းက သူ့အားကိုက်မည်ဟု မထင်ထားရာ ကိုက်လိုက်သည်နှင့် အလွန်အမင်းပြင်းထန်သည့် နာကျင်မှုကို ခံစားရသည်။ အခြားသူများကတော့ ရှဲ့တုန်းသည် ထိုလူ၏ ခြေထောက်ကို ကိုက်ရုံတင်မကဘဲ မြုံကာဝါးစားနေသလို လုပ်နေသည်ကို မြင်ရသည့်အခါ ကြောင်အကုန်သည်။

“ဒီကောင်က ခွေးပဲ!”   အခြားနှစ်ယောက်ထဲမှ တစ်ယောက်သည် နောက်သို့ တစ်လှမ်းဆုတ်သွားသည်။ ​နောက်တစ်ယောက်က နောက်ခြေတစ်ဖက်ဖြင့် ရှဲ့တုန်း၏ခေါင်းကို ပြင်းပြင်းကန်ပစ်လိုက်သည်။ ရှဲ့တုန်းသည် ခေါင်းမူးဝေအောင် အကန်ခံရသော်လည်း သွားဖြင့်ကိုက်ထားသည်ကို လုံးဝလွှတ်မပေးပေ။

“အား!!! နာတယ်ကွ! ဒီခွေးကောင်ကို ပါးစပ်ဟအောင် လုပ်ပေးကြစမ်းပါ!”   ရှဲ့တုန်းသည် ခေါင်းကိုစောင်းကို ပိုနက်အောင်ကိုက်ခဲနေသဖြင့် သွေးများက ထွက်လာကာ ထိုလူ၏ဘောင်းဘီတောင် သွေးဖြင့်ရွှဲနေသည်။

“မင်းမှာ လေအစွမ်းရှိတာပဲမလား? လေဓားနဲ့ သူ့မေးရိုးပြုတ်အောင် ခုတ်ပစ်လိုက်လေ”   ကူကန်ပေးနေသော်လည်း ရှဲ့တုန်းက ဆက်ကိုက်ထားပဲဖြစ်သဖြင့် အကိုက်ခံနေရသူအား ထိုလူက အော်ပြောလိုက်သည်။

ထိုအခါမှ အကိုက်ခံရသူသည် နာလွန်းအားကြီး၍ မေ့နေသော သူ့အစွမ်းကို သတိရသွားတော့သည်။ သူသည် လက်ကိုမြှောက်ကာ အစွမ်းထုတ်တော့မည့် အချိန်တွင်ပဲ သူတို့နောက်ကျောများ အေးစက်သွားကာ အသက်အန္တရာယ် ခြိမ်းခြောက်ခံရသလို ခံစားလိုက်ရသည်။ ထို့ကြောင့် အကုန်လုံးသည် အလိုအလျောက်ကို လှည့်ပြေးမိလိုက်ကြသည်။

“အား!”   လူနှစ်ယောက်သည် ထွက်ပြေးသွားသော်လည်း ရှဲ့တုန်းထံမှာ အကိုက်ခံနေသူကတော့ ထွက်ပြေး၍ မရဘဲ ကြမ်းပြင်တွင် လဲကျသွားသည်။

ထိုအချိန်တွင် လေထဲကနေ ကိုယ်ပျောက်နေသည့် သဏ္ဍာန်တစ်ခုသည် ထိုလူထံသို့ လေဓားများဖြင့် ပစ်လိုက်သည်။ ထို့နောက်မှ လင်းချင်းက မျက်နှာကို ပြလာတာ ဖြစ်သည်။ ထိုလူသည် လင်းချင်း၏မျက်နှာကို သေချာမမြင်ရခင်တွင်ပဲ ခေါင်းဖြတ်ခံလိုက်ရပြီ။ သူ့ခေါင်းကြီး ပျံထွက်သွားသည်ကို ခံစားလိုက်ရပြီးနောက် နောက်ဆုံးအသိစိတ်အရ သူ့ခေါင်းပြတ်နေသည့် ကိုယ်ကြီးကို သူပြန်မြင်လိုက်ရသည်။

ထိုလူ၏ခေါင်းပြတ်သွားမှ ရှဲ့တုန်းသည် ခြေထောက်ကို ခဲထားသည်အား လွှတ်ပေးလိုက်ပြီး ပင်ပန်းစွာ လဲချလိုက်ကာ ကောင်းကင်ကို ကြည့်နေသည်။ ခနနေမှ သူ့ဘေးက ဇွန်ဘီကို လှည့်ကြည့်လိုက်သည်။

သူမသည် သူနှင့်တစ်မီတာလောက်သာ ဝေးသည့်နေရာတွင် နောက်ကျောခိုင်းကာ အရင်က ပွပွဝတ်စုံကို ဝတ်ထားဆဲဖြင့် ရပ်နေသည်။ ရှုပ်ပွနေသည့် ဆံပင်များ မရှိတော့ဘဲ ဦးထုပ်တစ်လုံးအား ပုဝါပတ်ထားသည့်အပေါ်တွင် စောင်းထားသည်။ မျက်မှန်ကိုင်းတစ်ခုကို နားရွက်တွင်ချိတ်ထားသည်ကိုလည်း သူတွေ့ရသည်။  
Previous Chapter 161 of 198 Next