May Honey Logo May Honey
Previous Next

၁၉၆။ စားပြီးမှပြမယ်

“ငါတို့ဒီလို ဇွန်ဘီတွေသိန်းနဲ့ချီရှိနေတဲ့ မြို့ပေါ်နေရာကနေ ထွက်သွားဖို့ဆိုတာ အခုတကယ်မဖြစ်နိုင်ဘူး”   ကောင်းချင်းမင်းက ပြောသည်။ သူသည် ဘေးကိုကြည့်လိုက်သည့်အခါ အခုအချိန်တွင်တော့ ဘာဖြစ်လို့ ဇွန်ဘီတစ်ကောင်မှ ပေါ်မလာသလဲကို တွေးကြည့်နေမိသည်။ ဇွန်ဘီခေါင်းဆောင်သုံးကောင် ထွက်သွားသဖြင့် သူတို့အနံ့ကြောင့် အခြားဇွန်ဘီများကို ဆွဲဆောင်နိုင်မှာဖြစ်သည်။ သို့သော်လည်း သူတို့ရပ်နေသည်မှာ ၂မိနစ် ၃မိနစ် ရှိတာတောင်မှ ဇွန်ဘီများပေါ်မလာဘဲ တိတ်ဆိတ်နေသည်မှာ ထူးဆန်းသည်။

“ဟုတ်တယ်”   ဟွမ်ရှို့က သဘောတူသည်။   “ကျွန်တော်တို့မှာ စွမ်းအားရော လက်နက်ရော ဘာမှမရှိတော့ဘူး။ အားတွေကလည်း ၇၀ရာခိုင်နှုန်းလောက်ကို ကျနေပြီ”

သို့သော်လည်း လုထန်ရိက ပြောသည်။   “မဟုတ်ဘူး။ ငါတို့အပြင်မှာ ခနနေရပါတယ်။ သေနတ်ရှိရင် သာမန်ဇွန်ဘီတွေကို ရှင်းရတယ်။ ပြီးတော့လည်း ငါတို့အစွမ်းတွေက တဖြည်းဖြည်းပြန်ကောင်းလာမှာပဲ။ ငါတို့အချိန်လိုရုံတင်”   သူသည် နယ်မြေထဲတွင် မနေချင်ပေ။ သူမ၏မျက်နှာကြောင့် ကာကွယ်ပေးနေခြင်းမျိုး မလိုချင်တာ ဖြစ်သည်။ အနည်းဆုံးတော့ နယ်မြေထဲသို့ ဝင်မနေလျှင် သူ့ကိုယ်သူ အရမ်းအသုံးမဝင်သလို ခံစားရမှာ မဟုတ်ပေ။ ထို့အတူ နယ်မြေထဲသို့ ဝင်လိုက်ပါက သူမနှင့် အချိန်ဖြုန်းဖို့မဖြစ်နိုင်တော့ကာ မည်သူဖြစ်သလဲ ဆိုသည်ကို မသိနိုင်တော့ပေ။ လုထန်ယုဟုတ်မဟုတ်ကို သူတကယ်သိချင်မိသည်။

ကောင်းချင်းမင်းသည် သူ့ကိုကြည့်ကာ ဆိတ်ဆိတ်နေသည်။ ကျန်သည့်သူများကတော့ သူတို့ဆရာက အပြင်မှာနေမည်ဆိုလျှင် သူတို့လည်းအပြင်တွင် နေဖို့ဆုံးဖြတ်လိုက်သည်။   “ဒါပင်မယ့် အခုအချိန်ကြီး သေနတ်တွေကို ဘယ်ကနေ ရှာရမလဲ?”

လင်းချင်းသည် သူတို့ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ထိုင်ချကာ လက်ကိုဝေ့ယမ်းလိုက်သည်။ ထိုအခါ ပစ္စတို၊ ရိုင်ဖယ်၊ စနှိုက်ပါ၊ စက်သေနတ်မျိုးစုံတို့သည် သူတို့မျက်စိရှေ့တွင် ပေါ်ထွက်လာကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။ လင်းချင်းသည် လုထန်ရိကို ကြည့်ကာ ထိုသေနတ်များကို လက်ညိုးထိုးပြလိုက်သည်။

လုထန်ရိနှင့် ကောင်းချင်းမင်းတို့ကတော့ အချင်းချင်းကြည့်ကာ ဆိတ်ဆိတ်နေကြသည်။   “ဝါး ဒါတွေက ငါတို့အတွက်လား?”   သေနတ်များကိုမြင်သည့်အခါ ကျန်သည့်သူများသည် မျက်လုံးပြုတ်ကျမတက် လန့်သွားကြသည်။ ဒီသေနတ်များဖြင့်ဆိုလျှင် သူတို့အဖွဲ့သည် ၅၀ရာခိုင်နှုန်းလောက် အားကောင်းလာမည်။ ဆိုလိုသည်မှာ သူတို့သည် ၅၀ရာခိုင်နှုန်းလောက် အသက်ရှင်နိုင်ချေရှိပြီ။

လင်းချင်းသည် ငြိမ်သက်စွာ ရပ်နေသော်လည်း စိတ်ထဲတွင်တော့ အပြစ်မတင်ဘဲ မနေနိုင်တော့ပေ။   ‘ငါထုတ်ပေးလိုက်မှာတော့ နင်တို့အတွက်ပေါ့။ မဟုတ်ရင် ဘာလဲ? ငါကဒီမှာ ဆိုင်ခင်းရောင်းနေတဲ့သူကျနေလို့လား?’

လုထန်ရိသည် လင်းချင်းနားသို့လျှောက်လာကာ သူမရှေ့တွင်ရပ်ပြီးနောက် မနေနိုင်တော့စွာ မေးသည်။   “မျက်လုံးတွေကို ကြည့်လို့ရမလား?”

စိတ်မရှည်စွာဖြင့် သေနတ်များကို ယူဖို့လုပ်နေကြသည့် အသင်းဖော်များသည် သူ့မေးခွန်းကို ကြားသည်နှင့် လင်းချင်းကို မော့ကြည့်လာကြသည်။ သူမသည် နေကာမျက်မှန် တပ်ထားတာတောင် အတော်လှသည့်မိန်းကလေး ဖြစ်သောကြောင့် သူတို့ကို လုထန်ရိအား တအံ့တသြဖြင့် တစ်ချက်ကြည့်ပြီးနောက် တစ်ခုခုကို နားလည်သလို မျက်လုံးများဖြင့် လင်းချင်းကို ကြည့်လာကြတာဖြစ်သည်။   ‘ငါတို့ဆရာကို ကြွေသွားတာလား? နားလည်ပါတယ်ဗျာ။ စခန်းမှာရှိတဲ့ မိန်းမတွေက နည်းရတဲ့အထဲ ဒီလိုဇွန်ဘီအမဲလိုက်ထွက်တဲ့သူဆိုရင် ပိုတောင်နည်းသေးတာ။ ဒီလို အင်အားကလည်းရှိ ထူးဆန်းတဲ့မိန်းမမျိုးနဲ့ တွေ့နေမှတော့ မျက်နှာတစ်ခုလုံးကို မြင်ဖူးချင်မှာပဲ။ ငါတို့လည်း နေကာမျက်မှန်အောက်က မျက်လုံးလေးတွေကို မြင်ချင်သား’

လင်းချင်းသည် ခပ်ဖွဖွပြုံးလိုက်သည်။ လုထန်ရိက လုထန်ယုကို ရှင်းရှင်းလင်းလင်း မှတ်မိနေသဖြင့် သူမက အံ့သြသွဦးသည်။ သူမသည် စိတ်ထဲက တွေးနေမိသည်။   ‘သူတို့မောင်နှမက အချင်းချင်းမုန်းနေတယ် ထင်တာ။ မုန်းလို့များ ဒီမိန်းမကို သူဂရုစိုက်နေသလားပဲ? ငါမျက်လုံးတွေကို ပြလိုက်ပါ့မယ်။ ဒါပင်မယ့် နောင်တတော့ မရနဲ့ပေါ့ဟယ်’

လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် လင်းချင်း၏ ထူးဆန်းသည့်အပြုံးကို မြင်သည့်အခါ မကောင်းသည့် ခံစားချက်ကို ရလိုက်သည်။ လင်းချင်းသည် ရှေ့သို့တစ်လှမ်းတိုးလာကာ သူတို့လက်များကိုကိုင်လိုက်ပြီးနောက် နယ်မြေထဲသို့ ခေါ်သွားသည်။

“ဆရာ”   သူတို့ဆရာနှစ်ယောက်လုံး ပျောက်သွားသည့်အခါ အခြားသူများသည် အရင်ဆုံးကြော်အသွားပြီးနောက်မှ စိတ်ပြန်ငြိမ်သွားသည်။ သူတို့ဆရာက ဒီအလှလေး၏ မျက်လုံးကို မြင်ချင်သော်လည်း အလှလေးကတော့ တခြားသူများကို ပြချင်ပုံမရပေ။ ထို့ကြောင့် သူတို့ဆရာနှစ်ယောက်ကိုသာ နယ်မြေထဲသို့ခေါ်သွားပြီး မျက်လုံးကို ပြတာဖြစ်လိမ့်မည်။

‘ဒါပင်မယ့် ဘာဖြစ်လို့ ငါတို့ကိုကျ မပြတာလဲ? ဒီလောက်လှနေတာကို ဘာဖြစ်လို့ တခြားသူတွေကို သူ့မျက်လုံးတွေကို မပြချင်ရတာလဲ? တစ်ခုခုများဖြစ်နေလို့လား? ဒါကြောင့် တခြားသူတွေကို ပြဖို့စိတ်မလုံလို့များလား?’

ဟွမ်ရှို့သည် ရိုင်ဖယ်ကိုရွေးလိုက်ပြီးနောက် ကျည်ကိုစစ်ကြည့်သည်။ ထို့နောက် ရှဲ့တုန်းဆီသို့ လျှောက်လာကာ မေးသည်။   “မင်းရဲ့ဆရာက ဒီမိန်းမလား? လှတယ်မလား? အခုသူ့နဲ့ပေါ့? ဒါပင်မယ့် မင်းရဲ့အရင်က အသင်းဖော်တွေရော? ဟွမ်ရှောင်းရော?”

ရှဲ့တုန်းသည် စာအုပ်လေးကိုထုတ်ကာ ရေးပြသည်။   “သူတို့သေသွားပြီ။ ငါ့အဖွဲ့က မရှိတော့ဘူး”

“အာ ဒီလိုလား?”   ဒါက ကောင်းသည့် သတင်းတော့ မဟုတ်ပေ။ ထို့ကြောင့် ရှဲ့တုန်းအား အိုးတိုးအန်းတန်းဖြစ်စွာဖြင့် ဟွမ်ရှို့သည် ကြည့်လိုက်သည်။

နယ်မြေထဲသို့ရောက်သည့်အခါ သူမသည် နေကာမျက်မှန်ကို ချက်ချင်းမချွတ်ဘဲ စတော်ဘယ်ရီခင်းသို့သွားကာ နည်းနည်းခူးလိုက်သည်။ ထို့နောက် မီးဖိုဘေးက ရေပုံးဖြင့် ရေကိုခပ်ကာ စတော်ဘယ်ရီသီးများကို နှစ်ဆေးလိုက်သည်။ ရေဆေးပြီးမှ သူတို့နှစ်ယောက်ကို ပေးလိုက်သည်။

လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် ဘာလုပ်ချင်မှန်း မသိကြပေ။ ဒီအသီးများက သန္ဓေပြောင်းနေသဖြင့် လင်းချင်းက စားမည်ဟု မထင်သလို သူမက ဆေးပြီး သူတို့ကို စားဖို့ပေးနေကြောင်းကိုလည်း မသိပေ။

“ဘာသဘောလဲ? ငါတို့ကို စားစေချင်တာတော့ မဟုတ်ဘူးမလား?”   လုထန်ရိသည် လင်းချင်းကို စိတ်ရှုပ်စွာ ကြည့်လိုက်သည်။ သူတို့နှစ်ယောက်သည် သန္ဓေပြောင်းသီးများဖြစ်သဖြင့် ထိတောင်မထိချင်ပေ။ လင်းချင်းက လုထန်ရိ၏လက်ကိုကိုင်၍ ထည့်ပေးလိုက်ပြီးနောက် သူမသည် တစ်လုံးယူကာ ကိုက်စားပြလိုက်သည်။ ထို့နောက် သူမသည် ချဉ်နေမှုကို ခံစားလိုက်ရသည်။ စတော်ဘယ်ရီသည်လည်း အရင်လို သူမအတွက် အရသာမရှိတာ မဟုတ်တော့ပေ။

‘ဟင်?’   သူမသည် ခနအံ့သြသွားပြီးနောက် ကိုက်စားကာ မြိုချလိုက်သည်။ ထို့နောက် သူမသည် တကယ်ချဉ်မချဉ်သိရအောင် လျှာကိုဖွဖွလေးကိုက်ကြည့်လိုက်သည်။

လင်းချင်းက စတော်ဘယ်ရီသီးကို ကိုက်စားပြနေသည့်အခါ ဟိုနှစ်ယောက်သည် အံ့သြသွားကြသည်။ 

ထို့နောက် လင်းချင်းက သူတို့ကိုကြည့်ကာ   “စား။ အဆိပ်မရှိ”

သူမသည် ဖြည်းဖြည်းချင်း ပြောလာသည့်အခါ လုထန်ရိသည် သူမကို အံ့အားသင့်စွာဖြင့် ကြည့်လာကာ မေးသည်။   “အသံက ဘာဖြစ်တာလဲ? အခုတော့ ပုံမှန်လိုတောင် မပြောနိုင်ဘူးလား?”   လင်းချင်း၏အသံသည် ခြောက်သွေ့ကာ အက်ကွဲနေသည်မှာ အသံအိုးက ဆိုးဆိုးဝါးဝါးထိခိုက်ထားသလို အခြေအနေမျိုးဖြစ်နေသည်။ လုထန်ယု၏ အသံနှင့် လုံးဝကို မတူတော့ပေ။

လင်းချင်းသည် စတော်ဘယ်ရီသီးကို နောက်တစ်ကိုက်ထပ်စားပြီးမှ   “မစားဘူးလား? စားပြီးမှပြမယ်”

လုထန်ရိသည် လင်းချင်းက တစ်လုံးကိုအကုန်စားပြီးနောက် ဖြည်းဖြည်းချင်းပြောနေသည်ကို နားထောင်ရင်း အရမ်းထူးဆန်းသလို ခံစားရသည်။   “နင်. . .”   အစကတော့ လင်းချင်းကို လုထန်ယုလို့ သူသေချာနေခဲ့တာဖြစ်သည်။ သို့သော်လည်း အခုတော့ သူသံသယဝင်လာပြီ။ လုထန်ယုသည် သူ့ကိုတစ်ခုခုစားခိုင်းဖို့ နေနေသာသာ စကားတောင် ဘယ်တုန်းကမှ ငြိမ်းချမ်းစွာ မပြောခဲ့ဖူးပေ။    ‘အဆိပ်ကျွေးနေတာများလား? ဒါပင်မယ့်လည်း သူစားတာ ဘာမှမဖြစ်ပါဘူး’  
Previous Chapter 196 of 198 Next