၂၇။ ဖျက်စီးလိုက်သည့် ဆက်ဆံရေး
ဝူယွဲ့လင်းသည် လင်းချင်းအား ထိုင်စောင့်နေသော်လည်း အချိန်ကြာသည့်အထိ ငြိမ်နေသည့်အခါ တစ်ခုခုဖြစ်နေသလားတွေးမိလာသည်။ ထို့ကြောင့် သူမသည် လင်းချင်း၏ ပုခုံးသို့ သတိလက်လွတ်ဖြင့် လှုပ်နှိုးလိုက်သည်။
‘ထတော့လေ။ ထတော့’
‘ဟုတ်သားပဲ ရေတိုက်ဦးမှ’
ဝူယွဲ့လင်းသည် သူမအရင်က ဗိုက်အရမ်းဆာကာ နေရထိုင်ရ အဆင်မပြေ ဖြစ်ခဲ့သည်။ ဒီဇွန်ဘီအမကြီး တိုက်သည့်ရေသောက်ပြီးသည့်အခါ သူမသက်သာသွားသည်။ ဗိုက်ကဆာသေးပင်မယ့် ဗိုက်တော့အောင့်မနေတော့ပေ။
ဒီလိုတွေးမိသည့်အခါ ဝူယွဲ့လင်းသည် လင်းချင်းပေးထားသည့် မြက်ကတော့ခွက်လေးဖြင့် ရေသွားခပ်သည်။ ထို့နောက် ဂရုတစိုက်သယ်လာကာ လင်းချင်း၏ ပါးစပ်ပေါ်သို့ ဖြည်းဖြည်းချင်း လောင်းချသည်။ သို့သော်လည်း လင်းချင်းက ပါးစပ်ပွင့်မလာသဖြင့် ရေတို့က နှုတ်ခမ်းပေါ်မှ စီးကျသွားသည်။သို့သော်လည်း ဝူယွဲ့လင်းသည် အလျှော့မပေးပင်။ သူမသည် ကန်သို့ပြေးကာ ရေထပ်ခပ်လာလေသည်။ ထိုအချိန်တွင်တော့ လင်းချင်းသည် မျက်လုံးပွင့်လာကာ သူမတိုက်သည့်ရေကို သောက်လာသည်။ ထိုအခါ ဝူယွဲ့လင်းသည် ပျော်လို့သွားတော့သည်။
လင်းချင်းသည် မျက်လုံးကိုဖွင့်ကာ သူမ၏ မျက်ဝန်းနက်များဖြင့် ကလေးမလေးကို ကြည့်လိုက်သည်။ သူမသည် မေ့သွားတာ မဟုတ်သော်လည်း ကျဉ်နေသဖြင့် အဆင်မပြေဖြစ်နေတာ ဖြစ်သည်။ ထို့ကြောင့် မျက်လုံးကို မှိတ်ကာ ကျဉ်တာပျောက်သွားဖို့ စောင့်နေခြင်း ဖြစ်သည်။
ဝူယွဲ့လင်းက သူမအား စိတ်ပူကာ ရေလာတိုက်လိမ့်မည်ဟု သူမမျှော်လင့်တောင် မထားခဲ့ပေ။ သူမသည် ထိုကလေးမလေး၏ စိတ်ထဲမှအသံများကို ဖတ်လို့ရနေသည်။ ထိုကလေးမလေးက သူမကိုလုံးဝ လက်ခံလိုက်ပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် သူမသည် စိတ်အေးရသည်။
တကယ်တော့ ဝူယွဲ့လင်းက တစ်ယောက်တည်းဖြစ်သွားမှာကို ကြောက်သဖြင့် သူမအား လက်ခံလိုက်ကြောင်းကို လင်းချင်းက နားလည်ပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် ကလေးများသည် အဖော်လိုချင်သူများ ဖြစ်ကြသည်။ ဝူယွဲ့လင်းသည် တသီးတသန့်ဆန်စွာ နေတက်သည့်ကလေးဖြစ်သော်လည်း ဒီလိုထူးဆန်းသည့်နေရာတွင်တော့ သူမသည် တစ်ယောက်ယောက် အနားသို့ ကပ်နေချင်မှာပင်။
လင်းချင်းသည် သူမ၏လက်ချောင်းလေးများကို လှုပ်ကြည့်သည့်အခါ ထုံကျဉ်နေသော်လည်း လှုပ်ရပြီဖြစ်ကြောင်း သိလိုက်သည်။ သူမသည် မြေပြင်ကို လက်ဖြင့်ထောက်ကာ ဝူယွဲ့လင်းအား တောက်ပစွာကြည့်ရင်း ဖြည်းဖြည်းချင်း ထိုင်လိုက်သည်။ သူမ၏ မျက်လုံးက မည်းနက်နေ၍ သိပ်မသိသာသော်လည်း ဒီလိုကြည့်ခြင်းပင်။
လင်းချင်းနိုးလာသည့်အခါ ဝူယွဲ့လင်းသည် ချက်ချင်းနောက်သို့ ဆုတ်သွားသည်။ သူမသည် သုံးမီတာလောက် ဆုတ်သွားကာ စောင်ဖြင့် သူ့ကိုယ်သူပတ်ထားလိုက်သည်။
လင်းချင်းသည် သူမကိုယ်သူမ ပြန်ကြည့်လိုက်သည့်အခါ ထင်သလိုပင် အဝတ်တို့က စုတ်ပြတ်နေပြီ။ သူမ၏အဝတ်တို့သည် မီးလောင်ကုန်သဖြင့် အစပိုင်းနည်းနည်းလောက်သာ ကိုယ်တွင် ကပ်ကျန်နေခြင်းပင်။
သူမသည် လက်မြှောက်ကာ ခေါင်းကို ထိကြည့်ပြီးနောက် ပုခုံးကို ကြည့်လိုက်သည်။ ထင်သလိုပင် ဆံပင် ဆိုးဆိုးဝါးဝါးကွေးကောက်သွားသည်။ သူမ၏ လက်မောင်း၊ ခြေထောက်နှင့် ပေါ်နေသည့် အပိုင်းများတွင် သူမ၏ မီးခိုးပြာရောင်အသားအရည်သည် မီးကျွမ်းကာ မည်းသည်းသွားလေပြီ။
သူမသည် ဝူယွဲ့လင်းအား ခေါင်းမော့ကာ ကြည့်လိုက်သည်။ သူမ၏ အဖေက ဒီလိုလုပ်သွားသဖြင့် ကလေးမလေးအား သူမအနည်းငယ် စိတ်မဆိုးဘဲ မနေနိုင်ပေ။
‘ငါ့ကို မိုးကြိုးနဲ့ တကယ်ကြီး ပစ်ချရတယ်လို့ပဲ’
‘ငါ့ဟာငါတောင် မနည်းရပ်နေရတာ။ ဒီကလေးမလေးကို နယ်မြေအပြင်ကို ဘယ်လိုထုတ်မလဲ? ပြီးတော့ ငါလည်းမထွက်ရဲသေးဘူး။ ဝူချန်းယွဲ့က သူ့လူတွေနဲ့ ဒီနေရာကို စောင့်နေရင် ဘယ်လိုလုပ်မလဲ? ငါကိုယ်တိုင် ထွက်အဖမ်းမခံချင်ပါဘူး’သို့သော်လည်း သူမသည် နယ်မြေကို အပြင်ကနေ မရွေ့ဘဲ အထဲကနေ ပြောင်းလို့မရပေ။
သူမသည် အပြင်ကိုထွက်လို့မရမည့်နည်းသာ ယာယီရှိတော့သည်။‘ဝူယွဲ့လင်းကို အပြင်ပို့ရမလား? ဒါပင်မယ့်လည်း အပြင်က အခြေအနေကို ငါမှမသိတာ။ ဝူချန်းယွဲ့နဲ့ သူ့လူတွေသာ ထွက်သွားရင် ဇွန်ဘီတွေပဲ ရှိနေရင် ဘယ်လိုလုပ်မလဲ? ဒီကလေးမလေးကို မသေချာတဲ့ အခြေအနေမှာ ထုတ်လိုက်လို့ မဖြစ်ပါဘူး’
ဒီလိုတွေးပြီးနောက် လင်းချင်းသည် ဝူယွဲ့လင်းအား ထပ်ကြည့်လိုက်သည့်အခါ ထူးဆန်းသည်ကို သိသွားသည်။‘ဒီကလေးမလေးက ပိုအားရှိပြီး တက်ကြွနေသလိုပါဘား? ဘာမှမစားရသေးတာကို ဘာဖြစ်လို့ ပါးလေးတွေက နီရဲနေတာလဲ?’
သို့သော်လည်း ဒီအတွေးများသည် သူမ၏ကိုယ်က တူးနံ့များကြောင့် ခေါင်းမူးလာပြီး သူမ၏လက်ရှိအခြေအနေကို သတိရသွားစေသည်။‘ငါဒီလိုမနေနိုင်ဘူး။ ဒီကိုယ်ကအနံ့တွေကို သက်သာဖို့ ရေချိုးရမယ်။ ပြီးတော့လည်း ဆံပင်ကို ဘယ်လိုလုပ်ရမှာလဲ? ဆံပင်တွေက ခြောက်ကပ်နေတာ။ အဲ့ဒါကို မိုးကြိုးအပစ်ခံလိုက်ရတော့ ကောက်ကွေးလန်ပြန်ကုန်ပြီ။ အဲ့ဒီတော့ ညှပ်ပစ်မှပဲ ဖြစ်တော့မယ်’
ဒီလိုတွေးပြီးသည့်အခါ သူမသည် ထရပ်လိုက်သည်။ သူမ၏ထုံကျဉ်နေသည့် ခြေထောက်ကို မနည်းထိန်းပြီးကာ ကန်နားသို့ တရွတ်တိုက်လျှောက်လာခဲ့သည်။ လမ်းလျှောက်နေစဉ်တွင် သူမ၏အဝတ်များကို လက်သည်းဖြင့် ဆွဲဖြဲထားလိုက်သည်။ဒီစုတ်ပြတ်နေသည့် အဝတ်များကို ဖြဲရာတွင် အားသိပ်မသုံးလိုက်ရပေ။ သူမ၏အဝတ်များ ကွာသွားသည်နှင့် မီးကျွမ်းထားသည့် အသားအရည်က ပေါ်လာသည်။ အဝတ်စအနည်းငယ်တို့ကသာ သူမ၏ခါးပေါ်တွင် ကပ်နေခြင်း ဖြစ်သည်။
လင်းချင်းသည် ကျန်နေသည့် အဝတ်စတို့ကို မချွတ်ခင်တွင် ကလေးမလေးအား လှည့်ကြည့်လိုက်သည်။ ကလေးမလေးမှာ သူမအား မကြည့်ရဲသဖြင့် မျက်လုံးများကို လက်လေးဖြင့် အုပ်ထားနေနှင့်ပြီး ဖြစ်သည်။
လင်းချင်းသည် သဘောတကျပြုံးကာ သူမ၏ခါးမှ အဝတ်စကို ဖယ်လိုက်သည်။ သူမ၏ဗိုက်မှ အပေါက်ကို ကြည့်လိုက်သည့်အခါ မီးကျွမ်း၍ မည်းနက်နေပြီ ဖြစ်သည်။ ထိုကျွမ်းနေသည့် အပေါက်မှ သူမ၏အတွင်းကလီစာများကို သူမသေချာမမြင်ရတော့ပေ။
သူမသည် ခေါင်းကိုပြန်မော့လိုက်ကာ ရေကန်ထဲသို့ တစ်လှမ်းချင်းဆင်း ဝင်လိုက်သည်။ ဝူယွဲ့လင်းသည်လည်း ရေကန်ထဲမှရေ သောက်တာတောင် ဘာမှမဖြစ်သဖြင့် ဒီရေက ဘေးကင်းသည်ဟု လင်းချင်းက ယူဆထားသည်။
သူမ၏ဇွန်ဘီပိုးသည်လည်း သူမရေဘယ်လောက်ချိုးချိုး ကန်ရေထဲတွင် ပျံ့နှံ့မသွားခြင်းလား ဒါမှမဟုတ် ဘေးမဖြစ်လောက်အောင် အသေးအမွှားသာ ဖြစ်နေ၍လား သူမတွေးနေမိသည်။ သို့သော်လည်း သူမသည် အများကြီးတွေးမနေနိုင်ပေ။ အဆိုးဆုံးဖြစ်ရင်တောင်မှ သူမသည် နောက်တစ်ခါ ရေသောက်ချင်လျှင် ရေကန်၏ တခြားတစ်ဖက်မှ ရေကိုသာ သောက်လို့ရသေးသည်။
သူမသည် ရင်ဘက်လောက်ရောက်သည့်အထိ ရေကန်နက်ရာသို့ ဆင်းသွားသည်။ သူမသည် ရေကန်ထဲတွင် သူမ၏ မီးကျွမ်းနေသည့် အသားအရည်ကပို ဖြည်းဖြည်းချင်း ပွတ်သပ်လိုက်သည်။ သူမ၏ကိုယ်သည် ရေအေးကြောင့် အနည်းငယ်ချောမွေ့လာသလို ခံစားရသည်။သူမ၏ကိုယ်က အဆင်မပြေသေးသဖြင့် သူမသည် ခပ်မြန်မြန် မလှုပ်ရှားနိုင်ပေ။ သူမသည် လက်လှမ်းမှီရာကို ဆေးကြောပြီးသည့်နောက် ကန်ဘောင်နားသို့ ပြန်လာသည်။ ထိုအခါတွင် သူမသည် ရပ်တန့်သွားမိသည်။
‘ငါ့အဝတ်တွေကို ငါဖြဲမိလိုက်တော့ ငါကဘာသွားဝတ်ရတော့မှာလဲ! ကလေးမလေးက သူခြုံနေတဲ့ စောင်အမည်းလေး ငါ့ကိုဌားပေးရင် ကောင်းမှာပဲ’
သူမသည် နယ်မြေအတွင်းမှာပင် ကိုယ်တီးလုံးဖြင့် သွားရမည်က အဆင်မပြေပေ။‘ငါကအခု အရှက်မရှိတဲ့ ဇွန်ဘီဖြစ်နေပြီလား?’
လင်းချင်းသည် ဒီလိုတွေးမိသည့်အခါ သူမ၏ မီးကျွမ်းထားသည့် မျက်နှာမှာ ပိုမည်းလာသည်။ အဝတ်လိုမှန်းသာ သူမသိခဲ့ပါက သူမသည် အသိညဏ်ရှိဇွန်ဘီများကို သတ်ပြီး သူမ၏နယ်မြေထဲကို ထိန်းသိမ်းထားမိမှာ အမှန်ပင်။ အခုတော့ သူမတွင် ကိုယ်ကိုဖုံးစရာ အဝတ်တစ်စတောင် မရှိတော့ပေ။‘ဝူချန်းယွဲ့ ဒီခွေးကောင်ကတော့ !’
သူမ၏ဒေါသက ပြင်းလို့လား အခြားအကြောင်းရှိ၍လားတော့မသိ။ ဝူယွဲ့လင်းလေးသည် သူမ၏အတွေးများကို အဝေးကနေ ခန့်မှန်းမိသွားခဲ့သည်။ ဝူယွဲ့လင်းသည် ဒီဇွန်ဘီအမကြီးက သူမ၏စောင်ကို လိုချင်နေမှန်း သိသလို အဝတ်တွေမှာလည်း မြေပြင်ပေါ်တွင် တစ်စစီဖြစ်နေသ၍ ဝတ်စရာရှိမည် မဟုတ်ကြောင်းကို နားလည်လေသည်။ ထို့ကြောင့် သူမသည် စောင်ကိုခြုံကာ အနားသို့ ပြေးလာသည်။ ထို့နောက် လင်းချင်းအနားသို့ ပစ်ပေးပြီးနောက် ပြန်ထွက်ပြေးသွားသည်။ လင်းချင်းမှာတော့ ပါးစပ်အဟောင်းသားဖြင့် အံ့သြသွားရသည်။