May Honey Logo May Honey
Previous Next

၇၆။ မြွေကြီးနှင့် ပြင်းထန်သည့်တိုက်ပွဲ

လင်းချင်းကရှောင်နိုင်သည့်အခါ မြွေကြီးသည် ဒေါသထွက်သွားသည်။ မြွေကြီး၏ မျက်လုံးထဲတွင် ရန်လိုမှုအပြည့်ဖြင့် စက်ဝိုင်းတစ်ဝက်လောက် ဘေးသို့ပတ်လှည့်လိုက်ကာ လင်းချင်းဆီသို့ ခေါင်းဖြင့်ပေါက်ချလိုက်သော်လည်း သူမကရှောင်နိုင်ခဲ့သည်။

လင်းချင်းသည် မြွေ၏ခေါင်းကို တိုက်ဖို့လုပ်သော်လည်း အံ့သြဖို့ကောင်းအောင် မြွေသည် ညဏ်ကောင်းနေခဲ့သည်။ သူမ၏အနောက်ကနေ လှမ်းပေါက်တာ ဖြစ်သည်။ အရေးကြီးသည့် အခြေအနေဖြစ်နေသည့်အခါ သူမသည် မြွေ၏ကိုယ်ပြန်မဆုတ်ခင်တွင် အားအပြင်းဆုံးသုံးကာ လက်သည်းများဖြင့် ကုတ်လိုက်သည်။

နောက်ထပ်သံထည်ချင်း တိုက်မိသလို အသံကြီးက ထွက်လာပြန်သည်။ လင်းချင်း၏လက်သည်းများ သည် ထက်မြက်ကာ သန်မာသော်လည်း မြွေ၏အကြေးခွံများသည်လည်း သူ့ခေါင်းထက်တောင် ပိုထူကာမာနေသေးသည်။ ထို့ကြောင့် သူမသည် မြွေ၏အကြေးခွံကို ကွဲမသွားဘဲ အဖြူရောင်အစင်းကြောင်းများသာ ထင်ကျန်အောင် လုပ်နိုင်ခဲ့သည်။

သို့သော်လည်း သူမ၏လက်များကတော့ ပွတ်တိုက်မှုကြောင့် ထုံကျဉ်တောင်သွားရသည်။   ‘ချီးပဲ ဘာဖြစ်လို့ ဒီလောက်တောင် မာနေရတာလဲ? ဒါဆိုရင် ဘယ်လိုလုပ် ပြန်တိုက်ရတော့မှာလဲ?’   သူမ၏တိုက်ခိုက်မှုသည် မြွေကြီးကိုထိခိုက်အောင် မလုပ်နိုင်သဖြင့် လင်းချင်းသည် အသံတိတ်အပြစ်တင်နေမိသည်။

သူမ၏တိုက်ခိုက်မှုများသည် အခုဆိုလျှင် မြွေကြီး၏ခေါင်းကိုသာ ချိန်ရွယ်ရတော့မည် ဖြစ်သည်။ သို့သော်လည်း နှစ်ခါလောက်တိုက်ခံရပြီးသည့်အခါ မြွေကြီးသည် သူ့ခေါင်းကို ကာကွယ်ရမည် ဆိုသည်ကို သိနေပြီ ဖြစ်သည်။ ထို့ကြောင့် သူ့ကိုယ်လုံးအား လက်နက်အဖြစ်အသုံးပြုကာ လင်းချင်းဆီမှ ခေါင်းကိုဝေးဝေးထားနေတော့သည်။ 

သူမထင်သလိုပင် မြွေကြီးသည် သူမ၏တိုက်ခိုက်မှုက မထိရောက်သည်နှင့် သူမအား ပြင်းထန်စွာ ပြန်တိုက်ခိုက်တော့သည်။ အခုတော့ မြွေကြီးသည် လင်းချင်းအား သူ့ကိုယ်လုံးကြီးဖြင့် အတင်းဆုံးပတ်ခွေထားဖို့ လုပ်လိုက်တာ ဖြစ်သည်။

‘ရွှီး?’   မြွေကြီးသည် သူ့ပစ်မှတ်က ပျောက်သွားသည့်အခါ သူ့ကိုယ်သူမြေကြီးပေါ်သို့ ပစ်ချလိုက်သည်။ ထိုအခိုက်တန့်တွင် သူစိတ်ရှုပ်သွားကာ လင်းချင်းပျောက်သွားသည့်နေရာကို ကြည့်နေသည်။ သူသည် အကြိမ်ပေါင်းများစွာ ရှာနေသည့်တိုင်အောင် သူ့သားကောင်ကို မတွေ့ရတော့ပေ။ သူ့မျက်စိရှေ့မှာ ပျောက်သွားသည်ကို သေချာမမြင်လိုက်ပါက သူ့မျက်လုံးကန်းပြီလို့တောင် သူထင်နေမှာ ဖြစ်သည်။

မြွေကြီးက လင်းချင်းအား ပတ်ရှာနေစဉ်တွင် လေထဲမှနေ ဖောက်ထွင်းမြင်ရသည့် သဏ္ဍာန်တစ်ခုသည် ထွက်လာသည်။ သို့သော်လည်း မြွေကြီးသည် ထိုသဏ္ဍာန်ကို မြင်လည်းမမြင်သလို အာရုံလည်းမရပေ။ မြွေကြီးသည် ကန်းနေသလိုမျိုး လင်းချင်းအား မမြင်ပေ။

ဒီမြွေကြီးသည် ဇွန်ဘီများကို မစားဖူးသေးတာ ဖြစ်သည်။ သူသည် ဒီနေရာလို မြက်တောများတွင်သာ ကျက်စားတာဖြစ်သည်။ ထိုမြက်တောများသည်လည်း သန္ဓေပြောင်းမြက်တောများသာ ဖြစ်သည်။ ထို့ကြောင့် တောင်တန်းဒေသများရှိ မြက်တောများတွင်သာ ကျက်စားတက်သည့် အကောင်ကို အမဲလာလိုက်တာ ဖြစ်သည်။ မြွေကြီးသည် ဗိုက်ဆာနေတာ ရက်အတော်ကြာပြီဖြစ်သည်။ ဒီမြက်တောကို ရောက်လာသည့်အခါ မြိုချစရာအစာတစ်ခုခုတွေ့လာဖို့ အခွင့်အရေးကို စောင့်နေခဲ့တာ ဖြစ်သည်။ 

သို့သော်လည်း ဒီနေ့သစ်သီးခြံထဲတွင် ဇွန်ဘီတစ်ကောင်က ပေါ်လာခဲ့သည်။ ဇွန်ဘီအနံ့သည် အခြားအနံ့များမှ အနည်းငယ်ကွာခြားသည်။ ဒီဇွန်ဘီသည် မြွေကြီးအတွက် မွှေးနေသည့်အခါ စားလို့ရတာ တစ်ခုခုဖြစ်လိမ့်မည်။ ထို့ကြောင့် မြွေကြီးသည် သူလိုက်လာသည့် မြက်တောထဲမှအနံ့ကို မေ့လိုက်ကာ လင်းချင်းကိုသာ မျက်စိကျသွားသည်။

သို့သော်လည်း လင်းချင်းမှာ မြွေကြီးတွေးထားသည့်ထက် ပိုသန်မာနေသည်။ သူမ၏လက်သည်းများဖြင့် သူထိခိုက်ထားရသလို သူ့မျက်လုံးရှေ့မှလည်း ပျောက်သွားသေးသည်။ နှစ်ချက်လောက် အကုတ်ခံရပြီးမှ အစာကပျောက်သွားသည့်အခါ မြွေကြီးသည် ပိုဒေါသထွက်လာတော့သည်။

မြွေကြီးသည် ဒေါသထွက်နေစဉ်မှာ ဖောက်ထွင်းမြင်နေရသည့် သဏ္ဍာန်သည် သူ့ခေါင်းအနောက်သို့ ရောက်လာသည်။

လင်းချင်းသည် မြွေကြီး၏ အနောက်တွင် ငြိမ်ငြိမ်လေးရပ်နေတာ ဖြစ်သည်။ ထိုအချိန်တွင် သူမသည် အလေးချိန်မရှိသလို ခံစားရသဖြင့် မြွေကြီးသည်လည်း မြေပြင်ပေါ်မှာ သူမရှိနေသည့်အကြောင်းကို သတိထားမိမှာ ဖြစ်သည်။

သူမသည် မြွေနောက်တွင်ရပ်နေပြီးမှ သူမ၏နယ်မြေထဲသို့ ဝင်သွားပြီးနောက် မျက်စိတစ်မှိတ်အတွင်းတွင် ပြန်ထွက်လာသည်။ ထိုအချိန်တွင် သူမ၏လက်သည်းများသည် မြွေ၏ခေါင်းကို ကုတ်ချလိုက်ပြီဖြစ်သည်။

“ရွှီး!”
မြွေကြီးသည် သူ့နောက်မှ လင်းချင်းကို သတိထားမိလိုက်သော်လည်း မတုန့်ပြန်နိုင်သေးခင် သူ့ခေါင်းမှ ပြင်းထန်သည့် နာကျင်မှုကို ခံစားလိုက်ရသည်။ သူ့ခေါင်းကို လှည့်ကြည့်လိုက်သည့်အခါ ဘာကိုမှ မတွေ့ရသော်လည်း သူ့ခေါင်းက နာကျင်မှုကတော့ တကယ်ဖြစ်သည်။

လင်းချင်းသည် တိုက်ပြီးသည်နှင့် နယ်မြေထဲသို့ ချက်ချင်းဝင်သွားခြင်း ဖြစ်သည်။ ထို့ကြောင့် ထို့ကြောင့် မြွေကြီးသည် သူမကိုမမြင်လိုက်ဘဲ နာကျင်မှုကိုသာ ခံစားလိုက်ရတာ ဖြစ်သည်။ သူမကို ရှာမတွေ့သလို ခေါင်းကနာကျင်မှုက ပိုဆိုးလာသဖြင့် မြွေကြီးသည် မြေကြီးပေါ်တွင် လူးလှိမ့်နေရသည်။ 

လင်းချင်းသည် မြွေကြီး၏ခေါင်းက အရင်ဒဏ်ရာများကို ပိုထိခိုက်အောင် လုပ်လိုက်တာ ဖြစ်သည်။ သူမသည် နယ်မြေကိုအသုံးပြုပြီး ဘယ်လိုကိုယ်ဖျောက်ရမလဲဆိုသည်ကို သိနေပြီဖြစ်ရာ မြွေ၏ခေါင်းကိုသာ ပျော်ပျော်ကြီးတိုက်ခိုက်နိုင်တာ ဖြစ်သည်။

အခုတော့ မြွေကြီးသည် သစ်သီးခြံထဲတွင် သူ့ကိုယ်ကြီးကို ရူးသွပ်စွာ လူးလိမ့်လျှက် ပတ်ဝန်းကျင်က အပင်များကျောက်တုံးများကို လွင့်ပျံအောင် လုပ်ပစ်နေတာ ဖြစ်သည်။ ဖုန်နှင့်သဲများသည် ကျောက်တုံးများနှင့်အတူ ကောင်းကင်ပေါ်သို့ လွင့်ပျံသွားကြသည်။ 

ဖောက်ထွင်းမြင်နိုင်သည့် သဏ္ဍာန်သည် ခေါင်းကိုလက်သည်းချွန်များဖြင့် လျှင်မြန်သွက်လက်ပြင်းထန်စွာ ခနခနကုတ်ခြစ်နေသဖြင့် မြွေ၏ခေါင်းသည် သွေးဖြင့်ဖုံးနေပြီဖြစ်သည်။ မိနစ်အနည်းငယ်အတွင်းမျာ မြွေကြီးသည် တဖြည်းဖြည်းချင်း လဲကျလာပြီ။

တကယ်တော့ သေသွားပြီဖြစ်သည်။ မကြာခင်မှာ မြေပြင်ပေါ်တွင် မလှုပ်မယှက် အားနည်းစွာ လဲလျောင်းသွားသည်။ သူ့ကိုယ်ကြီးသည် တွန့်လိမ်နေကာ ဗိုက်ကြီးက ကောင်းကင်ဘက်သို့ လှန်ထားလျက် ငြိမ်ကျသွားသည်။ ခေါင်းသည် ဆိုးဆိုးဝါးဝါးထိခိုက်ထားကာ မျက်လုံးသည်လည်း ကန်းသွားခဲ့သည်။ သူ့ခေါင်းမှထွက်သည့် သွေးများသည် အနီးအနားရှိ မြေပြင်၊ မြက်ခင်း၊ သစ်ပင်နှင့် ကျောက်တုံးများပေါ်တွင် စွန်းထင်းနေသည်။

ကိုယ်ပျောက်နေသည့် လင်းချင်းသည် မြွေကြီးအနားတွင် ရှိနေတာဖြစ်သည်။ မြွေကြီး၏အရှိန်အဝါများက တဖြည်းဖြည်းပျောက်သွားသဖြင့် သေသွားပြီဖြစ်မှန်း သူမသိသည်။ သူမသည် ကိုယ်ပြန်မဖော်သေးဘဲ မြွေကြီးကိုသာ ကိုယ်ပျောက်လျက် ဆက်ကြည့်နေတာ ဖြစ်သည်။ မြေ၏အရှိန်အဝါများ လုံးဝပျောက်သွားမှ သူမသည် နယ်မြေထဲမှ ကိုယ်ပြန်ဖော်ကာ ထွက်လာလေသည်။

သူမသည် မြွေကြီး၏ခေါင်းကို ကန်လိုက်သည့်အခါ သူ့ကိုယ်ကြီးမှာ ပျော့ပြောင်းနေကာ ဘာမှပြန်မလှုပ်ရှားနိုင်တော့ကြောင်း သိလိုက်သည်။ ထို့နောက်တွင်တော့ ထိုင်ချကာ သူမ၏အဝတ်များဖြင့် လက်သည်းများကို သုတ်လိုက်သည်။ ထို့နောက် မြွေခေါင်းကသွေးများကို လက်ဖြင့်နှစ်လိုက်ပြီးနောက် သူမ၏ပါးစပ်ထဲသို့ ထည့်ကြည့်လိုက်သည်။

ချိုမြိန်ကာ အနည်းငယ်ငံသည့် အရသာက ငါးညှီနံ့ဖျော့ဖျော့နှင့်အတူ သူမ၏ပါးစပ်ထဲတွင် ပျံ့နှံ့သွားသည်။ လင်းချင်း၏နှုတ်ခမ်းများသည် မြွေသွေးအရသာမဆိုးသဖြင့် ကော့တက်သွားသည်။ အရသာရှိတာ မဟုတ်သော်လည်း သစ်သီးများထက်တော့ ပိုကောင်းသေးသည်။

မြွေသွေးကိုအရသာခံပြီးသည့်အခါ သူမသည် နယ်မြေထဲမှ ပုံးတစ်ခုထုတ်ယူလာသည်။ သို့သော်လည်း မြွေကိုသွေးထွက်အောင် ပြင်ဖို့လုပ်ချိန်မှာတင် သူမသည် အရှေ့ကို အေးစက်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ 

ခပ်ဝေးဝေးတွင် လူနှစ်ယောက်သည် သူမအား စိတ်ဝင်တစားကြည့်နေကြသည်။ လင်းချင်းသည် ဒီနှစ်ယောက်ကို မြင်သည်နှင့် ဆူပစ်လိုက်ချင်လာသည်။
‘ချီးပဲ! ဒီယောက်ျားမှာ ခွေးနှာခေါင်းရှိနေတာလား?’

ဝူချန်းယွဲ့က ဒီနေရာအထိ သူမအနောက်သို့ ဘယ်လိုလိုက်လာနိုင်သလဲ မတွေးတက်အောင် ဖြစ်နေသည်။ အဆင့်ငါးဇွန်ဘီသည် သူမ၏အရှိန်အဝါအနောက်သို့ လိုက်လာသည်ကို သိသော်လည်း ဒီလူက ဘယ်လိုခြေရာခံနေသလဲတော့ သူမလည်း မတွေးတက်တော့ပေ။ ပြီးတော့လည်း ဒီနှစ်ယောက်သည် သူမ၏သားကောင်နှင့် ရှင်းပြီးလျှင်ပြီးခြင်း မစောလွန်း မနောက်ကျလွန်း အချိန်ကိုက် ရောက်လာခြင်း ဖြစ်သည်။
‘ဘယ်လိုတောင် တိုက်ဆိုင်နေတာလဲ?’

ဒီလိုတွေးနေရင်းဖြင့် လင်းချင်းသည် သူမ၏လက်ကိုလှုပ်လိုက်သည့်အခါ ဆယ်မီတာကျော်ရှည်သည့် မြွေကြီးသည် ပျောက်သွားသည်။ ထို့နောက်မှ သူမသည် ထရပ်လိုက်ကာ လူနှစ်ယောက်အား ထူးမခြားနား ကြည့်လိုက်သည်။ 

မုန့်ယွဲ့နှင့် ဝူချန်းယွဲ့တို့သည်လည်း သူမကို တိတ်ဆိတ်စွာကြည့်နေပြီး ချက်ချင်းမလှုပ်ရှားချင်သေးပုံရသည်။

Previous Chapter 76 of 198 Next