May Honey Logo May Honey
Previous Next

၁၈၀။ ပစ်မှတ်က ဇွန်ဘီမြို့တော်

လင်းချင်းသည် သင်ပုန်းပေါ်တွင် ရေးပြလိုက်သည်။   ‘ဒီနေရာကနေ ရက်နည်းနည်းလောက်ကြာရင် ထွက်မယ်။ ဒီနေ့ သူတို့နဲ့ငါပြောပြီးသား။ ဒီနေရာက မသင့်တော်လို့ သူတို့ကို နောက်နေရာရှာဖို့ ပြောထားတယ်’

ရှဲ့တုန်းသည် သင်ပုန်းပေါ်တွင် ရေးပြသည်။   ‘စခန်းသစ်က ဘယ်မှာလဲဆိုတာကို ဆုံးဖြတ်ပြီးပြီလား?’

‘သူတို့ကို လူစည်ကားဖူးပင်မယ့် အခုတော့ဘယ်သူမှမရောက်နိုင်တဲ့ ဇွန်ဘီမြို့တော်ကြီးတစ်ခုကို ရှာဖို့ ငါပြောထားတယ်’   လင်းချင်းက ပြန်ရေးပြသည်။

ဒီလူများကို ဇွန်ဘီမြို့တော်ကြီးတွင် စခန်းသစ်ဆောက်ဖို့အတွက် သူမနှင့် ချူးလီလီတို့က ဇွန်ဘီများကို မောင်းထုတ်ပေးကာ ဇွန်ဘီရှင်းလင်းသည့်နေရာ လုပ်ပေး၍ရသည်။ သို့သော်လည်း ပတ်ဝန်းကျင်ပတ်ပတ်လည်တွင်တော့ ဇွန်ဘီများရှိနေမည်ဖြစ်၍ ဘယ်လူသားမှ ဝင်ရောက်နိုင်မှာ မဟုတ်ပေ။ မြို့ကြီးများတွင် နယ်မြို့လေးများထက် အထောက်အပံ့ပေးနိုင်မည့်ပစ္စည်းများက ပိုများသည်။ ထို့ကြောင့် ဇွန်ဘီအုပ်ကို ထိန်းချုပ်ထားနိုင်သ၍ ဒီလူသားအဖွဲ့သည် စိတ်ပူစရာမလိုဘဲ စိတ်ကြိုက်ဇွန်ဘီမြို့တွင် နေထိုင်လို့ရသည်။ ထို့အပြင် မြို့ကြီးအများစုတွင် အဆင့်မြင့်ဇွန်ဘီများ၏ ပိုင်နက်ဖြစ်လေရာ လင်းချင်းသည် သူတို့၏အမြူတေဖြင့် နွယ်လေးကို အဆင့်မြှင့်ပေး၍ ရနိုင်မည်။

လင်းချင်းစာကြောင့် ရှဲ့တုန်းသည် အဓိပ္ပာယ်ကိုအရင်နားလည်သွားသည်။ ချူးလီလီကတော့ ဘာဖြစ်လို့ ဇွန်ဘီမြို့တော်ကိုမှ သွားချင်ရသလဲ ဆိုသည်ကို နားမလည်သော်လည်း လင်းချင်းက ဘယ်ကိုသွားသည်ဖြစ်စေ သူမက လိုက်နေမည်ဖြစ်၍ ဂရုစိုက်မနေတော့ပေ။ 

ကျွင်းကျွင်းက ဇွန်ဘီအုပ်ကြီးများကို တွေးမိသည့်အခါ လင်းမိသားစုအတွက် အန္တရာယ်များမည့် အကြောင်းကို အရင်တွေးမိသည်။ နောက်မှ ဇွန်ဘီဘုရင်မနှင့် သန်မာလွန်းသည့် သန္ဓေပြောင်းဇွန်ဘီတို့နှင့်အတူ နောက်ထပ်သန္ဓေပြောင်းဇွန်ဘီထီးတစ်ကောင်ပါ ရှိသေးကြောင်းကို သတိပြန်ရသည်။ ဒီဇွန်ဘီအဖွဲ့နဲ့သာဆိုရင် ဇွန်ဘီအုပ်ကြီးက ဘယ်လောက်များပါစေ ဒီလူသားအဖွဲ့အတွက် ကြောက်စရာကိုမရှိပေ။

သို့သော်လည်း ဘယ်မြို့ကို သူတို့က သွားကြမည်နည်း? နီးသည့်မြို့လား? ဝေးသည့်မြို့လား? ၁၀နာရီလောက် မောင်းလျှင်ကို ပင်လယ်မြို့တော်စခန်းသို့ ရောက်လောက်သည့်အထိ ဒီနေရာက နီးနေပြီဖြစ်သည်။ တောင်တရုတ်တွင် မြောက်တရုတ်ထက် မြို့ကြီးတွေက ပိုများသည်။ သို့သော်လည်း လင်းမိသားစု၏ ရန်သူကြီးများက တောင်ပိုင်းတွင် ရှိနေလေရာ သူတို့သည် ဇီခရိုင်အတွင်းက မြို့ကြီးတစ်ခုကိုသာ ရွေးချယ်နိုင်မှာ ဖြစ်သည်။

လင်းချင်းသည် ခနတွေးပြီးနောက်   ‘ဟန်ကျိုးက လူဦးရေများတယ်။ ပြီးတော့ သိပ်လည်းမဝေးဘူး။ ဟန်ကျိုးမြို့အလည်လောက်ဆိုရင်နီးတယ်။ ပင်လယ်မြို့တော်စခန်းကလူတွေက ဟန်ကျိုးကို ရောက်ဖူးမှာဆိုပင်မယ့်လည်း သူတို့မရောက်ဖူးတဲ့နေရာတွေ အများကြီးရှိမှာပဲ။ နက်ဖြန်ပြောရမယ်။ ပင်လယ်မြို့တော်စခန်းကို လူရှာသွားရင် ဇွန်ဘီမြို့တော်အကြောင်း အချက်အလက်တွေလည်း ရှာဖို့လိုတယ်’   သူမရေးပြလိုက်သည်။

ပင်လယ်မြို့တော်စခန်းကို သွားမည်ကို သိသည့်အခါ ချူးလီလီသည် စိတ်ညစ်စွာဖြင့် နှုတ်ခမ်းဆူသွားသည်။ သို့သော်လည် ဘာသံမှမထွက်ဘဲ နောက်သို့၂လှမ်းလောက်သာ နောက်ဆုတ်သွားသည်။

လင်းချင်းသည် သူမကို တစ်ချက်ကြည့်ပြီးနောက် ရှဲ့တုန်းကို ကြည့်သည်။ ထို့နောက်မှ စာရေးပြသည်။   ‘ဒါပင်မယ့် ပင်လယ်မြို့တော်စခန်းကို ငါတို့မဝင်နိုင်လောက်ဘူး။ ငါတို့မှာ ဇွန်ဘီပိုးရှိတော့ သူတို့ပိုးစစ်တဲ့စက်တွေကို မဖြတ်နိုင်လောက်ဘူး။ ငါတို့လူခွဲမှဖြစ်မယ် ထင်တယ်’

ရှဲ့တုန်းသည် ခေါင်းငြိမ့်လိုက်သည်။ သူနှင့်လင်းချင်းတို့သည် လူသားနှင့်တူသော်လည်း ကိုယ်တွင် ဇွန်ဘီပိုးရှိနေသည်။

‘ဒီလိုငါ့နောက်ကို လိုက်လာဖို့က အဆင်ပြေလို့လား?’   လင်းချင်းသည် မေးခွန်းကိုရေးလိုက်သည်။ ခုနတုန်းက ရှဲ့တုန်းကို သူမအနောက်သို့ လိုက်စေခြင်းသည် ကန်ရေတိုက်ထားသဖြင့် လူသားစားချင်စိတ်ကို ဖိနှိပ်ထားနိုင်သောကြောင့် ခေါ်ခြင်းဖြစ်သည်။ သို့သော်လည်း စိတ်လွတ်သွားကာ လူသားစားချင်စိတ်ပေါ်လာပါက ဒုက္ခရောက်မည်ဖြစ်သည်။ သို့သော်လည်း ရှဲ့တုန်းက လိုက်ချင်စိတ်ရှိမရှိတော့ မသိပေ။ သူ့တွင် အခြားအစီအစဉ်ရှိနေနိုင်သည်။

ကျွင်းကျွင်းက သူမ၏အနောက်ကို လိုက်နေခြင်းသည် သူမ၏သားအတွက်ဖြစ်သလို သူမတွင်လည်း သွားစရာမရှိ၍ ဖြစ်သည်။ 

ချူးလီလီကတော့ သူမစိတ်ဖြင့် လင်းချင်း၏အနောက်ကို လည်လိုက်နေခြင်းဖြစ်သည်။ လင်းချင်းသည် ချူးလီလီကို ဒီရက်ပိုင်းတွင် အကဲခတ်ကြည့်ထားခဲ့လေရာ သူမ၏ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်းက တကယ်ကောင်းမွန်ကြောင်း သိလိုက်ရသည်။ အနည်းဆုံးတော့ သူမသည် လူသားများကို မစားပေ။

ရှဲ့တုန်းသည် သူအဆင်ပြေကြောင်းသိစေရန် လင်းချင်းကို ခေါင်းငြိမ့်ပြလိုက်သည်။ သူတို့တွေ့တုန်းက လင်းချင်း၏ အနောက်သို့ ခနလိုက်မည်ဟု သူပြောခဲ့သော်လည်း အဆင့်ငါးရေခဲစွမ်းအားဇွန်ဘီကြောင့် သူတို့ကွဲသွားခဲ့သည်။ လင်းချင်းမရှိသည့်ရက်များတွင် သူသည် အနည်းငယ် စိတ်ရှုပ်ရကာ အကူအညီမဲ့ခဲ့ရသည်။ သူမကို ရှာချင်သော်လည်း ကားနဲ့ထွက်သွားသူကို သူကခြေလျင်ဘယ်လို လိုက်ရှာမည်နည်း? ထို့အပြင် လင်းချင်းလို နယ်မြေမရှိသဖြင့် အန္တရာယ်တွေ့လျှင် ဝင်ပြေးစရာမရှိသလို အားကလည်း နည်းသေးသည်။

ထို့ကြောင့် အဆင့်မြင့်ဇွန်ဘီနှင့် လူသားများတို့နှင့်တွေ့တိုင်း သူ့မှာပုန်းအောင်းနေခဲ့ရသည်။ လင်းချင်းက ပင်လယ်မြို့တော်စခန်းကို ပြန်လာမလာ မသိသဖြင့် မစောင့်ခဲ့ပေ။ ရက်အနည်းငယ်ကြာတော့ ဇွန်ဘီအမြူတေတစ်ခုတွေ့လေရာ ပြဿနာကြီးက ပါလာသည်။ သို့သော်လည်း အနားတွင် လင်းချင်းရှိသည်ကို ရုတ်တရက် အာရုံခံမိသွားသည်။ ဘာဖြစ်လို့ အာရုံခံမိသွားလဲ မသိသော်လည်း အခြားဇွန်ဘီများနှင့် လင်းချင်းက မတူတာပဲ သူသိသည်။

ရှဲ့တုန်းက မငြင်းမှသာ လင်းချင်းလည်း အနည်းငယ် စိတ်သက်သာရာရသွားသည်။ ထို့နောက် ကျွင်းကျွင်းကိုကြည့်လိုက်ရာ သူမ၏မျက်တွင်းညိုများက အရောင်ဖျော့နေကြောင်းကို မြင်လိုက်သည်။ ထို့ကြောင့် ရေးပြလိုက်သည်။
‘ကျွင်းကျွင်း နင့်မျက်တွင်းကျနေတာတွေက တဖြည်းဖြည်းပါးလာသလိုပဲ သတိထားမိလား?’

ကျွင်းကျွင်းသည် သူမ၏စာကိုဖတ်ပြီးသည့်အခါ အံ့သြမှုနှင့်အတူ နားမလည်မှုတို့က မျက်နှာတွင်ပေါ်လာ၍ ချူးလီလီကို လှည့်ကြည့်သည်။ လင်းချင်းပြောသည့် အဓိပ္ပါယ်ကို မသိသောကြောင့် ဖြစ်သည်။

ချူးလီလီလည်း သူမကို ကျွင်းကျွင်းက လာကြည့်မှ လင်းချင်းမေးခွန်းကို ဖတ်ကြည့်သည်။ ထို့နောက် ကျွင်းကျွင်းကို သေချာကြည့်လေရာ မျက်တွင်းများသည် အရင်ကထက် လျော့သွားပြီကို မြင်လိုက်ရသည်။ ထို့အတူ ကျွင်းကျွင်း၏ အသားအရည်သည်လည်း အနည်းငယ်ပြောင်းလဲနေသည်။ သူမ၏ အပြာရောင်သမ်းနေသည့် အသားရောင်သည်လည်း ဖျော့လာသည်။

ရှဲ့တုန်းသည် အရင်က ကျွင်းကျွင်းဖြင့် မတွေ့ဖူးသဖြင့် ဘယ်လိုကွာသွားသလဲကို မသိပေ။ သို့သော်လည်း ချူးလီလီ၏မျက်နှာထက်မှ အံ့သြမှုကိုတော့ တွေ့လိုက်သည်။

လင်းချင်းသည် သူမ၏ကန်ရေမှာ ပိုပြီးတော့ အံ့အားသင့်ဖွယ်အစွမ်းတွေ ရှိနေကြောင်းကို တွေးမိနေသည်။ သက်ရှိလူသားများကို ကုသနိုင်ရုံတင်မကဘဲ ဇွန်ဘီများကိုပါ ကုသနိုင်သည်။ 

သူမသည် သင်ပုန်းကိုယူလာကာ ကျွင်းကျွင်းဆီလျှောက်သွားလိုက်သည်။ သူမ၏အကျီကို အနည်းငယ်ဆွဲချလိုက်ကာ ပုခုံးကိုကြည့်လိုက်တော့ ထင်သလိုပင် ကျွင်းကျွင်း၏ကိုယ်မှ ဒဏ်ရာသည်လည်း အရောင်ဖျော့နေသည်။ ကျွင်းကျွင်းသည် ပုခုံးကိုဇွန်ဘီကိုက်ခံရတာ ဖြစ်သည်။ လင်းချင်းနှင့်စတွေ့တုန်းက သူမအကျီ၏ပုခုံးနားသည် သွေးစွန်းနေခဲ့သည်။ ထိုအချိန်တုန်းက ဒဏ်ရာကို လင်းချင်းသည် သတိပြုမိလေရာ ဒီထက်အရောင်ရင့်သည်က သေချာသည်။

ကျွင်းကျွင်းသည် နယ်မြေထဲမှ ကန်ရေကို အတော်သောက်ကာ ရေလည်းခနခနချိုးတက်သည်။ သူမသည် ကန်ထဲကို လင်းချင်းလို ကိုယ်တီးလုံးဖြင့် ဆင်းချိုးခြင်းမျိုးမဟုတ်သော်လည်း ရေပုံးဖြင့်ရေတော့ ခပ်ချိုးလေ့ရှိသည်။ လင်းချင်းသည် လွန်ခဲ့သည့် ၂ရက်တည်းက ကျွင်းကျွင်း၏ကိုယ်မှ အပြောင်းအလဲများကို သတိပြုမိနေတာဖြစ်သည်။ သို့သော်လည်း လင်းဖန်တို့ကိုရှာဖို့က အရေးကြီးနေသဖြင့် လင်းချင်းက သေချာမစူးစမ်းမိတာ ဖြစ်သည်။ သို့သော်လည်း သူမ၏အရှိန်အဝါသည် သိသိသာသာကို တိုးတက်လာလေသည်။

ခနတွေးလိုက်ပြီးနောက် ကျွင်းကျွင်းကို စာရေးပြသည်။
‘ဒီနေ့ကစပြီး ကန်ထဲမှာ နေ့တိုင်းတစ်နာရီလောက် ရေစိမ်သင့်တယ်။ ကန်ထဲကိုဆင်းရမှာကြောက်ရင် ရေချိုးကန်ထဲကို ကန်ရေဖြည့်ပြီးတော့စိမ်’

ကျွင်းကျွင်းက သူမကိုစိတ်ရှုပ်စွာ ပြန်ကြည့်လာသည့်အခါ လင်းချင်းသည် ထပ်ရေးပြသည်။   ‘မကြာခင် နင်အဆင့်တိုးလာတော့မယ် ထင်တယ်။ နင်တွေးတာနဲ့ တုန့်ပြန်တာတွေက အရင်ကထက် ပိုမြန်နေပြီ။ သတိမထားမိဘူးလား?’  
Previous Chapter 180 of 198 Next