May Honey Logo May Honey
Previous Next

၉၁။ ယုံချင်ယုံ မယုံချင်နေ

ဝူယွဲ့လင်းသည် ဘာမှမဖြေဘဲ ဘာမှမရှိသည့် နေရာသို့တောင် ခေါင်းလှည့်သွားသေးသည်။

“လင်းလင်း?’   ဝူချန်းယွဲ့သည် အလျှော့မပေးသေးဘဲ ထပ်ခေါ်မေးသည်။

ရှောင်ယွင့်လုံသည် ထလိုက်ကာ သူမ၏မျက်နှာရှေ့တွင် ထိုင်ချကာ စကားပြောဖို့လုပ်သည်။ သို့သော်လည်း ဝူယွဲ့လင်းသည် တခြားဘက်သို့ မျက်နှာထပ်လွှဲလိုက်ပြန်သည်။ ရှောင်ယွင့်လုံသည် ဆွံ့အသွားသည်။   ‘အရင်တုန်းက လင်းလင်းပါပဲ’

သူ့သမီးသည် အရင်လိုပြန်ဖြစ်နေသည့်အခါ ဝူချန်းယွဲ့သည် စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်သည်။   “ဟိုဇွန်ဘီနဲ့ ဘယ်လိုများ နေခဲ့သလဲ သိချင်တယ်။ ရုပ်လည်းအရမ်းဆိုးတာတောင် လင်းလင်းက မကြောက်ဘူး”

ထူးဆန်းသည့်ဇွန်ဘီအကြောင်းကို ပြောသည့်အခါ ရှောင်ယွင့်လုံသည် စိတ်ဝင်စားသွားသည်။ သူ့ခုံသို့ပြန်ထိုင်လိုက်ကာ   “ဟင်? အဲ့ဒီဇွန်ဘီအကြောင်း ပြောပါဦး။ အရင်တုန်းက သေချာပြောမပြဘူး။ လူသားမစားတဲ့ ဇွန်ဘီကလွဲရင် ငါလည်းမသိဘူး။ ဘယ်လောက်တောင် ရုပ်ဆိုးလို့လဲ?”

ဝူချန်းယွဲ့သည် စခန်းကိုပြန်ရောက်သည့်အခါ ရှောင်ယွင့်လုံအား လင်းလင်းကို ဇွန်ဘီက ခေါ်ထားတာဟုတ်ကြောင်းပြောသော်လည်း ဘာမှထပ်မပြောပြပေ။ 

ဝူယွဲ့လင်းကိုပွေ့ထားရင်းဖြင့် ရှောင်ယွင့်လုံအား   “မျက်နှာကို ကွေးကောက်လန်ပြန်နေတဲ့ ဆံပင်တွေနဲ့ဖုံးထားတော့ သေချာမမြင်ရဘူး။ ဒါပင်မယ့် အမာရွတ်တွေတော့တွေ့တယ်။ မျက်လုံးနီးပါးလောက် အမာရွတ်တွေက မျက်နှာတစ်ခုလုံးမှာ။ သူကသန့်ပြန့်နေတဲ့ တိုက်ခိုက်ရေးဝတ်စုံကို ဝတ်ထားတော့ အတော်တိုက်ခိုက်နိုင်ပုံရတယ်။ သေချာတာကတော့ သူ့မျက်နှာနဲ့ ကွေးကောက်နေတဲ့ဆံပင်ပုံက မေ့နိုင်ဖို့မလွယ်ဘူး”

ရှောင်ယွင့်လုံက ဒီဇွန်ဘီကို သူ့စိတ်ထဲမှာ ပုံဖော်ကြည့်သည့်အခါ ထူးဆန်းနေသည်။

“မင်းက သူ့ဆံပင်ကို ဒီလိုဖြစ်အောင် လုပ်လိုက်တာလေ။ မင်းရဲ့သမီးကို ခေါ်ပြေးတာက မထူးဆန်းတော့ပါဘူး။ သူ့မှာမကောင်းတဲ့ ရည်ရွယ်ချက်မရှိလောက်ပါဘူးလို့ ပြောသားပဲ။ အဲ့ဒီအချိန်တုန်းက လင်းလင်းကို ပြန်ပေးချင်လို့လားမှ မသိတာ”
ရှောင်ယွင့်လုံက ပြောသည်။

ဝူချန်းယွဲ့သည် ပြုံးကာပြောသည်။   “အဲ့ဒီအချိန်တုန်းက ငါလည်းအလိုအလျောက်တိုက်မိသွားတာ။ ထိခိုက်ဖို့ မရည်ရွယ်ပါဘူး၊။ ဒါပင်မယ့် သူကငြိုးထားတယ်။ ငါ့ကိုတောင်းပန်ခိုင်းသေးတယ်”

“ဘာ? တောင်းပန်တယ်? သူကမင်းကို တောင်းပန်ခိုင်းတာ? ဇွန်ဘီအကြောင်း ပြောနေတာ ဟုတ်ပါတယ်နော်? လူသားမဟုတ်ပါဘူးမလား?”   ရှောင်ယွင့်လုံသည် ထမေးသည်။ သူနားကြားလွဲသည်ဟု ထင်သွားတာဖြစ်သည်။ 

ရှောင်ယွင့်လုံ၏မျက်နှာမှ စိတ်ရှုပ်နေသည့်ပုံကို မြင်သည့်အခါ ဝူချန်းယွဲ့သည် ပြုံးကာ ခေါင်းငြိမ့်ပြသည်။ ရှောင်ယွင့်လုံမှာ ကြောင်အသွားသည်။

“တောင်းပန်ဖို့ ဘယ်လိုပြောတာလဲ? ဇွန်ဘီအော်တာကို မင်းကနားလည်တယ်လား?”   ရှောင်ယွင့်လုံသည် အံ့သြနေရာက ပြန်ငြိမ်သွားသည့်အခါ မေးသည်။ မေးနေရင်း ဝူချန်းယွဲ့အား ဇွန်ဘီက အော်နေပုံကို တွေးနေလေသည်။ သူသည်ရယ်ချင်နေသည်ကို ထိန်းနေရသဖြင့် မျက်နှာသည် ထူးဆန်းလာသည်။ 

သူ့မျက်နှာထားကို ကြည့်ကာ ဝူချန်းယွဲ့သည်   “ရယ်ချင်ရင် ရယ်လိုက်။ ဘာဖြစ်လို့ ရုပ်တည်ကြီး ထိန်းနေတာလဲ?”

ရှောင်ယွင့်လုံသည် လက်သီးဆုပ်ဖြင့် ပါးစပ်ကိုကွယ်ကာ ရယ်လိုက်ပြီးမှ   “အဟမ်း ဇွန်ဘီက မင်းကိုအော်နေတာကို တွေးကြည့်နေတာ ထူးဆန်းလို့။ ဒါနဲ့ သူကတောင်းပန်ခိုင်းနေမှန်း မင်းကဘယ်လိုလုပ် နားလည်သွားတာလဲ?”

ဝူချန်းယွဲ့သည် သူ့အားအပြုံးမပျက်ကြည့်ကာ   “သူအော်တယ်လို့ မင်းကိုဘယ်သူက ပြောနေလို့လဲ? စာရေးနိုင်တယ်ကွ”

“ဟမ် စာရေးတယ်? ဒါကနည်းနည်း. . .နေပါဦး သူကစာရေးတက်တယ်လား?”   ရှောင်ယွင့်လုံသည် သူပြောသည့်အဓိပ္ပါယ်ကို သိသွားသည်နှင့် တအံ့တသြပြန်မေးသည်။

‘စာရေးတယ်? ဇွန်ဘီရော ဟုတ်သေးလို့လား?’   ရှောင်ယွင့်လုံ တွေးနေမိသည်။

“ဇွန်ဘီဟုတ်လို့လား?”   ရှောင်ယွင့်လုံသည် သူကြားပြီးနောက် ၂စက္ကန့်လောက်ကြာမှ မယုံနိုင်စွာ မေးသည်။ မဟုတ်ဘူးလို့ ခံစားနေရသဖြင့်   “နောက်နေတာလား?”

ဝူချန်းယွဲ့သည် သူ့အားထူးဆန်းသည့် အပြုံးဖြင့် ပုခုံးတွန့်ပြသည်။ သူတွေးနေမိသည်မှာ   ‘ဇွန်ဘီပဲ။ ဒါပင်မယ့် အရင်မှတ်ညဏ်တွေနဲ့လူသားဆန်မှုက ရှိသေးတုန်းပဲ’

ရှောင်ယွင့်လုံ၏မျက်နှာသည် မယုံနိုင်အောင်ဖြစ်သွားကာ ဝူချန်းယွဲ့အား ရွဲ့ကြည့်ကာ   “ဇွန်ဘီက စာရေးတက်တယ်? ငါ့ကိုရူးနေတယ် ထင်လို့လား? ဘယ်လိုလုပ် ရေးနိုင်မှာလဲ?”   ဇွန်ဘီတိုင်းသည် လူသားဆန်သည့်စိတ်နှင့် ဝိညာဉ်တို့ ဆုံးရှုံးသွားကြတာ ဖြစ်သည်။ သူတို့သည် လူသားကိုစားချင်စိတ်ရှိကာ လျှောက်သွားနေတက်သည့် မကောင်းဆိုးဝါးများနှင့်သာ တူလေသည်။   ‘ဒီလိုသတ္တဝါက လူသားလို လုပ်တက်မယ်တဲ့လား? နောက်နေတာပဲမလား? ဟုတ်တယ်မလား?’

ဝူချန်းယွဲ့သည် ပြုံးကာ ဘာမှမပြောတော့ပေ။ သို့သော်လည်း သူ့အဖေ၏ရင်ဘတ်ကို မျက်နှာအပ်ကာ ပုန်းနေသည့် ဝူယွဲ့လင်းသည် ရှောင်ယွင့်လုံကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ပြန်ပုန်းသွားသည်။   
  
ဝူချန်းယွဲ့က သူ့သမီး၏ မျက်နှာထားကို မမြင်လိုက်သော်လည်း ရှောင်ယွင့်လုံကတော့ သေချာမြင်လိုက်သဖြင့် ပိုဆွံ့အသွားသည်။ သူ့စိတ်ထဲတွင် အော်ဟစ်နေမိသည်မှာ   ‘လင်းလင်းလေး သမီးမျက်နှာက အထင်သေးတဲ့ပုံစံက ဘာလဲဆိုတာ ဦးလေးကို ရှင်းပြစမ်းပါဦး’

ကလေးမလေးသည် သူ့အားစကားတစ်ခါမှ မပြောဖူးသေးသော်လည်း ရုတ်တရက်ကြီး သူ့အားချစ်ဖို့ကောင်းပင်မယ့် အထင်သေးသလို ကြည့်လာသည်။ ရှောင်ယွင့်လုံသည် နည်းနည်းစိတ်အနှောင့်အယှက်ဖြစ်သွားသလို ခံစားရသည်။   ‘ဒီလိုရုပ်ကြီးက ချစ်ဖို့တော့ သိပ်မကောင်းနေဘူး’

ဝူချန်းယွဲ့သည် သူ့အားပြုံးကာပြောသည်။   “မယုံရင် မင်းကိုယ်တိုင် သွားရှာကြည့်။ ငါကဘာဖြစ်လို့ မင်းကိုလိမ်ရမှာလဲ? ဒါပင်မယ့် သွားရှာရင်တော့ သူ့ကိုကြောက်မနေဖို့ ကြိုသတိပေးလိုက်မယ်”

အရပ်ရှည်ကာ ထောင်ထောင်မောင်းမောင်းကြီးဖြစ်သည့် ရှောင်ယွင့်လုံသည် လူသားဆန်သည့် ဇွန်ဘီမတစ်ကောင်ကို ကြောက်နေမည့်ပုံကို တွေးကြည့်ရုံဖြင့် သူ့အပြုံးသည် ပိုတောက်ပလာသည်။ 

ရှောင်ယွင့်လုံသည် မျက်လုံးကိုလှန်ကာ မယုံသလိုဖြင့်   “ဒီဇွန်ဘီမက ငါတို့အပေါ်မှာ ရန်မလိုတာတော့ သိပင်မယ့် စာရေးတယ်လို့ မင်းနောက်နေတာကိုတော့ တော်လိုက်ပါတော့ကွာ”

ဝူချန်းယွဲ့သည် မျက်လုံးကိုလှန်လိုက်ကာ   “ယုံချင်ယုံ မယုံချင်နေ”

လူတစ်ချို့က လိုက်ရှာနေသည့် ကိုယ်ထဲရောက်နေသည့် လင်းချင်းမှာတော့ တောင်ဘက်ကို သွားနေတာဖြစ်သည်။ သူမလိုက်ရှာနေသည့်သူများနှင့်လည်း လမ်းလွဲသွားပြီကို မသိဘဲ ဝေးရာသို့သာ သူမဆက်သွားနေမိသည်။ 

ချူးလီလီ၏ အာရုံခံနိုင်စွမ်းသည် လင်းချင်းထက် ပိုကောင်းသဖြင့် သူမသည် ပိုကျယ်ပြန့်စွာ သိလေသည်။ သူမသာ အလိုရှိလျှင် နှစ်မိုင်အတွင်းက သူမအာရုံခံမိသည့် ဇွန်ဘီတိုင်းကို သူမထိန်းချုပ်နိုင်သည်။ သူမသည် သူမ၏တည်ရှိမှုကို ထိန်းထားကာ လွှမ်းမိုးနိုင်စွမ်းကိုလည်း ထိန်းချုပ်ထားပေးသည်။ သို့သော်လည်း မီတာလေးရာလောက်အတွင်းက ဇွန်ဘီတိုင်းသည် သူမရှိနေကြောင်းကို ခံစားလို့ရနေသေးသည်။

ထို့ကြောင့် လင်းချင်းတို့လမ်းသည် ရှင်းလင်းလို့သာ နေသည်။ ဇွန်ဘီများက သူမတို့အနားရောက်လာသည်နှင့် အလိုလိုရှောင်ပေးနေကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လင်းချင်းသည်လည်း ကားကိုအရှိန်မြှင့်ကာ မောင်းတော့သည်။ မကြာခင်မှာ သူမတို့သည် ကွမ်ကျိုးကို ဖြတ်ကာ ကျန်းကျိုးသို့ ရောက်လာကြတော့သည်။

ကျွမ်းကျိုးသည် တောင်ဘက်စခန်းနှစ်ခုထဲက တစ်ခုဖြစ်သည့် ဟေးဒီးစခန်းနှင့် အရမ်းနီးနေပြီ ဖြစသည်။ ထို့ကြောင့် ဟေးဒီးစခန်းသို့သွားကာ အသုံးဝင်မည့် အချက်အလက်များရှိသလား အရင်သွားကြည့်ချင်သေးသည်။ သို့သော်လည်း သူမ၏မိသားစုများကို ရှာခြင်းက မလွယ်ကူကြောင်း သူမသိပါသည်။

ထို့အပြင် သူမ၏လက်ရှိအသွင်အပြင်အရ စခန်းနားသို့သွားကာ မေးလို့ကို ရမှာမဟုတ်ပေ။ သံသယရှိစရာမလိုအောင်ကို သူမသည် စခန်းထဲသို့ ဝင်နိုင်မှာ မဟုတ်ပေ။ ထို့ကြောင့် သူမသည် ဟေးဒီးစခန်းက လူများကို အရင်ရှာရမည် ဖြစ်သည်။ သူတို့အနားသို့သွားကာ အသုံးဝင်မည့်အချက်အလက်များရှိမလားဟု ခိုးနားထောင်ရမည်။ ဒါလည်း လူရုပ်ပြန်ရမှ ဖြစ်သည်။  
Previous Chapter 91 of 198 Next