May Honey Logo May Honey
Previous Next

၁၅၀။ နွယ်ပင်၏အသီး

လင်းချင်းသည် အသီးကို အိတ်သုံးအိတ်ကနေ ခွဲထုတ်လိုက်သည်။ အသီးသည် မြေပေါ်သို့ ပြုတ်ကျသည်နှင့် လင်းချင်းမှာ အမြန်ကုန်းကောက်လိုက်ပြီးနောက် နယ်မြေထဲသို့ ဝင်လိုက်သည်။

ရေတကောင်းပင်၏အိတ်များကို ချက်ချင်းအရွက်ဖုံးများက ပိတ်လိုက်သည့်အချိန်မှာပဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ အသီးက အခုတ်ခံလိုက်ရသည့်အခါ နွယ်များသည်လည်း ခနရပ်သွားပြီးနောက် ပြင်းပြင်းထန်ထန် တွန့်လိမ်စွာ လှုပ်ရှားကုန်ကြသည်။ 

ဆူညံသည့်အသံများကို ပတ်ဝန်းကျင်တွင် ကြားနေရကာ နွယ်ပင်များသည် ချက်ချင်းပြန်ဆုတ်လာကာ အနားတွင် လေမုန်တိုင်းတိုက်သွားသကဲ့သို့ ရှုပ်ထွေးသွားစေသည်။ ထိုနွယ်ပင်များကြောင့် အနားရှိမြက်ပင်များရှင်းသွားကာ ဖုန်များသည် တထောင်းထောင်းထလာပြီး မြေကြီးတောင် တုန်သွားသည်။

မကြာခင်တွင် နွယ်များသည် တဖြည်းဖြည်းငြိမ်ကျသွားပြီးနောက် မြေပြင်ပေါ်သို့ အားပျက်ကာ ပျော့ခွေကျသွားသည်။ ၂မိနစ်လောက် ကြာသည့်အခါ လုံးဝမလှုပ်ရှားတော့ဘဲ ငြိမ်သက်သွားသည်။

လင်းချင်းကတော့ အပြင်ကကိစ္စများကို စိတ်မဝင်စားပေ။ သူမသည် ထူးဆန်းသည့်အသီးဖြင့် နယ်မြေထဲကို ရောက်သွားသည့်အခါ ကန်ဘေးက ခုံတွင် ထိုင်ချလိုက်သည်။ ခုံဘေးတွင် ကလေးအတွက် သူမလုပ်ပေးထားသည့် ကျောက်တုံးမီးဖိုလေး ရှိသည်။

ထိုခုံမှာ ကျွင်းကျွင်းက ထိုင်တက်သလို ဟင်းချက်နေစဉ်တွင် သူမ၏သားကို ထိုခုံပေါ်တွင် တင်ထားလေ့ရှိသည်။ လင်းချင်းသည် ကလေး၏ နာမည်ကို မသိသေပေ။ ဒါကလည်း ကျွင်းကျွင်းက မမှတ်မိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကျွင်းကျွင်းသည် သူ့သားအား တုံတုံဟူသည် နာမည်အသစ်ပေးထားသည်။

လင်းချင်းသည် ထိုအသီးကို သေချာအနီးကပ်ကြည့်လိုက်သည်။ အသီးနှင့်ဆက်ထားသည့် ပြတ်သွားသည့် အညှာများမှ ကပ်စေးစေးအရည်များ ထွက်နေသည်ကို တွေ့ရသည်။ ထိုအရည်များက နွယ်များထံမှထွက်သည့် အရည်များဖြင့် အတူတူပင် ဖြစ်သည်။

သူမသည် လက်သည်းဖြင့် အသီးကို အပေါ်ကနေ အောက်သို့ဆွဲချကာ ခွဲရာပေးလိုက်သည်။ ထို့နောက် သူမသည် လက်နှစ်ဖက်ဖြင့် ဆွဲခါလိုက်သ်ည။ အသီးက ကွဲသွားသည်နှင့် ထူးဆန်းသည့် စွမ်းအားလှိုင်းက လင်းချင်း၏ မျက်နှာကို လာမှန်သည်။ သူမသည် ခေါင်းကို အမြန်လွှဲလိုက်ရသည်။

ထို့နောက် အသီးကိုပြန်ကြည့်သည့်အခါ လက်မအရွယ်ရှိသည့် ချောမွေ့ကာ မာကျောသည့် အဖြူရောင်အစေ့ကို တွေ့လိုက်ရသည်။ အစေ့ခွံသည် ဖောင်းမနေဘဲ မာကျောသည်။ လင်းချင်းက ဒီအသီးကို တူဖြင့်ခွဲတောင်ရမည်ဟု မထင်ပေ။

လင်းချင်းသည် ထိုအစေ့ကို သူမ၏လက်သည်းဖြင့် ထိကြည့်တော့မည့် အချိန်တွင် ကန်ထဲကနေ ရှည်လျှားကာ နက်မှောင်သည့် အရာတစ်ခုက ရွေ့လျားလာသည်ကို သတိမထားမိပေ။ ထိုအစိမ်းရောင်နွယ်လေးသည် ရေထဲကနေ ကမ်းစပ်နားတွင် ပေါ်ထွက်လာကာ လင်းချင်း၏ ခြေထောက်ကို ပတ်လိုက်ရင်း လှမ်းထိသည်။

‘ဟင်?’   လင်းချင်းသည် အစေ့ထဲမှ စွမ်းအင်ကို စုပ်ယူတော့မည့်အချိန်မှာ ခြေထောက်ကို လာထိသည့်အရာကို ငုံ့ကြည့်လိုက်သည်။ ထိုအခါ ရင်းနှီးနေသည့် နွယ်လေးကို မြင်လိုက်ရသည်။   ‘တကယ်ကြီးကို ဒီကနွယ်တွေက အသိစိတ်ရှိတယ်!’

လင်းချင်းက သတိထားမိသည့်အချိန်တွင် နွယ်သည်သူမကိုယ်ပေါ်ကို ရစ်ခွေတက်လာကာ သူမ၏လက်ထဲမှ အစေ့ကို ညွှန်ပြသလို လုပ်လာသည်။ လင်းချင်းသည် အာရုံနောက်စွာဖြင့် သူမ၏လက်ကို ဝေးရာသို့ မြှောက်လိုက်သည်။ ထိုအခါ နွယ်သည်ခနရပ်သွားပြီးနောက် သူမလက်ရှိရာကို ဆက်တက်သည်။ သူမထပ်မြှောက်သည့်အခါ နွယ်ကလည်း လိုက်လာသည်။ လုံးဝကို လက်မလျှော့စတမ်း အစေ့ရှိရာကို လိုက်နေတာ ဖြစ်သည်။

‘နင်ဒီလောက်တောင် လိုချင်နေတာလား?’   လင်းချင်းသည် ဒီနွယ်များက သကြားလုံးလိုချင်နေသည့် ကလေးနှင့်တူသည်ဟု ခံစားရကာ စိုက်ကြည့်ရင်း ရယ်ချင်လာသည်။

နွယ်သည်လည်း လင်းချင်း၏ အတွေးကို ရိပ်မိပုံရသဖြင့် ရပ်သွားသည်။ လင်းချင်း၏ မျက်လုံးရှေ့တွင် ခနငြိမ်နေပြီးမှ သူမ၏လက်ကောက်ဝတ်ကို ဖြည်းဖြည်းချင်း ရစ်ခွေလာသည်။

‘စွမ်းအားလိုချင်တယ် အဆင့်မြင့်ဖို့’
နွယ်က သူမကို ထိလိုက်သည့်အခါ လင်းချင်းသည် ဒါကိုသိလိုက်သည်။

‘ဟင်? ဒါကနင့်ကို အဆင့်မြှင့်ပေးနိုင်တယ်လား?’   လင်းချင်းက တွေးသည်။   ‘ဒီအစေ့ထဲက စွမ်းအင်ကို ငါစုပ်ယူလို့ မရပင်မယ့် ဒီနွယ်လေးကို ပေးလိုက်ရင်တော့ သူပျော်သွားမှာ။ နောက်ထပ်ငါကုသဖို့လည်း သူကူညီပေးလောက်တယ်’

ဒီအတွေးဖြင့် လင်းချင်းသည် အဖြူရောင်အစေ့ကို နွယ်လေးအား ပေးလိုက်လေရာ ချက်ချင်းအစေ့ကို ရစ်ပတ်ပြီးနောက် ရေကန်ထဲသို့ ပြန်ဝင်သွားတော့သည်။ ထိုအခါ လင်းချင်းသည် ကန်စပ်ကနေ အာရုံခံကြည့်လိုက်သည်။ သူမထင်သလိုပင် မကြာခင်မှာ ကန်အောက်ခြေကနေ စွမ်းအားများ လှုပ်ရှားလာသည်ကို အာရုံခံမိသည်။ 

ခနကြာသည့်အခါ ဒီနေရာတွင် ထားခဲ့သည့် လိပ်ကို သတိပြန်ရသွားသည်။ သူမသည် လိပ်ကိုထားခဲ့သည့်နေရာကို ပြန်ကြည့်လိုက်သည့်အခါ ထိုနေရာတွင် မရှိတော့ပေ။   ‘ဟင်? ဘယ်ကိုရောက်သွားတာလဲ?’

. . .

အပြင်တွင်တော့ လိပ်များကို ကာကွယ်ကာ နွယ်ခုတ်ရသည်ကို ပျော်နေသည့် ချူးလီလီလေးသည် နွယ်ပင်များက ရုတ်တရတ် ရပ်သွားကာ ပြန်ဆုတ်သွားသည်နှင့် ကြုံလိုက်ရသည်။ လင်းချင်းက အဓိကအပင်ကို တစ်ခုခုလုပ်လိုက်၍ ပြန်သွားတာ ဖြစ်မှန်းသိသည်။

မကြာခင်တွင် ခြုံတောထဲသို့ ပြန်ဝင်သွားသည့် နွယ်ပင်များဆီမှ ဆူညံသံများကို ကြားရတော့သည်။ ဘာဖြစ်နေမှန်း မသိသော်လည်း ကြားရသည့်အသံများမှာ မြေပြင်တွင် တရွတ်ဆွဲနေပြီးနောက် အနားက အပင်များကို ပတ်ရမ်းကာ ကျိုးကျေစေပုံရသည်။ ထိုအသံများက ငှက်များကို ပျံစေကာ တိရိစ္ဆာန်များကို ထွက်ပြေးစေသည်။ ခနကြာသည့်အခါတွင်တော့ အသံများသည် တဖြည်းဖြည်းငြိမ်သွားကာ တိတ်ဆိတ်သွားသည်။

ချူးလီလီသည် ခနစောင့်သော်လည်း နွယ်များက ဘယ်တော့မှ ပြန်မလာတော့ပေ။ လင်းချင်းကလည်း ပြန်မလာသေးသောကြောင့် လိပ်ကိုလှည့်တမ်းသာ ပြန်ဆော့ရတော့သည်။ ခနကြာသည့်အခါ သူမသည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ နေဝင်တော့မည်ဖြစ်သလို လင်းချင်းကလည်း ဘယ်တော့မှ ပြန်လာမလဲ မသိပေ။ ထို့ကြောင့် ဒီနေရာတွင် လိပ်များကို စောင့်ကြည့်ပေးနေရုံအပြင် ရွေးစရာလည်း မရှိပေ။

ပျင်းနေသည့် ချူးလီလီလေးသည် လိပ်တစ်ကောင်ကို လှည့်သည်။ ထို့နောက် နောက်လိပ်များကို လိုက်လှည့်သည်။ ပထမလိပ်က ရပ်သွားလျှင် သူမသည် လာလှည့်ပြန်သည်။ မကြာခင်တွင် တစ်ယောက်တည်း လိပ်များကို ပတ်လှည့်နေရခြင်းကို သဘောကျလို့သွားတော့သည်။ 

ဒီတစ်ခါတော့ တစ်ကောင်ချင်း မလှည့်တော့ဘဲ အကုန်လုံးကို တစ်ပြိုင်တည်း လှည့်သည်။ လင်းချင်းသည် လိပ်၇ကောင် ဖမ်းမိထားလေရာ တစ်ကောင်ကို စားလိုက်ပြီးတော့ တစ်ကောင်ကို နယ်မြေထဲသို့ ခေါ်သွားသဖြင့် အခုချူးလီလီထံတွင် ငါးကောင်ရှိနေတာ ဖြစ်သည်။

Previous Chapter 150 of 198 Next