May Honey Logo May Honey
Previous Next

၅၈။ ကိုက်ရာကြောင့်

“အကိုလင်းယု, ကိုယ်တိုင်ကုသနိုင်စွမ်းက တကယ်ကိုမိုက်တာ! ပြီးတော့ စွမ်းအားရောပဲ!”

ဖန်မင်းယုသည် စိတ်လှုပ်ရှားစွာ ပြောသည်။

လင်းယု၏စွမ်းအားအကြောင်းပြောရာတွင် လူတိုင်းသည် စိတ်ဝင်တစားဖြစ်လာကာ

“မင်းအဆိပ်ရှိတဲ့ မီးကို နိုးထအောင် လုပ်နိုင်မယ်လို့ ငါတို့ဘယ်တုန်းကမှ မထင်မိဘူး။ မင်းမီးက ဘယ်လောက်အားကောင်းနေပြီလဲ?”

တစ်ယောက်က မေးသည်။

လင်းယုသည် ဘာမှမပြောဘဲ အခန်းထဲကို ထကြည့်လိုက်သည်။ ထို့နောက် အမှိုက်ပုံးကို တွေ့သည့်အခါ အမှိုက်အိတ်ကိုယူထုတ်လိုက်ကာ ကြမ်းပြင်ပေါ်သို့ ချလိုက်သည်။ ထို့နောက် လက်ဝါးကိုဖြန့်လိုက်ကာ အနက်ရောင်မီးတောက်ကိုထုတ်လိုက်သည်။ မီးတောက်သည် အမှိုက်အိတ်ပေါ်သို့ ကျသွားပြီးနောက် ခနအတွင်းမှာပဲ အမှိုက်အိတသည် ပျော်ကြသွားကာ ကြမ်းပြင်ပေါ်တွင် ပြာတောင်မကျန်ခဲ့ပဲ ပျောက်သွားတော့သည်။ 

အမှိုက်အိတ်က ပျောက်သွားသည်တောင်မှ မီးသည် ကြမ်းပြင်ပေါ်တွင် ဆက်ရှိနေဆဲဖြစ်သည်။ ကြည့်ရသည်မှာ မီးသည် သူထိသမျှတိုင်းကို ပျော်သွားအောင်လုပ်ရသည်ကို နှစ်သက်ပုံရသည်။ သို့သော်လည်း ပျော်ကျသွားခြင်းက အလွန်မြန်သဖြင့် ကြမ်းပြင်ကိုတောင် ပျော်ကျသွားအောင်လုပ်ခြင်းကတော့ ဆိုးဝါးစွာ ကြောက်ဖို့ကောင်းလှသည်။

ကြမ်းပြင်ကို အရည်ပျော်အောင်လုပ်နေသည်ကိုမြင်မှ လင်းယုသည် လက်ကိုဝေ့ယမ်းလိုက်ကာ မီးတောက်လေးသည် သူ့လက်ပေါ်သို့ ပြန်ပျံတက်လာသည်။ အခြားသူများသည် လင်းယု၏လက်ဝါးပေါ်သို့ ပျံတက်သွားသည့် မီးတောက်ကိုကြည့်ရင်း အံ့သြနေပြီးမှ ကြမ်းပြင်တောင် ပျော်ကျတော့မလိုဖြစ်သွားခြင်းမှာ ကြမ်းပြင်တွင် အမဲစက်တောင် ကျန်နေခဲ့သည်။

“ဒါက အခြေခံအဆင့်တုန်းက ခေါင်းဆောင်ကြီးရဲ့မီးစွမ်းအားလိုပဲ။ တူတယ်”

ဖန်မင်းယုက ပြောသည်။

လင်းယုသည် ခေါင်းခါလိုက်ကာ ပြန်ဖြေသည်။

“အကုန်တော့ မတူဘူး။ ငါ့မီးကအနံ့မရှိဘူး။ အဲ့ဒါကြောင့် မီးထုတ်လိုက်ရင် အနားကလူတွေ အဆိပ်မမိနိုင်ဘူး။ ဒါကွာတယ်”

“ဒါပင်မယ့်လည်း ပုံစံနဲ့ ပျော်ကျအောင်လုပ်တာတွေကတော့ ခေါင်းဆောင်ကြီးရဲ့ မီးလိုပဲ”

ဖန်မင်းယုက ထပ်ပြောသည်။

“အင်း ဟုတ်တယ်”

လင်းယုက ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။

လီကျန်းသည် စိတ်ငြိမ်အောင် အရင်လုပ်ပြီးမှ တည်ကြည့်စွာဖြင့်

“ဒီအကြောင်းကို အချိန်တစ်ခုလောက် ကြာတဲ့မထိ ဘယ်သူမှ မပြောဘဲထားရအောင်။ ငါအခုပြောတာကို အကုန်လုံးမှတ်ထားကြ ဟုတ်ပြီလား?”

ကျန်သည့်သူများသည် ခေါင်းငြိမ့်လိုက်ကြသည်။ လင်းယု၏အဖြစ်အပျက်သည် အံ့ဖွယ်ဖြစ်နေသဖြင့် စခန်းကလူများသာ သိသွားပါက လင်းယုကို ဖမ်းထားကာ စမ်းသပ်နေကြတော့မှာ ဖြစ်သည်။ သူသာဇွန်ဘီပိုးကို ခုခံနိုင်လျှင် ကောင်းသေးပင်မယ့် ကိုယ်တိုင်ကုသခြင်း စွမ်းအားရှိနေခြင်းက အခြားသူများသိသွားလျှင် လုယူဖို့ ကြိုးစားနိုင်သည်။ 

“လင်းယု ခုနက မင်းပြောတော့ မေ့နေတဲ့အချိန် အခန်းထဲကို ဝင်လာသေးတယ်ဆို။ ဘာမှလုပ်မသွားဘူးလား?”   လဲ့ယောင်က မေးသည်။

လင်းယုသည် ခေါင်းရှုပ်စွာဖြင့် ခေါင်းခါကာ

“ဝင်လာတာတော့ ဟုတ်ပင်မယ့် တစ်ခုခု လုပ်သွားမသွားတော့ ငါလည်းမသိဘူး. . .မေ့နေတာဆိုတော့”

အခြားသူများသည် ဒါကိုကြားသည့်အခါ နောင်တရသွားပုံရသည်။ သူတို့သာ အခန်းထဲတွင် စောင့်ကြပ်ပေးနေပါက သူတို့အသင်းဖော်ဘယ်လိုဖြစ်ခဲ့သည်ကို သူတို့သိနိုင်မှာ ဖြစ်သည်။

“ဒါပင်မယ့်. . .”

လင်းယုသည် သူတို့အား တွေဝေစွာကြည့်ရင်း ပြောသည်။

“ဘာဖြစ်လို့လဲ?”

အခြားသူများက သူ့အားဝိုင်းကြည့်လာကြသည်။

ထို့နောက် လင်းယုသည် အကျီကိုမြှောက်လိုက်ကာ ရင်ဘတ်ကိုပြလိုက်သည်။ သူတို့သည် အဝတ်မပါသည့်ကိုယ်ကို အချင်းချင်းမြင်ဖူးကြသည့်သူများဖြစ်သောကြောင့် လင်းယု၏ ချောမွေ့ကာ ကြွက်သားများဖြင့် ရင်ဘတ်တွင်ရှိနေသည့် အပေါက်နှစ်ခုကို ချက်ချင်းသတိထားမိလိုက်ကြသည်။

“ဘာတွေလဲ?”

ဖန်မင်းယုက မေးသည်။ လူတိုင်းသည်လည်း လင်းယု၏ရင်ဘတ်မှ အပေါက်ရာနှစ်ခုကိုသာ ကြည့်နေကြသည်။

“ကြည့်ရတာ . . .သွားရာမလား? အကောင်တစ်ကောင်ကောင်က ကိုက်လိုက်တာဖြစ်မယ်. . .”

လဲ့ယောင်သည် တွေးတွေးဆဆဖြေသည်။

“လင်းယု သားရဲတစ်ကောင်ကောင်က မင်းကိုစော်ကားသွားတာလား?”

လီကျန်းသည် သူ့အားထူးဆန်းသည့် အကြည့်များဖြင့် ကြည့်ကာ မေးသည်။

“မနောက်စမ်းပါနဲ့ဗျာ”

လင်းယုသည် မျက်လုံးကိုလှန်ကာ ပြောသည်။

သူပြောသံကြားမှ အခြားသူများသည်လည်း စချင်လာကာ

“ဒါဆိုရင်လည်း ဘယ်လိုလုပ် ဖြစ်လာတာလဲ?”

ဖေးချောင်းလင်းက မေးသည်။

“နိုးလာတော့ သွားရာလည်း တွေ့တယ်”

လင်းယုသည် မေးခွန်းများဖြင့် ပြန်ဖြေသည်။

“ဘယ်လိုလုပ် ဒီကိုက်ရာက ငါ့ကိုယ်ပေါ်မှာ ရှိနေလဲ ငါလည်းမသိတော့ဘူး။ ငါ့အထင်တော့ အခန်းထဲကိုဝင်လာတဲ့အကောင်က ငါမေ့နေတုန်းမှာ ကိုက်လိုက်တာ ဖြစ်လောက်တယ်”

“ဒီသွားရာတွေက တော်တော်နက်တယ်။ မင်းကိုယ်မှာ ပြန်လည်ကုသရေးအစွမ်းရှိတာတောင်မှ ဒီအမှတ်တွေက ပျောက်မသွားဘူးဆိုတော့ ငါ့အထင် ဒီအမှတ်တွေကြောင့် မင်းကိုယ်ကပြောင်းလဲသွားတာများလား?”

လဲ့ယောင်က တွေးရင်းပြောသည်။

လင်းယုသည်လည်း ခေါင်းငြိမ့်ကာ

“ငါလည်းဒီလိုပဲထင်တယ်။ မဟုတ်ရင် ဇွန်ဘီအဖြစ်ပြောင်းမသွားတာတောင်မှ ဒီအမှတ်တွေက ငါ့ကိုယ်ပေါ်မှာ ဘာဖြစ်လို့ရှိနေမှာလဲ? ပြီးတော့လည်း ဒါကဇွန်ဘီကိုက်ရာနဲ့ မတူသလိုပဲ”

အခြားသူများသည်လည်း ခေါင်းငြိမ့်ကာ လီကျန်းက

“လက်ရှိအခြေအနေကို ရှင်းမပြနိုင်ပင်မယ့် ဒါကဖြစ်နိုင်တယ်။ ဒါပင်မယ့်လည်း မင်းဘာပဲဖြစ်ဖြစ် အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနိုင်တာပဲ တော်ပါပြီ။ တခြားဟာတွေက အရေးမပါဘူး”

ပြောပြီးသည့်အခါ လင်းယု၏ပုခုံးပေါ်သို့ လက်တင်လိုက်သည်။ သူနှင့်အခြားအသင်းဖော်များက လင်းယုကို စွန့်ပစ်ခဲ့ရသည်ကို ပြန်တွေးမိတိုင်း သူတို့မှာ အပြစ်ရှိသလို ခံစားနေခဲ့ရတာ ဖြစ်သည်။

လီကျန်းစကားကိုကြားသည့်အခါ ကျန်သည့်သူများလည်း တိတ်ဆိတ်သွားကြသည်။ ဒီရက်များတွင် လင်းယုကို စွန့်ပစ်ခဲ့ရသည်ဟုသည့် အပြစ်ရှိသည့်စိတ်ကြီးကြောင့် သူတို့အဆင်မပြေဖြစ်ခဲ့ရသည်။ သို့သော်လည်း သူတို့သည် တာဝန်ထမ်းဆောင်ကာ သူတို့ညီအကိုဆုံးရှုံးခဲ့ရခြင်းကို မေ့ရန်ကြိုးစားနေကြတာ ဖြစ်သည်။ အခုတော့ ဆုံးရှုံးလိုက်ရပြီထင်သည့် ဒီညီအကိုသည် ပြန်ရောက်လာကာ ပိုတောင်သန်မာလာသေးသည်။

လင်းယုသည်လည်း အသင်းဖော်များမျက်နှာမှ ဝမ်းနည်းမှုကို မြင်သည့်အခါ

“ဟုတ်တယ်။ မြင်တဲ့အတိုင်းပဲ ကျွန်တော်က သတ်ဖို့မလွယ်တော့တဲ့လူအဖြစ် ပြန်ရောက်လာပြီ။ အဲ့ဒါကြောင့် စခန်းကိုပြန်ရောက်ရင် ကျွန်တော့်အစား ယန်လေးကို စောင့်ရှောက်ပေးစရာ မလိုတော့ဘူး”

“ဒါနဲ့ ဒီပင်ဘယ်စခန်းက ခရမ်းရောင်မိုးကြိုးခေါင်းဆောင်ကို မြင်ဖူးကြပြီလား?”

သူသည် စကားစပြောင်းလိုက်သည်။

သူတို့၏တာဝန်မှာ ပင်လယ်မြို့တော်အခြေစိုက်စခန်းမှ ခေါင်းဆောင်သုံးယောက်နှင့် ဆွေးနွေးဖို့လာကြခြင်း ဖြစ်သည်။ သူတို့ကြားသည်မှာ ထိုခေါင်းဆောင်သည် ကြင်နာတက်ကာ ဖြောင့်မတ်သည်ဟူ၍ ဖြစ်သည်။

သူတာဝန်အကြောင်းကိုပြောမှ အခြားသူများသည် စိတ်မကောင်းဖြစ်ခြင်း ရပ်ကြတော့သည်။ လီကျန်းသည် ခေါင်းခါကာ

“မတွေ့ရသေးဘူး။ သူ့တပ်သားတွေနဲ့ စခန်းအပြင်ကို ထွက်သွားတယ်။ ပြန်မလာသေးလို့ ငါတို့မတွေ့ရသေးဘူး”

လင်းယုသည်  အံ့သြသွားကာ

“စခန်းအပြင်ထွက်တယ်? ဘာလုပ်ဖို့လဲ? သယံဇာတစုတာလား? ကျွန်တော်တို့က အချိန်မှားပြီး လာမိပြီပဲ။ အခုသူပြန်လာတာ စောင့်ရတော့မှာလား?”

လီကျန်းသည် ခေါင်းငြိမ့်ကာ

“တခြားသူတွေကို မေးပြီးပြီ။ သူထွက်သွားတာ တစ်လလောက်ရှိပြီတဲ့။ မကြာခင် ပြန်လာလောက်မှာမလို့ ငါတို့စောင့်နေရအောင်”

“ငါတို့မှာ အချိန်ရှိပါတယ်။ ခေါင်းဆောင်ကြီးက သူ့မိသားစုနဲ့ ခေါင်းဆောင်ကို လွှတ်ပေးဖို့ စိတ်ကြိုက်လှုပ်ရှားခိုင်းထားတာပဲ”

လဲ့ယောင်က ပြောသည်။

ထိုအခါ အခန်းထဲက လူငါးယောက်လုံးသည် မျက်နှာများ မည်းသွားကြကာ အမုန်းနှင့် အေးဆက်ခြင်းတို့က ထွက်ပေါ်လာသည်။

“ခေါင်းဆောင်နဲ့ သူ့မိသားစုထွက်လာတာနဲ့ ဒီလူတွေကို ငါတို့လုပ်ချင်တာလုပ်ရပြီ”

ဖန်မင်းယုက ဒေါသတကြီးပြောသည်။

“မကောင်းတဲ့ကောင်တွေ။ ငါတို့ခေါင်းဆောင်ကိုဖမ်းထားပြီး စခန်းကို သူတို့အပိုင်လုပ်ရမယ်လို့ ထင်နေလားမသိဘူး? ခေါင်းဆောင်ကြီးက သူတို့စခန်းကိုပဲ ဖျက်စီးပစ်လိမ့်မယ်”

“လုပ်ဖို့လိုရင် ခေါင်ဆောင်ကြီးက ဒီလိုလုပ်မှာပါ”

လီကျန်းက သူပြောသည်ကို သဘောတူသည်။

“မဟုတ်ရင် ဘာဖြစ်လို့ မိသားစုကို ခိုးပြီးကာကွယ်ပေးဖို့ ငါတို့ကိုလွှတ်မှာလဲ?”

“ပြီးတော့လည်း ငါတို့ကို ဒီကိုလွှတ်တာက ပင်လယ်မြို့တော်စခန်းခေါင်းဆောင်ကြီးရဲ့ လာဘ်စားနေတာကို ဖော်ထုတ်ဖို့မလား?”

ဖန်းချောင်လင်းက ထပ်ပြောသည်။

Previous Chapter 58 of 198 Next