May Honey Logo May Honey
Previous Next

၁၀၄။ ရုတ်တရပ် တိုက်ခိုက်မှု

“ချီး ဒါဘာကြီးလဲ”   သူတို့သည် ခေါင်းလှည့်ကြသည့်အခါ တူယွမ်ရှင်းနှင့် သူ့အသင်းဖော်များသည် ခေါင်းကြီးဇွန်ဘီကို မြင်သည့်အခါ တချို့ကထအော်ကြသည်။ ရွံ့ဖို့ကောင်းလွန်းလို့ ဘာကောင်လဲဆိုတာတောင် သူတို့မပြောတက်တော့ပေ။

လုံချင်းယင်သည်သာ စိတ်ကိုထိန်းကာ လေးပေလောက်ရှိသည့် ဇွန်ဘီကို စူးစမ်းနေနိုင်တာ ဖြစ်သည်။ သူ့တွင် ခေါင်းကြီးတစ်လုံးမှာ မျက်လုံးလေးလုံး၊ နှာခေါင်းနှစ်ခုနှင့် ပါးစပ်ပြဲကြီးတစ်ခုရှိသည်။ ခေါင်းသည်လည်း သွေးများရွဲနေသည့် ဆံပင်ကျို့တို့ကျဲတဲဖြင့် ဖြစ်သည်။ ထိုအရာသည် လူ့ခေါင်းနှစ်လုံးကို ပေါင်းထားသလို ဖြစ်သည်။

‘ရွံ့ဖို့ကောင်းလိုက်တာ’   လင်းချင်းက တွေးနေမိသည်။

သူတို့သည် ဒီခေါင်းကြီးဇွန်ဘီက သူတို့ကိုတိုက်သည့်ကောင် ဟုတ်မဟုတ် အတည်မပြုရသေးခင် ထိုရွံ့စရာဇွန်ဘီသည် လှုပ်ရှားလာသည်။ လူတိုင်းမြင်လိုက်သည်မှာ ထိုဇွန်ဘီသည် သူ့ပါးစပ်ပြဲကြီးကိုဖြဲကာ လင်းချင်းက သူ့သားကောင်များကို လုသွားမှာစိုး၍ အော်ဟစ်လိုက်သည်။ ထိုအသံသည် နားဝင်စိုးလှကာ အရင်ကထက် ပိုပြင်းပြီးကျယ်ကာ စူးရှလွန်းသည်။

“ဖူး”   တူယွမ်ရှင်း၏အဖွဲ့မှ သုံးလေးယောက်လောက်သည် မြေပြင်ပေါ်သို့ လဲကျကာ သွေးအန်ကုန်ကြသည်။ သူတို့သည် လင်းချင်းပေါ်လာသည့်အခါ သူမကိုသာ စိတ်ဝင်တစားဖြင့် ကားထဲတွင် သတိလစ်နေသည့်သူကို ထားခဲ့ကာ စာလာဖတ်ကြခြင်းဖြစ်ခဲ့သည်။ 

ရပ်နေနိုင်သည့်သူများကလည်း သူတို့ခေါင်းထဲက အသံစူးစူးကြောင့် ဦးနှောက်များ ပျက်မလိုတောင် ဖြစ်နေကြသည်။ လုံချင်းယင်သည် မြေပြင်ကို ဓားထောက်ထားကာ ရပ်နေနိုင်သော်လည်း တူယွမ်ရှင်း၊ ချိုင်ဟုန်ချင်းနှင့် အခြားသူများသည် ဒူးထောက်ချလိုက်ရတော့သည်။ အဖွဲ့သားတိုင်းသည် ခနတာ မတိုက်ခိုက်နိုင်တော့ပေ။

ထူးဆန်းသည်မှာ ဒီတိုက်ခိုက်မှုသည် ချူးလီလီကိုတောင် ထိခိုက်စေသည်တောင်မှ လင်းချင်းအတွက်ကျတော့ ဘယ်လိုမှတောင် မနေပေ။  
  
“ဂါး”   လုံချင်းယင်နှင့် အခြားသူများသည် ဘာဖြစ်သလဲ သိချိန်တွင် ခေါင်းကြီးဇွန်ဘီက သူတို့အား ခုန်အုပ်လိုက်ပြီ။

‘ငါတို့တော့သေပြီ’   တူယွမ်ရှင်းနှင့် အခြားသူများသည် ဒါကိုမြင်လိုက်သည့်အခါ ဘာမှမလုပ်နိုင်သဖြင့် မျှော်လင့်ချက်တောင် မရှိတော့ပေ။

အဖွဲ့ထဲမှ အသန်မာဆုံးဖြစ်သည့် လုံချင်းယင်သည် ဓားကိုမြှောက်ထားနိုင်သော်လည်း အခြားတော့ မလုပ်နိုင်တော့ပေ။ သူမ၏လှုပ်ရှားမှုများသည် နှေးလွန်းနေသည်။ ဘာလုပ်ရမလဲ သိသော်လည်း ခန္ဓာကိုယ်သည် သူမ၏စိတ်စေရာအတိုင်း မလုပ်နိုင်တော့ပေ။ ထို့ကြောင့် ဒီခေါင်းကြီးဇွန်ဘီက သူမတို့အဖွဲ့သားများကို တိုက်ခိုက်လာသည်ကို မြင်သည့်အခါ ဓားကိုတင်းတင်းသာ ဆုပ်ထားနိုင်တော့သည်။ သို့သော်လည်း ဇွန်ဘီသည် သူမတို့၏မျက်နှာရှေ့သို့ ရောက်လာသည့်အခါ အရမ်းနောက်ကျသွားပြီ။

အဖွဲ့သားများသည် စိတ်နှလုံးပျက်တော့မည့် အချိန်တွင် အော်သံတစ်ခုက ထွက်လာသည်။   “ဂါး”

အနီးဆုံးဖြစ်သည့် တူယွမ်ရှင်းကို ခေါင်းကြီးဇွန်ဘီက ခုန်အုပ်လိုက်သည့် အချိန်တွင် သူ့အရှေ့မှာ သဏ္ဍာန်တစ်ခုသည် ပေါ်လာကာ သူ့လက်သည်းများဖြင့် ခေါင်းကြီးဇွန်ဘီ၏ ခေါင်းကို ထိုးဖောက်လိုက်သည်။

ခေါင်းပေါက်သွားသည့်အသံနှင့်အတူ စူးရှသည့် အော်သံက ထွက်လာသည်။ လူတိုင်းသည် ခေါင်းများထပ်လှုပ်သွားသလို ခံစားရပြန်သည်။ ထို့နောက် သူတို့၏အမြင်များတောင် ဝေဝါးကုန်ကြသည်။

လင်းချင်းသည် ရွံ့ရှာနေသည့် မျက်နှာဖြင့် အရည်များရွဲနေသည့် အပြာရောင် ဇွန်ဘီအမြူတေကို ဆွဲထုတ်ကာ ကြည့်လိုက်သည်။ ထို့နောက် ခေါင်းကြီးဇွန်ဘီသည် အသားပုပ်ကြီတစ်ခုလို မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ လင်းချင်းသည် ဇွန်ဘီအမြူတေကို ကြည့်ပြီးနောက် မြေပြင်ပေါ်တွင် လဲနေသည့်လူသားများကို ပြန်ကြည့်လိုက်သည်။ 

ခေါင်းကြီးဇွန်ဘီ၏ မသေခင်အော်သံသည် အတော်အားကောင်းပုံရသည်။ သို့သော်လည်း သူမကတော့ ဘာဖြစ်လို့ ဘာမှမခံစားရသလဲ? ဇွန်ဘီဖြစ်နေလို့လား?

သူမသည် ခနတွေးလိုက်ပြီးနောက် ဒါကိုမေ့လိုက်သည်။ သူမတွေးရမည်မှာ ဒီလူသားအုပ်စုဖြင့် ဘာလုပ်ရမလဲဆိုသည်သာ ဖြစ်သည်။ သူတို့ဖြင့် တွေ့ပြီးနေမှတော့ ဒီတိုင်းထားမခဲ့ချင်။ သူမသည် ဇွန်ဘီဖြစ်သော်လည်း တပ်သားတစ်ယောက်၏စိတ်ထားရှိတုန်း ဖြစ်သည်။ ပတ်ဝန်းကျင်ကို ကြည့်သော်လည်း အပုန်းကောင်းနေသည့် ချူးလီလီတစ်ယောက်ကို မတွေ့သေးပေ။

အရင်ကငြိမ်နေသည့် ဇွန်ဘီအုပ်ကြီးသည် အခုတော့ ဒီလူသားများအနားသို့ ကပ်လာကြပြီ ဖြစ်သည်။ ဒါကလည်း ခေါင်းကြီးဇွန်ဘီ၏ နောက်ဆုံးအမိန့်ကြောင့် ဖြစ်သည်။

“ဂါး”
‘ထွက်သွားကြ’
လင်းချင်းသည် သွားကိုဖြဲပြကာ သတိပေးသလို အော်လိုက်သည်။

သာမန်ဇွန်ဘီများသည် ချက်ချင်းရပ်သွားကြသော်လည်း ဒီနားကတော့ မထွက်သွားကြသေးပေ။ သို့သော်လည်း လင်းချင်းကို ကြောက်သဖြင့် အနားသို့ မလာရဲကြပေ။

လင်းချင်းသည် ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် ဒီလူစုကို ကားထဲသို့ ပြန်ထည့်ထားဖို့ ဆုံးဖြတ်လိုက်သည်။ သူမသည် အိတ်ကပ်ထဲသို့ ဇွန်ဘီအမြူတေကို ထည့်လိုက်သည်။ ထို့နောက် လုံချင်းယင်ကို ကားထဲသို့ အရင်ထည့်လိုက်သည်။ ထို့နောက် တစ်ဖွဲ့လုံးကို ကားထဲသို့ ဖြည်းဖြည်းချင်း ထည့်လိုက်သည်။

ထိုအချိန်မှ  ကားအမိုးပေါ်တွင် အဖြူရောင်သဏ္ဍာန်တစ်ခု ပေါ်လာသည်။ ချူးလီလီဖြစ်သည်။ သူမသည် လင်းချင်းက ဒီလူများကို ကားထဲသို့ ထည့်ပြီးသည့်အခါ ထိုလူများကို လက်ညိုးထားပြကာ မေးခွန်းအပြည့်ဖြင့် မျက်လုံးများဖြင့် ကြည့်သည်။ သူမမေးချင်သည်မှာ   ‘ဒီလူတွေကို ဘယ်လိုလုပ်မှာလဲ?’

လင်းချင်းသည် ချူးလီလီကို မော့ကြည့်ကာ ဘယ်နားပြေးပုန်းနေလို့ အခုမှထွက်လာရသလဲ သိချင်သွားသည်။ ထို့ကြောင့် စာရေးပြလိုက်သည်။   ‘လူကြောက်တာလား?’

ချူးလီလီသည် နှုတ်ခမ်းလေးဆူကာ ခေါင်းလွှဲသွားသည်။ ထို့နောက် လင်းချင်းအား ဘာမှပြန်မဖြေပေ။ လင်းချင်းသည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်ရသည်။ 

လူသားများအပေါ် ချူးလီလီ၏ ခံစားချက်ဘယ်လိုရှိသလဲ လင်းချင်းမသိပေ။ မကြိုက်တာသော်လည်း ချူးလီလီသည် လူသားများကို ကြောက်နေသလို ပိုထင်ရသည်။ တကယ်တော့ ချူးလီလီသည် လူဖြစ်ခဲ့သောကြောင့် လူများနှင့် ခင်ချင်သည်။ အခုတော့ ဇွန်ဘီဖြစ်နေသော်လည်း သူမလေးသည် လူမသတ်သလို လူသားလည်း မစားပေ။ လူများကို ကူးဆက်နိုင်သည့် ဇွန်ဘီပိုးရှိနေသော်လည်း လူများနှင့် ရင်းနှီးစွာ အတူနေချင်သေးသည်။ သို့သော်လည်း လူများကတော့ သူမ၏ပြောင်းလဲသွားသည့် ရုပ်ကြောင့် မကောင်းဆိုးဝါးလိုသာ ဆက်ဆံကြသည်။

လင်းချင်းသည် ပတ်ဝန်းကျင်ကို ကြည့်သည့်အခါ ဇွန်ဘီများက နောက်ဆုတ်သွားကြသည်ကို မြင်လိုက်ရသည်။ ဒါသည် ဇွန်ဘီဘုရင်မ ချူးလီလီ ပေါ်လာသောကြောင့် ဖြစ်လိမ့်မည်။ ထို့ကြောင့် သူတို့သည် အလိုလိုကြောက်ရွံ့ကာ နောက်ဆုတ်သွားကြခြင်းပင်။ 

ချူးလီလီက သူမကိုစကားမပြောတော့သဖြင့် လင်းချင်းသည် ကားတံခါးပိတ်လိုက်သည်။ သူမသည် ကားမောင်းဖို့ မရည်ရွယ်သော်လည်း ကားထဲကလူများနှင့်အတူ ကားကိုပါ နယ်မြေထဲသို့ ထည့်လိုက်သည်။ 

ဒီကိုးယောက်က ရှင်မရှင်မသိသော်လည်း သူတို့၏အရှိန်အဝါအရတော့ ရှင်နေသေးသည်။ ဘယ်လိုအခြေအနေလဲ ဆိုသည်ကို မသိသော်လည်း နယ်မြေထဲတွင်ထားကာ နိုးလာမလား မနိုးဘူးလား စောင့်ကြည့်ရမည်။

ကားပျောက်သွားသည့်အခါ ချူးလီလီသည် သန့်ပြန်သည့်နေရာတွင် ရပ်လိုက်သည်။ ထို့နောက် လင်းချင်းက သူမကို စာရေးပြသည်။   ‘ဟိုတယ်လို အဆောက်အဦးမျိုး သွားရှာရအောင်’   သူမသည် ဒီလူများလှဲနိုင်ဖို့ ကုတင်လိုချင်သည်။ သူမတွင် ကုတင်အပိုလည်း မရှိသဖြင့် မြေပြင်ပေါ်တွင် ချထားလို့က မကောင်းပေ။ 

လင်းချင်း၏စာကို ဖတ်ပြီးသည့်အခါ ချူးလီလီသည် တစ်ဖက်ကို ညွှန်ပြသည်။ အစတုန်းက သူမသည် အပေါ်ကနေကြည့်နေတုန်းက ဟိုတယ်လိုအဆောက်အဦးမျိုးကို မြင်ခဲ့တာ ဖြစ်သည်။  
Previous Chapter 104 of 198 Next