May Honey Logo May Honey
Previous Next

၁၅၅။ စကားနဲ့ မြူခိုးနက်

လင်းချင်းသည် ချူးလီလီ၏မျက်လုံးများကို ကြည့်လိုက်သည်။ အရင်က သူမသည် မျက်လုံးများထဲက အနီရောင်စွမ်းအင်ကို မြင်ရသော်လည်း အခုတော့ သူမ၏မျက်လုံးနီနီလှလှလေးများထဲမှ အနက်ရောင်မျက်စံများကို တွေ့ရသည်။ 

လင်းချင်းသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ အစိမ်းရောင်အပင်များနှင့် အညိုရောင်မြေပြင်ကို တွေ့ရသည်။ ထို့နောက် ရေကန်ကို လှည့်ကြည့်လိုက်သည့်အခါ ထိုကန်ထဲရေများသည် စိမ်းပုပ်ရောင်ဖြစ်နေသည်။ ခေါင်းကို မော့ကြည့်လိုက်သည့်အခါ သူမသည် ပြာလဲ့နေသည့် ကောင်းကင်ကျယ်ကြီးကို တွေ့လိုက်ရသည်။ သူမ၏မျက်လုံးထဲတွင် မနက်ခင်းနေရောင်ကိုလည်း တွေ့နေရသေးသည်။

“ဂါး”   ‘အစွမ်းနိုးလာတာလား?’   ထိုအချိန်တွင် ချူးလီလီက မေးလာသည်။ ထိုအခါ လင်းချင်းက သူမကို လှည့်ကြည့်သည်။ ကျွင်းကျွင်းသည်လည်း လင်းချင်းကို စိတ်ဝင်တစား ကြည့်နေသည်။

‘နေရာလွတ်က ငါ့အစွမ်းမဟုတ်ဘူးလား?’   လင်းချင်းသည် ဒီလိုတွေးကာ ပါးစပ်ဟအား ချူးလီလီ၏ အမေးကို ဖြေတော့မည့် အချိန်တွင် လည်ချောင်းက တက်လာသည့် ထူးဆန်းသည့် ခံစားမှုကို သူမသိလိုက်သည်။ သူမသည် လည်ချောင်းကို လက်ဖြင့်ကိုင်ကြည့်ကာ မျက်လုံးက မသေချာမှုဖြင့် ပြည့်သွားသည်။

ထိုအခါ ချူးလီလီနှင့် ကျွင်းကျွင်းတို့လည်း သူမကို နားမလည်စွာ ကြည့်လာကြသည်။

လင်းချင်းသည် လည်ချောင်းကို ထိကြည့်ပြီးနောက် ပါးစပ်ဟကာ ချူးလီလီနှင့် ကျွင်းကျွင်းတို့အား   “အ. . .အာ. . .ငါ. . .ငါ”   ‘ငါ’ဆိုသည်ကို နှစ်ခါပြောပြီးနောက် သူမရပ်လိုက်သည့် ချူးလီလီနှင့် ကျွင်းကျွင်းသည်အား မယုံနိုင်ဖြစ်ကာ မျက်လုံးများ ကျွှတ်ကျမတက် ကြည့်လိုက်သည်။

သူတို့သည်လည်း လင်းချင်းအား သရဲမြင်လိုက်ရသလို လန့်ဖြတ်ကာ ကြည့်နေကြသည်။ အကုန်လုံးသည် ကိုယ့်နားကို မယုံနိုင်ကြပေ။

မယုံနိုင်ဖြစ်နေသည့် လင်းချင်း၏ မျက်နှာသည် အံ့သြသွားပြီးနောက် နေကာမျက်မှန်ကို ချွတ်လိုက်ကာ ထိုလက်ဖြင့် ချူးလီလီကို လက်ညိုးထိုးကာ   “နင်. . .”

ထို့နောက် ကျွင်းကျွင်းဘက်သို့ လှည့်ကာ
“သူ. . .”

ထို့နောက် သူမအား မျက်လုံးအပြူးသားဖြင့် စပ်စုစွာ ကြည့်နေသည့် တုံတုံလေးအား
“တုံတုံ”

သူမ၏အသက်သည် ခြောက်သွေ့ကာ အက်ကွဲနေသော်လည်း တကယ့်ကို သူမသည် ‘နင်’ ‘ငါ’ ‘သူ’ ‘တုံတုံ’တို့ကို ပြောလိုက်နိုင်သည်။

ချူးလီလီသည် မျက်လုံးအဝိုင်းသားဖြင့် ကျွင်းကျွင်းကို လန့်ကာကြည့်လိုက်သည်။ ထိုအခါ ကျွင်းကျွင်းကလည်း သူမကို ဒီလိုကြည့်နေသည်။ ထိုအကြည့်များသည် သူတို့အား အိပ်မက်မဟုတ်ဘူးဟု အချင်းချင်းပြောနေသလိုပင်။

‘လင်းချင်းက တကယ်ကြီး စကားပြောနိုင်တယ် ဒီဇွန်ဘီက စကားပြောနိုင်တယ်’   ကျွင်းကျွင်းနှင့် ချူးလီလီတို့သည် လင်းချင်းက လူနှင့်အရမ်းတူနေသော်လည်း ဇွန်ဘီဆိုသည်ကို မမေ့ပေ။ 

“ဘာ. . .အစွမ်းလဲ?”   လင်းချင်းသည် တဖြည်းဖြည်းချင်း မေးလာသည်။

ချူးလီလီသည် ပါးစပ်ဖွင့်ကာ လျှာကိုလှုပ်သော်လည်း အော်သံပဲ ထွက်လာသည်။   ‘မကြီးရဲ့ ဇွန်ဘီအစွမ်း. . .’   သူမပြောသည်။ ထိုအခါ ချူးလီလီသည် သူမ၏အသံက မပြောင်းသေးသည်ကို သိသွားသဖြင့် အသံလိုချင်သလိုရုပ်လေး ဖြစ်သွားသည်။

ချူးလီလီ၏ မေးခွန်းကို ကြားသည့်အခါ လင်းချင်းသည် သူမ၏ကိုယ်ထဲက အစွမ်းများကို ဘယ်လိုနိုးထအောင် လုပ်ရမလဲ တွေးမိသွားသည်။ ချူးလီလီက ဘာဖြစ်လို့ မေးမှန်းမသိသော်လည်း ဒါကိုကြားသည့်အခါ တစ်ခုခုကို သူမသိလိုက်သလိုပင်။

သူမသည် မျက်လုံးမှိတ်လိုက်ကာ ကိုယ်ထဲက အစွမ်းများကို ခံစားကြည့်သည်။ ဒီနေ့မတိုင်ခင်ကအထိ သူများ၏စွမ်းအားများကို သူမအာရုံခံနိုင်သော်လည်း ကိုယ့်အစွမ်းကို မခံစားရပေ။  အခုတော့ မျက်လုံးမှိတ်လိုက်သည့်အခါ မျက်စိရှေ့က အရာတိုင်းကို အဖြူအမည်းဖြင့် သူမမြင်နေရသေးသည်။ နယ်မြေထဲကနေ အပြင်ဘက်ကို သူမကြည့်တိုင်း မြင်နေရသလိုမျိုး ဖြစ်သည်။

မျက်လုံးမှိတ်လိုက်သည့်အခါ မြင်သမျှအရာအားလုံးသည် အရောင်မဲ့နေကာ အဖြူ၊ အနက်နှင့် မီးခိုးရောင်သာ။ သို့သော်လည်း သူမသည် စွမ်းအင်အရောင်များကို မြင်နေရသည်။ ချူးလီလီဆိုလျှင် သူမ၏မျက်လုံးရဲရဲများတင်မကဘဲ သူမ၏ကိုယ်ထဲတွင် အနီရောင်နှင့် အပြာရောင် အစွမ်းနှစ်ခုရှိနေသည်။ ကျွင်းကျွင်းတွင်တော့ စွမ်အင်မရှိဘဲ အနက်ရောင်သွေးကြောများသာ။ တုံတုံတွင်တော့ အစွမ်းရောင်ဖျော့ဖျော့လေးရှိသည်။ ဒါက လင်းချင်း၏ကန်ထဲကရေကို သောက်ထားသောကြောင့် ဖြစ်သည်။

ထိုအချိန်တွင် ထူးဆန်းသည့် စွမ်းအင်ကို သူမ၏ဦးနှောက်က အာရုံခံမိသွားသည်။ သူမကိုယ်သူမ အာရုံစိုက်ကြည့်သည့်အခါ ခေါင်းထဲကနေ ထူးဆန်းသည့် အနွေးဓာတ်တစ်ခုကို အာရုံခံမိသွားသည်။ ထိုအရာက သူမကို နွေးထွေးကာ သက်သောင့်သက်သာ ဖြစ်စေသည်။  
  
သူမသည် ထိုအနွေးဓာတ်ဖြင့် ရင်းနှီးချင်ကာ ဘာလဲသိချင်သည်။ ဒီအတွေးဖြစ်လာသည့်အခါ အနွေးဓာတ်က စိတ်ထဲကနေ တစ်ကိုယ်လုံးကို ပြန့်သွားပြီး သူမ၏အခေါ်အား စောင့်နေသလိုဖြစ်သွားသည်။ လင်းချင်းက ဒီလိုဖြစ်နေချိန်တွင် ကိုယ်က ပြောင်းလဲလာသည်။

ဘေးက ချူးလီလီနှင့် ကျွင်းကျွင်းတို့သည် သူတို့ရင်များခုန်လာသလို ခံစားရသည်။ ဇွန်ဘီများ၏ အန္တရာယ်ကို အလိုလိုသိစိတ်ကြောင့် သူတို့သည် လင်းချင်း၏အနားကနေ အနောက်သို့ ဆုတ်လိုက်ကြသည်။

သူတို့သည် လင်းချင်းနှင့် မီတာအနည်းငယ်ဝေးသွားသည့်အခါ သူမ၏ကိုယ်ထဲမှ အနက်ရောင်မြူခိုးများ ထွက်လာသည်။ အနက်ရောင်မျိုးခိုးများသည် သူမ၏ကိုယ်ပေါ်တွင် ရှိနေသော်လည်း ချူးလီလီနှင့် ကျွင်းကျွင်းဆီသို့ ပြန့်မလာပေ။

“အား!!!”   ချူးလီလီသည် လင်းချင်းကိုကြည့်ကာ ထအော်သည်။

ထိုအခါမှ လင်းချင်းသည် မျက်လုံးဖွင့်လာသည်။ ချူးလီလီမှာ အနက်ရောင်မြူခိုးများထဲမှ လင်းချင်း၏ မျက်လုံးများသည် အစိမ်းရောင်တောက်နေသည်ကို မြင်လိုက်ရသည်။ ထို့နောက် အစိမ်းရောင်က ပြန်ပျောက်သွားသည်။

လင်းချင်းသည် မျက်လုံးဖွင့်သည့်အခါ သူမဘေးတွင် အနက်ရောင်မြူခိုးများကို တွေ့လိုက်သ်ည။ သူမသည် မြူခိုးများကို လက်ဖြင့်ပုတ်ချသော်လည်း လေထဲတွင် ရောနှောကာ ပျောက်မသွားပေ။

“ဂါး! အား!”   ‘အခုမြူခိုးတွေ ပြန်သိမ်းပေး! အဲ့ဒါအဆိပ်ရှိတယ်!’   ချူးလီလီသည် ထပ်အော်သည် ။ ဒီလိုအော်ရင်း ကျွင်းကျွင်းကိုပါ လင်းချင်း၏ အဝေးရောက်အောက် သူမနှင့်အတူ ဆွဲခေါ်သွားသည်။

ကျွင်းကျွင်းသည် လင်းချင်းထံမှ အနက်ရောင်မြူခိုးများထွက်လာသည့်အခါ သိချင်သွားသော်လည်း ချူးလီလီက အဆိပ်ရှိသည် ပြောသဖြင့် တုံတုံအား တင်းနေအောင်ဖက်ကာ အနောက်သို့ အသာတကြည် လိုက်ဆုတ်ခွာလာသည်။

ချူးလီလီပြောသည်ကို ကြားသည့်အခါ လင်းချင်းသည် လက်ထဲမှ အနက်ရောင်မြူခိုးများကို ပြန်သိမ်းဖို့လုပ်သည်။ 

“အဆိပ်?”   သူမသည် ခြောက်ကပ်နေသည့် အသံဖြင့် ပြန်မေးသည်။ ထိုအချိန်တွင် မြူခိုးများကိုလည်း နယ်မြေကို ထိန်းချုပ်သလို လုပ်ဖို့တွေးလိုက်ကာ မြူခိုးများကို ကြည့်ပြီး စိတ်ထဲကနေ ‘ဝင်’ဟု ပြောလိုက်သည်။

ထို့နောက် လက်ကိုမြှောက်လိုက်ကာ မြူခိုးနက်များက သူမ၏လက်ထဲသို့ ပြန်ဝင်လာသည်ကို ပုံဖော်တွေးလိုက်သည်။ ထင်သလိုပင် မြူခိုးနက်များသည် တဖြည်းဖြည်းလိပ်တက်လာကာ လက်ဝါးထဲသို့ ဝင်သွားပြီးနောက် ပျောက်သွားသည်။

ထို့နောက် သူမအား ရန်လိုသလို ကြည့်နေသည့် ချူးလီလီနှင့် ကျွင်းကျွင်းကို ကြည့်ကာ   “နင်တို့. . .ကြောက်လို့လား?”

‘နှစ်ယောက်လုံးက ဇွန်ဘီတွေကို အဆိပ်ရှိတဲ့မြူကို ကြောက်သေးတယ်လား?’   သူမက နားမလည်နိုင်ပေ။ ကျွင်းကျွင်းက သူမ၏လက်ထဲက တုံတုံကို ငုံကြည့်ကာ ခေါင်းငြိမ့်ပြသည်။ ထိုအခါ တုံတုံကို အဆိပ်မိမှာစိုးရိမ်သည်ကို ကြောက်ကြောင်း သိသွားသည်။

မြူခိုးနက်များ ပျောက်သွားမှ ချူးလီလီသည် အနားသို့ ကပ်လာသည်။   “ဂါး! အား!”   ‘မကြီးရဲ့မြူတွေက ညီမလေးကို အန္တရာယ်ရှိတယ်လို့ ခံစားရတယ်!’

လင်းချင်းသည် ချူးလီလီကို တအံ့တသြကြည့်လိုက်သည်။    ‘ဇွန်ဘီဘုရင်မက ဘာဖြစ်လို့ ငါ့ရဲ့အဆိပ်ရှိတဲ့မြူကို ကြောက်နေရတာလဲ?’  
Previous Chapter 155 of 198 Next