၄၇။ သေပြီဆိုလည်း အရေးမကြီးပါဘူး
စခန်းတွင် လုထန်ယုသည် ယန်ချောင်၏မိန်းမဖြစ်ကြောင်း လူတိုင်းသိကြသည်။ ထို့ကြောင့် သူမကမှ သူမအား အာမခံရဲကြပေ။ သူမကိုမြင်သည်နှင့် သူမအနားမကပ်ချင်က လူတိုင်းက ရှောင်ကြသည်။ လုထန်ယုသည် စခန်းကနေထွက်လာသော်လည်း ယန်ချောင်းကတော့ သူမကို ကာကွယ်ပေးဖို့ သဘာဝလွန်စွမ်းအားရှင်သုံးယောက်ထည့်ပေးလိုက်သေးသည်။ သူမကို သူကလွယ်လွယ်သေစေမှာ မဟုတ်ပေ။
ကောင်းချင်းမင်က နှာခေါင်းရှုံ့ကာ ပြောသည်။
“ဘာဖြစ်လဲတော့ ငါမသိဘူး။ ငါသိတာက မသေခင်မှာ ဝူချန်းယွဲ့ရဲ့ မင်းသမီးလေးကို ပြန်ပေးဆွဲသွားတယ်။ ကလေးမလေးက အခုအထိ ပျောက်နေတုန်းပဲ။ ဒီမိန်းမက ငါ့အထင်တော့. . .တစ်ခုခုလုပ်လိုက်သလားပဲ”
လုထန်ရီသည် ကောင်းချင်းမင်အား ခေါင်းမော့ကြည့်ကာ တည်ငြိမ်စွာဖြင့်
“ဘာကိုပြောချင်တာလဲ?”
ဒီမိန်းမသည် ဆင်ခြင်နိုင်စွမ်းမရှိကာ လုပ်ချင်ရာလုပ်တက်သည်ကို သူသိသော်လည်း ဝူချန်းယွဲ့၏ သမီးလေးကိုတော့ တစ်ခုခုမလုပ်ရဲလောက်ပေ။
ကောင်းချင်းမင်က ပြောသည်။
“ငါအခုလေးတင် နောက်တစ်ခုတွေ့လာတယ်။ မသေခင်ဝူချန်းယွဲ့သမီးကို ပြန်ပေးဆွဲပြီးတော့ ကလေးနဲ့ သွားခြိမ်းခြောက်တယ်။ သူ့ကိုလိုက်နေတယ်ဆိုတာ လူတိုင်းသိပြီးသားပဲ။ ဒီတစ်ခါတော့ သူ့ကိုရသွားပင်မယ့် လင်းယုံးနဲ့ တခြားနှစ်ယောက်က ဇွန်ဘီစာကျွေးလိုက်တယ်။ ဒါပင်မယ့် မသေခင် မင်းသမီးလေးကို ခေါ်မလာတော့ လင်းယုံးတို့လည်း ရှာမတွေ့ဘူး။ ငါသိသလောက်ဆိုရင် ယန်ချောင်က လင်းယုံးတို့ကို တစ်ခုခုခိုင်းထားပုံရတယ်။ အဖြစ်မှန်ကိုတော့ မင်းရှာချင်လား မရှာချင်ဘူးလား?”
သူသည် လုထန်ရီ၏ မပြောင်းလဲသည့် မျက်နှာကို ကြည့်မေးလိုက်သည်။ ကောင်းချင်းမင်ဆိုလိုသည်က လုထန်ရီသာ အဖြစ်မှန်ကို သိချင်လျှင် သူကူရှာပေးနိုင်သည်။
လုထန်ရီက သူ့အားလက်ပြကာ ခေါင်းခါပြီးနောက်
“ထားလိုက်တော့။ သေပြီဆိုလည်း အရေးမကြီးပါဘူး။ ငါ့ကိစ္စမှ မဟုတ်တာ။ ငါတို့ကြားမှာ ဘာမှလုပ်စရာမရှိဘူး”
စကားပြောနေစဉ်တွင် လက်ဝါးထဲက စာ၏ပတ်ဝန်းကျင်တွင် လေပွေလေးတစ်ခု ဖြစ်တည်လာကာ လေပွေကြီးတစ်ခုက ထပ်ပတ်လာသည့်နောက်တွင် စာရွက်သည် ပြာကဲသို့ သေးသေးမွှားမွှားအပိုင်းများအဖြစ် ပျက်စီးသွားသည်။ ထို့နောက် လေပွေတစ်ခုသည် သူ့လက်ဝါးထဲမှ ထွက်လာကာ စာရွက်ပိုင်းများကို ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ယူဆောင်သွားသည်။
သူ့စကားကို ကြားသည့်နောက် ကောင်းချင်းမင်သည် ခေါင်းငြိမ့်ကာ ပြောသည်။
“ဟုတ်ပြီ။ မင်းသဘောပဲ။ ဒါဆိုငါသွားတော့မယ်”
ပြောပြီးနောက် သူသည်လှည့်ထွက်သွားကို တံခါးကိုဖွင့်ထွက်သွားသည်။
သူတံခါးကိုပြန်ပိတ်သွားသည်ကိုကြည့်ရင်း လုထန်ရီ၏ စိတ်ခံစားချက်များသည် မျက်လုံးမှ တဖြည်းဖြည်းထွက်ပေါ်လာသည်။ သူလန့်သွားရသည်။ သူ့ညီမ၏သေဆုံးခြင်းက လက်မခံနိုင်စရာဖြစ်ကာ အမုန်းတရားနှင့်အတူ အခြားစိတ်ခံစားချက်တို့က ရောထွေးနေသည်။
ဒီမိန်းမသည် သူ့အားဘယ်တုန်းကမှ အကိုတစ်ယောက်လို မိသားစုဝင်လို မမြင်ခဲ့တာ ဖြစ်သည်။ သူတို့က အဖေတူမအေကွဲမောင်နှမများဖြစ်သည်။ ငယ်စဉ်တည်းက သူတို့သည် အချင်းချင်း သဘောကျခြင်းမရှိကာ တွေ့တိုင်းလှောင်ရယ်ကာခနဲ့ကြသည်။ သူ့နောက်ကျောမှ သူမသည် သူ့ကိုနည်းပေါင်းစုံဖြင့် အနိုင်ကျင့်သည်။ သူကတော့ ညီမဖြစ်နေသောကြောင့် ဘာမှပြန်မလုပ်ဘဲ သည်းခံနေခဲ့ရသည်။
ဒီမိန်းမသည် သူ့ကိုလုံးဝဂရုလည်း မစိုက်ပေ။ ကမ္ဘာပျက်ကပ်စတုန်းက သူ့အားသူမသည် လာမရှာဘဲ အင်အားရှိသူအချို့နှင့်သာ ထွက်ပြေးသွားကာ သူ့ကိုလျစ်လျူရှုခဲ့သည်။ ထိုအချိန်တုန်းက သူသည်အဖျားကြီးနေခဲ့တာ ဖြစ်သည်။ အကယ်၍ ကောင်းချင်းမင်သာ အချိန်မှီရောက်မလာပါက သူ့အစွမ်းများမနိုးထခင် ဇွန်ဘီစားခံရ၍ သူသေလောက်ပြီ။
ထိုအချိန်တည်းက လုထန်ရီ၏ သူ့ညီမအပေါ် မနှစ်သက်ခြင်းတို့က အမုန်းအဖြစ် ပြောင်းလဲသွားသည်။ သို့သော်လည်း အတွင်းစိတ်မှာတော့ သူမက သူ့အားမိသားစုလို ဆက်ဆံဖို့ကို မျှော်လင့်နေဆဲဖြစ်သည်။ ကမ္ဘာပျက်ကပ်ဖြစ်ပြီးသည့်နောက် သူ့တွင်မိသားစုဟူ၍ သူမသာ ရှိတော့တာ ဖြစ်သောကြောင့်ပင်။
ထို့နောက် စခန်းတွင် ပြန်တွေ့ကြသည့်အခါ သူမသည် သူ့အားမသိသလို ဟန်ဆောင်နေခဲ့သည်။ ယောက်ျားတစ်ယောက်အပေါ်မှီခိုကာ မကောင်းတာမှန်သမျှလုပ်ပြီး စခန်းကလူတိုင်းကို အနိုင်ကျင့်သည်။ သူတို့မောင်နှမဆိုသည်ကို ကောင်းချင်းမင်ကလွဲ၍ စခန်းတွင် ဘယ်သူကမှ မသိပေ။ သူမအနိုင်ကျင့်ကာ လုယက်နေသည်ကိုမြင်တိုင်း သူသည်မမြင်သလိုလုပ်ကာ ကိုယ့်ကိစ္စကိုယ်သာ အာရုံစိုက်မိသည်။ သူမကလည်း သူ့အားစကားတစ်ခွန်းမှ စပြီးတော့ လာမပြောပေ။
လုထန်ရီသည် သူ့စိတ်ကိုမနိုင်ကြောင်း သူကိုယ်တိုင်သိသည်။ သူမကို မုန်းသော်လည်း သူမ၏သတင်းများကိုတော့ နားမစွန့်ဘဲ မနေနိုင်ပေ။ အခြားသူများကို သူမအနိုင်ကျင့်နေသည်ကိုမြင်တိုင်း သူမနှင့်ဝေးဝေးတွင်သာ နေချင်သည်။ သို့သော်လည်း နောက်ကွယ်မှနေ သူမရှုပ်သမျှကို သူကြိတ်ကာဖြေရှင်းပေးနေဆဲဖြစ်သည်။
အခုတော့ သူမသည် တကယ်သေသွားခဲ့ပြီ။ သူ့၏တစ်ဦးတည်းသာကျန်သည့် မိသားစုဝင်သည် သေဆုံးသွားလေပြီ။ သူမ၏မကောင်းသည့် လုပ်ရပ်များကြောင့် သူမပြန်ခံရမည်ကို သူအမြဲတမ်းသိနေခဲ့သော်လည်း လုံးဝလက်မခံနိုင်သေးပေ။ သူမလုပ်သမျှကို ဖြေရှင်းပေးနေခြင်းသည်လည်း အခြားသူများက သူမအား လက်စားပြန်မချေအောင်သာ။
ယန်ချောင်က သူမကို ချစ်မြတ်နိုးကာ သူမလုပ်ချင်တာလုပ်ခွင့်ပေး၍ ပြဿနာရှင်းပေးတက်ကြောင်းလည်း သူသိသည်။ ထို့ကြောင့် အနည်းဆုံးတော့ ဒီယောက်ျားဘေးမှာရှိနေလျှင် သူမလုံခြုံသဖြင့် သူစိတ်အေးရသည်။
သို့သော်လည်း သူမသည် စခန်း၏အခြားခေါင်းဆောင်တစ်ယောက်ကို မျက်စိကျသွားခဲ့သည်။ လုထန်ရီမှာ စိတ်ပူလာရကာ ကောင်းချင်းမင်အား သူမ၏လှုပ်ရှားမှုများကို စုံစမ်းခိုင်းနေရသည်။ သို့သော်လည်း သူ့ညီမသည် ယုံကြည်မိသူလက်ထဲ သေဆုံးရပြီ။ ကောင်းချင်းမင်၏ အပြောအရဆိုလျှင် ယန်ချောင်သည် သူ့ညီမအပေါ် စိတ်ဝင်စားမှု မရှိတော့ပုံရသည်။
လုထန်ရီသည် စားပွဲမှထကာ ပြတင်းပေါက်သို့ သွားလိုက်သည်။ ထို့နောက် ခေါင်းကိုမော့ကာ ကမ္ဘာပျက်ကပ်ခေတ်၏ မည်းမှောင်နေသည့် ကောင်းကင်ကိုကြည့်ကာ သူ့ရင်ထဲတွင် လစ်ဟာသွားသလို ခံစားလိုက်ရသည်။
ကောင်းကင်ကို ခနကြည့်ပြီးသည့်အခါ သူ့ပုခုံးပေါ်မှ လျှောကျလုမတက်ဖြစ်နေသည့် ကုတ်အကျီကို ဝတ်လိုက်ပြီးနောက် တံခါးသို့ ထွက်လာသည်။ သူတံခါးဖွင့်လိုက်သည်နှင့် အိပ်ချင်စုံမွှားဖြင့် တံခါးကိုမှီထားသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။
လုထန်ယုသည် ခနရပ်လိုက်ကာ လေသံပျော့ပျော့လေးဖြင့်
“မင်းပြောတော့ ပြန်တော့မယ်ဆို?”
ကောင်းချင်းမင်သည် လုထန်ရီအား ခနကြောင်ကြည့်နေပြီးမှ ဘာပြောချင်သလဲကို နားလည်သွားကာ ပြန်ဖြေသည်။
“ငါသွားမယ်ပြောတာ။ ပြန်ပြီလို့ မပြောဘူး”
လုထန်ရီသည် သက်ပြင်းချကာ ဘာမှမပြောတော့ဘဲ ဆက်လျှောက်သွားသည်။ ကောင်းချင်းမင်သည် သူ့အနောက်ကို လိုက်လာကာ
“တကယ်လို့ စခန်းက ထွက်မယ်ဆိုရင် ဘာဖြစ်လို့ မင်းနဲ့လိုက်ဖို့ ငါ့ကိုမခေါ်တာလဲ? ငါအပြင်မထွက်ရတာ အတော်ကြာပြီ”
စကားပြောနေရင်း သူသည် လက်ကိုမြှောက်ကာ သမ်းနေသည့် ပါးစပ်ကို အုပ်ထားသည်။
လုထန်ရီက ဘာမှမပြောဘဲ လှေကားမှ ဆက်ဆင်းလာသည်။ သူတို့နှစ်ယောက်သည် ခွဲလို့မရတာ မဟုတ်သော်လည်း စခန်းအပြင်ထွက်တိုင်း အတူသွားကြသည်။ ဘယ်သူက သွားချင်သည်ဖြစ်စေ နောက်တစ်ယောက်က လိုက်လာပေးစမြဲပင်။ စခန်းမှ အချို့လူများက သူတို့ကို အတွဲဟု ထင်ကြသည်။ သူတို့နှစ်ယောက်လုံးက ယောက်ျားများကို စိတ်မဝင်စားသည့်တိုင်အောင် အချို့လူများကတော့ ချောမောသည့် နှစ်ယောက်က အတူရှိနေသဖြင့် လက်မခံနိုင်ကြပေ။
ကမ္ဘာပျက်ကပ်ခေတ်တွင် အမျိုးသမီးရှားပါးလာသဖြင့် အသားဖြူကာ ပိန်သွယ်ပြီး ချောမောသည့် ယောက်ျားလေးများက ရေပန်းစားကြသည်။ ဒီအကြောင်းများကြောင့် အချို့လူများက ကမ္ဘာပျက်ခေတ်ကြီးကို ကွေးသွားသည့်ခေတ်ဟုတောင် ခေါ်ဆိုကြသည်။
ဝမ်းနည်းစရာမှာ ဒီနှစ်ယောက်သည် သူများ၏မျက်လုံးထဲတွင် ကွေးချင်စရာ အကောင်းဆုံးဖြစ်နေသော်လည်း သူတို့သည် ယောက်ျားများကို စိတ်ဝင်စားမှုမရှိကာ မိန်းမသာ ကြိုက်ကြသည်။ သူတို့အား မျက်စိကြသည့် ယောက်ျားများသော်လည်း သူတို့ထက် သန်မာသူမရှိကြပေ။ မဟုတ်လျှင် ကမ္ဘာပျက်ခေတ်တွင် ဖြစ်လေ့ဖြစ်ထရှိသည့် မုဒိန်းမှုသည် သူတို့ထံတွင် ဖြစ်လာလိမ့်မည်။ ဒီလိုကြံစီမှုမျိုး ဖြစ်ခဲ့သော်လည်း ရလဒ်ကတော့ . . .ထင်သလို မဟုတ်ပေ။ ဒီလိုကြံစီသူများ၏ အဆုံးသတ်သည် လုထန်ရီဆီမှ အပိုင်းပိုင်းဖြတ်ကာ သတ်ခံရခြင်း သို့မဟုတ် ကောင်းချင်းမင်က ခြေလက်များကို စခန်းထဲမှာ ဖြတ်ပြီးတော့ ဇွန်ဘီစာကျွေးခံရခြင်းသာ။