May Honey Logo May Honey
Previous Next

၉၉။ ပေါ်ထွက်လာတဲ့လူသား

ဒီမိန်းမသည် အေးစက်ကာ အမှုအယာမဲ့နေသည်။ သူမ၏မျက်လုံးများသည် ကားအနောက်ကိုသာ ကြည့်နေကာ ဘာအမှုအယာမှမရှိပေ။ သူမသည် သတိအပြည့်ဖြင့် ဂရုစိုက်နေပုံလည်း မရှိသလို ပတ်ဝန်းကျင်နှင့် လုံးဝကို အဆက်ပြတ်သလို ဖြစ်နေသည်။ အေးစက်သည့် မိန်းမသည် သန်မာပုံရကာ ထက်မြက်သည့် ဂျပန်ဓားတစ်ချောင်းကို လွယ်ထားသည်။

ကားထဲကလူများကတော့ ယောက်ျားများသာ ဖြစ်ကြသည်။ အမျိုးသမီးကို ကားအမိုးပေါ်တွင် တစ်ယောက်တည်း ထိုင်ခိုင်းသည်က မှန်ပုံမရသော်လည်း ကားထဲက ဘယ်သူကမှ ဒီအမျိုးသမီးကို ယှဉ်မတိုက်နိုင်ကြပေ။ ထို့ကြောင့် သူမ၏သဘောအတိုင်း ကားအမိုးပေါ်တွင်သာ ထိုင်ခွင့်ပြုထားရသည်။

“လေအစွမ်းရှိတဲ့ ဇွန်ဘီလုပ်တဲ့ လေမုန်တိုင်းက အရမ်းပြင်းတယ်။ အဆင့်ငါးကို ရောက်လောက်ပြီ။ ငါတို့ဒီတစ်ခါရပါ့မလား? အရင်က လူအများကြီး သေသွားတာတောင် ရှုံးသွားသေးတယ်”   ကားထဲကလူက ပြောသည်။

“ဘာတွေကြောက်နေတာလဲ? ငါတို့ဒီတစ်ခါ အဆင့်ငါးသတ္တုစွမ်းအားရှင်ကို တွေ့ထားပြီမလား? ပြီးတော့ ငါတို့လူအများကြီးပဲ။ ဘယ်လိုလုပ်ပြီး အဆင့်လေးဇွန်ဘီကို သတ်ဖို့က ရှုံးမှာလဲ? ငါတို့မတိုင်ခင် တခြားလူတွေက ဦးသွားမှာပဲ စိုးရိမ်ရတာ”

“ဟုတ်တယ်။ လျို့ဝှက်ချက်က ပေါက်သွားပြီ။ ဒီနေရာမှာ အဆင့်လေးဇွန်ဘီရှိတယ်ဆိုတာကို သူများတွေ သိကုန်ပြီ။ ငါတို့မြန်မြန်သာ မလှုပ်ရှားရင် တိုက်ခွင့်ရမှာ မဟုတ်တော့ဘူး”

 “ဒါတွေအကုန်လုံးက ဟိုခွေးကောင်ကြောင့်ပဲ။ သူသာ ပေါင်မုန့်တစ်အိတ်အတွက်နဲ့ အရင်ကဘာဖြစ်လဲဆိုတာကို ပြောပြရဲတယ်။ သူသာနေ့တိုင်း လက်ထောက်ခေါင်းဆောင်နောက်ကို လိုက်မနေရင် သေအောင်နှိပ်ဆက်ပစ်လိုက်ပြီ”

“စိတ်ရှည်စမ်းပါ။ အခွင့်အရေးရှိပါသေးတယ္။ ဒါပင်မယ့် ဦးစားပေးက ဇွန်ဘီအမြူတေရဖို့ပဲ။ အဆင့်လေးဇွန်ဘီအမြူတေနဲ့ အဆင့်သုံးအမြူတေနှစ်ခုက ငါတို့အတွက် တစ်လစာ အစာနဲ့လက်နက်ရဖို့ ကောင်းတယ်”

“ပြီးတော့ စောင်ကြမ်း! ညတိုင်းခဲသေတော့မတက်ပဲကွာ! အိမ်မှာနွေးနွေးထွေးထွေး အိပ်ရာလေးနဲ့ အိပ်ဖို့ကို မစောင့်နိုင်တော့ဘူး”

“ဟုတ်တယ်။ ငရဲမီးခေါင်းဆောင်က စခန်းတစ်ဝက်လောက်ကို မီးလောင်တိုက် သွင်းပစ်ထားတာဆိုတော့ ဒီနားကို ဘယ်သူက အခုသွားနိုင်တော့မှာလဲ? ပြီးတော့ ယန်ကျင်းဟွာလို ခွေးကောင်ကများ ငါတို့ခေါင်းဆောင်ရဲ့ နောက်ကျောကို ဓားနဲ့ထိုးရဲတယ်”

“အမှန်ပဲ။ ငါတို့ခေါင်းဆောင်ကသာ သူ့ကိုစခန်းထဲခေါ်လာပြီး ကာကွယ်ပေးထားလို့ အခုအထိ အသက်ရှင်နေတာမလား?  ယန်ကျင်းဟွာက တခြားသူတွေကို ခေါ်လာပြီး သစ္စာဖောက်ရတယ်လို့။ သူ့ကြောင့် ငါတို့စခန်းက ငြိမ်းချမ်းတဲ့ ဘဝလေးပျောက်သွားတာ”

“ငါကြားတာတော့ ယန်ကျင်းဟွာက အခုတခြားသူတွေကို လိုက်ဖမ်းနေတယ်တဲ့။ သူက ချန်းဝမ်ရှုနဲ့ လင်းဝမ်ဝမ်တို့ကို သူ့မယားအဖြစ် သိမ်းချင်နေတာ”

“သူတို့မိသားစုတွေ သူ့လက်ထဲမှာ မမိပါစေနဲ့ကွာ။ ယန်းကျင်းဟွာက အဆင့်ခြောက်ဆိုပင်မယ့် သူတို့က ပြန်တိုက်လို့ရရင်သေးတယ်။ ဒါပင်မယ့် အဲ့ဒီခွေးကောင်က မြေနဂါးစခန်းက အဆင့်ခြောက်လူတစ်ယောက်ကို သူ့ကိုကူဖို့ ခေါ်လာတယ်တဲ့”

ကားထဲကလူများသည် စခန်းတွင်ဖြစ်သမျှကို စိတ်နာစွာဖြင့် ပြောနေကြသည်။ သို့သော်လည်း သူတို့လင်းဝမ်ဝမ်အကြောင်းပြောသည့်အခါ ကားခေါင်မိုးပေါ်က အမျိုးသမီး၏ မျက်လုံးများထဲတွင် အရိပ်အယောင်တစ်ခု ပေါ်လာသည်။ စိတ်ပူခြင်းဖြစ်သည်။

သို့သော်လည်း မကြာခင်တွင် သူတို့သည် လေစွမ်းအင်ဇွန်ဘီမ၏ နယ်နမိတ်သို့ ရောက်လာကြသည်။ သူတို့၏ကားနောက်တွင် ဇွန်ဘီများက အစုလိုက်အပြုံလိုက် ပါလာကြသည်။ သို့သော်လည်း ကားလောက်မမြန်သည့်အခါ တစ်ကောင်နှစ်ကောင်လောက်သာ ကားအနီးသို့ ရောက်နိုင်ကြသည်။ လူတိုင်းသည် သူတို့လက်ထဲမှ သေနတ်ကိုထုတ်ကာ ကားပြတင်းပေါက်ကနေ လှမ်းပစ်ကြသည်။ ထို့ကြောင့် အနားကပ်လာသည့် ဇွန်ဘီတိုင်း၏ခေါင်းထဲသို့ ကျဉ်ဆန်တစ်တောင့်ဆီ ဝင်သွားကြသည်။ 

ချိုးလီလီ၏ မျက်လုံးထဲတွင် အကြောက်တရားက ပေါ်လာသည်။ ထို့နောက် သူမရှိသည့်နေရာမှ ချက်ချင်းပျောက်သွားကာ အနားရှိအဆောက်အဦးနားတွင် ပေါ်လာသည်။ သူမသည် အပေါ်ဆုံးထပ် ပြတင်းပေါက်မှနေ အောက်ကိုလှမ်းခိုးကြည့်နေသည်။

သူမသည် လူသားမြင်တိုင်း အလိုလိုပုန်းချင်စိတ်ပေ ါက်လာတာ ဖြစ်သည်။ သူမသည် အခုအစွမ်းကောင်းနေပြီ ဖြစ်သော်လည်း လူသားများကို မထိခိုက်ချင်ပေ။ အရင်က လူသားများသည် သူမကို ထိခိုက်စေသော်လည်း လက်စားချေဖို့တော့ ဘယ်တုန်းကမှ သူမမတွေးပေ။

ကားထဲကလူများသည် နယ်နမိတ်ထဲသို့ ရောက်လာသည့်အခါ ပုံမှန်မဟုတ်သည်ကို သတိထားမိသွားကြသည်။

“ဟင်? ဘာဖြစ်လို့ သာမန်ဇွန်ဘီတွေက ဝင်လို့ရနေတာလဲ? အရင်က ဒီအနားကို မလာရဲကြပါဘူး။ ဒီတစ်ခေါက်တော့ မရပ်ဘဲ ဆက်လိုက်လာကြတယ်။ ဘာဖြစ်လို့လဲ?”   ကားရှေ့ခန်းမှ တူယွမ်ရှင်းသည် သူတို့နောက်လိုက်လာသည့် ဇွန်ဘီအုပ်ကြီးကို ကားနောက်မှန်ကနေ ကြည့်ကာ နားမလည်စွာ ပြောသည်။

အခြားသူများသည် ဇွန်ဘီများက မရပ်ဘဲ သူတို့နောက်သို့ ဆက်လိုက်လာကြသည်ကို လှည့်ကြည့်ကြသည်။ အချို့က ဒီနေရာကို ရောက်ဖူးလို့ အကြောင်းကိုသိသော်လည်း အချို့ကတော့ အခုမှရောက်ဖူး၍ မသိကြပေ။ မြို့လည်လို လူရှုပ်ခဲ့သည့် နေရာများတွင် ဇွန်ဘီများက ပိုများသောလည်း တူယွမ်ရှင်းနှင့် သူ့လူများသည် ဒီနေရာကို အရင်ကရောက်တုန်းက ဇွန်ဘီတစ်ကောင်မှ မတွေ့ခဲ့ပေ။ 

ထို့ကြောင့် အဆင့်မြင့်ဇွန်ဘီ၏ ပိုင်နက်ဖြစ်ကြောင်း သိခဲ့သည်။ နောက်ဆုံး လူဆယ့်နှစ်ယောက်နှင့် လာတုန်းက အဆင့်လေးဇွန်ဘီသည် သူတို့ကို လေမုန်တိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ အားနည်းသူများသည် ချက်ချင်းသေသွားခဲ့သည်။ နောက်ဆုံးတော့ တူယွမ်ရှင်းအပါအဝင် အဆင့်လေး အဆင့်ငါးလောက် စွမ်းအားရှင်အချို့သာ ထွက်ပြေးလွတ်မြောက်ခဲ့တာ ဖြစ်သည်။

အဆင့်ငါးစွမ်းအားရှင်သည် အဆင့်လေးဇွန်ဘီထက် အဆင့်မြင့်တာ မှန်သော်လည်း သူတို့လိုက်နေသည့် ဇွန်ဘီမှာ အဆင့်လေးထိပ်ဆုံးရောက်ကာ အဆင့်ငါးဖြစ်တော့မှာ ဖြစ်သည်။ ထို့ကြောင့် တူယွမ်ရှင်းတို့အဖွဲ့သည် အဆင့်ငါးစွမ်းအားရှင်တစ်ယောက်ပဲ ထိုအချိန်က ပါခဲ့သဖြင့် အဆင့်လေးလေစွမ်းအားဖြင့်ဇွန်ဘီကို ယှဉ်မရခဲ့ပေ။

လက်ရှိတွင် အဆင့်ငါးစွမ်းအားရှင်သည် ရှင်သန်သူများထဲတွင် အရမ်းသန်မာကာ အဆင့်တန်း မြင့်မြင့်နေကြရသည်။ ပုံမှန်အားဖြင့် သူတို့သည် အမဲလိုက်အဖွဲ့တွင် ခေါင်းဆောင် တာဝန်ယူကြရသည်။ သို့သော်လည်း အချို့ကတော့ တစ်ယောက်တည်း လွတ်လပ်စွာ နေတက်ကြသည်။ ဉပမာ ကားခေါင်မိုးပေါ်က အမျိုးသမီးလို ဖြစ်သည်။

သူမသည် လုံချင်းယင်ဖြစ်သည်။ အမျိုးသမီးဖြစ်သော်လည်း ဟေးဒီးစခန်းတွင် အားသန်လွန်းသောကြောင့် နာမည်ကြီးသည်။ သူမသည် အခြားသူများနှင့် အဝေးမှာ တစ်ယောက်တည်းနေလေ့ရှိကာ စခန်းအပြင်ထွက်ရင်တောင် အဖွဲ့လိုက်အလုပ်များကို ရှောင်တက်သည်။ မိသားစုမရှိသည့် သူမသည် ဟေးဒီးစခန်းမှ ခေါင်းဆောင်အမျိုးသမီး၏ ညီမဖြစ်သည့် လင်းဝမ်ဝမ်နှင့်သာ ရင်းနှီးသည်။

ကောလဟာလအချို့မှာ လုံချင်းယင်ကြောင့် လင်းဝမ်ဝမ်တို့ မိသားစုသည် အောင်မြင်စွာ ထွက်ပြေးနိုင်ခြင်း ဖြစ်သည်။ ဒီအကြောင်းပြချက်ကြောင့် စခန်းကလူအများစုသည် ပြဿနာအိုးသူမကို အကျယ်ချုပ်ထားချင်နေကြသည်။ ထို့ကြောင့် သူမသည် ခနပုန်းရန်အလို့ငှာ ဇွန်ဘီအမဲလိုက် ထွက်လာခြင်းပင်။

ထို့အပြင် လုံချင်းယင်အတွက် အပြင်ထွက်ရသည်က မကောင်းတာ မဟုတ်ပေ။ သူမတို့ စခန်းကလူများသာ သူမကိုခေါ်ထုတ်မလာလျှင် သူမသည် ပင်လယ်မြို့တော်စခန်းသို့ ပြောင်းသွားလောက်ပြီ။ အခုအချိန်တွင် သူမသည် နောင်ရေးအတွက် အစာကိုရနိုင်သမျှ များများစုနေဖို့ ပြင်ဆင်နေတာ ဖြစ်သည်။

Previous Chapter 99 of 198 Next