၅၂။ နည်းနည်းလွတ်သွားတယ်
“သတိထား!”
ဓားပြခေါင်းဆောင်သည် လင်းချင်းက မျက်စိတစ်မှိတ်အတွင်း သူတို့အနားသို့ ချက်ချင်းရောက်လာသည်ကို မြင်သည်နှင့် မီးစွမ်းအားရှင်ဓားပြအား အလိုအလျောက် သတိပေးလိုက်သည်။ သို့သော်လည်း သူအော်လိုက်ခြင်းက ဘာမှပြောင်းလဲမသွားပေ။ သူ့စကားဆုံးသည်နှင့် သူမ၏လက်သည်းများကို လှုပ်ရှားလိုက်ခြင်းကို မြင်လိုက်ရသည်။ ထို့နောက်တွင်တော့ မီးစွမ်းအားရှင်၏ခေါင်းသည်လည်း ပြုတ်ထွက်လာတော့သည်။
“ဘန်း! ဘန်း! ဘန်း!”
ကြောက်လန့်တကြားဖြင့် အခြားဇွန်ဘီများသည် လင်းချင်းထံသို့ ကျည်ဆန်ဖြင့် ပစ်ကြသည်။ သို့သော်လည်း သူမသည် အလွန်မြန်သဖြင့် သူတို့သည် သူမနေရာကို မသိနိုင်ကြပေ။ သူတို့ပစ်လိုက်သည်နှင့် သူမသည် ထိုနေရာမှ တခြားနေရာသို့ ရောက်သွားနှင့်ပြီ။
ဒီအခြေအနေကို မြင်သည့်အခါ ဓားပြများသည် တိုက်မနေတော့ဘဲ အမြန်လှည့်သာပြေးကြသည်။ ရေခဲစွမ်းအားရှင်ခေါင်းဆောင်သည် အမြန်ဆုံးဖြစ်သည်။ လင်းချင်းသည် အန္တရာယ်များကာ ကြောက်ဖို့အကောင်းဆုံးဟု သူခံစားလိုက်ရသောကြောင့် ဖြစ်သည်။ မီးစွမ်းအားရှင်ဓားပြ၏ ခေါင်းကိုဖြတ်သွားခြင်းအား မြင်လိုက်တည်းက သူထွက်ပြေးဖို့ ချက်ချင်းဆုံးဖြတ်ခဲ့တာပဲ ဖြစ်သည်။
သူသည် သစ်တောထဲသို့ ချက်ချင်းထွက်ပြေးသွားသည်။ အခြားဓားပြများကလည်း ဦးတည်ချက်မရှိ ခြေဦးတည့်ရာသို့ တကွဲတပြားထွက်ပြေးကုန်ကြသည်။ လင်းချင်းသည် အနောက်ကျဆုံးသူကို ရွေးလိုက်ကာ သူ့အနောက်သို့ ပြေးလိုက်သွားသည်။ သိပ်မကြာခင်တွင်ပဲ ထိုလူ၏အော်သံက ထွက်ပေါ်လာတော့သည်။
လင်းချင်းသည် ခနကြာသည့်အခါ အဝတ်များနှင့် လက်နက်တို့က သယ်ကာပြန်လာသည်။ သူမသည် သူသတ်လိုက်သည့် ဓားပြများဆီမှ ယူလာသည်မှာ မေးစရာတောင် မလိုပေ။ သူမသည် သစ်တောထဲမှ ထွက်လာသည့်အခါ သူမ၏လက်ထဲမှ အဝတ်များသည် ပျောက်သွားသည်။
မီးစွမ်းအားရှင်ဓားပြဆီသို့ လျှောက်သွားကာ ရှဲ့တုန်းအားကြည့်လိုက်သည်။ ရှဲ့တုန်းသည် အန်နေဆဲဖြစ်သောကြောင့် သူ့ကိုလွှတ်ထားလိုက်တော့သည်။ ထို့နောက် သူမသည် ခေါင်းကိုငုံ့ကာ ထိုဓားပြခေါင်းအား စခွဲတော့သည်။
သွေးနံ့ရသည့်အခါ လင်းချင်းသည် ဗိုက်ထဲမှ သူမတစ်ကိုယ်လုံးကို ကျိုးပဲ့လုနီးပါး လေးလံလာခြင်းကို ခံစားမိသော်လည်း သူမသည် သည်းခံထားလိုက်သည်။ ရှဲ့တုန်းသည် ဆာလောင်ခြင်းကို မခံနိုင်သော်လည်း သူမကတော့ သည်းခံနိုင်သည်။ လူသားများကို သူမသည် လွယ်လွယ်ကူကူမစားနိုင်ပေ။
ခနလောက်အန်နေသော်လည်း ဘာမှထွက်မလာသည့်အခါ ရှဲ့တုန်းသည် လက်လျှော့လိုက်သည်။ ထို့နောက်တွင်တော့ သူ့ပါးစပ်ကသွေးများကို သူ့အကျီလက်ဖြင့် သုတ်လိုက်သည်။ ပြီးမှ ပြန်ထလာသည်။
တိုက်ပွဲအခြေအနေကို ကြည့်လိုက်သည့်အခါ သူသတ်လိုက်သည့်လူဝကြီးအပြင် အခြားခေါင်းမရှိသည့် ကိုယ်လုံးပြောင်ဖြင့် အလောင်းနှစ်ခုကိုလည်း တွေ့လိုက်သည်။ အခုအချိန်တွင် လင်းချင်းသည် လူဝကြီး၏ခေါင်းကိုခွဲနေတာ ဖြစ်သည်။ သွေးနံ့ပြင်းပြင်းကြောင့် သူထိန်းထားသည့် ဆာလောင်ခြင်းက ပြန်နိုးထလာပြန်သည်။
ရှဲ့တုန်းသည် အံ့သြသွားသည်။
‘အခုဘာဖြစ်သွားတာလဲ? ပြီးတောင်သွားပြီလား?’
လူဝကြီး၏အဝတ်များကို ချွတ်ပြီးနောက် လင်းချင်းသည် သူမ၏နယ်မြေထဲသို့ ထည့်လိုက်သည်။ လင်းချင်းသည် ထလာကာ ရှဲ့တုန်းကို ကြည့်လိုက်သည်။ ရှဲ့တုန်း၏မျက်နှာသည် ပြာနှမ်းနေဆဲဖြစ်ကာ သူ့မျက်လုံးများသည် မှိန်နေပြီး မျက်နှာအမူအယာသည်လည်း မည်းသည်းနေသည်။ သူသည် လူ့နှလုံးကို စားလိုက်ပြီဖြစ်သောကြောင့် စိတ်ကဒါကို လက်မခံနိုင်ဖြစ်နေခြင်းပင်။ သူ့ကိုယ်သူရွံ့နေမိသောကြောင် ဒီလိုမျက်နှာထားဖြစ်နေတာဖြစ်သည်။
လင်းချင်းနှင့် ရှဲ့တုန်းတို့သည် ဒီဓားပြများကို သတ်လိုက်ရခြင်းအား စိတ်လေးခြင်းမရှိပေ။ အထူးတပ်ဖွဲ့ဝင်ဟောင်းများဖြစ်သဖြင့် သူတို့သည် အရင်ကလည်း လူသတ်ဖူးကြသည်။
ထို့ကြောင့် အခြားသူများအတွက် ဒီလိုယုတ်မာသည့်သူများကို သတ်ပေးရခြင်းဟုသာ မြင်သည်။ ဒီဓားပြများသည်လည်း သူမတို့မသတ်ပါက ရှဲ့တုန်းအား သူတို့ကသတ်မှာဖြစ်သည်။ သနားနေလို့ကိုမရပေ။ သို့သော်လည်း ဓားပြအချို့က ထွက်ပြေးသွားသည်။ ကျန်သည့်သူများက အခြားသူများကို ဆက်ထိခိုက်အောင် လုပ်ဦးမှာပဲဖြစ်သည်။
လင်းချင်းသည် ကားတံခါးကိုဖွင့်လိုက်ကာ ကားမောင်းသည့်ခုံတွင်ထိုင်လိုက်ရင်း ရှဲ့တုန်းအား စောင့်နေသည်။ သူမကားပေါ်သို့ တက်သွားသည်ကို မြင်သည့်အခါ ရှဲ့တုန်းသည်လည်း ဒီနေရာတွင် ကြာကြာနေ၍မရသည်ကို နားလည်သွားသည်။ ထို့နောက်ကားနောက်ခန်းတွင် ဝင်ထိုင်လိုက်သည်။ နှလုံးကိုစားမိထားသဖြင့် ဇွန်ဘီသဘာဝအရ စားမိခြင်းကို ကျေနပ်နေသော်လည်း စိတ်ထဲတွင်တော့ လူသားစားမိခြင်းကို လိပ်ပြမလုံဖြစ်နေသည်။
လင်းချင်းသည်လည်း သူ့စိတ်ကမကြည်ဖြစ်နေမည်ကို သိသောကြောင့် အချိန်ခနလောက် သူမကိုယ်တိုင်ပဲ ကားမောင်းပေးမှာ ဖြစ်သည်။ သူမသည် ကားစက်နှိုးကာ မောင်းတော့သည်။ မြို့နှင့်ဝေးဝေးသို့ ရောက်လေလေ ပတ်ဝန်းကျင်သည် ပိုပြီးပျက်စီးလာလေလေဖြစ်သည်။ သို့သော်လည်း အဝေးပြေးလမ်းမကြီးတွင် ကားများစွာနှင့် အလောင်းတို့က အတူတကွ ရှိနေဆဲပင်။
လင်းချင်းကားမောင်းပြီးနောက် သိပ်မကြာခင်တွင် သဏ္ဍာန်သုံးခုသည်ပေါ်လာကြသည်။ သူတို့သည် အလွန်လျှင်မြန်ကြကာ တစ်ခါခုန်လျှင် ဆယ်မီတာလောက်ရောက်နိုင်သည်။ သူတို့အရှေ့ဆုံးကအကောင်ကတော့ တစ်ခါခုန်လျှင် မီတာတစ်ရာလောက်သို့ ရောက်နိုင်သည်။ သိပ်မကြာခင်တွင် ဓားပြများဖြင့် တိုက်ပွဲဖြစ်ခဲ့သည့်နေရာသို့ သူတို့ရောက်လာကြသည်။
ထိုအကောင်မှာ ရေခဲစွမ်းအားရှိသည့် အဆင့်ငါးဇွန်ဘီခေါင်းဆောင်နှင့် သူ့နောက်လိုက်များပင် ဖြစ်သည်။ ဇွန်ဘီခေါင်းဆောင်သည် လမ်းမထက်တွင် နှာခေါင်းတရှုံ့ရှံ့လုပ်ကာ စိတ်ရှုပ်နေပုံရသည်။ သူနောက်ကနှစ်ကောင်သည် သူ့လိုမဟုတ်ဘဲ ပူနွေးနေသည့် အလောင်းများဆီသို့သာ ပြေးတော့သည်။ သို့သော်လည်း သူတို့သည် ချက်ချင်းမစားသေးဘဲ လင်းချင်းဖြတ်ထားသည့် ခေါင်းနှစ်လုံး ဇွန်ဘီခေါင်းဆောင်ထံသို့ အရင်ပေးသည်။
ဒီနေရာတွင် လင်းချင်း၏အရှိန်အဝါပျောက်သွားသည်ကို သေချာသိသည့်အခါ ဇွန်ဘီခေါင်းဆောင်သည် ရှဲ့တုန်း၏ကားထွက်သွားသည့်ဘက်ကို ကြည့်လိုက်သည်။ ထို့နောက် သူ့နောက်လိုက်များပေးသည့် ခေါင်းများကိုကြည့်လိုက်သည်။
လင်းချင်းနှင့် ရှဲ့တုန်းတို့သည် ခပ်ဝေးဝေးကို မရောက်လောက်သေးသဖြင့် စားပြီးမှ သွားဖမ်းလျှင်လည်း အဆင်ပြေလောက်သည်ဟု သူခံစားမိသည်။ လူ့ခေါင်းကိုယူလိုက်ကာ ဖရဲသီးခွဲသလို လက်သည်းများဖြင့် ထိုးခွဲလိုက်သည်။ ထို့နောက် လူ့ခေါင်းကိုလက်တစ်ဖက်ဖြင့် ကိုင်ထားကာ နောက်တစ်ဖက်ဖြင့် ဦးနှောက်များကို စားလိုက်သည်။ ခေါင်းတစ်လုံးစားပြီးသည်နှင့် နောက်တစ်လုံးကို ဆက်စားသည်။
အဆင့်ငါးဇွန်ဘီက ခေါင်းနှစ်လုံးကို စားပြီးမှ ကျန်ဇွန်ဘီနှစ်ကောင်သည် လူဝကြီး၏ခေါင်းကို သွားစားရဲသည်။ ထို့နောက်တွင်တော့ သူတို့သည် အတူတကွ ခုန်အုပ်ကာ စားသောက်ကြတော့သည်။ လူဝကြီး၏ကိုယ်ကို လုယက်စားသောက်သည့်အခါ သူတို့သည် အားအမှန်ကို မသုံးဘဲ အချင်းချင်းတိုက်ခိုက်ကာ လုယက်နေကြသေးသည်။
“ဂါး”
ဇွန်ဘီခေါင်းဆောင်သည် ဒီလိုအကျိုးမရှိ တိုက်ခိုက်နေသည်ကို အာရုံနောက်လာ၍ ထိုအဆင့်သုံးဇွန်ဘီနှစ်ကောင်အား ဟိန်းဟောက်လိုက်သည်။ ထိုနှစ်ကောင်လုံးသည် ငြိမ်သွားကာ မလှုပ်ရဲတော့ပေ။
ဇွန်ဘီခေါင်းဆောင်သည် သူ့လက်ထဲမှ ခေါင်းခွံကြီးကို လွှတ်ပစ်လိုက်ကာ အနားသို့ လျှောက်လာသည်။ ထို့နောက် လူဝကြီး၏ ခေါင်းကိုဖြတ်လိုက်ပြီးနောက် နှစ်ပိုင်းခွဲလိုက်ကာ ဇွန်ဘီနှစ်ကောင်အား ဝေပေးလိုက်သည်။
ဇွန်ဘီနှစ်ကောင်သည် ခေါင်းပိုင်းများကိုရသည်နှင့် လက်နှစ်ဖက်ဖြင့်ကိုင်ကာ မျက်နှာကိုအပ်ရင်းစားကြတော့သည်။ သူတို့တွင် ဇွန်ဘီခေါင်းဆောင်လို ဘယ်လိုသပ်သပ်ရပ်ရပ်စားရမလဲ ဆိုတာမျိုးမရှိပေ။ ဇွန်ဘီခေါင်းဆောင်က လက်သည်းဖြင့်ယူကာ စားသော်လည်း သူတို့ကတော့ မျက်နှာကြီးများကို ခေါင်းထဲသို့နှစ်ကာ ကိုက်စားနေကြခြင်းပင်။
ထိုအချိန်တွင် ဇွန်ဘီခေါင်းဆောင်သည် လူဝကြီး၏ကိုယ်ကို ကြည့်သည့်အခါ နှလုံးမရှိတော့ကြောင်း တွေ့လိုက်သည်။ ထို့နောက် အခြားခေါင်းမရှိသည့် အလောင်နှစ်ခုသို့ သွားကြည့်ပြန်သည်. ထို့နောက် မီးစွမ်းအားရှင်၏ နှလုံးကိုဆွဲထုတ်ကာ အနံ့ခံကြည့်သည်။ ထို့နောက် မနှစ်သက်သည့်အမူအယာပေါ်လာသည်။
သူသည်သွားကိုဖြဲလိုက်ကာ နှလုံးကို လွှတ်တော့မပစ်ပေ။ ထို့အစား ပါးစပ်ထဲသို့ ထည့်စားလိုက်သည်။ ထို့နောက် သူ့မျက်နှာထားသည် မကြိုက်သည့်ပုံပေါ်သော်လည်း နှလုံးကို အတင်းစားလိုက်သည်။ ဒီနှလုံးသည် မခုန်တော့တာကြာပြီဖြစ်သဖြင့် အနံ့နှင့်အရသာသည် ရှဲ့တုန်းဆွဲထုတ်လိုက်တုန်းကလို မကောင်းတော့တာကြောင့် ဖြစ်သည်။