May Honey Logo May Honey
Previous Next

၅၆။ သေပြီးမှ ပြန်ဆုံတွေ့ကြခြင်း

ထိုအချိန်တွင် လင်းယုသည် ပင်လယ်မြို့တော်အခြေစိုက်စခန်းသို့ လျှောက်လာသည်။ သူ့မျက်လုံးများထဲတွင် စိတ်ရှုပ်မှုကို မြင်နေရသည်။

‘ဝင်နိုင်တယ်။ တကယ်ကြီး ရောက်လာနိုင်တယ်။ ဇွန်ဘီပိုးစစ်တဲ့စက်တွေက ငါ့ကိုယ်မှာ ပုံမှန်မဟုတ်တာကို မတွေ့ကြဘူး’

သူပြန်မရောက်ခင်တုန်းက သူ့ကိုယ်သူအရမ်းစိုးရိမ်ခဲ့ရတာ ဖြစ်သည်။ သူသည် လူသားလိုဖြစ်နေသော်လည်း သူ့ကိုယ်ထဲတွင် ဇွန်ဘီပိုးရှိမရှိ ပြောမရပေ။ ပြီးတော့လည်း ဘယ်အချိန်မှ သူဇွန်ဘီထပြောင်းမလဲ သူမသိခဲ့ပေ။ သို့သော်လည်း ထိုသံသယများသည် ဇွန်ဘီများက သူ့အားခုန်အုပ်ကြသည့်အခါ ပျောက်သွားခဲ့သည်။ သူ့တွင်သာ ပိုးရှိနေခဲ့ပါက ဇွန်ဘီများက တိုက်ခိုက်မှာ မဟုတ်ပေ။ 

ထို့ကြောင့် စခန်းထဲသို့ စမ်းဝင်ကြည့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သူမဝင်နိုင်လျှင်လည်း အပြင်မှာသာ နေတော့မည်။ သို့သော်လည်း သူဝင်လို့ရခဲ့သည်။ သူအထဲသို့ရောက်သည်နှင့် မှတ်ပုံတင်ရုံးသို့ သွားလိုက်သည်။ သူ့ခေါင်းဆောင်နှင့် အသင်းဖော်များလည်း ရှင်နေသေးကြောင်းသိရသည့်အခါ သူသွားရှာတော့သည်။

သူ့ခေါင်းဆောင်သည် အဆင့်ငါးရေခဲစွမ်းအားရှင်ဖြစ်သည်။ သဘာဝလွန်စွမ်းအားရှင်တစ်ယောက်အနေဖြင့် သိပ်မဆိုးသည့် အဆောက်အဦးတွင် နေခွင့်ရသည်။ အဆောက်အဦးတိုင်းတွင် ခြောက်ထပ်ခုနစ်ထပ်ရှိကာ ဒီမှာနေနိုင်သည့်သူများက သဘာလွန်စွမ်းအားရှင်များနှင့် သူတို့မိသားစုများသာဖြစ်သည်။ စခန်းတွင် ဒီလိုနေနိုင်သည်မှာ အရမ်းကံကောင်း၍ဖြစ်သည်။

လင်းယု၏ခေါင်းဆောင် လီကျန်းသည် သူ့အသင်းဖော်များဖြင့် ဒီနေရာတွင် ယာယီနေထိုင်သည်။ သူသည် ခေါင်းဆောင်အခန်းကို မေးမြန်းပြီးသည့်နောက် ခြောက်လွှာသို့ တက်လာကာ တံခါးခေါက်လိုက်သည်။

“ဘယ်သူလဲ?”

တံခါးသည် ပွင့်လာသည်နှင့်အတူ အသက်နှစ်ဆယ်ကျော်လောက်သာ ရှိသေးသည့် လူငယ်တစ်ယောက်ထွက်လာသည်။

“အကိုလင်းယု! အသက်ရှင်နေသေးတယ်!”

သုံးစက္ကန့်အတွင်း သူထအော်လေသည်။

အခန်းထဲတွင် ကိုယ်လုပ်စရာရှိသည်များကိုလုပ်နေသူတို့သည် ဘယ်သူတံခါးလာခေါက်သလဲကို နားစွန့်နေတာဖြစ်သည်။ သို့သော်လည်း ဒီလိုအော်သံကြားသည့်အခါ သူတို့သည် လုပ်လက်စတိုင်းကို ပစ်ချခဲ့ကာ တံခါးဝသို့ အပြေးထွက်လာကြသည်။

လင်းယုသည် တံခါးဝတွင်ရပ်နေသည်။ လီကျန်းနှင့် အခြားအသင်းဖော်များသည် သူ့အားမယုံနိုင်ဖွယ်ကြည့်နေကြသည်။

“လင်းယု . . .မင်း . . .မင်းဟုတ်တယ်မလား?”

လီကျန်းသည် စကားများထစ်လို့နေသည်။ သူ့မျက်လုံးများတွင် အံ့သြမှုနှင့် ပျော်ရွှင်မှုတို့ဖြင့် ရှုပ်ထွေးနေသည်။ အခြားစိတ်ခံစားချက်များကလည်း စုပြုံလာသဖြင့် သူစကားဆက်ပြောမရတော့ပေ။

တံခါးဖွင့်ပေးသည့်လူငယ်လေးမှာ ဖန်ယုမင်းဖြစ်သည်။ သူသည်မျက်လုံးများပြူးကျယ်နေကာ လင်းယုအား

“အကိုလင်းယု ဇွန်ဘီပိုးကူးသွားတယ်မလား? ဘယ်လိုလုပ်ပြီးတော့. . .”

အခြားသူများသည်လည်း အံ့သြနေကြသည်။

လင်းယုသည် ပြုံးလိုက်ပြီးနောက် ပတ်ဝန်းကျင်ကို သတိဖြင့်ကြည့်လိုက်သည်။ အခန်းထဲတွင် သူ့တို့အသင်းဖော်များသာရှိသည် သေချာမှ

“အရင်ဆုံး အခန်းထဲဝင်ရအောင်”

သူ့စကားကြားမှ အခြားသူများသည်လည်း အသိပြန်ဝင်ကြာ အခန်းထဲသို့ သူ့အားဝင်ခွင့်ပေးလိုက်သည်။ ဖန်ယုမင်းသည် လင်းယုဝင်လာသည်နှင့် တံခါးကို ပြန်ပိတ်လိုက်သည်။ တစ်ယောက်ယောက်သာ သူပြောသည်ကိုကြားသွားပါက သူတို့ပြဿနာတက်မှာ ဖြစ်သည်။

အခန်းထဲကိုရောက်သည်အခါ အခန်းထဲတွင် နှစ်ထပ်ကုတင်နှစ်လုံးရှိကာ မီးဖိုချောင်နှင့် ရေချိုးခန်းရှိပြီးနောက် ဝရံတာလေးတစ်ခုပါရှိကြောင်းသိလိုက်ရသည်။ ဒီအခန်းငယ်လေးသည် ရိုးရှင်းကာ အရင်ခေတ်ကဆိုလျှင် တစ်လလုံးမှ ယွမ်တစ်ရာကျော်လောက်သာ ရှိလောက်သည်။ လူလေးယောက်လုံး ပြွတ်ကျပ်ကာ နေရမည့်အနေအထားမျိုးဖြစ်သည်။ သံကုတင်များဘေးတွင် ကော်ခုံလေးများရှိသည်။

လင်းယုသည် ခုံကိုယူကာထိုင်လိုက်သည်။ လင်းယုကိုကြည့်နေရင်း လီကျန်း၊ ဖန်ယုမင်း၊ ဖေးချောင်းလင်းနှင့် လဲ့ယောင်တို့သည် ခုံအသီးသီးတွင် ထိုင်လိုက်ကြသည်။ သူတို့၏အကြည့်များကြောင့် လင်းယုသည်လည်း စိတ်ရှုပ်လာသည်။ သူဘာဖြစ်လာသလဲ သူတို့က သိချင်နေကြတာဖြစ်သည်။ ဒါကိုသူကိုယ်တိုင်လည်း သိချင်နေတာဖြစ်သည်။

သူမှတ်မိသလောက်ဆိုလျှင် သူသည် အခန်းတစ်ခုတွင်ပိတ်နေကာ သတိမေ့သွားခြင်းဖြစ်သည်။ သူပြန်သတိရလာသည့်အခါ သူသည်ဇွန်ဘီဖြစ်မသွားပေ။ သို့သော်လည်း သူသတိမေ့နေစဉ်တွင် သူ့ကိုယ်သည် တစ်ခုခုပြောင်းလဲသွားခဲ့သည်။ 

အရင်တုန်းက သူသည် မလှုပ်နိုင်တော့ကာ ခြေတွေလက်တွေ ထုံကျဉ်နေခဲ့သော်လည်း သူပြန်သတိရလာသည့်အခါ အကုန်ကောင်းနေသည်။ သူသည် လူကောင်းတစ်ယောက်လို ခုန်ပေါက်ပြေးလွှားနိုင်သလို သူ့သွေးကလည်း နီနေဆဲပင်။

ထို့နောက်တွင်တော့ သူတွေ့တာတစ်ခုမှာ သူ့ရင်ဘက်ပေါ်တွင် ကိုက်ရာတစ်ခုက ရှိနေကြောင်းကိုဖြစ်သည်။ ထိုကိုက်ရာသည် အခြားသတ္တဝါတစ်ကောင်က ကိုက်လိုက်ခြင်းဟုသာ သူထင်လိုက်သည်။ ထိုသွားရာက ဇွန်ဘီကိုက်ရာလို ဖြစ်ဟန်မတူပေ။



လင်းယုလည်း တွေးပြီးနောက်တါင် သူ့အားစိတ်ဝင်တစားကြည့်နေသူများကို ပြောလိုက်သည်။

“တကယ်တော့ ဘယ်လိုဖြစ်သွားမှန်း ငါလည်းမသိဘူး။ တံခါးပိတ်ထားခဲ့တာပဲ။ အဲ့ဒီအချိန်တုန်းက သတ်သေချင်နေတာ။ ဒါပင်မယ့် ခေါင်းကိုက်လွန်းလို့ သေနတ်မောင်းတောင် ဆွဲလို့မရခဲ့ဘူး။ နောက်ပြီးတော့ သတိမေ့သွားတယ်။ ဘယ်လောက်ကြာအောင် မေ့သွားလဲတော့မသိဘူး။ နိုးလာတော့ အဲ့အခန်းထဲမှာ လုံးဝအကောင်းကြီးဖြစ်နေတယ်”

အခြားသူများသည် သူပြောသည်ကို မယုံနိုင်ဖွယ် နားထောင်နေကြသည်။ လီကျန်းသည် မျက်မှောင်ကျုံ့ကာ

“မင်းအနားမှာ တစ်ခုခုထူးဆန်းတာ တွေ့သေးလား? ဒါမှမဟုတ် မင်းကိုယ်ရဲ့ ဘယ်နေရာကရော ပြောင်းသွားလဲ?”

“အင်း”

လင်းယုက ခေါင်းငြိမ့်ကာ ဖြေသည်။

“အဲ့ဒါဘာလဲ?”

လီကျန်းက ချက်ချင်းမေးသည်။

“ကျွန်တော်တံခါးကို လော့သေချာချခဲ့ပင်မယ့် ပွင့်နေတယ်။ ကျွန်တော်သတိမေ့နေတုန်း အခန်းထဲကို တစ်ခုခုကဝင်လာတယ်ထင်တယ်”

လင်းယုက ဖြေသည်။

သူသည် သူ့အသင်းဖော်များကို အလွန်ယုံကြည်သည်။ သူတို့သည် ကမ္ဘာပျက်ခေတ်စတည်းက အတူတကွကူညီကာ ရှင်သန်လာကြသူများဖြစ်သည်။ ထိုအချိန်တုန်းက သူဇွန်ဘီကုတ်ခံရတာတောင်မှ သူ့အသင်းဖော်များသည် သူ့ကိုအလျော့မပေးကြသေးပေ။ သူကိုယ်တိုင်သာ သူတို့နောက်ဆုတ်ရအောင် တမင်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဒီလူများကို သူလျို့ဝှက်ထားစရာမရှိပေ။

သတိမေ့နေတုန်း အထဲကိုတစ်ခုခုဝင်လာကြောင်းသိသည့်အခါ သူတို့သည် စိတ်ပူသွားကြသည်။

“ဘာဝင်လာတာလဲ?”

လီကျန်းက မေးသည်။

လင်းယုသည် ခေါင်းခါကာ

“ကျွန်တော်မသိဘူး။ နိုးလာတော့ အခန်းထဲမှာ ဘာမှမရှိဘူး။ တံခါးကပွင့်နေတာတောင် အနားကဇွန်ဘီတွေက ကပ်မလာရဲဘူးဗျ”

Previous Chapter 56 of 198 Next