May Honey Logo May Honey
Previous Next

၁၃၇။ ချူးလီလီ စိတ်ဆိုးသွားပြီ

“သူ. . .သူ. . .သူက လူသားမဟုတ်ဘူးဆိုတော့ သူက . . .”   အမျိုးသမီးလင်း၏ အသံသည် တုန်နေသည်။ သူမသည် ချူးလီလီကိုကြည့်ပြီးနောက် တူယွမ်ရှင်းကို ကြည့်ကာ တစ်ခုကို အတည်ပြုလိုက်သည်။  ထုတ်မပြောသော်လည်း မှန်နေလိုက်သည်။

လုံချင်းယင်နှင့် တူယွမ်ရှင်းတို့အပြောအရ နေကာမျက်မှန်ဖြင့်သူသည် လူသားမဟုတ်ပေ။ အဆင့်၆ဇွန်ဘီဘုရင်မ၏ သူငယ်ချင်းဖြစ်နေသေးသည်ဆိုတော့ . . .ဆိုလိုသည်မှာ သူသည်လည်း ဇွန်ဘီဖြစ်နိုင်သည်မလား?

လုံချင်းယင်သည် အမျိုးသမီးလင်းကို ခေါင်းငြိမ့်ပြကာ   “ဟုတ်တယ် ဇွန်ဘီ။ ဒါပင်မယ့် သူကထူးခြားတယ်”

“မဖြစ်ဘူး!!! လင်းဖန်ကို စားပစ်တော့မှာလား? ဇွန်ဘီဆိုတော့. . .ဘယ်လိုလုပ်ပြီးတော့ လူကိုကယ်မှာလဲ?”   အမျိုးသမီးလင်းသည် စိတ်ပျက်ပြားစွာဖြင့် ရေရွတ်သည်။

ချန်းဝမ်ရှု၏ ခြေထောက်များသည် ပျော့ခွေသွားသည်။ သူမ၏ဒဏ်ရာရနေသည့် ခြေ​ထောက်သည် ကိုယ်ကိုမထိန်းနိုင်လေရာ မြေပြင်ပေါ် ထိုင်ချမိမတက်ဖြစ်သွားသဖြင့် လင်းဝမ်ဝမ်က လှမ်းထိန်းလိုက်ရသည်။   “ဝမ်ရှု!”

ချန်းဝမ်ရှုကြောင့် လန့်သွားသည့် လင်းဝမ်ဝမ်သည် အသိပြန်ဝင်လာကာ လုံချင်းယင်နှင့် တူယွမ်ရှင်းကို အော်တော့သည်။   “လုံချင်ယင်!  ငါတို့ကို ထိခိုက်အောင် ဇွန်ဘီတွေကို ဒီကိုခေါ်လာရလား? သူကဇွန်ဘီ!  ငါ့အကိုကြီးကို ဇွန်ဘီက ဘယ်လိုလုပ်ကယ်မှာလဲ!”

လုံချင်းယင်သည် တည်ငြိမ်စွာဖြင့် ခေါင်းခါပြကာ   “ဝမ်ဝမ် ငါမလိမ်ဘူး။ ငါ့ကိုယုံ။ မကြာခင် ကပ္ပတိန်ကြီးနဲ့ သူပြန်ပေါ်လာလိမ့်မယ်”  
လင်းဝမ်ဝမ်တို့မိသားစု၏ ကြောက်လန့်နေသည့် မျက်နှာထားကြောင့် တူယွမ်ရှင်းသည် နောက်သို့တစ်လှမ်းဆုတ်သွားကာ သေချာပြောသည်။   “ဟုတ်တယ်! ဟုတ်တယ်. . .ကပ္ပတိန်ကြီးကို ခေါ်သွားမှာမှ မဟုတ်တာ။ ငါတို့စောင့်ရုံပဲပေါ့။ ဒါအပြင် ငါတို့လုပ်နိုင်တာမှ မရှိတာ!”

“ခင်ဗျား!”   လင်းဟောင်သည် တူယွမ်ရှင်းအား ထချဖို့လုပ်လိုက်သော်လည်း အမျိုးသမီးလင်းက တားလိုက်သည်။

“ဟောင် အခုမလုပ်နဲ့!  အခုသူတို့ကို ယုံပေးလိုက်ရအောင်! လင်းဖန်က ပေါ်မလာတော့မှ လုပ်လိုက်!”   သူမက ပြောလိုက်သည်။

ထိုအချိန်တွင် ယွမ်ထန်ရှင်းသည် တူယွမ်ရှင်းနှင့် လုံချင်းယင်တို့ကို သေချာအကဲခတ်ကြည့်နေသည်။

“ဟို. . .”   တူယွမ်ရှင်းသည် အသံတိုးတိုးဖြင့်   “သူက မကောင်းတဲ့ဇွန်ဘီ မဟုတ်ပါဘူး။ သူကကောင်းပါတယ်! ကျွန်တော်တို့အသက်ကို ၂ခါတောင် ကယ်ပေးထားတာ။ အခုလည်းကြည့် သူကစာရေးတက်တယ်။ သူက တခြားဇွန်ဘီတွေလို မဟုတ်ဘူး!”   ဒီလိုပြောရင်းဖြင့် လင်းဝမ်ဝမ်၏ လက်ထဲကစာရွက်ပိုင်းကို လက်ညိုးထိုးပြလိုက်သည်။

‘တောက်! ငါမင်းကိုသတ်ချင်တယ်! ငါတိုကပ္ပတိန်ကြီးကို လူတိုင်းရှေ့မှာ ခိုးသွားရတယ်လို့ပဲ! ငါကဘယ်လိုလုပ် သူတို့ကိုရှင်းပြရမှာလဲ?’   တူယွမ်ရှင်းသည် စိတ်ထဲကဆဲနေသည်။

လင်းဝမ်ဝမ်သည် စာရွက်ပိုင်းကို မဖတ်ရသေးပေ။ တူယွမ်ရှင်းပြောသည်ကိုကြားမှ လင်းဟောင်အား ချန်းဝမ်ရှုကို ထိန်းခိုင်းလိုက်ပြီးနောက် စာရွက်ကိုဖြန့်ကြည့်လိုက်သည်။

တစ်ဖက်တွင်တော့ ချူးလီလီသည် ယန်ကျင်းဟွာဖြင့် တိုက်နေသည်။ သူမ၏ခေါင်းပေါ်တွင် ရေခဲဓားများဆယ်စင်းကျော်ကို ဖန်တီးပြီးသည့်နောက် သူ့အရှေ့က ရေခဲလက်နက်များ၏ အရွယ်အစားနှင့် အရေအတွက်ကိုလည်း တိုးမြှင့်လိုက်ကာ အကုန်လုံးကို တစ်ချိန်တည်း ပစ်လိုက်သည်။

ရေခဲလက်နက်အကုန်လုံးသည် ချူးလီလီ၏ လေဓားများကို ပိုင်းလိုက်ပြီးနောက် အမြန်နှုန်းဖြင့် သူမဆီသို့ ပြန်လာသည်။ သူမသည် လေပွေကို ပိုမြန်စေကာ ကာကွယ်လိုက်ရသော်လည်း သူမ၏ခေါင်းပေါ်ကောင်းကင်မှနေ ရေခဲဓားဆယ်စင်းလောက်က ကျလာသည်ကိုတော့ မတားနိုင်ပေ။

သူမသည် ခေါင်းပေါ်က အသံကြားသဖြင့် မော့ကြည့်လိုက်သည့်အခါ ရေခဲဓားများကို တွေ့လိုက်ရသည်။ ယန်ကျင်းဟွာက သူမကို ဒီလိုအလစ်တိုက်မည်ဟု မထင်ခဲ့ပေ။ ရေခဲဓားများကို မော့ကြည့်ရင်း ချူးလီလီသည် လက်မြှောက်ကာ ကာကွယ်ဖို့ နောက်ကျသွားသည်ကို သိလိုက်သည်။ ထို့ကြောင့် အကျယ်ကြီးအော်လိုက်သည်။

သူမ၏အော်သံကြောင့် ရေခဲဓားများသည် ကြေမွသွားလေသည်။ အခြားသူများသည်လည်း ခေါင်းထဲက ဦးနှောက်များ တုန်လှုပ်သွားကာ သတိမေ့လို့သွားကြသည်။ ကျိုးပဲ့သွားသည့် ရေခဲစများသည် သူမခေါင်းနှင့် မျက်နှာပေါ်သို့ ဖြာကျလာသည်။ 

ချူးလီလီသည် ပါးစပ်ပြန်ပိတ်လိုက်သည်နှင့် ရုပ်ပြောင်းသွားသည်။ သူမ၏မျက်နှာလေးသည် ရှုံ့မဲ့သွားကာ မျက်လုံးများသည်လည်း နီရဲနေအောင် တောက်ပလာသည်။ ထိုအချိန်တွင် သူမ၏တောက်ပသည့် အစွယ်လေးများကို ဖြဲပြနေပြီ။ ဒီတစ်ခါတော့ သူမတကယ်ကြီး စိတ်ဆိုးသွားပြီဖြစ်သည်။ ဒေါသထွက်နေသည့် ဇွန်ဘီဘုရင်မလေးသည် အလွန်တရာကို ကြောက်ဖို့ကောင်းတာ ဖြစ်သည်။

“ဂါး!”

“အူး အား”

“ဂါး!”

“ဝူး. . .”

သာယာနာပျော်ဖွယ်မရှိသည့် ကြောက်ဖို့ကောင်းသည့် ဇွန်ဘီအော်သံများက ပတ်ဝန်းကျင်မှ ထွက်ပေါ်လာကာ သာမန်ဇွန်ဘီအုပ်ကြီးသည် ထောင့်တိုင်းကနေ ပေါ်လာသည်။ ဇွန်ဘီများသည် ပုရွက်ဆိတ်များကဲ့သို့ စုဝေးနေကာ စစ်ကားများကို ကုတ်ခြစ်တော့သည်။ အချို့ဆိုလျှင်လည်း ကားရှိအချွန်များဖြင့် ထိုးခံရသော်လည်း ဒီလိုဇွန်ဘီများကိုယ်ပေါ်က နောက်ဇွန်ဘီများသည် တက်ကာ ကားများကို ဖျက်စီးလေသည်။

ချူးလီလီ၏ မျက်လုံးများသည် ရဲရဲတောက်နေပြီးနောက် သူမ၏လက်သည်းများကို ထုတ်လိုက်သည်။ ရုတ်တရက် သူမ၏ကိုယ်မှ အလင်းလှိုင်းများ ထွက်ပေါ်လာပြီးနောက် သူမ၏ဆံပင်နှင့် မျက်နှာတွင် ကပ်နေသည့် ရေခဲများသည် အရည်ပျော်ကာ ပျောက်ကွယ်သွားသည်။ 

သူမသည် လက်ကိုဆန့်ကာ ယန်ကျင်းဟွာအား ပြင်းထန်စွာ တိုက်ခိုက်ဖို့ ပြင်လိုက်သော်လည်း လင်းဟောင်တို့မိသားစုဘက်ကို လှည့်ကြည့်ကာ တစ်ချက်အော်လိုက်သည်။   “အား!”   လင်းဟောင်တို့မိသားစုအနားသို့ ကပ်နေသည့် ဇွန်ဘီများသည် ချက်ချင်းရပ်သွားပြီးနောက် နောက်သို့လှည့်ကာ စစ်ကားများဆီသို့သာ သွားတော့သည်။ 

ထိုအချိန်တွင် ယန်ကျင်းဟွာသည်လည်း ချူးလီလီ၏ အော်သံကြောင့် အသိပြန်ဝင်လာပြီဖြစ်သည်။ သူသည် ရုတ်တရက်ပေါ်လာသည့် ဇွန်ဘီအုပ်ကို ကြည့်ကာ ကောင်းကင်ပေါ်သို့ လက်ကိုမြှောက်ပြလိုက်သည်။ ထို့နောက် အခုအချိန်အထိ ဘာမှမလုပ်ဘဲ ငြိမ်နေသည့် စစ်ကားများသည် စလှုပ်ရှားကြသည်။ လက်နက်များသည် ဇွန်ဘီများကို တောက်လျှောက်ပစ်ကြသည်။

. . .

နယ်မြေထဲတွင် လင်းချင်းသည် အပြင်ကအခြေအနေကို စိတ်မဝင်စားအားပေ။  
လင်းဖန်၏ရင်ဘတ်ထဲက အရိပ်သည် ကြီးလာသည်ကို မြင်သည့်အခါ သူမသည် ဆိုဖာပေါ်တွင် အမြန်လှဲချထားလိုက်ရသည်။ ထို့နောက် အနားရှိစားပွဲမှ ခွက်တစ်ခုကိုယူကာ ရေကန်ဆီသို့ ပြေးလေသည်။ ရေခပ်ပြီးသည့်အခါ လင်းဖန်၏ပါးစပ်ထဲသို့ ရေလောင်းထည့်ပေးလိုက်သည်။

လင်းဖန်သည် သတိလစ်နေသည်ဖြစ်သော်လည်း ပါးစပ်ကိုတင်းနေအောင် စေ့ထားသည်။ ထို့ကြောင့် လင်းချင်းသည် လက်တစ်ဖက်ဖြင့် ပါးစပ်ကိုအတင်းဖွင့်လိုက်ပြီးမှ နောက်တစ်ဖက်ဖြင့် ရေထည့်ပေးလိုက်ရသည်။ လင်းဟောင်ကို မှီလှဲထားသည်ဖြစ်သဖြင့် ရေသည် လည်ချောင်းကနေ ချောမွေ့စွာ ကျဆင်းသွားသည်။
Previous Chapter 137 of 198 Next