May Honey Logo May Honey
Previous Next

၁၄၄။ ရေသုံးခွက်

နယ်မြေထဲက ထွက်လာသည့်အခါ ယွမ်ထန်ရှင်း၏ဘေးတွင် လူများက ဝိုင်းထိုင်နေကြသည်။ သူမ၏ အကိုကြီးကတော့ သူမကို ထူးဆန်းစွာ ကြည့်နေသည်။ လင်းချင်းသည် ဒီမျက်နှာထားကို ရင်းနှီးနေသောကြောင့် တစ်ခုခုကို တွေးကြည့်နေတာဖြစ်ကြောင်း သိလိုက်သည်။ သူမနှင့် အတူကြီးပျင်းလာသည့် အကိုကြီးဖြစ်သောကြောင့် ဒီအကြည့်က ဘာလဲဆိုသည်ကို လင်းချင်းသည် အသိသာကြီးကို သိသည်။ သို့သော် စိတ်ထဲထားမနေဘဲ တူယွမ်ရှင်းအား နောက်တစ်ခွက် ပေးလိုက်သည်။

“ထပ်တိုက်ရမှာလား?”   တူယွမ်ရှင်းသည် ရေခွက်ကို ယူရင်းမေးသည်။

လင်းချင်းသည် လင်းဖန်ကို လက်ညိုထိုးပြပြီးနောက် ရေခွက်ကိုကြည့်ကာ သူမ၏ သန့်ရှင်းနေသည့် လက်လေးသုံးချောင်း ထောင်ပြလိုက်သည်။ ထိုအခါ လင်းဖန်သည်    “ငါ့ကို ရေသုံးခွက် တိုက်ရုံနဲ့ ပျောက်သွားတယ်လို့ ဆိုတဲ့ သဘောလား?”

လင်းချင်းက ခေါင်းငြိမ့်ပြသည်။ တူယွမ်ရှင်းကတော့ လင်းချင်း၏ လက်ကိုကြည့်ကာ   “မင်းလက်တွေက အတော်လေး သန့်ရှင်းနေတာပဲ။ ဇွန်ဘီတွေအကုန်လုံးက သွေးတွေဖုန်တွေကြောင့် ညစ်ပတ်နေတာမလား. . .”

“ဟုတ်ပါပြီ။ ရေခွက်ပဲ အရင်ပေးစမ်းပါဗျာ”   လင်းဟောင်သည် စောင့်နေရသည်ကို စိတ်မရှည်တော့သဖြင့် ထုတ်ပြောသည်။ ထိုအခါမှ တူယွမ်ရှင်းလည်း ရေခွက်ကို ပေးလိုက်သည်။

လင်းဟောင်သည် ယွမ်ထန်ရှင်း၏ ပါးစပ်ထဲသို့ ရေလောင်းထည့်ပေးရင်း   “ဒီရေက အကိုကြီးထန်ရှင်းရဲ့ အတွင်းဒဏ်ရာတွေ ကုတဲ့နေရာမှာ အရမ်းအသုံးဝင်တယ် ထင်တယ်။ သိသာတာတော့ မပြသေးပင်မယ့် ထိရောက်နေတယ်”

ထိုအခါ အခြားသူများသည် လင်းဟောင်အား တောက်ပစွာကြည့်ပြီးနောက် လင်းချင်းကို အံ့သြစွာ လှည့်ကြည့်ကြသည်။ လင်းချင်းလည်း လင်းဟောင်ကို အံ့သြစွာ ကြည့်နေမိသည်။ ရေထဲက စွမ်းအင်ကို အာရုံခံနိုင်တည်းက သူမအံ့သြနေတာဖြစ်သည်။ မကြာခင်တွင် သူမ၏မောင်လေးက အထူးအာရုံခံစွမ်းအားကို ပိုင်ဆိုင်ထားသလား တွေးမိတော့သည်။

လင်းဟောင်သည် ဒုတိယခွက်ကို တိုက်ပြီးသည်နှင့် သူမလာအယူကို မစောင့်တော့ဘဲ လှမ်းပေးလာသည်။ လင်းချင်းသည်လည်း နှစ်လှမ်းလောက်အကွာကနေ ယူလိုက်ပြီးနောက် နောက်သို့ဆုတ်ကာ နယ်မြေထဲသို့ ဝင်သွားသည်။ ဒီတစ်ခါတော့ လူတို့သည် သူမအား မရှောင်ကြတော့ပေ။

“ဘွားဘွား”   လင်းရှောင်လုသည် အမျိုးသမီးလင်းကို ကြည့်ကာ   “သူ့မျက်နှာက ပြင်လို့ရလားဟင်?”

အမျိုးသမီးလင်းသည် ဇွန်ဘီ၏မျက်နှာကို ပြောနေကြောင်းသိသည်။ ကလေးမလေး၏ မေးခွန်းကြောင့် သူမတွေးမိသွားသည်။ ရေသည် ဒဏ်ရာများကို ကုသနိုင်ပါက ဇွန်ဘီက မျက်နှာကို မကုဘဲနေသနည်း? ဒါမှမဟုတ် ရေကလူသားတွေအတွက်သာ အသုံးဝင်၍လား? ခနတွေးပြီးနောက် သူမ၏မြေးမလေးအား   “သူ့ကိုယ်က ဘွားဘွားတို့လို မဟုတ်ဘူးလေ။ နောက်ကျရင်တော့ သူ့မျက်နှာလည်း ပြန်ကောင်းရင် ကောင်းလာမှာပါ”

သူတို့စကားများကြောင့် အခြားသူများသည်လည်း အမျိုးသမီးလင်းလို တွေးမိကုန်ကြသည်။ ဇွန်ဘီက သူ့ကိုယ်သူ မကုသခြင်းအား နားမလည်ကြပေ။ ဇွန်ဘီဖြစ်နေတာကြောင့်လား?

လင်းဟောင်သည် သူတို့ကိုကြည့်ကာ    “သူ့မှာအသက်စွမ်းအင် မရှိဘူး။ အဲ့ဒါကြောင့် ရေက သူ့အပေါ်မှာ အသုံးမဝင်ဘူး ထင်တယ်”   ထို့နောက် ယွမ်ထန်ရှင်းကို ကြည့်ကာ   “ရေထဲကစွမ်းအင်က အကိုကြီးထန်ရှင်းရဲ့ကိုယ်ထဲက အသက်စွမ်းအင်ကို အမြန်ပြန်ထိန်းပေးနေတယ်။ ၂ခွက်နဲ့တင်မလောက်ဘူး။ သုံးခွက်သောက်ပြီးရင်တော့ စွမ်းအင်ပြည့်ပင်မယ့် သက်ရောက်မှုက မသိသာသေးဘူး”

အမျိုးသမီးလင်းက   “ထန်ရှင်းက သုံးခွက်ပဲ သောက်နိုင်မယ်ပြောတာလား? လေးခွက်သောက်ရင် မထိရောက်တော့ဘူးလား? နင့်အကိုကြီးက မြန်မြန်သက်သာပင်မယ့် ထန်ရှင်းက နိုးမလာသေးဘူးလား?”

“ဇွန်ဘီနဲ့ အကိုကြီးပျောက်သွားတာက ဘယ်လောက်ကြာလဲ အမေမှတ်မိလား?”   လင်းဟောင်က   “အကိုကြီးက သတိလစ်နေတုန်း ဇွန်ဘီက ခေါ်သွားတာဆိုတော့”

“အခုအရေးကြီးတာက သန့်ရှင်းတဲ့နေရာကို မြန်မြန်ရှာဖို့ပဲ။ မကြာခင် မှောင်လာတော့မယ်။ မမှောင်ခင် ဇွန်ဘီတွေဆီက ပုန်းဖို့နေရာရှာမှ။ ပြီးတော့ ထန်ရှင်းကိုလည်း သေချာနားခိုင်းရမယ်။ မနက်ဖြန်မှ အစီအစဉ်ချတာပေါ့”   လင်းဖန်က ပြောသည်။

ထိုအခါ လူတိုင်းက ခေါင်းငြိမ့်သည်။ လင်းဝမ်ဝမ်က သူနှင့် ချန်းဝမ်ရှုကို ကြည့်ကာ    “အကိုကြီးနဲ့ ဝမ်ရှုလည်း နားဖို့လိုတယ်။ ဇွန်ဘီရဲ့ရေက ဝမ်ရှုရဲ့ခြေထောက်ကို ကုနိုင်ပါ့မလား”

ဒီလိုပြောရင်း သူမသည် ချန်းဝမ်ရှု၏ ခြေထောက်ကို ကြည့်လိုက်သည့်အခါ သူမသည် ခေါင်းခါပြကာ   “ရပါတယ်”

“ဟုတ်တယ်။ နေ့လည်ကျော်နေပြီ”   တူယွမ်ရှင်းက သဘောတူသည်။   “နားဖို့နေရာရှာမှပဲ။ ဇွန်ဘီတွေကိုတော့ ပူစရာမလိုဘူး။ သူနဲ့ ဇွန်ဘီမလေးရှိနေရင် တခြားဇွန်ဘီတွေက အနားကို ကပ်မလာရဲဘူး”   ဒီလိုပြောနိုင်သည်မှာ အခြားဇွန်ဘီများက သူတို့ကိုမြင်သည်နှင့် ရှောင်သွားသည်ကို အရင်ရက်များက ကြုံတွေ့ခဲ့ရသောကြောင့် ဖြစ်သည်။

“ဟုတ်ပြီ သူထွက်လာတာကို စောင့်ရအောင်။ ထန်ရှင်းက သုံးခွက်မြောက်သောက်ပြီးရင် ဒီညနေဖို့နေရာကို ငါတို့ရှာမယ်. . .အဟွတ်. . .”   လင်းဖန်သည် ပြောနေရင်း ချောင်းထဆိုးသည်။

“လင်းဖန် စကားမပြောနဲ့တော့ နင်ပြောသလို ငါတို့လုပ်မယ်။ ညနားဖို့နေရာ ငါတို့ရှာလိုက်မယ်”   စကားအများကြီးပြောသဖြင့် လင်းဖန်ကိုယ်က ပင်ပန်းသွားသည်ကို အမျိုးသမီးလင်းက သတိထားမိသည့်အခါ စကားဖြတ်ပြောသည်။

လင်းချင်းက ထွက်လာသည့်အခါ လင်းဟောင်ကို ခွက်ပေးသည်။ လင်းဟောင်သည် ရေတိုက်လိုက်ပြီးနောက် သူမအားခွက်ပြန်ပေးသည်။ ထိုအခါ လင်းချင်းသည် လေထဲတွင် ခွက်ကိုပျောက်သွားအောင် လုပ်လိုက်သည်။

“ဟို. . .လုထန်ယုမလား?”   တူယွမ်ရှင်းက လင်းချင်းကို မေးသည်။   “ငါတို့နားဖို့နေရာရှာမလို့။ မင်းအကြံပေးချင်တာ ရှိမလား”

လင်းချင်းသည် နောက်သို့ဆုတ်လိုက်ကာ တူယွမ်ရှင်း၏ စကားကိုကြားသည်နှင့် လူစုကို ကြည့်လိုက်ပြီး အနံ့ခံကြည့်သည်။ အသုံးဝင်သည့်အနံ့မရသဖြင့် သူမသည် အနားက သစ်ပင်နားသို့ လျှောက်သွားသည်။ ထို့နောက် လေးငါးမီတာ အမြင့်ရှိသည့် သစ်ပင်ပေါ်ကို သူမသည် ခုန်တက်လိုက်သည်။ ထို့နောက် သစ်ပင်ပေါ်ကနေ အနားက အဆောက်အဦးပေါ် ထပ်ခုန်သည်။

သူမသည် သွက်လက်သည့် မျောက်တစ်ကောင်လို ခုန်တက်နေသည်ကို မြင်ရသည့်အခါ အခြားသူများသည် အံ့သြသွားကာ သူမအတွက် ဒီလိုလုပ်ဖို့က အရမ်းအဆင်ပြေနေသလို ခံစားရသည်။ 

ဒီအဖွဲ့ထဲတွင် လင်းဖန်နှင့် ယွမ်ထန်ရှင်းသာ ဒီလိုလုပ်နိုင်တာ ဖြစ်သည်။ အဆင့်၆စွမ်းအားရှင်များသည် အစွမ်းဖြင့်ကိုယ်ကို ထိန်းက ပိုသွက်လက်မြန်ဆန်နိုင်သည်။ အခြားသူများကတော့ ဒီလိုမလုပ်နိုင်ပေ။

အမိုးပေါ်ရောက်သည့်အခါ လင်းချင်းသည် အမြင့်ဆုံးနေရာကနေ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဒီနေရာသည် မြို့စွန်ဖြစ်သည်။ အရင်ခေတ်ကလို စူပါမားကတ်များနှင့် ဟိုတယ်များရှိသည့် လူများသည့်နေရာမဟုတ်ပေ။

လင်းချင်းသည် ခနကြည့်ပြီးနောက် ၂မီတာအကွာတွင် အဆောက်အဦးအမြင့်တစ်ခုကို တွေ့လိုက်သည်။ ထိုအဆောက်အဦး၏ ဆိုင်းပုတ်သည် လေကြောင့်မရှိတော့သော်လည်း ဟိုတယ်ဖြစ်ကြောင်း သိသာသည်။ သူမသည် ဟိုတယ်ကိုကြည်ပြီးနောက် ဆယ်ထပ်အမြင့်ကနေ မြေပြင်ပေါ်သို့ မြန်ဆန်သည့် ကျားသစ်တစ်ကောင်လို ခုန်ဆင်းလာလိုက်သည်။  
Previous Chapter 144 of 198 Next