May Honey Logo May Honey
Previous Next

၁၈၉။ စိတ်ငြိမ်ငွေ့

လင်းချင်းပျောက်ကွယ်သွားသည့်အခါ မီးခိုးနီဇွန်ဘီသည် ကြောက်လန့်သွားသည်။ ချက်ချင်းနောက်ဆုတ်ကာ  ပြတင်းပေါက်ကနေ ခုန်ချဖို့လုပ်သည်။ ထိုအခါ ကိုယ်ပျောက်နေသည့်သူသည် သူ့နောက်ကိုလိုက်သည်။

ဇွန်ဘီသည် ပြေးဖို့ကြိုးစားချိန်မှာ သူ့အားနည်းချက် ပေါ်လာသည်။ ဇွန်ဘီလှည့်လိုက်သည်နှင့် လင်းချင်းသည် မီးခိုးနီကြားထဲတွင် အမြန်ပြေးကာ ပြတင်းပေါက်ဘောင်ကနေ တက်လိုက်သည်။ ထို့နောက် ချက်ချင်းကိုယ်ပြန်ဖော်လိုက်ကာ ဇွန်ဘီ၏လည်ပင်းကို သူမ၏လက်သည်းများဖြင့် ပိုင်းလိုက်သည်။

ဇွန်ဘီသည် အခြားအဆောက်အဦးတစ်ခုကို ခုန်ပြေးဖို့ လုပ်နေတာဖြစ်သည်။ မျက်နှာချင်းဆိုင် အဆောက်အဦးတွင် ကော်ရစ်တာရှိနေသည်ကို ပြတင်းပေါက်ကနေ လှမ်းမြင်နေရသည်။ အဆောင်များသည် တစ်ခုနှင့်တစ်ခု ၂မီတာလောက်ပဲ ဝေးလေရာ ဇွန်ဘီအနေဖြင့် ခုန်ကူးလိုက်ဖို့က လွယ်ကူသည်။ သို့သော်လည်း တစ်ဖက်အဆောက်အဦးသို့ မရောက်ခင် လေထဲမှာပဲ သူ့လည်ပင်းကို သပ်ရပ်စွာဖြင့် လက်သည်းဖြင့် ပိုင်းခံလိုက်ရတော့သည်။

ဘုန်း!   မီးခိုးနီဇွန်ဘီသည် အခြားအဆောက်အဦး၏ ကော်ရစ်တာမှ ကျောက်လက်တန်းနှင့် ရိုက်မိသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ဂါး!
အောက်ကဇွန်ဘီအုပ်ကြီးသည် သိသာသည့်တုံ့ပြန်မှုတော့ မလုပ်ပေ။ လင်းချင်းက သူမ၏အရှိန်အဝါကို ထုတ်ပြလိုက်ကာ သူမလည်း ဇွန်ဘီအုပ်ကြီးထဲသို့ ခုန်ဆင်းလာသည်။ သူမ၏အရှိန်အဝါက ပျံ့နှံ့သွားသည်နှင့် အကုန်လုံးသည် ဆယ်စက္ကန့်အတွင်းမှာ နောက်သို့ဆုတ်ပေးကြသည်။

လင်းချင်းသည် သူမပိုင်းဖြတ်လိုက်သည့် မီးခိုးနီဇွန်ဘီ၏ အလောင်းနားကို သွားလိုက်သည်။ သူမလှုပ်ရှားလာသည်ကို မြင်သည်နှင့် အနားက ဇွန်ဘီများသည် သူမနှင့်ဝေးရာကို ပို၍ပြေးတော့သည်။ ထိုဇွန်ဘီသည် လည်ပင်းကနေ ဖြတ်ခံလိုက်ရသည်ဖြစ်ရာ မြေပြင်တွင် သူ့ကိုယ်အစိတ်အပိုင်းတို့က ပြန့်ကျဲနေသည်။ လင်းချင်းသည် ခေါင်းနားကိုသွားလိုက်ကာ ဦးခေါင်းခွံကို ခွဲလိုက်ပြီးနောက် အမြူတေကို ထုတ်ယူလိုက်သည်။

ထိုအခါ မီးခိုးနီများက ချက်ချင်းပဲ ထွက်လာသည်။ ထိုအရာသည် စိတ်ကိုရှင်းသန့်စေနိုင်သည့် ချိုမြိန်သည့် အနံ့မျိုးလေးဖြစ်သည်။ သူမအတွက်တော့ စိတ်ငြိမ်သက်စေသည်။ ဒီမီးခိုးနီဇွန်ဘီက သူ့ကိုမသတ်ခင် ပြန်မတိုက်သွားသဖြင့် အားနည်းသည်ဟု လင်းချင်းက ခံစားလိုက်ရသည်။

ဒီမီးခိုးနီဇွန်ဘီသည် သူ့ကိုယ်သူကာကွယ်ရန် သာမန်ဇွန်ဘီများကို အနားတွင် ထားခြင်း ဖြစ်လိမ့်မည်။ သို့သော်လည်း သူ့သာမန်ဇွန်ဘီများ မသိအောင် လင်းချင်းက အမိုးပေါ်ကနေ ရောက်လာနိုင်လိမ့်မည်ဟုတော့ မတွေးမိခဲ့လောက်ပေ။ 

ထိုအချိန်တွင် ရှဲ့တုန်းသည် သူမအနားသို့ ရောက်လာကာ ကြည့်သည်။ လင်းချင်းကတော့ ဇွန်ဘီအမြူတေကို တစ်ချက်ကြည့်လေရာ စွမ်းအားသည် သိပ်ထူးခြားသလို မခံစားရသဖြင့် နယ်မြေထဲက ကန်ထဲသို့သာ ပစ်ထည့်လိုက်သည်။ ထို့နောက် ထရပ်ကာ အပြင်သို့ ထွက်လာသည်။ ရှဲ့တုန်းက သူမ၏အနောက်ကနေ လိုက်လာသည်။

သူမသည် မီတာ၂၀လောက်က မြင့်မားသည့် စက်ရုံဆီသို့ လမ်းလျှောက်သွားပြီးနောက် ရှဲ့တုန်းအား လက်ဟန်ပြလိုက်သည်။ သူမသည် အပေါ်သို့တက်ကာ တည်နေရာရှာမည်ဖြစ်၍ ဒီကနေ စောင့်ဖို့ပြောတာဖြစ်သည်။ ရှဲ့တုန်းသည် အမိုးကိုတစ်ချက်မော့ကြည့်ပြီးနောက် ခေါင်းငြိမ့်ပြသည်။

လင်းချင်းသည် အပြင်သို့ ထွက်နေသည့် လေအေးပေးစက်များပေါ်ကနေ အမိုးပေါ်သို့ ဆယ်စက္ကန့်အတွင်း လျှင်မြန်စွာ တက်သွားသည်။ ထို့နောက် အမြင့်ဆုံးနေရာသို့ ခုန်တက်လိုက်ကာ လေထဲတွင် အနံ့ခံကြည့်သည်။ ခနကြာသည့်အခါ သူမသည် အချို့အနံ့များကို ရလိုက်သည်။

‘ဟင်?’
သူမသည် တစ်ခုခုရှိနေသည့်အလား တစ်ဖက်ကို စိုက်ကြည့်နေသည်။ ထိုနေရာသည် အရမ်းဝေးသဖြင့် သူမသည် ရှင်းရှင်းလင်းလင်း အာရုံမခံနိုင်ပေ။ အရမ်းဝေးလွန်းသောကြောင့် အသုံးဝင်သည့်အနံ့များကို မရပေ။ သို့သော်လည်း ထိုနေရာဆီမှ မဖော်ပြနိုင်သည့် ခံစားချက်တစ်ခုက ရနေသည်။

အခြားဘက်များကို အနံ့ခံကြည့်သော်လည်း အခြားအဆင့်မြင့်ဇွန်ဘီကို မထောက်လှမ်းမိပေ။ ထို့နောက် လင်းချင်းသည် သူမကိုထူးဆန်းသည့် ခံစားမှုပေးနေသည့် ထိုနေရာဘက်ကို တစ်ချက်ကြည့်ကာ ထိုဘက်သို့ သွားဖို့ဆုံးဖြတ်လိုက်သည်။ မြို့လည်သည်လည်း ထိုဘက်မှာ ရှိနေသောကြောင့် ဖြစ်သည်။ 

သူမသည်  အမိုးပေါ်ကနေ အခြားအဆောက်အဦးတစ်ခုပေါ်သို့ ခုန်ချသည်။ ထို့နောက်မှ လေထဲတွင် ဂျွမ်းနှစ်ပတ်လောက်ထိုးလိုက်ကာ မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းလာသည်။ ရှဲ့တုန်းသည် သူမဆင်းလာသည်ကို မြင်သည့်အခါ သူမ၏အနားသို့ လာသည်။

လင်းချင်းသည် မိုးပေါ်ကို တစ်ချက်မော့ကြည့်သည့်အခါ နေ့လည်ဖြစ်ကြောင်းသိလိုက်သည်။ ထို့ကြောင့် သူမသည် စက်ရုံဝင်းထဲကနေ ထွက်လာသည့်အခါ အရမ်းပူလွန်း၍ ကုတ်အကျီကို ချွတ်လိုက်သည်။ ထိုအခါ သူမဝတ်ထားသည့် ပြောက်ကျားလက်တိုအကျီကို မြင်ရသည်။

သူမသည် ချွေးမထွက်သော်လည်း အတော်ပူလာ၍ ဖြစ်သည်။ နေရောင်ခြည်က သူမ၏ပုခုံးသားနှင့်လက်များကို လောင်သွားနိုင်သော်လည်း အဝတ်များဝတ်ထားရခြင်းထက် ဒါကလေရ၍ ပိုအဆင်ပြေသည်။

သူမကုတ်ကို ချွတ်လိုက်သည့်အခါ ရှဲ့တုန်းသည် အံ့သြစွာဖြင့် သူမကို စိုက်ကြည့်နေသည်။ သူမ၏ဘေးတွင် ရပ်နေရင်းကနေ သူမ၏ ကြီးမားလှသည့် ရင်သားများကို ခေါင်းစောင်းကြည့်နေတာ ဖြစ်သည်။ သူမ၏ရင်သားများသည် ထိုအကျီဖြင့် လုံခြုံနေသော်လည်း ပုံသဏ္ဍာန်ကိုတော့ ဖုံးကွယ်၍မရပေ။

လင်းချင်းသည် ကုတ်အကျီလက်များကို ခါးတွင်ပတ်ချည်လိုက်ပြီးနောက် ခေါင်းမော့လိုက်သည့်အခါ ရှဲ့တုန်းက သူမ၏ရင်ဘတ်ကို ကြည့်နေကြောင်းကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမလည်း ပြန်ငုံကြည့်လိုက်မှ သူမသည် ဆိုဒ်တူသည့်အတွင်းခံမရသေး၍ မဝတ်ရသေးသည်ကို သိတော့သည်။ သူမဝတ်ထားသည့် အကျီသည် ကျပ်နေသဖြင့် သူမ၏ရင်သားနှင့် နို့သီးခေါင်းများကို ထင်းနေအောင် မြင်နေရသည်။

လင်းချင်းသည် သူမခါးကကုတ်ကို ပြန်ဖြည်ကာ ပုခုံးတွင် ချည်လိုက်ပြီးနောက် ချည်ထားသည့်ဘက်ကို နောက်သို့လှည့်လိုက်ကာ ကုတ်အကျီဖြင့် သူမ၏ရင်သားများကို ဖုံးလိုက်ရသည်။ ထိုအချိန်အထိ ရှဲ့တုန်းသည် သူမ၏ရင်သားကို ကြည့်နေဆဲဖြစ်ရာ လင်းချင်းသည် ပိတ်ကန်လိုက်သည်။ 

ထိုအခါမှ ရှဲတုန်းသည် နောက်သို့နှစ်လှမ်းလောက်ယိုင်သွားကာ အသိပြန်ဝင်သွားသည်။ သူဘာလုပ်မိသည်ကို သတိထားမိသည့်အခါ ရှက်သွားပြီး နှာခေါင်းကိုပွတ်ကာ လင်းချင်းကို ကြည့်လိုက်သည်။ လင်းချင်းက နေကာမျက်မှန်တပ်ထားသဖြင့် သူမ၏မျက်လုံးများကို မမြင်ရပေ။ သို့သော်လည်း သူမြင်လိုက်ရသည့် အရွယ်အစားကြောင့် သူတကယ်ကြီးကို ကိုင်ကြည့်ချင်သွားတာ ဖြစ်သည်။ ထို့ကြောင့် ဒီအကြောင်းကို မတွေးမိအောင် အနည်းကြိုးစားကာ လင်းချင်းကို ကသိကအောက်ဖြစ်စွာဖြင့်ပြုံးပြရင်း လက်မထောင်ပြလိုက်ရသည်။

သူ့အနားတွင် ရှိနေသဖြင့် အတွေးများကို သိနေနိုင်သည့် လင်းချင်းသည် သူမ၏ရင်သားများကို တွေးရင်း လက်မထောင်ပြနေသည့်အခါ တိတ်ဆိတ်စွာပဲ ခြေထောက်ကို မြှောက်လိုက်သည်။

ထိုအခါ ရှဲ့တုန်းသည် လင်းချင်းနှင့် ဝေးရာကို ရှောင်နေတော့သည်။ ထို့နောက် လင်းချင်း၏ လက်မောင်းနှင့်ပုခုံးသားများသည် ဖြူဖွေးနူးညံ့နေသည်ကို မြင်လိုက်ရသည်။ စိုပြေနေရုံတင်မဟုတ်ဘဲ အတော်ချောမွေ့နေလောက်မည့်ပုံဖြစ်နေသဖြင့် အသားအရည်သည် ပြစ်မျိုးမထင်လိုမျိုးလောက်ကို ဖြစ်နေတာ ဖြစ်သည်။

Previous Chapter 189 of 198 Next