May Honey Logo May Honey
Previous Next

၁၀၆။ လူနှင့်ဇွန်ဘီကြားက သဘောတူညီချက်

လုံချင်းယင်သည် တူယွမ်ရှင်း၏ နေကာမျက်မှန်ကြီးကို တပ်ထားသည့် လင်းချင်းကို ကြည့်လိုက်သည်။ ထို့နောက် လင်းချင်းအား မေးလိုက်သည်။   “နင်. . .ငါတို့ကို ကယ်လိုက်တာလား?”

လုံချင်းယင်သည် သူမသတိမလစ်ခင်တုန်းက ခေါင်းကြီးဇွန်ဘီက တိုက်ခိုက်သော်လည်း သူတို့အဖွဲ့မှာ ဘယ်သူမှ  ပြန်မတိုက်နိုင်တော့ကြောင်းကို သိသည်။ ထိုအချိန်တုန်းက သူမသည် ဒုက္ခရောက်နေသော်လည်း ပြန်တိုက်ဖို့ ဘယ်လိုမှ မလုပ်နိုင်ခဲ့ပေ။

ထို့နောက် ခေါင်းကြီးဇွန်ဘီ၏ ခေါင်းထဲသို့ လက်သည်းများက တိကျမြန်ဆန်စွာ တိုက်ခိုက်သည်ကို မြင်လိုက်သည်။ ထို့နောက် ခေါင်းကြီးဇွန်ဘီ၏ အော်သံကြောင့် သူတို့အား မေ့လဲအောင် စူးရှစွာ အော်ခဲ့သည်။

ပတ်ဝန်းကျင်ကို ကြည့်သည့်အခါ ဟိုတယ်ခန်းဖြစ်ကြောင်း တွေ့ရသည်။ ကမ္ဘာမပျက်ခင်က အပြင်အဆင်များဖြင့် ဖြစ်သည်။ အခန်းသည် သပ်သပ်ရပ်ရပ်မရှိကာ ဖုန်ထူနေသဖြင့် ဘယ်သူမှမရောက်ဖူးတာ သိသာလွန်းသည်။

လုံချင်းယင်သည် လင်းချင်းကို စကားပြောသည်မှာ အရင်က သူမတို့အား စာဖြင့်ရေးပြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လင်းချင်းသည် ဘယ်လိုဆက်သွယ်ရမလဲ သိသောကြောင့် သူမစကားပြောကြည့်တာ ဖြစ်သည်။

လင်းချင်းက တည်ငြိမ်စွာ ခေါင်းငြိမ့်ပြသည်။

နေကာမျက်မှန်ကြီးဖြင့် လင်းချင်းကိုကြည့်ကာ လုံချင်းယင်သည် နားမလည်စွာဖြင့်   “ဇွန်ဘီဆိုပင်မယ့်. . .ငါတို့စကားကို ဘယ်လိုလုပ် နားလည်နေတာလဲ? စာလည်းရေးတက်တယ် ပြီးတော့ ငါတို့လည်းကယ်သေးတယ်။ တကယ့်ကို ဇွန်ဘီလား?”

လင်းချင်းသည် သူမ၏လက်သည်းများကို ထုတ်ပြလိုက်သည်။

“ဘာဖြစ်လို့ ကယ်တာလဲ? မစားဘူးလား? ဇွန်ဘီတိုင်းက လူသားစားတယ်မလား?”   လုံချင်းယင်က မေးသည်။

လင်းချင်းသည် စာအုပ်ဖြင့် စာရေးပြသည်။   ‘ငါကဇွန်ဘီပင်မယ့် သာမန်ဇွန်ဘီတွေနဲ့ ကွာတယ္။ လူသားစားဖို့ မလိုဘူး။ နင်တို့ကို ကယ်တယ်ဆိုတာက လူတစ်ချို့အကြောင်း မေးချင်တာရှိလို့’   စာရေးပြီးသည့်အခါ လုံချင်းယင်အနားသို့သွားကာ ပေးလိုက်သည်။

လုံချင်းယင်သည် နောက်သို့ဆုတ်သွားသည်။ ဇွန်ဘီတွင် ရန်လိုစိတ်မရှိတောင်မှ သူမက အနားတော့ မကပ်ရဲပေ။ ဇွန်ဘီများက ပိုးရှိနေသဖြင့် အန္တရာယ်များသည်။ လုံချင်းယင်၏ အပြုအမှုကြောင့် လင်းချင်းသည် ရပ်လိုက်သည်။ သူမသည် စာရွက်ကိုသာဖြဲ၍လိပ်ကာ ပေးလိုက်ရသည်။ လုံချင်းယင်သည် စာလိပ်ကိုဖြေကာ ဖတ်ပြီးနောက် လင်းချင်းအား ခေါင်းမော့ကြည့်ကာ   “နင်က. . .တကယ်ပဲ တခြားဇွန်ဘီတွေနဲ့ ကွာတာပဲ။ ဘယ္သူ့အကြောင်း သိချင်တာလဲ?”

လင်းချင်းက သူမ၏အမေ၊ အကိုနှင့် ညီမတို့နာမည်များ ရေးမည့်အချိန်တွင် အခြားကုတင်က တူယွမ်ရှင်းသည် နိုးလာခဲ့သည်။

“ဟင်း. . .အား. . .”
သူသည် နာကျင်စွာ ညည်းညူရင်း သက်ပြင်းချလိုက်သည်။ ထို့နောက် ကုတင်ပေါ်မှ ရှုံ့မဲ့နေသည့် မျက်နှာဖြင့်ထထိုင်လိုက်သည်။

“ဘာဖြစ်သွားတာလဲ. . .ဒီနေရာက . . .ဟာ. . .ငါ့မျက်မှန်”   သူသည်ထပြီးနောက် ဘေးကိုကြည့်သည့်အခါ သူ့မျက်မှန်ဖြင့် လင်းချင်းကို မြင်လိုက်ရသည်။ ထိုအခါ သူ့မျက်မှန်းသိလိုက်သည်။ သေချာအောင် ခါးကိုစမ်းကြည့်သည့်အခါ သူ့မျက်မှန်သည် တကယ့်ကို မရှိတော့ပေ။

လင်းချင်းသည် သူ့ကိုကြည့်ကာ နှုတ်ခမ်းများတွန့်ကွေး၍ ပြုံးပြသည်။ သို့သော်လည်း သွားဖြူဖြူအစွယ်များ ထုတ်ပြလိုက်သလိုသာ ဖြစ်သွားရှာသည်။ ဇွန်ဘီဖြစ်သွားပြီးနောက် သူမ၏အပြုံးသည် အရမ်းကြောက်ဖို့ကောင်းလာသည်။ ဒါကိုလည်း သူမဘယ်လိုမှ မတက်နိုင်ပါပေ။

သူမ၏အစွယ်များကို မြင်သည့်အခါ တူယွမ်ရှင်းသည် ရင်ထဲတွင် အေးစက်ကာ ကြောက်သွားသည်။ ထို့ကြောင့် လင်းချင်းကို မကြည့်ဘဲ လုံချင်းယင်ကိုသာ ကြည့်လိုက်သည်။ လုံချင်းယင်သည် ထကာ တူယွမ်ရှင်း၏အနားသို့ သွားသည်။

“ဘာဖြစ်တာလဲ? ဘာဖြစ်လို့ ငါတို့ဒီကိုရောက်နေတာလဲ?”   လုံချင်းယင်ကအနားသို့လာသည်နှင့် တူယွမ်ရှင်းသည် အသံတိုးတိုးဖြင့် မေးသည်။

“နင်မမြင်ဖူးလား? ငါတို့ကိုသူကယ်ထားတာလေ”   လုံချင်းယင်သည် လင်းချင်းကို ကြည့်နေရင်း အသံတိုးတိုးဖြင့် ဖြေသည်။

တူယွမ်ရှင်းသည် စိတ်ရှုပ်သွားကာ မေးသည်။   “ဇွန်ဘီလား? ယောက်ျားလား? ဘာဖြစ်လို့ ငါတို့ကိုကယ်တာလဲ?”

လုံချင်းယင်သည် မျက်လုံးကိုလှန်လိုက်မိကာ တွေးနေမိသည်။   ‘အရင်တည်းက သူဇွန်ဘီပါလို့ ပြောပြီးသား။ အခုလိုမေးတာ နင့်ကိုနင်တုံးလွန်းတယ်လို့ မခံစားရဘူးလား?’

“ဇွန်ဘီ။ ငါတို့ကိုကယ်တာက သူ့လည်းလိုချင်တာရှိလို့”   လုံချင်းသည် သူမမေးမည့် သတင်းအချက်အလက်ကို လိုချင်တာဟုသာ တွက်ဆလိုက်သည်။  
  
“ဘာလိုချင်တာလဲ? ငါတို့ကို တစ်ယောက်ချင်းစားမှာလား?”   တူယွမ်ရှင်းသည် ထမေးသည်။

လင်းချင်းသည် မျက်လုံးကိုလှန်လိုက်ကာ ကျစ်ဟု အသံမထွက်ဘဲ မနေနိုင်တော့ပေ။ ဒီလူက နည်းနည်းရူးကြောင်ကြောင်နိုင်သည်ဟု သူမခံစားရသည်။ လုံချင်းယင်လည်း ဘာပြောရမလဲ မသိတော့ပေ။ တူယွမ်ရှင်း၏ ဦးနှောက်က နိုးလာတည်းက အလုပ်မလုပ်တော့လို့လားဟု သူမထင်နေမိသည်။ ထို့ကြောင့် ဖြေမနေဘဲ လင်းချင်းသာ ကြည့်လိုက်သည်။

“ဘယ်သူ့ကိုသိချင်တာလဲ?”   သူမမေးသည်။

လုံချင်ယင်ပြောသည်ကိုကြားမှ တူယွမ်ရှင်းသည် ဇွန်ဘီလိုချင်သည်မှာ လူအကြောင်းသိချင်တာ ဖြစ်မှန်းသိသွားသည်။ ထိုအခါမျ သက်ပြင်းချကာ သူ့ကိုယ်အခြေအနေကို စစ်ကြည့်လိုက်သည်။ စခန်းကထွက်လာသူတိုင်း ကြောက်သည်မှာ ဇွန်ဘီပိုးကူးမှာပင်။ ပိုးနည်းနည်းလေးကူးရင်တောင်မှ အသက်ဆုံးရှုံးနိုင်သည်။ ထို့ကြောင့် သူတို့သည် ဖြစ်နိုင်ချေရှိသည်တိုင်းကို စစ်ဆေးလေ့ရှိသည်။

ဉပမာ ဇွန်ဘီကိုက်ခံရတာ ကုတ်ခံရတာ ရှိမရှိပင် ဖြစ်သည်။ သို့မဟုတ် သန္ဓေပြောင်းအပင်များ စားမိခြင်း၊ ဇွန်ဘီသားရဲများဆီမှ တိုက်ခိုက်ခံခြင်း သို့မဟုတ် သန္ဓေပြောင်းကောင်းများထံမှ တိုက်ခိုက်ခံရခြင်း စသည်တို့ ဖြစ်သည်။ တူယွမ်ရှင်းသည် သူ့ကိုယ်သူ သေချာစစ်ပြီးတာတောင် ဘာမှမရှိပေ။ ခေါင်းနည်းနည်းကိုက်သည်ကလွဲလျှင် အကုန်ကောင်းသည်။ 

ထိုအချိန်တွင် လင်းချင်းက ရေးပြီးသွားပြီ။   ‘လင်းဖန်၊ ဟွမ်မေ့၊ လင်းဝမ်ဝမ်နဲ့ လင်းဟောင်တို့ကို ကြားဖူးလား?’   ထို့နောက် စာရွက်ကိုဖြဲပြီးလိပ်ကာ လုံချင်းယင်ကို ထပ်ပေးလိုက်သည်။

လုံချင်းယင်သည်ဖမ်းကာ ဖြေလိုက်သည်။ တူယွမ်ရှင်းသည် စာကိုဖတ်လိုက်သည်။ ထို့နောက် လင်းချင်းအား နားမလည်စွာဖြင့် မေးသည်။   “သူတို့ကိုမင်းသိလား? ဘာဖြစ်လို့ရှာနေတာလဲ?”

လင်းချင်းသည် ခေါင်းငြိမ့်ပြသည်။ သေချာပေါက် သူမ၏မိသားစုများကို သိသည်ဖြစ်သည်။ သူမက ဇွန်ဘီဖြစ်နေတောင် မိသားစုက မိသားစုသာ။ ရှာနေရခြင်းအကြောင်းမှာ သူတို့လက်ရှိအခြေအနေ ဘယ်လိုရှိသလဲကို သိချင်၍ဖြစ်သည်။

တူယွမ်ရှင်း၏လေသံဖြင့် ဒေါသဖြင့် အထိမခံနိုင်သလို ဖြစ်နေသည်။ သူမသည် သူတို့အား နားမလည်စွာဖြင့် ကြည့်သည်။ သူတို့၏မျက်နှာထားသည် သူမ၏မိသားစုကို သေချာပေါက်သိသည်။ သို့သော်လည်း ရန်လိုနေမှုကို မသိပေ။ သူတို့က အကာအကွယ်ပေးချင်ပုံရသည်။ တူယွမ်ရှင်းသာမက တစ်ဖွဲ့လုံးသည် သူမ၏မိသားစုကိုသိကာ ကာကွယ်ပေးနေကြခြင်း ဖြစ်သည်။

လင်းချင်းသည် သူတို့၏မျက်နှာထားမှာ ထူးဆန်းသလို ခံစားသည်။ သူမ၏အကိုသည် အားနည်းသူမဟုတ်ကြောင်းသိသည်။ သဘာဝလွန်စွမ်းအားရှင် မဖြစ်ရင်တောင်မှ ကမ္ဘာပျက်ခေတ်တွင် ရှင်သန်ဖို့ မခက်ခဲပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ရှေ့တန်းမှ ဗိုလ်ချုပ်ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ သူမသည် သာမန်အထူးတပ်သားလေးထက် ပိုအရည်အချင်းရှိသည်။ ထို့ကြောင့် မိသားစုကို ကာကွယ်ပေးနိုင်လိမ့်မည်။

သို့သော်လည်း သူတို့မျက်နှာထားအရ အခြေအနေမကောင်းပုံကို သတိထားမိသည်။ သူတို့၏မျက်လုံးထဲတွင် သူမ၏မိသားစုနှင့်ပတ်သတ်၍ ရန်လိုမှုရှိနေသည်။ လင်ချင်းတွေးမိသည်မှာ   ‘မဟုတ်ဘူး။ ငါ့ကိုရန်လိုတာမဟုတ်ဘူး တခြားသူတွေကိုပဲ။ ငါ့မိသားစုက စခန်းမှာ ဒုက္ခတွေ့နေရပြီလား?’

လင်းချင်းသည် သူတို့၏မျက်နှားထားမှ အများကြီးကို ခန့်မှန်းမိသည်။ ဒါသည် တပ်သားတစ်ယောက်၏ ခန့်မှန်းနိုင်စွမ်းထက် သူမ၏စိတ်ဖတ်သည့်အစိမ်းကလည်း တိုးတက်လာသောကြောင့် ဖြစ်သည်။  
“လင်းဖန်နဲ့ ဘယ်လိုဆက်ဆံရေးလဲဆိုတာ အရင်ပြောရမလား?”   လုံချင်းယင်သည် မျက်မှောင်ကျုံ့ကာ မေးသည်။  
Previous Chapter 106 of 198 Next