၄၁။ သစ္စာဖောက်ရခြင်းအကြောင်း
“အကိုရှောင်း ဒီတစ်ခေါက် ကျွန်တော်တို့ ရှဲ့တုန်းကို သတ်လိုက်ပြီဆိုတော့ နောက်တစ်ခါကျရင် ဘယ်သူက ဇွန်ဘီရှေ့မှာ ကာပေးတော့မှာလဲ!”
အခန်းငယ်လေးထဲတွင် အတူထိုင်နေကြသည့် လူလေးယောက်ထဲက တစ်ယောက်က စပြောသည်။
ဟွမ်ရှောင်းသည်ပြုံးကာ ဂရုမစိုက်စွာဖြင့်
“ဘာကိုကြောက်နေတာလဲ? ရှဲ့တုန်းရဲ့ မီးနံရံက မရှိတော့ပင်မယ့် ငါ့ရဲ့လေမုန်တိုင်းကို မေ့နေတာလား? ပြီးတော့လည်း ငါ့အစွမ်းတွေက တိုးလာတော့မှာ။ ရှဲ့တုန်းသာ မရှိတော့ရင် ခေါင်းဆောင်နေရာက ငါ့အတွက်ပဲ”
“ဟီး ဟီး. . .ဟုတ်တယ်။ ငါတို့အကိုရှောင်းက ရှဲ့တုန်းထက် မညံ့ဘူး။ ငါတို့က ရှဲ့တုန်းကို ခေါင်းဆောင်တင်ထားရပင်မယ့် သူကအမြဲတိုင်း ငါတို့ရမှာတွေကို ယူထားသည်။ ငါတို့ရတာဆိုလို့ နည်းနည်းလေးရယ်”
“ဟုတ်တယ် ဟုတ်တယ်။ အမြဲတမ်း သူကပဲ ကောင်းတာတွေရတယ်။ ပြီးတော့လည်း စခန်းက မိန်းမက အကိုရှောင်းလူဖြစ်ရမှာကို သူကအစာနဲ့မျှားသွားတယ်။ သူသာမရှိရင် အစောကြီးတည်းက အကိုရှောင်းရဲ့ အိပ်ရာပေါ်ကို ရောက်နေမှာ”
ထိုအမျိုးသမီးအကြောင်းကို ပြောသံကြားသည့်အခါ ဟွမ်ရှောင်း၏မျက်နှာသည် ပို၍မည်းသည်းသွားသည်။ သူ့၏မျက်လုံးထဲတွင် မနာလိုမှုတို့က အထင်သားဖြစ်သည်။ သို့သော်လည်း သိပ်မကြာခင်တွင် သူသည် ဂုဏ်ယူစွာဖြင့် ရယ်လိုက်ကာ
“မိန်းမတွေ. . .ငါ့မှာသယံဇာတတွေ ရှိနေသမျှတော့ ငါ့ကုတင်ပေါ်ကို ရောက်လာဖို့က အလွယ်ပေးပဲ။ ပြီးတော့လည်း ရှဲ့တုန်းက မရှိတော့ဘူးဆိုတော့ ဘယ်သူကမှ ငါပြန်ရောက်သွားရင် တားနိုင်မှာ မဟုတ်တော့ဘူး။ အဲ့မိန်းမက ငါနဲ့အတူမရှိချင်ဘူးဆိုရင်တောင် ဘာဖြစ်လဲ? ငါလိုချင်တိုင်း သူ့ကိုသုံးလို့ရနေတာပဲမလား? ငါသူနဲ့ အိပ်ချင်တိုင်းအိပ်လို့ရတယ် အဟမ်း . . .ဟား ဟား. . .”
သူ့စကားဆုံးသည့်နောက်တွင် ယုတ်မာသည့်ရုပ်ဖြင့် အခြားသူများကို ကြည့်ပြီးနောက် ရယ်လေသည်။
“ဟား ဟား. . .ဟုတ်တယ်”
အခြားသူတွေများသည်လည်း အချင်းချင်းကြည့်ကြကာ ရယ်ကြသည်။ သူတို့၏ရယ်သံများသည် တူညီသည့်အဓိပ္ပာယ်ဖြင့်ပင်။
“အကိုရှောင်း စခန်းကို ပြန်ရောက်ရင် ကျွန်တောတို့မှာရှိတဲ့ ဇွန်ဘီအမြူတေတွေကို စုပ်ယူပြီးတာနဲ့အဆင့်လေးကို ချိုးဖောက်ရောက်တော့မှာမလား? အဆင့်လေးလေစွမ်းအင်က မီးစွမ်းအင်ထက် ပိုအသုံးဝင်တယ်။ လေဓားက ဇွန်ဘီခေါင်းကို ဖြတ်နိုင်တယ်။ အဲ့ဒါက ရှဲ့တုန်းရဲ့ မီးလုံးတွေထက် ပိုကောင်းတယ်”
အဆင့်နှစ်စွမ်းအားရှင်တစ်ယာက်က မျက်နှာလိုမျက်နှာရပြောသည်။
ဟွမ်ရှောင်းသည် ဒါကိုကြားသည့်အခါ ဂုဏ်ယူစွာ ရယ်ပြီးနောက်
“ငါအစောကြီးထဲက သူ့ကိုသတ်ပစ်လို့ရပင်မယ့် သူ့အဆင့်လေးမီးလုံးတွေက ဇွန်ဘီတွေကို တားပြီး ငါတို့အတွက် သက်သာနေလို့သာ။ ဒါပင်မယ့်ကံကောင်းချင်တော့ ငါတို့အဲ့ဒီအချိန်တုန်းက ဇွန်ဘီခေါင်းဆောင်နဲ့ သူ့ကိုထားခဲ့ရလို့။ မဟုတ်ရင် ငါတို့မှာ နယ်မြေထဲကို ဝင်ပုန်းဖို့ အချိန်ရမှာ မဟုတ်ဘူး”
အခြားသုံးယောက်သည် ကြောက်လန့်စွာဖြင့် ခေါင်းကိုငြိမ့်ကြသည်။ သူတို့သည် ဇွန်ဘီခေါင်းဆောင်အကြောင်းတွေးမိသည့်အခါ မျက်နှာများသည် ဖြူလျော့လို့သာ သွားတော့သည်။
“ဟုတ်တယ်။ ဒီလောက်ကံဆိုးလိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့ဖူးဘူး။ တကယ်တော့ သူများတွေကြုံရခဲတဲ့ ဇွန်ဘီခေါင်းဆောင်နဲ့မှ တွေ့ရတယ်လို့ပဲ။ ဇွန်ဘီခေါင်းဆောင်ရဲ့ စွမ်းအားက ထိပ်ဆုံးရောက်နေလို့ ပြန်မတိုက်နိုင်တာက တကယ်နာတယ်။ မဟုတ်ရင် သူ့အမြူတေကြောင့် အတော်အမြတ်ရမှာ”
“ဟုတ်တယ်”
ဇွန်ဘီခေါင်းဆောင်၏ အမြူတေအကြောင်းပြောသည့်အခါ သူတို့၏မျက်လုံးထဲတွင် လောဘတို့ဖြင့် ပြည့်နှက်နေသည်။
ရေဘူးကိုဖွင့်ကာ တစ်ငုံလောက်သောက်ပြီးနောက် နောင်တစွာဖြင့် ဟွမ်ရှောင်းသည်
“ကံဆိုးတာက ငါတို့ရှဲ့တုန်းရဲ့ အမြူတေလည်း မရလိုက်ဘူး. . .နာတယ်ကွာ။ သူ့အဆင့်လေးအမြူတေက ငါအဆင့်လေးကိုဖြတ်ဖို့ လုံလောက်တယ်”
ထိုအချိန်တွင် တံခါးအပြင်ဘက်က ရှဲ့တုန်းသည် အံ့ကိုကြိတ်ကာ သူတို့ပြောသည်များကို နားထောင်နေသည်။ သူ့မျက်လုံးများသည် ဒေါသတို့ဖြင့် ပြည့်နေကာ နဖူးက သွေးကြောများသည်လည်း ထောင်ထနေသည်။ သူသည် ဘယ်တုန်းကမှ ဟွမ်ရှောင်း၏ သစ္စာဖောက်ခြင်းသည် သူ့အမြူတေနှင့် သူ့မိန်းကလေးကို တပ်မက်နေ၍ဟု မထင်ခဲ့မိပေ။
‘အရမ်းကောင်းတယ်။ စိတ်ကအစ ပုပ်သိုးနေတဲ့ကောင်တွေပဲ’
သူသည် စိတ်ထဲက ကျိန်ဆဲနေမိပြီ။
အခန်းထဲတွင် ဟွမ်ရှောင်းနှင့် အခြားသူများသည် ရှဲ့တုန်း၏ အမြူတေကို မရလိုက်သဖြင့် နှမြောနေကြသည်။
“ဘန်း!”
ထိုအသံနှင့်အတူ တံခါးသည် မယုံနိုင်လောက်ဖွယ်အားဖြင့် ကန်ခံလိုက်ရသဖြင့် ပွင့်ထွက်သွားပြီး သံတံခါးရွက်ကြီးသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာသည်။
အခန်းထဲကလေးယောက်သည် ချက်ချင်းခုန်ထလိုက်ကာ တံခါးဆီသို့ သူတို့၏လက်နက်များဖြင့် ချိန်ထားလိုက်သည်။ သို့သော်လည်း သူတို့သေနတ်များ မပစ်ရသေးခင် ရင်းနှီးသည့်သဏ္ဍာန်တစ်ခုကို မြင်လိုက်ရသည်။
“ရှဲ့တုန်း! မသေဘူးလား!”
သူတို့ထဲက တစ်ယောက်သည် ရှဲ့တုန်းက တံခါးရှေ့တွင် ရပ်နေသည်ကို မြင်သည့်အခါ တအံ့တသြဖြင့် ထအော်သည်။
“ဘန်း”
သူ့အား ရှဲ့တုန်းသည် ကျည်ဆန်တစ်တောင့်ဖြင့်သာ ပြန်တုံ့ပြန်သည်။
ထိုလူသည် ဘာဖြစ်မှန်းသိသွားသည့်အခါ သူ့ရင်ဘတ်ကိုသူ မယုံနိုင်စွာ ငုံကြည့်လိုက်သည်။ သူ့ရင်ဘတ်တွင် ကျည်ဆန်တစ်ခုကြောင့် အပေါက်ဖြစ်သွားကာ သွေးများက အကျီထဲမှ စိမ့်ထွက်နေသည်။
ရှဲ့တုန်းသည် သူ့မျက်လုံးများကို မှိတ်လိုက်ကာ သက်ပြင်းချလိုက်သည်။ သွေးနံ့က သူ့အား ဆာလောင်စိတ်ကို ဖြစ်ပေါ်စေကာ သူ့ခေါင်းထဲတွင် အသံတစ်ခုကို ဆက်တိုက်ကြားနေရသည်။
‘စားပစ် စားပစ် စားပစ်’
ထိုအချိန်တွင် လေဓားတစ်စင်းက သူ့ဆီကို ရောက်လာသော်လည်း ရှဲ့တုန်းသည် မျက်လုံးတောင် ဖွင့်စရာမလိုဘဲ ခေါင်းကိုစောင်းလိုက်ကာ ရှောင်လိုက်သည်။ ထိုလေဓားသည် သူ့နောက်က နံရံတွင်သာ နက်ရှိုင်းစွာ ဖြတ်ရာထင်သွားသည်။
“ရှဲ့တုန်း? ဟား ဟား. . .မသေသေးဘူးလား? ကောင်းတယ်! ဇွန်ဘီခေါင်းဆောင်ဆီမှာ ခင်ဗျားရဲ့ အမြူတေပေးလိုက်ရပြီလားလို့ နှမြောနေမိတာ။ ခင်ဗျားက ရှင်လာသေးတာပဲ ! ဒါပင်မယ့်လည်း ဒါကအဓိက မဟုတ်ဘူး! ခင်ဗျားက သေဖို့ကိုယ့်ဟာကိုယ်ရောက်လာတာပဲ!. . .ဟား ဟား ဟား”
ဟွမ်ရှောင်းသည် အားနားခြင်းတောင် လုံးဝမပြဘဲ ဟန်ဆောင်စရာ မလိုတော့သဖြင့် စိတ်သက်သာသွားပုံတောင် ရနေသေးသည်။ ဒါကတစ်ဖက်သားကို ပွင့်ပွင့်လင်းလင်း စိန်ခေါ်နေခြင်းသာ။
ရှဲ့တုန်းသည် သူ့ခေါင်းထဲကအသံကြောင့် ချိုမြိန်သည့်သွေးနံ့ကို လျစ်လျူရှုဖို့ ကြိုးစားပြီးနောက် ဆာလောင်မှုကို သည်းခံကာ ဟွမ်ရှောင်းအား မည်းသည်းနေသည့် မျက်နှာဖြင့် ကြည့်လိုက်ကာ သူ့ဘက်တို့က လှုပ်ရှားသွားပြီး သေနတ်ဖြင့် ပစ်လိုက်သည်။
“ဘန်း!”
“အာ. . .ရှဲ့တုန်း. . .”
ဟွမ်ရှောင်းကို ရှဲ့တုန်းက ကြည့်နေသဖြင့် သူ့ကိုအာရုံမရဘူးထင်ကာ ခိုးတိုက်ဖို့ လုပ်နေတာ ဖြစ်သည်။ အဆိုးဆုံးကတော့ ရှဲ့တုန်းက သူ့အားပြန်ပစ်လိမ့်မည်ဟု မထင်ထားခြင်းပင်။ သူမရှောင်ရသေးခင်တွင် ကျည်ဆန်က သူ့နှလုံးကို ထိသွားသည်။
ရှဲ့တုန်းသည် သူတို့အား လှည့်တောင်မကြည့်ဘဲ ဟွမ်ရှောင်းကိုသာ အေးစက်စွာ ကြည့်နေခြင်း ဖြစ်သည်။ ဟွမ်ရှောင်း၏စကားများကြောင့် သူစိတ်တိုကာ ဘာရန်စကားမှ တုန့်ပြန်မှာ မဟုတ်ပေ။ သူကိုယ်တိုင်လည်း အခုစကားပြောမရသည်က အနည်းငယ်ကောင်းနေသည်။ ဒုတိယတစ်ယောက်ကို ပစ်ပြီးသည့်အခါတွင်မှ ရှဲ့တုန်းသည် သေနတ်သည် ဟွမ်ရှောင်းကို ချိန်လာတော့သည်။
ဟွမ်ရှောင်းသည် သူ့သေနတ်ကို လျစ်လျူရှုကာ အေးစက်စွာဖြင့်
“အဆင့်လေးစွမ်းအားရှင်တစ်ယောက်ဖြစ်ပြီး သေနတ်ကိုကိုင်နေတယ်လား? ခန့်မှန်းရရင်. . . ခင်ဗျားရဲ့စွမ်းအားတွေက အခုကုန်သွားပြီမလား? ဒီလိုသေနတ်စုတ်နဲ့များ ငါ့ကိုနိုင်မယ်ထင်နေတာလား?”
သူသည် ငါတို့ဟူသည့် စကားကိုမပြောပေ။ အဘယ်ကြောင့်ဆိုသော် သူတို့လေးယောက်တွင် နှစ်ယောက်က သေသွားပြီဖြစ်သောကြောင့်ပင်။ စကားပြောနေစဉ်တွင် ဟွမ်ရှောင်းသည် သူ့ကိုယ်သူလေပြင်းများဖြင့် ကာကွယ်လိုက်ကာ ရှဲ့တုန်းကိုမပစ်သေးသည့် ကျန်တစ်ယောက်ကို လက်နှစ်ဖက်မြှောက်ပြလိုက်သည်။
ရှဲ့တုန်းသည် ဒီလူက သူ့ကိုမပစ်သေးခြင်းမှာ စွမ်းအင်မရှိလို့ဟု ထင်ခဲ့တာ ဖြစ်သည်။ သူသည် အဖွဲ့ထဲတွင် စွမ်းအားမဲ့သူဟု ထင်ခံရတာ ဖြစ်သည်။ သို့သော်လည်း ခုနတုန်းက သူသည် ဟွမ်ရှောင်းနှင့်အတူ အခြားသူများဖြင့် ပျောက်ကွယ်သွားသည်။