May Honey Logo May Honey
Previous Next

၂၆၈။ ကြောက်ဖို့ကောင်းတဲ့အစွမ်း

“အနားကပ်လာရင် ဒီနှစ်ကောင်က ခုန်အုပ်တော့မယ်”   လင်းချင်းသည် ဒီနှစ်ကောင်က လှုပ်ရှားတော့ဖို့ ပြင်နေသည်ကို ခံစားမိသဖြင့်ပြောသည်။ 

လင်းဝမ်ဝမ်သည် နောက်သို့ဆုတ်လိုက်ကာ နားမလည်စွာဖြင့် မေးသည်။
“သူတို့ကို ရေထဲစိမ်ပြီးတော့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ပြောင်းဖို့လုပ်နေတာလား? ဇွန်ဘီတွေက ပြောင်းနိုင်လို့လား?”

“ဘာဖြစ်လို့ မရမှာလဲ?”   လင်းချင်းက ဖြေသည်။   “ငါမပြောင်းလို့လား?”

လင်းဝမ်ဝမ်သည် ဘာပြောရမလဲ မသိတော့ပေ။

လင်းချင်းသည် ဇွန်ဘီနှစ်ကောင်အား   “ထွက်ကြ! ဘေးမှာနေ မလှုပ်နဲ့!”

ဇွန်ဘီနှစ်ကောင်သည် ရေပုံးထဲမှ ထွက်လာကာ လူသားများရှေ့တွင် ကိုယ်လုံးတီးဖြင့် ရပ်နေသည်။ ဇွန်ဘီတို့က ဂရုမစိုက်သော်လည်း လင်းဝမ်ဝမ်တို့သည် ချက်ချင်းပဲ အကြည့်လွှဲကြတော့သည်။ သို့သော်လည်း မကြာခင် သေချာပြန်ကြည့်ပြီးနောက် ထင်မြင်ချက် ပေးကြသည်။   “ဇွန်ဘီအမက ကိုယ်လုံးကိုယ်ပေါက် လှလိုက်တာ။ ရင်လည်းရှိတယ်။ ခါးကလည်း သွယ်သွယ်လေး၊ ခြေတံကလည်း ရှည်ရှည်လေးနဲ့”

“ဟုတ်တယ်!”   လုံချင်းယင်က ထောက်ခံသည်။

“ဇွန်ဘီထီးကလည်း မဆိုးပါဘူး။ သူဇွန်ဘီဖြစ်သွားပြီးတဲ့နောက် ထောင်နိုင်သေးလား ငါသိချင်တယ်”   လင်းဝမ်ဝမ်က ပြောသည်။

“အဟမ်း! အဟမ်း!”   လုံချင်းယင်သည် ဘာပြောရမလဲ မသိပေ။

“ဟာ!”   လင်းဟောင်က ပြောသည်။   “နင်တို့က မိန်းကလေးတွေမလား! သူထောင်နိုင်မထောင်နိုင် သူ့အစိတ်အပိုင်းကို စိုက်ကြည့်ပြောနေတာမျိုး မလုပ်လို့မရဘူးလား?”

လင်းဝမ်ဝမ်သည် လှည့်ကြည့်သည့်အခါ လင်းဟောင်၏ဘေးက ယောက်ျားတစ်စုမှာ သူမနှင့် လုံချင်းယင်ကို ထူးဆန်းစွာကြည့်နေကြောင်း မြင်သွားသည်။ လုံချင်းယင်သည် အနည်းငယ်ရှက်သွားကာ မျက်နှာကို လွှဲလိုက်ကာ လင်းချင်းကိုကြည့်သည်။ 

လင်းချင်းသည် ရေပုံးကြီးနှစ်လုံးကို မြက်ခင်းနားသို့ ဆွဲသွားကာ မြက်ခင်းများပေါ်သို့ ရေများလောင်းချနေပြီးနောက် ပုံးကိုပြန်ဆွဲယူလာသည်။ ရေအသစ်ပြန်ဖြည့်ပြီးနောက် သူမသည် လွယ်လွယ်ကူကူပဲ နှစ်ပုံးလုံးကို ဇွန်ဘီနှစ်ကောင်နားသို့ ပြန်ဆွဲယူလာကာ   “ဝင်ထိုင်!”

ဇွန်ဘီနှစ်ကောင်သည် နာခံစွာဖြင့် ပုံးကိုယ်စီထဲသို့ ဝင်ထိုင်ကြသည်ကို မြင်သည့်အခါ လင်းချင်းသည် ဇွန်ဘီမ၏ခေါင်းကို လက်ဖြင့်ဖိကာ   “မသောက်နဲ့! နင်သောက်ရင် ငါနင့်ကို သတ်မှာနော်!”

“ဂါး”   ဇွန်ဘီမသည် မကျေနပ်စွာ အော်သော်လည်း မသောက်ရဲရှာပေ။ သူမသည် လူသားများကိုသာ စိုက်ကြည့်နေတော့သည်။ 

လင်းဟောင်၊ လီကျန်းနှင့် အခြားသူများသည်လည်း ဇွန်ဘီနှစ်ကောင်ကို ကြည့်နေကြတာ ဖြစ်သည်။ လီကျန်းက မေးသည်။   “သူဘာလုပ်နေတာလဲ? ဇွန်ဘီနှစ်ကောင်က အဆင့်သုံး ဒါမှမဟုတ် အဆင့်လေးဖြစ်လောက်မယ်။ ဒါပင်မယ့် သူတို့က သူ့အရှေ့မှာ ရုပ်သေးရုပ်တွေကျနေတာပဲ စကားနားထောင်သား။ သူကအဆင့်ဘယ်လောက်လဲ?”

လင်းဟောင်သည် ခေါင်းခါကာ   “ငါတို့မသိဘူး။ အဆင့်၆ဖြစ်မယ် ထင်တာပဲ”

“အဆင့်၆လား?”   လီကျန်းသည် အံ့သြစွာမေးသည်။   “ဒါဆိုရင် ဇွန်ဘီဘုရင်မလား? ဇွန်ဘီဘုရင်နဲ့ ဘုရင်မတွေက ဒီလိုမျိုးအဆင့်မြင့်မြင့်နဲ့ ပြောင်းလဲနိုင်နေပြီလား?”

လင်းဖန်သည် အနားသို့ လျှောက်လာရင်း   “ဒါတော့ မသေချာဘူး။ စကားပြောတက်တဲ့ဇွန်ဘီ ၂ကောင်ပဲ မြင်ဖူးသေးတယ်။ တစ်ကောင်က အစက စကားမပြောတက်ဘူး။ သူပြောင်းပေးလိုက်လို့ ပြောတက်သွားတာ”

ထိုအခါ လီကျန်းတို့သည် မျက်လုံးကျွတ်ကျမတက် ပြူးသွားကာ လင်းဖန်းကို လှည့်ကြည့်ပြီး   “သူက တခြားဇွန်ဘီကို ပြောင်းတယ်? သူကတခြားဇွန်ဘီကို စကားပြောအောင် လုပ်နိုင်တာလား? ဒါကကြောက်ဖို့ကောင်းတဲ့အစွမ်းပဲ!”

“စိတ်လျှော့!”   လင်းဖန်က ပြောသည်။   “အနည်းဆုံးတော့ သူ့ဇွန်ဘီတွေကို လူတွေကို ထိခိုက်အောင်လုပ်ခွင့် သူမပေးပါဘူး”

လီကျန်းသည် လင်းဖန်ကို နားမလည်စွာကြည့်ကာ   “ကပ္ပတိန်ကြီး ဒါကတကယ်သေချာလို့လား? သူ့ကိုသိတာကြာပြီမလို့လား?”

လင်းဖန်သည် ခေါင်းခါကာ   “မကြာသေးဘူး။ သိတာက လဝက်လောက်ပဲ ရှိသေးတယ်။ ဒါပင်မယ့် ငါတို့ကို သူကယ်ပေးခဲ့တယ်။ ပြီးတော့လည်း စခန်းသစ်ဆောက်မှာကို သူကူညီပေးနေတယ်”

လီကျန်းသည် လင်းဖန်ကို စိုက်ကြည့်ကာ   “ဘာဖြစ်လို့ကယ်တာလဲ? ဘာဖြစ်လို့ စခန်းသစ်ဆောက်တာကို သူကကူညီပေးရတာလဲ?”

လင်းဖန်သည် သူ့ကိုကြည့်ပြီးနောက် လင်းချင်းကိုကြည့်ကာ ပြောသည်။   “မသိဘူး။ ကြည့်ရတာ ငါတို့မသိသေးတဲ့ အကြောင်းပြချက်တွေ သူ့မှာရှိနေမှာ”

လင်းချင်းသည် လင်းဖန်အား တစ်ချက်မော့ကြည့်ကာ နယ်မြေလေးသို့ လျှောက်သွားသည်။ မသွားခင် လင်းဝမ်ဝမ်တို့ကို ပြောခဲ့သည်။   “သူတို့နဲ့ ဝေးဝေးနေ။ သူတို့စိတ်တွေက အခုမကြည်သေးဘူး။ လူတွေကို တိုက်ခိုက်နိုင်တယ်”

သူတို့သည် လင်းချင်း၊ ချုးလီလီနှင့် လျူကျွင်းတို့ဖြင့် အခုရင်းနှီးနေကြတော့ လင်းမိသားစုသည် တခြားဇွန်ဘီများအပေါ်တွင် အရမ်းသတိမကြီးကြတော့တာ ဖြစ်နိုင်သည်။ သူတို့မျက်လုံးထဲတွင် ဇွန်ဘီတိုင်းကို သူမတို့လိုမျိုး ထင်ရင်ထင်နေနိုင်သည်။ သို့သော်လည်း လင်းချင်းသည် သူတို့ကို ကြင်နာစွာဖြင့် သတိပြန်ပေးသည်။ လင်းဝမ်ဝမ်တို့သည် သူမစကားကို အလေးထားကာ နောက်သို့ဆုတ်ကြသည်။

အခြားသူများသည် ဆိုဖာတွင် ပြန်သွားထိုင်ကြကာ လင်းဝမ်ဝမ်ခူးပေးထားသည့် စတော်ဘယ်ရီသီးများကို စိုက်ကြည့်နေသည်။ လင်းမိသားစုလို မဟုတ်သည့် လီကျန်းတို့သည် စတော်ဘယ်ရီသီးများကို မထိရဲကြပေ။

လင်းချင်းသည် နယ်မြေလေးထဲသို့ သွားသည့်အခါ ချန်းဝမ်ရှုနှင့် လင်းရှောင်လုတို့သည် ပြန်ထွက်လာသည်ကို တွေ့သည်။ လင်းချင်းက ရှောင်လုအား   “ရှောင်လု ခုံတွေရှိတဲ့နေရာမှာ စတော်ဘယ်ရီသီးတွေ ရှိတယ်”

‘စတော်ဘယ်ရီသီး’ဆိုသည့်အသံကြားသည်နှင့် လင်းရှောင်လုသည် ခုံများရှိရာသို့ ပြေးလေသည်။ ထို့နောက် ချန်းဝမ်ရှုအား လင်းချင်းက   “သူ့အစွမ်းက ဘာလဲဆိုတာကို သိပြီလား?”

ချန်းဝမ်ရှုသည် ခေါင်းငြိမ့်ကာ ပြောသည်။   “ငါ့အထင် စိတ်စွမ်းအင်ဖြစ်လိမ့်မယ်။ စိတ်ဖတ်တဲ့သူပဲ။ ဒါပင်မယ့် အတွေးတွေကိုသိဖို့ လူတွေကို ထိဖို့လိုတယ်”

“စိတ်စွမ်းအင်လား?”   လင်းချင်းသည် ချန်းဝမ်ရှုအား အံ့သြစွာကြည့်ရင်း   “ရှားတဲ့အစွမ်းပဲ။ တခြားသတ္တဝါတွေရဲ့စိတ်ရော ဖတ်နိုင်လား? ဉပမာ ဇွန်ဘီတွေ”

ချန်းဝမ်ရှုသည် ခေါင်းခါကာ    “ငါတို့မစမ်းဖူးတော့ မသိဘူး”

လင်းချင်းသည် ပြုံး၍ခေါင်းငြိမ့်ကာ နယ်မြေလေးထဲသို့ လှမ်းကြည့်ရင်း တစ်ယောက်တည်း ရေရွတ်သည်။   “စိတ်စွမ်းအားကို ထိထိရောက်ရောက် ခုခံဖို့က မဖြစ်နိုင်ဘူး”

နယ်မြေလေးထဲတွင် လျူကျွင်းသည် လက်တင်ရသည့်ခုံလေးပေါ်တွင် စာအုပ်ထိုင်ဖတ်နေသည်။ လင်းချင်းရောက်လာသည့်အခါ သူမသည် ခေါင်းမော့ကြည့်သည်။ လင်းချင်းက အထဲကိုကြည့်ရင်း   “ကလေး အိပ်ပြီလား?”

လျူကျွင်းသည် ကုတင်ပေါ်တွင် အိပ်မောကျနေသည့် တုံတုံကိုကြည့်ကာ ခေါင်းငြိမ့်သည်။ ထို့နောက် လင်းချင်းဆီသို့ထွက်လာကာ မေးသည်။   “သူတို့ကို မှတ်မိလား?”

“ဘယ်သူလဲ?”   လင်းချင်းသည် သူမ၏မေးခွန်းကို တန်းနားမလည်လိုက်ပေ။

လျူကျွင်းသည် ခုံများရှိရာဘက်သို့ မေးငေါ့ပြကာ   “သူတို့ကို ကယ်လာတာလေ။ သိလို့ကယ်လာတာ မဟုတ်ဘူးလား?”

လင်းချင်းသည် နားမလည်စွာဖြင့် ခေါင်းခါကာ   “ငါသိဖို့လိုလို့လား? ဒါပင်မယ့် ငါမမှတ်မိဘူး။ ကမ္ဘာပျက်ပြီးတဲ့နောက်ပိုင်းကဟာတွေ ငါဘာမှမမှတ်မိတာကို နင်သိတယ်မလား။ ငါသူတို့ကိုကယ်လိုက်တာက ရန်သူ့ရဲ့ရန်သူက မိတ်ဆွေမလို့ပဲ။ ယန်ကျင်းဟွာဆိုတဲ့ကောင်ကို ဒုက္ခရောက်စေချင်လို့ ကယ်လိုက်တာ။ သူတို့ကို မမှတ်မိဘူး။ သူတို့ဘယ်သူလဲ နင်ရောသိလား?”

လျူကျွင်းသည် ခေါင်းငြိမ့်ကာ ပြောသည်။   “မသိတဲ့သူတွေကို ဘယ်လိုများ နယ်မြေထဲကို ထည့်ရဲတာလဲ? သူတိုမှာ မကောင်းတဲ့စိတ် ရှိနေမှာ မစိုးရိမ်ဖူးလား? နင့်နယ်မြေကို အသုံးချပြီးတော့ နင့်ကိုခြိမ်းခြောက်ဖို့ နည်းတစ်ခုခု သိသွားမှာ မကြောက်ဖူးလား?”

လင်းချင်းသည် ပေါ့ပေါ့ပါးပါးပြုံးကာ   “လွန်ခဲ့တဲ့ ၁လတုန်းကတော့ မလုပ်နိုင်ဘူးပေါ့။ ဒါပင်မယ့် အခုတော့ ဘယ်မကောင်းတဲ့ကောင်က ငါ့ကိုခြိမ်းခြောက်လောက်တဲ့အထိ သန်မာနေလို့လဲ?”

အခုတော့ သူမအပေါ်တွင် တစ်ဖက်သားက ဘယ်လိုရည်ရွယ်ချက်မျိုးရှိလဲ သိချင်ပါက သူမသည် ထိုသူအနားကိုသွား၍ စိတ်ဖတ်ဖို့သာလိုသည်။ မကောင်းတဲ့ရည်ရွယ်ချက်ရှိရင်တောင်မှ သူမသည် ကြိုသိနှင့်မှာ ဖြစ်သည်။ ထို့အပြင် အခုသူမသည် အင်အားကြီးဖြစ်နေပြီ။ ပင်လယ်မြို့တော်စခန်းမှ ခေါင်းဆောင်တောင် သူမကို မနိုင်တာ ဘယ်သူက သူမကို ခြိမ်းခြောက်ရဲမည်နည်း? ဘယ်လိုလူလိမ်ကောင်မှ သူမ၏စိတ်စွမ်းအားဖြင့် မဖုံးနိုင်သလို၊ ဘယ်လိုလှည့်စားမှုမျိုးကမှ သူမကို ထိခိုက်အောင် မလုပ်နိုင်ပေ။ အတွေးများကို မဖတ်နိုင်မှသာ ဒါမျိုးကို တွေးပူရမှာဖြစ်သည်။  
Previous Chapter 268 of 410 Next