May Honey Logo May Honey
Previous Next

၂၂၄။ ပေါ်လာသည်နှင့်တန်းတိုက်ခံရခြင်း

ဝူချန်းယွဲ့၏အသံကို ကြားသည်နှင့် လင်းချင်းသည် သူ့ကိုတစ်ချက်ကြည့်ကာ ပျောက်သွားသည်။ ထို့နောက် ဝူချန်းယွဲ့သည် သူမရပ်ခဲ့သည့်နေရာသို့ ချက်ချင်းရောက်လာကာ အပြုံးကြီးပြုံးလိုက်သည်။ ထိုအချိန်တွင် သူတို့ခေါင်းဆောင်ကြီး၏ သုံးမီတာပတ်လည်မှ ထွက်လာသည့် အအေးဓာတ်များကို သူတို့ခံစားလိုက်ရသည်။

ထိုအချိန်တွင် လင်းချင်းသည် သူ့အားဆဲနေမိသည်။   ‘ဘာဖြစ်လို့ ဒီလူက မြန်မြန်ပေါ်လာတာလဲ? ငါ့နေရာကို ဘယ်လိုလုပ်ပြီးတော့ သူသိသွားတာလဲ?’

လင်းချင်းသည် နယ်မြေထဲသို့ ဝင်လာသည့်အခါ ကလေးမလေးသည် သူမကိုထုတ်ပေးတော့မည်ဟု ထင်သွားသည်။ ထို့ကြောင့် သူမဆီသို့ပြေးလာကာ သူမလက်ကို လာကိုင်သည်။ 

လင်းချင်းသည် ကလေးမလေးကို ကြည့်ကာ ကူကယ်ရာမဲ့ဖြစ်သွားသည်။ သူမသည် ဝူချန်းယွဲ့၏ ဇွန်ဘီအမြူတေကို ယူလိုက်ခြင်းအား အနည်းငယ်အပြစ်ရှိသလို အစက ဖြစ်သော်လည်း ဇွန်ဘီဘုရင်မထံမှ သူ့သမီးကို ကယ်ပေးထားကာ ဘာထိခိုက်မှုမှမရှိဘဲ ပြန်ပေးမှာဖြစ်သည်။ ဒီအကြောင်းပြချက်များကြောင့် သူမသည် ဇွန်ဘီအမြူတေကို ခိုးခြင်းအား ခွင့်လွှတ်ပေးမည်ဟု ထင်ခဲ့တာဖြစ်သည်။
‘အခုတော့ မိုးကြိုးနဲ့ ထပ်ပစ်ခံရလိုက်တော့ နောက်တစ်ခါ ငါလက်စားပြန်ချေပစ်မှာ!’

ဝူချန်းယွဲ့၏ကြောက်ဖို့ကောင်းသည့် မျက်နှာကြီးကြောင့် လူစုသည် အနည်းငယ် ကြောက်သွားကြသည်။ ဘာဖြစ်လို့ သူတို့ကို တိုက်မှန်းမသိခဲ့သော်လည်း အခုတော့ ခေါင်းဆောင်ကြီးက သဘောကောင်းသည့် အမျိုးသမီးကို ပစ်မှတ်ထားနေပုံရသည်။

လုထန်ရိသည် ဘာဖြစ်သလဲကို သိချင်သဖြင့် ဝူချန်းယွဲ့အား အမြန်ထပြောသည်။   “ခေါင်းဆောင်ဝူ မတိုက်ဘဲနဲ့ စကားပြောလို့ရမလား? ဒီမှာဘာဖြစ်လို့လဲ?”

ထိုအခါ ဝူချန်းယွဲ့သည် အမိုးပေါ်ကနေ ငုံ့ကြည့်သည်။ ထို့နောက် အုတ်ဘောင်တန်းရှိရာသို့ လျှောက်လာကာ ထိုအပေါ်မှနေ သူတို့ရှိရာ အမိုးသို့ ခုန်ဆင်းလာသည်။ လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ထဲသို့ ထည့်လိုက်ကာ လုထန်ရိကို ပြုံးပြ၍မေးသည်။   “သူက မင်းတို့နဲ့လား? ဘယ်ကကောင်လဲဆိုတာ သိလား?”

လုထန်ရိသည် သူ့ကိုအံ့သြစွာကြည့်ကာ ပြောသည်။
“ဟင်? သူဘယ်သူလဲဆိုတာကို မသိဘူးလား?”

ဝူချန်းယွဲ့သည် လုထန်ယုကို မှတ်မိသောကြောင့် အရင်က သူမလုပ်ခဲ့သည်များကြောင့် လိုက်တိုက်နေခြင်းဟု ထင်ခဲ့တာ ဖြစ်သည်။ သို့သော်လည်း ဝူချန်းယွဲ့က သူမဘယ်သူလဲဆိုသည်ကိုမေးမှ မမှတ်မိကြောင်းကို သိတာဖြစ်သည်။

ဝူချန်းယွဲ့သည် အပြုံးကိုဆက်ထိန်းနေရင်းက   “ငါသိလို့ကတော့ မင်းတို့ကိုမေးရင်း အချိန်ဖြုန်းနေပါ့မလား?”

ဝူချန်းယွဲ့၏ ပြုံးနေသည့် မျက်နှာကြောင် လုထန်ရိ၏အမွေး အကုန်ုလုံးသ် ထောင်သွားသလိုပင်။   “ဒါဆိုရင် ဘယ်လိုဖြစ်တာလဲ?”   မင်းသမီးလေးအကြောင်ကို မပြောခင် ဖြစ်ခဲ့သည့် ကိစ္စတစ်ခုလုံးကို အရင်သိအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

ဝူချန်းယွဲ့၏ မျက်လုံးများသည်ကွေးသွားသဖြင့် ကြောက်ဖို့ကောင်းသည့် အပြုံးဖြစ်လာသည်။ လုထန်ရိကို ကြည့်ကာပြောသည်။   “မင်းတို့က သူနဲ့တူရှိနေတာမလား? အရင်ရက်တွေတုန်းက ဇွန်ဘီအမြူတေကို ရလာတာကို သတိထားမိကြသေးလား?”

ထိုအချိန်တွင် အနားသို့ အကုန်ရောက်လာပြီဖြစ်ရာ ဝူချန်းယွဲ့က ဇွန်ဘီအမြူတေဟု ပြောလိုက်သည်နှင့် သူတို့သည် ထိုအမျိုးသမီးက ကန်ထဲကိုပစ်ချလိုက်သည့် ဇွန်ဘီအမြူတေကို သတိရသွားကြသည်။

ကောင်းချင်းမင်းသည် လက်ပိုက်ထားရင်း ဝူချန်းယွဲ့ကိုကြည့်ကာ နားမလည်စွာဖြင့်   “ဘယ်လိုလုပ်သိတာလဲ?”

ထို့နောက် သူတို့သည် ဝူချန်းယွဲ့၏ အဓိပ္ပါယ်တစ်ခုခုရှိနေသလို ရယ်သံကြီးကို ကြားလိုက်ရတော့သည်။   “ဟား ဟား သေချာပေါက်ကို သိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မိုးကြိုးဇွန်ဘီဘုရင်ကို သတ်တာက ငါမလို့ပဲ! ငါသတ်လိုက်တာနဲ့ ဇွန်ဘီခေါင်းကို ခိုးမယ့်သူက ပေါ်လာတယ်”

“ဟင်?”   လုထန်ရိတို့သည် သူတို့ကြားသည်ကို မယုံနိုင်ဖြစ်ကုန်ကြသည်။ ကောင်းချင်းမင်းက လုထန်ရိကိုကြည့်ကာ   “သူပြောတော့ အဆင့်၆ဇွန်ဘီဆို? ဘာဖြစ်လို့ ခေါင်းဆောင်ဝူဖြစ်နေတာလဲ?”

“ငါလည်း ဘယ်သိမလဲကွ”   လုထန်ရိသည် သူ့ကိုကြည့်ကာဖြေသည်။

ဟွမ်ရှို့သည် ကျန်းရှောင်ညန်ကိုကြည့်ကာ   “အာ ဒါဆိုရင် ဇွန်ဘီအမြူတေက ခေါင်းဆောင်ဝူဟာပေါ့။ ဘာဖြစ်လို့ ငါတို့ကို တခြားဇွန်ဘီလို့ ပြောတာလဲ?”

ကျန်းရှောင်ညန်သည် ပုခုံးတွန့်ကာ ဖြေသည်။   “မသိဘူးလေ”

ဝူချန်းယွဲ့၏အပြုံးသည် ပိုထူးဆန်းလာကာ   “ဪ ဒါဆိုရင် သူကငါ့ကို တခြားဇွန်ဘီဘုရင်လို့ ပြောထားတာလား? ရပါတယ်။ ငါစိတ်ထဲမထားပါဘူ။ ဒါပင်မယ့် မင်းတို့ထဲကတစ်ယောက်ကတော့ ငါတို့က သူဘယ်သူလဲဆိုတာနဲ့ ဘယ်ကလဲကိုပြောရမယ်”

သူသည်ပြုံးကာပြောနေရင်း အိတ်ကပ်ထဲက လက်တစ်ဖက်ကိုထုတ်လိုက်သည်။ လက်ဝါးဖြန့်လိုက်သည့်အခါ သူ့လက်ထဲတွင် မိုးကြိုးလုံးတစ်ခုက ပေါ်လာသည်။ လုထန်ရိတို့နားသို့ လျှောက်လာရင်း   “သူ့ကိုဘယ်လိုထွက်လာအောင် လုပ်ရမလဲဆိုတာကို မင်းတို့သိပုံရတယ်။ ငါ့ကိုကူညီရင် ဘာမှမလုပ်ဘူး။ ဒါပင်မယ့် သူပုန်းနေတုန်း မင်းတို့ဘာမှမပြောရင်တော့ မင်းတို့ကိုလည်း သူ့အပေါင်းအပါတွေလို့ မှတ်ရတော့မယ်”

“မဟုတ်တာ။ မဟုတ်ပါဘူး။ မဟုတ်ဘူး ခေါင်းဆောင် စိတ်လျှော့ တစ်ခုခုကို အထင်လွှဲနေတာ ဖြစ်မှာပါ”   လူစုသည် ကြောက်နေကြချိန်တွင် ကောင်းချင်းမင်းက လက်ကိုယမ်းရင်း ဝူချန်းယွဲ့ကို ပြောသည်။

ဝူချန်းယွဲ့သည် ဒီတစ်ခါတော့ အေးစက်စွာဖြင့် ထပ်ပြုံးလာသည်။   “ဟား ဟား အထင်လွဲရမယ်? ငါနှစ်ရက်လောက် အဆင့်မြင့်ဇွန်ဘီကို အမဲလိုက်ပြီးတော့ ငါအမြူတေကို မသိမ်းခင်မှာ ခိုးခံလိုက်ရတာ။ မင်းပြောကြည့်စမ်း။ ဒါကဘယ်လိုအထင်လွဲတာ ဖြစ်မလဲ?”

“အာ ဒါ ဒါက”   ကောင်းချင်းမင်းသည် သူ့အားမျက်နှာပူစွာကြည့်သည်။ ထို့နောက် လုထန်ရိကို လှည့်ကြည့်သည်။   ‘အဲ့ဒီမိန်းမက သေတွင်းတူးရတာကို တကယ်သဘောကျပုံပဲ’

လုထန်ရိသည်လည်း မျက်နှာပူနေကာ စိတ်ထဲတွင် လင်းချင်းကို ကျိန်ဆဲနေမိသည်။   ‘နင်ပြောတော့ ဇွန်ဘီဘုရင်ဆို? အခုက ဇွန်ဘီဘုရင်ထက်တောင် ပိုဆိုးနေသေးတယ်! သူ့ဆီကခိုးလာရင်လည်း မမိအောင်ပုန်းနေလေ! အခုတော့ ငါတို့ကို ခေါင်းဆောင်ရဲ့ဒေါသနဲ့ ပြေးတွေ့ခိုင်းပြီးတော့ နင်ကနယ်မြေထဲ ဝင်ပုန်းနေတယ်! ဒါမတရားဘူး!’

ဝူချန်းယွဲ့၏ လက်ထဲက မိုးကြိုးလုံးသည် ပိုကြီးလာသည့်အခါ လုထန်ရိတို့က အနောက်သို့ အလိုလိုဆုတ်မိကြသည်။ သူတို့အား အသက်ကယ်ကာ ရေနှင့်အစာ ထောက်ပံ့ပေးခဲ့သည့် လင်းချင်းကို မပြောချင်ကြပေ။   ‘ငါတို့က ကျေးစွပ်လို့ မဖြစ်ဘူးမလား? ဒါပင်မယ့်လည်း စခန်းခေါင်းဆောင်တွေရဲ့ ဒေါသက ကြောက်ဖို့ကောင်းတယ်။ အဆိုးဆုံးက အမြဲတမ်းပြုံးနေပြီး သဘောကောင်းတဲ့ ခေါင်းဆောင်ဝူလိုလူပဲ’

ထိုအချိန်တွင် လျူကျင်းက ဖြတ်ပြောတော့သည်။   “မဟုတ်သေးဘူး ခေါင်းဆောင်။ ကျွန်တော်ပြောချင်တာက အခုအချိန်မှာ ဇွန်ဘီအမြူတေကို ပူနေနိုင်သေးတယ်လား? လင်းလင်းကို ဒီနားတစ်ဝိုက်မှာ ထားခဲ့လား သိချင်လို့?”

ထိုအခါ ဝူချန်းယွဲ့သည် မျက်မှောင်ကျုံ့သွားကာ   “မင်းက ဘယ်လိုလုပ်သိတာလဲ?”

လင်းလင်းကို ရှောင်ယွင့်လုံနှင့်မုန့်ယွဲ့တို့ဖြင့် ထားခဲ့သည့်နေရာသည် သိပ်မဝေးသဖြင့် အနားတစ်ဝိုက်ဟု ပြောရသည်။ ဝူချန်းယွဲ့က ရှောင်ယွင့်လုံတို့ဖြင့် ဒီလူစုက တွေ့လာခဲ့သလားဟူ၍ ကြည့်လိုက်သည်။   ‘ဘာဖြစ်လို့ လင်းလင်းကို ထည့်ပြောနေတာလဲ? ဘာကိုပြောချင်တာလဲ?’

လျူကျင်းတို့က ဆက်မဖြေရသေးခင် အနားမှ အဆောက်အဦး၏တံခါးသည် ပွင့်လာသည်။ ထိုနောက် မေ့နေသည့် မုန့်ယွဲ့ကို ကျောပိုးလာသည့် ရှောင်ယွင့်လုံက ပေါ်လာလေသည်။ လူတိုင်းသည် မုန့်ယွဲ့မှာ တစ်ကိုယ်လုံးသွေးများရွှဲ၍ ရှောင်ယွင့်လုံ၏ ကျောပေါ်တွင် ခေါင်းစိုက်လျှက် ပါလာသည်ကို မြင်လိုက်ကြရသည်။ ရှောင်ယွင့်လုံသည်လည်း ခေါင်းငိုက်စိုက်ကျနေသလို လာတာဖြစ်သည်။

လူစုသည် ကြောင်အသွားကြသည်။   ‘အခုရော ဘာထပ်ဖြစ်ပြန်ပြီလဲ?’  
Previous Chapter 224 of 410 Next