၂၄၃။ လိပ်စွပ်ပြုတ် ပြုတ်ခြင်း
လင်းချင်းသည် မီးဖိုချောင်ထဲမှဆားအချို့ကို ယူလိုက်ကာ နယ်မြေထဲသို့ဝင်လိုက်သည်။ ထို့နောက် ကန်ဘေးတွင်လှဲနေသည့် လိပ်ကိုကြည့်လိုက်သည်။
သူမသည် ထိုင်ချလိုက်ကာ လိပ်ကိုလှည့်လိုက်သည်။ သူမသည် ခေါင်းကိုအရင်ဖြတ်ဖို့လုပ်သော်လည်း လိပ်သည်ခေါင်းကို ထွက်မလာပေ။ ထို့ကြောင့် လင်းချင်းသည် အပိုင်းပိုင်းသာ အရင်ဖြတ်ဖို့ လုပ်လိုက်ရသည်။
လင်းချင်းသည် လိပ်ကိုမလိုက်သည်နှင့် လိပ်သည် အန္တရာယ်ကို သတိထားမိကာ ခေါင်းကိုထုတ်လာ၍ ခြေလက်များကို ရုန်းတော့သည်။ လင်းချင်းသည် အခွင့်အရေးကို အသုံးချကာ လက်သည်းများဖြင့် လိပ်ခေါင်းကို ဖြတ်လိုက်သည်။ ထို့နောက် သူမသည် လိပ်ခွံပေါ်တွင် လက်ချောင်းများဖြင့် မျဉ်းများဆွဲလိုက်သည်။ ထို့နောက် လိပ်ခွံသည် သူမဆွဲသည့်လိုင်းအတိုင်း အပိုင်းပိုင်းပြတ်သွားသည်။
ငါးညှီနံ့သည် ပြင်းထန်စွာ ထွက်လာသည်။ လိပ်သည် ရေဖြင့်မထိရသည်မှာ ကြာသောကြောင့် ဒီလိုငါးညှီနံက ပိုပြင်းလာသည်ဟု လင်းချင်းက ထင်လိုက်သည်။ လင်းချင်းက လိပ်သားများကို အပိုင်းပိုင်းဖြတ်လိုက်၍ သူမ၏ပါးစပ်ထဲသို့ တစ်ပိုင်းထည့်လိုက်သည်။ အသားသည် ချောမွေ့နူးညံ့ကာ ငါးအရသာလို ချိုမြနေသည်က အရင်နှင့်မတူတော့ပေ။ သို့သော်လည်း သူမသည် ဒီလိုလိပ်၏ ပြင်းသည့်အရသာကို မစားဖူးပေ။
လင်းချင်းသည် တစ်ပိုင်းစားပြီးသည့်အခါ နောက်တစ်ပိုင်းကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူမသည် စားနေခြင်းကို မရပ်နိုင်တော့ပေ။ လိပ်တစ်ဝက်လောက်ကုန်သွားမှ သူမသည် တုံတုံအတွက် လိပ်စွပ်ပြုတ် ပြုတ်ပေးရမည်ကို သတိရတော့သည်။
လင်းချင်းသည် ကျန်သည်များကို ရေဖြင့်အမြန်ဆေးလိုက်သည်။ သူမတွင် ဟင်းခတ်အမွှေးအကြိုင်မရှိသဖြင့် အာလူးနှင့် အချို့အသီးအရွက်များနှင့်အတူ လိပ်ကိုရောပြုတ်လိုက်ဖို့ပဲ ဆုံးဖြတ်လိုက်သည်။ တုံတုံအပြင် လင်းရှောင်လုကိုလည်း သူမသည် လိပ်သားအနည်းငယ် ကျွေးချင်သည်။ ထို့နောက် လင်းရှော်ငလု၏ မိဘ၊ အဒေါ်၊ ဦးလေးနှင့် အဘွားကိုတွေးမိသွားသည်။ ‘လူကြီးတွေလည်း စွပ်ပြုတ်နည်းနည်းစားလို့ရပါတယ်’
သူမသည် လူအချို့အတွက် အခုပြုတ်တော့မည်ဖြစ်ရာ အသီးအရွက်များကို ပို၍ထည့်လိုက်သည်။ ထို့ကြောင့် သူမသည် ဂေါဖီအချို့ကို စွပ်ပြုတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် စွပ်ပြတ်အိုးကြီးသည် အသင့်စား၍ရလာသည်။ ထို့နောက် သူမသည် စွပ်ပြုတ်အိုးကြီးကိုသယ်ကာ နယ်မြေထဲက ထွက်လာသည်။
ပြုတ်ထားသည်များက လင်းချင်းအတွက် အရသာမရှိပေ။ သို့သော်လည်း တုံတုံအတွက်တော့ မတူလောက်ပေ။ သူမသည် အိုးကြီးဖြင့် အခန်းထဲသို့ လာသည်နှင့် နှာခေါင်းတစ်ရှုံ့ရှုံ့ဖြစ်လာကာ အနံ့ခံကြည့်နေသည်။
“မေမေ မွှေးတယ်” လင်းချင်း၏လက်ထဲက အိုးကိုကြည့်က လျူကျွင်း၏ ဘောင်းဘီစကို ဆွဲရင်း တုံတုံက ပြောသည်။ လျူကျွင်းသည် လင်းချင်းဝင်လာသည်ကို သိသော်လည်း သူမလိုပင် ဘာအနံ့မှမရပေ။ သူမသားက ပြောနေသည်ကို ကြားသဖြင့် လှည့်ကြည့်လိုက်လေရာ လင်းချင်းက အငွေ့တထောင်းထောင်းထနေသည့် အိုးဖြင့်လာသည်ကို မြင်လိုက်ရသည်။
“စွပ်ပြုတ်ရပြီလား? မများဘူးလား?”
“ပန်ကန်လုံးကြီးကြီးရှာပြီး တုံတုံအတွက်ယူထားလိုက်။ ပြီးရင် ကျန်တာကို တခြားသူတွေကို ငါဝေပေးလိုက်မယ်။ ရှောင်လုကလည်း ဝိတ်ကျလာနေလို့ အားရှိအောင် တိုက်ချင်တာ”
လျူကျွင်းသည် ပြုံး၍ခေါင်းငြိမ့်ပြီး တုံတုံကို သူမ၏ခြေထောက်နားမှ ဖယ်ကာ “တုံတုံက လိမ္မာပါတယ်။ ဒီမှာထိုင်နေနော်။ မေမေက သားအတွက် အရသာရှိတဲ့စွပ်ပြုတ် ထည့်ပေးမယ်”
အရသာရှိသည့်စွပ်ပြုတ်ဟု ကြားသည့်အခါ တုံတုံသည် ဆိုဖာပေါ်တွင် ငြိမ်ငြိမ်လေး သွားထိုင်နေသည်။ လျူကျွင်းသည် ထလာကာ အနားက ဗီရိုထဲမှ စတီးဇလုံတစ်ကြီးတစ်ခုနှင့် ပန်ကန်လုံးသေးတစ်ခု ယူလာသည်။
“ဒီလောက်ဆိုရင် တုံတုံအတွက် ရပါပြီ။ ကျန်တဲ့သူတွေကို သွားပေးလို့ရပြီ” သူမက ပြောသည်။
လင်းချင်းက အိုးကိုယူကာ လင်းဖန်တို့အခန်းသို့သွားသည်။ လင်းဖန်၏အခန်းတွင် လူမရှိပေ။ သူတို့ဘယ်သွားလဲ မသိသဖြင့် သူမသည် သူတို့အနံ့နောက်ကိုခံကြည့်သည်။ သူတို့အားလုံးသည် ပထမထပ်တွင် ရှိနေကြသည်။
‘အာ နေ့လည်စာ စားချိန်ပဲ။ အောက်မှာစားနေကြတာနေမယ်’
ဒီလိုတွေးပြီးနောက် လင်းချင်းသည် အောက်ကလိပ်တစ်ကောင်ဖြင့် ပြုတ်ထားသည့် သူတို့အတွက် စွပ်ပြုတ်ဖြစ်ကြောင်း စာရေးကာ အိုးကိုထားခဲ့လိုက်သည်။ သောက်မသောက်တော့ သူတို့အပေါ်တွင်သာ မူတည်သည်။
သို့သော်လည်း စာရွက်ကိုချလိုက်ပြီးနောက် သူမ၏အမှုအယာသည် ပြောင်းသွားကာ တံခါးမှ ချက်ချင်းထွက်လာသည်။ အောက်ထပ်ကလူများသည် အပေါ်သို့ ပြန်တက်လာကြပြီ။ လင်းဖန်၊ အမျိုးသမီးလင်းနှင့် လုံချင်းယင်တို့ အကုန်လုံးသည် ကောင်းသော်လည်း လင်းဖန်ကျောပိုးလာသည့် လုရှောင်လုသည် အနည်းငယ် အိပ်ငိုက်နေပုံရသည်။
“လုမိန်းကလေး ငါတို့ကို လာရှာတာလား?”
လင်းချင်းသည် အိုးကိုညွှန်ပြကာ “တုံတုံအတွက် စွပ်ပြုတ်လုပ်ထားတာ။ ရှောင်လုကို တွေးမိလို့ သူ့အတွက်လည်း ပိုလုပ်လာတယ်။ ဒါပင်မယ့် အောက်ထပ်မှာ နေ့လည်စာ စားပြီကြပြီမလား” စကားပြောရင်းဖြင့် ဘေးသို့ဖယ်ပေးကာ လင်းရှောင်လုကို ကြည့်လိုက်သည်။
လင်းဖန်က ပြုံးကာ “ကျေးဇူးတင်ပါတယ်။ ခုနလေးတင် စားပြီတာ။ တုံတုံအတွက် ပြန်ယူသွားလို့ရတယ်”
လင်းချင်းသည် လက်ကိုဖြန့်ကာ “တုံတုံက တစ်ယောက်တည်း ဘယ်ကုန်ပါ့မလဲ”
လင်းဖန်တို့သည် အခန်းထဲသို့ဝင်လာကာ အိုးကြီးကိုကြည့်သည်။ အမျိုးသမီးလင်းက လင်းချင်းကိုကြည့်ကာ ပြုံး၍ “ငါတို့ အဝစားထားတာ မဟုတ်ပါဘူး။ စွပ်ပြုတ်လောက်တော့ သောက်ရပါသေးတယ်”
လင်းချင်းသည် ခေါင်းအမြန်ငြိမ့်ပြသည်။ သူတို့သည် ဆိုဖာပေါ်တွင် ထိုင်ကြသည်။ အမျိုးသမီးလင်းသည် လင်းချင်းရေးထားသည့်စာကို ဖတ်ကာ သူမ၏မျက်လုံးထဲတွင် အလင်းဖျော့ဖျော့တစ်ခုက လင်းသွားသည်။ သို့သော်လည်း သူမသည် ချက်ချင်းဖုံးလိုက်ကာ လင်းချင်းကို လှည့်၍ပြုံးပြကာ “သန္ဓေပြောင်းလိပ်တွေမလား? ငါတို့စားလို့ရလို့လား?”
လင်းချင်းသည် တံခါးနားတွင်မှီ၍ ပြောသည်။ “ယုံပြီးစားလို့ရပါတယ်။ ပြီးတော့လည်း တုံတုံကို တိုက်နေတာတောင်မှ သူတချိန်လုံး ကျန်းမာနေတာပဲလေ။ ဒါပင်မယ့် အခု ရှောင်လုက ဘာဖြစ်တာလဲ? သူ့ကြည့်ရတာ ပင်ပန်းနေသလိုပဲ။ ဘာဖြစ်တာလဲ?”
တကယ်တော့ လင်းရှောင်လုသည် သတိမေ့နေပြီ ဖြစ်သည်။ လင်းဖန်သည် လင်းရှောင်လုကို ဆိုဖာပေါ်တွင်တင်ကာ မျက်နှာလေးကိုထိရင်း နားမလည်စွာဖြင့် “ရှောင်လု? သမီးအိပ်သွားတာလား?”
သို့သော်လည်း လင်းဖန်သည် သူ့သမီးကို သိပ်ဂရုမထားမိပေ။ အိပ်နေသည်ဟုပဲထင်ကာ ဆိုဖာပေါ်တွင် သိပ်ထားသည်။
“နေ့လည်စာ စားတုန်းတည်းက ပင်ပန်းနေသလို ဖြစ်နေတာ” အမျိုးသမီးလင်းက ပြောသည်။ “ဆော့တာများသွားလို့ထင်ပါရဲ့”
လင်းချင်းသည် မျက်လုံးကိုမှေး၍ ကြည့်လိုက်ရာ လင်းရှောင်လု၏ကိုယ်ထဲမှ စွမ်းအားလှိုင်းတစ်ခုက စိမ့်ဝင်နေသည်ကို မြင်လိုက်ရသည်။ ထိုစွမ်းအားနည်းနည်းလေးသည် လင်းရှောင်လု၏ သွေးကြောများထဲသို့ စိမ့်ဝင်ကာ ပေါင်းစပ်သွားပုံရသည်။
လင်းဖန်သည် အငွေ့တထောင်းထောင်းထနေသည့် စားပွဲပေါ်က စွပ်ပြုတ်ကိုကြည့်သည်။ မွှေးနေသဖြင့် သူမြည်းကြည့်ချင်နေသည်။ အမျိုးသမီးလင်းကပြုံးကာ “လင်းဖန် စားလေ။ ဒါကိုစားလို့ရတယ် ထင်ပါတယ်” ဒီလိုပြောရင်း လင်းချင်းကို အဓိပ္ပါယ်ပါစွာ တစ်ချက်ကြည့်သည်။
လင်းချင်းသည် မသိသလိုဟန်ဆောင်ကာ ပြုံးရင်း “ရပါတယ်။ မစားရဲရင်လည်း နားလည်ပါတယ်။ ဒါကသန္ဓေပြောင်းလိပ်က ချက်တာပဲလေ။ သန္ဓေပြောင်းအပင်တွေနဲ့ တိရိစ္ဆာန်တွေထဲက ပိုးရှိမရှိကို အာရုံခံနိုင်လို့ တုံတုံကို ဒါကျွေးတာ။ မယုံလည်း ရတယ်။ ဒါက ကျွန်မရဲ့အရည်အချင်းတစ်ခုပဲ”