၂၄၄။ လင်းရှောင်လုဖျားနေခြင်း
လင်းဖန်တို့သည် လင်းချင်းကို တစ်ချက်ကြည့်ကာ တွေးသွားကြသည်။ ထို့နောက် သူတို့သည် နားလည်စွာ ခေါင်းငြိမ့်ကာ
“ငါသိပြီ. . .ဒါကတကယ်ကောင်းတယ် ဒါဆိုရင် စစ်ဆေးရေးလိုပဲ။ ပြီးတော့ ဘယ်သန္ဓေပြောင်းအစာက စားရတယ် မရဘူး သိတာမလား?”
အမျိုးသမီးလင်းက တစ်ဝက်နောက်ကာ ပြောသည်။
လင်းချင်းသည် မျက်ခုံးတစ်ဖက်ပင့်ကာ အပြုံးဖျော့ဖျော့ဖြင့် “ဒီလိုခေါ်လည်း စိတ်မဆိုးပါဘူး။ ဒါပင်မယ့် အခုဒါပြောရမယ့် အချိန်မဟုတ်ဘူး ထင်တယ်။ ရှောင်လုက တစ်ခုခုဖြစ်နေသလို ကျွန်မခံစားရတယ်”
လင်းဖန်နှင့် အမျိုးသမီးလင်းတို့သည် တန့်သွားကာ ရှောင်လုကို လှည့်ကြည့်သည်။ သူတို့သည်မူမမှန်တာ တစ်ခုမှ မထောက်လှမ်းမိပေ။
“ဘာဖြစ်လို့လဲ?” လင်းဖန်သည် လင်းချင်းကို လှည့်ကြည့်ကာ မေးသည်။ လင်းချင်းသည် အနားသို့လျှောက်လာကာ “ဖျားလားသိချင်လို့ နဖူးကိုစမ်းကြည့်လိုက်”
လင်းဖန်သည် သူ့သမီး၏နဖူးကို လက်ဖြင့်စမ်းကြည့်သည်။ ထို့နောက် မျက်နှာက ချက်ချင်းမည်းသွားသည်။ သူ့သား၏အပြုအမှုကြောင့် အမျိုးသမီးလင်းသည် စိတ်ပူလာကာ “ဘာလဲ?”
“ကိုယ်နည်းနည်းပူနေတယ်” လင်းဖန်သည် အိပ်မောကျနေသည့် ကလေးကိုကြည့်ကာ ပြောသည်။ ထို့နောက် လင်းချင်းကို လှည့်ကြည့်ကာ “ဘယ်လိုလုပ်သိတာလဲ?”
အမျိုးသမီးလင်းသည် ဆက်ထိုင်မနေနိုင်တော့ပေ။ လင်းရှောင်လုအနားသို့ ချက်ချင်းထလာကာ သူ့သားလက်ကိုဖယ်၍ သူ့မြေးမကို စမ်းကြည့်ရာ တကယ့်ကို အဖျားရှိနေသ်။ လင်းရှောင်လုအား မျက်နှာကို ခပ်ဖွဖွပုတ်၍ နိုးဖို့လုပ်သည်။ “ရှောင်လု? ရှောင်လု! ထတော့! ရှောင်လု!”
သို့သော်လည်း ဘာတုံပြန်မှုမှမရှိဘဲ မျက်ခွံများတောင် လှုပ်မလာပေ။ အမျိုးသမီးလင်းသည် စိတ်ပူစွာဖြင့် မျက်မှောင်ကျုံ့ကာ “ကလေးက ဘာဖြစ်တာလဲ?”
ဘေးကလုံချင်းယင်သည် လင်းချင်းအနားသို့လာကာ လင်းချင်းကိုကြည့်လိုက် လင်းရှောင်လုကိုကြည့်လိုက်နှင့် နားမလည်နိုင် ဖြစ်နေသည်။
လင်းဖန်သည် လင်းရှောင်လုအား နှိုးဖို့လုပ်သည်။ “ရှောင်လု? ရှောင်လု? ရှောင်လု! ထတော့! ဖေဖေ့ကိုကြည့်!”
သို့သော်လည်း ကလေးသည် ဘာမှမတုံပြန်လာပေ။ ထိုအခါ သူတို့သည် စိုးရိမ်လာကာ သူမကို လှုပ်ခါ၍ နှိုးကြသည်။ လင်းချင်းသည် အနားသို့ ရောက်လာက လင်းဖန်ကိုတွန်း၍ “အော်မနေနဲ့! ကလေးက မေ့နေတာ”
ဒီလိုပြောလိုက်သည်နှင့် လင်းဖန်ရော အမျိုးသမီးလင်းပါ အံ့သြသွားကာ မေးသည်။ “ကျန်းမာတဲ့ကလေးပါ။ ဘယ်လိုဖြစ်ပြီး ရုတ်တရက် မေ့သွားရတာလဲ?”
“ရေ! ရေ! ရေနဲ့လူတွေကို ကုလို့ရတယ်မလား?” အမျိုးသမီးလင်းက ရုတ်တရက် ပြောသည်။
လင်းချင်းက ခေါင်းခါကာ “ရေက အသုံးမဝင်ဘူး။ ကြည့်ရတာ အခုအစွမ်းတွေက နိုးလာတဲ့ပုံပဲ”
လင်းဖန်တို့သည် သူမကိုကြည့်ကာ “ဘာပြောတယ်? သူ့အစွမ်းတွေက နိုးလာတာလား?”
လင်းချင်းသည် မျက်လုံးကိုမှေးကျဉ်း၍ ကြည့်လိုက်ကာ လင်းရှောင်လု၏ ကိုယ်ထဲတွင် အစွမ်းများရှိနေ၍ ခေါင်းငြိမ့်ပြသည်။ အမျိုးသမီးလင်းသည် မယုံနိုင်စွာ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ကလေးက အရမ်းငယ်သေးတယ်။ အစွမ်းတွေကို နှိုးနိုင်ပါ့မလား?”
ကမ္ဘာပျက်ခေတ်တွင် အစွမ်းကို နှိုးထနိုင်သူအချို့ ရှိသော်လည်း ကလေးတစ်ယောက်မှ မပါပေ။ အနည်းဆုံးတော့ ဘယ်သူကမှ ကလေးတစ်ယောက်သည် သူ့အစွမ်းများကို နှိုးထနိုင်သည် ဆိုတာမျိုးကို မကြားဖူးကြပေ။
လင်းဖန်၏ မျက်နှာသည် တည်ကြည်သွားသည်။ ကလေးတစ်ယောက်က စွမ်းအားကို နှိုးနိုင်လျှင် အဖျားကို ကျော်လွန်ဖို့ခက်နိုင်သည်။ ကလေးများက လူကြီးတွေလောက် မသန်မာသဖြင့် အဖျားက နာကျင်စေနိုင်သည်။
လင်းချင်းသည် လင်းဖန်၏ စိတ်ပူမှုကို နားလည်သည်။ “ကလေးကို နယ်မြေထဲကို ခေါ်လာပေး။ အပူချိန်ကို ဘယ်လိုထိန်းထားရမလဲ ငါသိတယ်”
လင်းဖန်သည် မျက်လုံးများတောက်သွားကာ လင်းချင်းကို မော့ကြည့်သည်။ အမျိုးသမီးလင်းက နားမလည်စွာဖြင့် “ဘာဖြစ်လို့ နယ်မြေထဲကို ဝင်မှာလဲ? လိုတာတွေကိုထုတ်လာလို့ မရဘူးလား?”
လင်းချင်းသည် ခေါင်းခါကာ “ထုတ်လို့မရဘူး။ နယ်မြေထဲကိုဝင်မှရမှာ”
အမျိုးသမီးလင်းသည် လင်းချင်းကို တွေဝေစွာကြည့်ကာ ဆုံးဖြတ်ချက်ချဖို့ လင်းဖန်ကို ကြည့်သည်။ ယုံရမယုံရ မသိသေးပေ။ လင်းချင်းက သူတို့ကို ကယ်ပေးထားသော်လည်း သူ့မြေးမလေးက နယ်မြေထဲကို လိုက်သွားလျှင် ပြန်မလာနိုင်မည်ကို စိုးရိမ်နေသေးသည်။
လင်းဖန်သည် လင်းချင်းကို မျက်မှောင်ကျုံ့ကြည့်ကာ အမျိုးသမီးလင်းအား “အမေ ကျွန်တော်သူ့ကိုယုံတယ်။ အခုတခြားရွေးစရာလည်း မရှိဘူး။ အဖျားသာဆက်ကြီးလာရင် ရှောင်လုက ဆက်မခံနိုင်တော့မှာ စိုးရိမ်ရတယ်”
အမျိုးသမီးလင်းသည် စိတ်ပူစွာကြည့်ရင်း ပါးစပ်ဟလိုက်သော်လည်း ဘာမှတော့ မပြောပေ။
လင်းဖန်သည် ရှောင်လု၏ခေါင်းကို ထိလိုက်သည်။ ဒီခနလေးတွင်းမှာ သူမ၏ကိုယ်အပူချိန်သည် ပိုမြင့်လာသည်။ ချက်ချင်းသူ့သမီးကို ပွေ့ချီလိုက်ကာ လင်းချင်းအား
“ဟုတ်ပြီ။ ငါတို့ဘာလုပ်ကြမှာလဲ?”
“ရတယ်။ ချီသာထား” လင်းချင်းက သူ့ပုခုံးပေါ်လက်တင်ကာ ပြောသည်။ ထို့နောက် စိတ်ပူနေသည့် အခန်းထဲကလူများကို ထားကာ သူမသည် လင်းဖန်နှင့် လင်းရှောင်လုတို့နှင့်အတူ ပျောက်သွားသည်။
ထိုအချိန်တွင် လင်းဝမ်ဝမ်နှင့် ချန်းဝမ်ရှုတို့က အပေါ်ထပ်သို့ တက်လာသည်။ အခန်းထဲသို့ ရောက်သည့်အခါ လင်းဖန်နှင့် လင်းရှောင်လုတို့ကို သူတို့မတွေ့ပေ။ ချန်းဝမ်ရှုသည် သူမ၏ ယောက်ျားနှင့်သမီးကို မတွေ့သလို ယောက္ခမဖြစ်သူ၏ ထူးဆန်းသည့် မျက်နှာကို မြင်သည်နှင့် မေးသည်။ “လင်းဖန်နဲ့ ရှောင်လုက ဘယ်သွားလဲ? အမေ နေမကောင်းဘူးလား?”
လင်းဝမ်ဝမ်သည် စားပွဲပေါ်ကအိုးမှ အမွှေးနံကြောင့် စွပ်ပြုပ်ကို ကြည့်ဖို့လုပ်စဉ် ချန်းဝမ်ရှု၏ မေးခွန်းကိုကြားလိုက်သည်။ ထိုအခါ သူမသည် တန့်သွားကာ စိတ်ပူစွာထိုင်နေသည့် သူမ၏အမေကို လှည့်ကြည့်သည်။ ဘာတွေဖြစ်နေမှန်း သူမလည်း မသိပေ။
အမျိုးသမီးလင်းသည် ရင်ဘတ်ကို လက်ဖြင့်ဖိကာ သူတို့ကို ကြည့်၍ “ရှောင်လုက ဖျားပြီးမေ့သွားပြီ။ လုထန်ယုပြောတာတော့ အစွမ်းတွေနိုးတော့မှာတဲ့။ ပြီးတော့ လင်းဖန်နဲ့ ရှောင်လုကို သူ့နယ်မြေထဲကို ခေါ်သွားတယ်။ ဘာတွေဆက်ဖြစ်မလဲ မသိတော့ပါဘူးကွယ်”
“ဘာ? အစွမ်းနိုးတာ?” သူတို့နှစ်ယောက်သည် မျက်နှာပြောင်းသွားကာ ချန်းဝမ်ရှုက ထအော်ပြောသည်။
လင်းဝမ်ဝမ်သည် အမေဖြစ်သူကို မယုံနိုင်စွာကြည့်ကာ “ဘယ်လိုလုပ်ပြီး ရှောင်လုက အစွမ်းတွေ နိုးမှာလဲ? ၇နှစ်သမီးလေးပဲ ရှိသေးတာ ဘယ်လိုလုပ်ကြမလဲ? အစွမ်းနိုးရင် အပူချိန်က အတော်မြင့်လာမှာ။ လူကြီးတွေတောင် ဖျားတာကြောင့် အတော်ခံရတာ။ သူဆိုရင်. . .”
သူမပြောသည်က မှန်သည်။ ဇွန်ဘီ ၁၀ရာခိုင်နှုန်းနှင့် ၂၀ရာခိုင်နှုန်းသည် အစွမ်းများကို အောင်မြင်စွာ နိုးထနိုင်သည်။ လူသာများက အဖျားတက်၍ နိုးလာသည်နှင့် ၇၀ရာခိုင်နှုန်းသည် အစွမ်းများရ၍ ကျန်သည့် ၃၀ရာခိုင်နှုန်းက မအောင်မြင်ပေ။ မအောင်မြင်သူများသည် ဦးနှောက်ထခိုက်သွားကာ ဦးနှောက်သေခြင်း သို့မဟုတ် မသန်စွမ်းဖြစ်တက်၍ သေတောင်သေနိုင်သည်။ ဒီလိုအကြောင်းများကြောင် အမျိုးသမီးလင်းသည် သူ့မြေးမလေး အစွမ်းနိုးလာသည်ကို အရမ်းစိုးရိမ်နေတာ ဖြစ်သည်။
ချန်းဝမ်ရှုသည် အမျိုးသမီးလင်းအား မျှော်လင့်ချက်အပြည့်ဖြင့်ကြည့်ကာ “လုထန်ယုက ဘယ်လိုရှင်းရမလဲ သိတယ်မလား? မဟုတ်ရင် ရှောင်လုတို့ကို နယ်မြေထဲကို ခေါ်စရာမှမရှိတာ”
အမျိုးသမီးလင်းက ခေါင်းခါကာ အကူအညီမဲ့စွာ စိတ်ပူလျှက် “သေချာမသိဘူး။ သူကတော့ ကူညီနိုင်တယ်ပြောပင်မယ့် အာမခံနိုင်တာမှ မဟုတ်တာ”
လင်းဝမ်ဝမ်သည် ချန်းဝမ်ရှုကို ဆိုဖာပေါ်တွင်ထိုင်စေကာ သူမ၏အမေကိုလည်း ထိုင်စေရင်း သက်ပြင်းချကာ နှစ်ယောက်လုံးအား နှစ်သိမ့်ပေးနေရသည်။ “စိတ်အေးအေးထားပါ။ အကိုကြီးက ဟိုမှာရှိနေတာပဲ။ ရှောင်လုကို နှိုးလို့ရမယ့်နည်းတစ်ခုခု တွေ့မှာပါ” သို့သော်လည်း သူမ၏စကားများက ကျိုးကြောင်းစီလျော်မှုမရှိသည်ကို ပြောပြီးနောက် သိလိုက်သည်။