၃၉၄။ မှားယွင်းတဲ့သူကို ချစ်မိခြင်း
ရှဲ့တုန်းအား လုံခြုံရေးဌာနသို့ ပို့ပစ်မည်ဟု ကြားသည့်အခါ အမျိုးသမီးသည် သူ့အားနားမလည်စွာကြည့်ကာ “ဟမ်? တကယ်လား? ဒါပင်မယ့် သူကယန်းချောင်းနဲ့ ဘာမှမဆိုင်ဘူးမလား?”
“ဘာတွေပူနေတာလဲ? ငါအဲ့ဌာနကကောင်တွေနဲ့ သိတယ်။ အဲ့ဒါကြောင့် ငါပြောတဲ့အတိုင်းဖြစ်တယ်။ သိပြီလား?” ထိုယောက်ျားက ပြောသည်။
အမျိုးသမီးသည် သူ့စကားကို အဓိပ္ပါယ်ပေါက်သွားကာ ပျော်သွား၍ “တကယ်လား ဒါဆိုင် သူ့ကိုအခုပို့လိုက်ရအောင် သူ့ကိုမြင်ရတာ တကယ်ပင်ပန်းနေပြီ။ ဒီတစ်ခေါက် ပြန်မလာနိုင်တော့ဘူးလို့ ထင်ထားတာ။ အပြင်မှာ လနဲ့ချီအောင်ကို ကြာနေခဲ့တာ။ သေပြီးလို့တောင် ထင်ထားတာကို. . . ပြန်လာနိုင်သေးတယ်” ဒီလိုပြောကာ ရှဲ့တုန်းအား မနှစ်မြို့စွာဖြင့် ကြည့်လိုက်သည်။
လင်းချင်းသည် လက်ပိုက်ကာ ကြည့်နေပြီးနောက် ဘာဖြစ်သလဲကို သိသွားသည်။ သူမသည် ဒီနှစ်ယောက်နှင့် နီးနေသည်ဖြစ်ရာ သူတို့အတွေးများကို သေချာအာရုံခံနိုင်သည်။ အရင်က ထိလိုက်မှ သိရသော်လည်း အခုတော့ အဆင့်မြင့်သွားသည့် အကျိုးကျေးဇူးကြောင့် သူမသည် အနားနီးနေလျှင် သိနေနိုင်ပြီ။
အမျိုးသမီးသည် ရှဲ့တုန်းအား လှေကားသဖွယ် အသုံးချနေခြင်း ဖြစ်သည်။ သူ့ကို လုံးဝဂရုမစိုက်သော်လည်း သူမအား သူ့ကချစ်သည့် အချစ်ကို အသုံးချခဲ့သည်။ ရှဲ့တုန်းနှင့် အတူနေစဉ် သူ့ထံမှ အကောင်းဆုံးများကို ရအောင်ယူကာ အကုန်လုံးက သူမအတွက်သာ ဖြစ်သည်။
ရှဲ့တုန်းသည် သူတို့အတူနေသည့် ၃နှစ်အတွင်းမှာ အကောင်းဆုံး ပေးဆပ်ခဲ့သည်။ ဒီအမျိုးသမီးက ဘာကိုပဲ လိုချင်ပါစေ သူကရအောင် လုပ်ပေးတက်သည်။ သူတို့ဆက်ဆံရေးက ဒီလိုအဆုံးသတ်သွားမည်ဟု သူမမမျှော်လင့်ထားမိပေ။
ထို့ကြောင့် အခန်းထောင့်တွင် သူအခု အသည်းထိုင်ကွဲနေတာ ဖြစ်သည်။ သူ့အရှေ့မှာ တခြားယောက်ျားကို ဖျားယောင်းနေသည့် သူမအား မကြည့်ချင်ပေ။ ထို့အတူ သူမနှင့် အတူရှိနေသည့် နောက်ယောက်ျားမှာ တစ်ယောက်တည်း မကဘူးဆိုသည်ကိုပါ သူသိလိုက်ရသည်။
လင်းချင်းသည် ဟွမ်ရှောင်ချင်းအား အထင်သေးစွာ တစ်ချက်ကြည့်လိုက်ကာ ရှဲ့တုန်းကို လှည့်ကြည့်သည်။ ထို့နောက် ဘာမှမတုန့်ပြန်ဘဲ ငြိမ်ထိုင်နေသည့် ရှဲ့တုန်းထံသို့ သွားလိုက်ကာ ဆောင့်ကန်လိုက်ပြီး စိတ်ထဲကနေ မေးလိုက်သည်။ ‘ဟိုလူတွေက နင့်ကိုထောင်ထဲကို ထည့်တော့မယ်။ နင်က ဒီလိုမျိုး ဘယ်လောက်ကြာကြာ ဆက်နေဦးမှာလဲ?’
ရှဲ့တုန်းသည် ခေါင်းကို ချက်ချင်းမော့ကြည့်သော်လည်း ဘယ်သူကိုမှ မတွေ့ဘဲ ဟိုနှစ်ယောက်ကိုသာ မြင်ရသဖြင့် အံကြိတ်လိုက်သည်။ ထိုအချိန်တွင် ဆိုဖာပေါ်ကနှစ်ယောက်သည် အချင်းချင်းဖက်တွယ်၍ နမ်းနေကြတာ ဖြစ်သည်။ ထို့ကြောင့် ချက်ချင်း သူ့မျက်လုံးများကို မှိတ်လိုက်သည်။
လင်းချင်းသည် စိတ်ပျက်စွာဖြင့် ထပ်ကန်လိုက်သည်။ ဒီတစ်ခါတော့ သူအထင်လွဲတာ မဟုတ်ကြောင်း သိလိုက်သည်။ လင်းချင်းက ကန်လိုက်သည့်နေရာကို သူနားမလည်စွာ ကြည့်နေစဉ် လင်းချင်းသည် သူ့ဂုတ်ကိုဆွဲ၍ နယ်မြေထဲသို့ ခေါ်သွားလိုက်သည်။
အခန်းထဲကနှစ်ယောက်ကတော့ အဝတ်တွေကို စချွတ်နေပြီ ဖြစ်လေရာ ရှဲ့တုန်းပျောက်သွားသည်ကို သတိမထားမိကြပေ။
“နင်အဲ့မှာ ဒီတိုင်းငြိမ်ထိုင်နေမလို့လား?” လင်းချင်းသည် နယ်မြေထဲသို့ ရောက်သည်နှင့် အော်တော့သည်။
သူမကို မြင်သည်နှင့် ရှဲ့တုန်းသည် ကယ်တင်မည့်သူကို မြင်လိုက်ရသလို ခံစားရသည်။ သူဘာလုပ်ရမလဲ မသိသဖြင့် သူမအား နားမလည်စွာသာ ကြည့်လိုက်သည်။
လင်းချင်းသည် လင်းဝမ်ဝမ်တို့ကို ကာကွယ်ပေးဖို့အတွက် စခန်းတွင် သူ့အားထားခဲ့သဖြင့် သူလည်း ခိုင်းတဲ့အတိုင်း လုပ်ပါသည်။ သို့သော် လင်းဝမ်ဝမ်သည် အဆောက်အဦးထဲကနေကို တစ်ခါလေးမှ ထွက်မလာသလို နောက်တော့ တူယွမ်ရှင်းတို့နှင့်အတူ စခန်းကနေ ထွက်သွားတော့သည်။
ရှဲ့တုန်းသည် စခန်းထဲကနေ ထွက်မသွားနိုင်ခြင်းမှာ လင်းချင်းက နယ်မြေထဲကနေ သူ့ကိုခေါ်လာ၍ ဖြစ်သည်။ မသေခင်တုန်းက စခန်းကနေ အပြင်ထွက်သွားကြောင်း လက်မှတ်ထိုးခဲ့သည်။ ထို့ကြောင့် လင်းချင်းက နယ်မြေထဲကနေ သူ့ကိုခေါ်လာသည့်အခါ စခန်းအပေါက်ဝတွင် ဘာဖြစ်လို့ သူပြန်လာကြောင်းနှင့် သူနှင့်အလုပ်လုပ်သည့်သူများ ဘယ်လိုဖြစ်ကုန်ကြောင်းတို့အား ရှင်းပြစရာ မလိုခဲ့ပေ။
နောက်အကြောင်းပြချက်သည် ဒီမိန်းမကို မြင်လိုက်၍ ဖြစ်သည်။ သူမက အဆင်ပြေပြေနဲ့ ရှင်သန်နေသလားကို သိချင်သဖြင့် အဝေးကနေ ခိုးကြည့်ဖို့သာ သူလုပ်ခဲ့သည်။ သို့သော်လည်း သူထွက်သွားသည်နှင့် တခြားယောက်ျားများအတွက် တံခါးဖွင့်ပေးထားသည်ကို သူသိလိုက်ရသဖြင့် အတော်စိတ်မကောင်းဖြစ်သွားရသည်။
သူ့အားပိုဝမ်းနည်းစေခြင်းမှာ ဒီမိန်းမက သူ့အားလုံးဝကို မချစ်ခြင်းပင်။ သူမလိုချင်သည်ကိုရဖို့အတွက်သာ သူ့အချစ်ကို အသုံးချတာဖြစ်သည်။ တကယ်တော့ အရင်တည်းက သူ့နောက်ကွယ်တွင် တခြားယောက်ျားများဖြင့် ဖောက်ပြန်နေခဲ့တာ ဖြစ်သည်။
သူမနှင့် ဒီယောက်ျားက သူ့အိမ်ထဲကို ဝင်သွားသည့်အခါ သူသည် ဘာကိုမှမစဉ်းစားနိုင်တော့ဘဲ လိုက်လာသဖြင့် သူ့အားမပြန်နိုင်အောင် အမျိုးသမီးက ဖမ်းခိုင်းထားတာ ဖြစ်သည်။ သူသည် ဒီအိမ်ကိုရဖို့ အပြင်တွင် အသက်ကိုစွန့်၍ ဇွန်ဘီများကိုသတ် အမြူတေများကို စုခဲ့ရတာ ဖြစ်သည်။
သူ့စိတ်ခံစားချက်များ ပြိုလဲနေချိန်တွင် အမျိုးသမီးဘေးက ယောက်ျားသည် ချက်ချင်းလှုပ်ရှားကာ သူ့အားဖမ်းစီးထားလိုက်သည်။ သူသည် ဇွန်ဘီဖြစ်ပြီးသည့်နောက် အားတို့က သိသိသာသာကို လျှော့နည်းနေချိန် ဒီလိုအာရုံကလည်း ထွေပြားနေသည့်အခါ အလွယ်လေး အဖမ်းခံလိုက်ရသည်။
လင်းချင်းသည် မျက်လုံးကိုလှန်ကာ ပြောသည်။
“သူတို့ကို ကန်ထုတ်ဖို့ နင်မတွေးမိဘူးလား? ဒါနင့်အိမ်။ အထဲကပစ္စည်းတိုင်းကလည်း နင့်ဟာ။ ဒါတွေအကုန်လုံး အဲ့မိန်းမကို နင်ပေးထားရင်တောင်မှ သူကနင့်ကိုမချစ်လို့ မရထိုက်တော့ဘူး”
ရှဲ့တုန်းသည် ရင်လေးစွာဖြင့် လင်းချင်းကို ကြည့်သည်။
“နင်အဲ့နေရာမှာ ထပ်မနေချင်တော့ဘူးဆိုရင်လည်း အဲ့မိန်းမနဲ့တော့ စာရင်းအပြတ်သွားရှင်းခဲ့။ ဒီလိုလူမျိုးအတွက် နင့်အချစ်ကို မဖြုန်းတီးပစ်နဲ့”
လင်းချင်းက ပြောသည်။
ရှဲ့တုန်းသည် မျက်လွှာချကာ ခေါင်းငြိမ့်လိုက်သည်။
“အဲ့ယောက်ျားကို ငါဒီကိုခေါ်ထားလိုက်မယ်။ အဲ့မိန်းမကို နင့်ဟာနင်ရှင်း” လင်းချင်းက ပြောသည်။
ဒီလိုပြောပြီးနောက် လင်းချင်းသ်ည ထွက်သွားကာ ကြောက်လန့်နေသည့် ယောက်ျားဖြင့် ၂စက္ကန့်အတွင်း ပြန်ရောက်လာသည်။ ထိုယောက်ျားအား နီးစပ်ရာမြက်ခင်းပေါ်တွင် မေ့အောင်ရိုက်ချလိုက်ကာ ရှဲ့တုန်းအား နယ်မြေထဲကနေ ထုတ်လာသည်။
သူတို့ထွက်လာသည်နှင့် ဟွမ်ရှောင်ချင်းသည် သတိအပြည့်ဖြင့် အခန်းထဲကို ခေါင်းကလှည်ပတ်ကြည့်ကာ အော်နေသည်။ “ထန်ဖေး? ဟွမ်ထန်ဖေး!”
ရှဲ့တုန်းက သူမ၏အရှေ့တွင် ကြိုးပြေလျှက် ရပ်နေသည်ကို မြင်သည့်အခါ လန့်သွားသည်။ ခနလောက် ရှဲ့တုန်းကို စိုက်ကြည့်ကာ ဘာဖြစ်သလဲကို ခန့်မှန်းလိုက်ပြီးနောက် အော်သည်။ “ရှဲ့တုန်း သူ့ကိုနင်ခေါ်သွားတာမလား? ဟွမ်ထန်ဖေး ဘယ်မှာလဲ?”
ရှဲ့တုန်းသည် သူမအား တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ သူကမှ စကားမပြောနိုင်တာ။
ရှဲ့တုန်းက တိတ်နေသည့်အခါ ဟွမ်ရှောင်ချင်းသ်ည စိတ်တိုစွာဖြင့် ဆဲဆိုသည်။ “နင့်ကိုနင်ကြည့်စမ်း! နင်ကဒီလိုအလကားကောင်ပဲ! နင်ဘာများ လုပ်နိုင်လို့လဲ? ငါ့ထွက်သွားဖို့နေရာကို ရှာပေးပြီးတော့ ငါစားဖို့လည်း ရှာပေးတာလေးကိုတောင်မှ မလုပ်နိုင်ရင် နင့်လိုကောင်မျိုးနဲ့ ငါ့ဘဝကို ဘယ်တော့မှ မဖြတ်သန်းနိုင်ဘူး”
‘ဒါက ငါ့အပေါ် ဖောက်ပြန်ဖို့ မင်းသုံးနေတဲ့ အကြောင်းပြချက်လား?’ သူမကိုကြည့်ရင်း ရှဲ့တုန်းသည် ဒီလိုမိန်းမမျိုးအပေါ်မှာ ဘာဖြစ်လို့ သူ့အချိန်တွေ ဘယ်လောက်ဖြုန်းတီးမိပြီလဲဆိုတာကို ရုတ်တရပ် နားလည်လိုက်သည်။ ‘ဘာဖြစ်လို့ သူကောင်းတဲ့ဘဝလေး ရပါစေဆိုပြီး ငါ့အသက်ကို ရင်းနေခဲ့မိတာလဲ?’
ဟွမ်ရှောင်ချင်းက သူ့အားအေးစက်စွာကြည့်ကာ “ဟွမ်ထန်ဖေးကို နင်ဘာမှမလုပ်ရင် ကောင်းမယ်။ လုံခြုံရေးဌာနမှာ သူ့အသိတွေ ရှိတယ်။ သူသာတစ်ခုခုဖြစ်လို့ကတော့ နင်ဒုက္ခရောက်ပြီပဲ ငါ့ကိုပါ နင့်ဒုက္ခတွေထဲ ဆွဲမချနဲ့။ အခုသူကိုပြန်ခေါ်လာပေးစမ်း!”
ရှဲ့တုန်းသည် သူမအား ခနစိုက်ကြည့်နေပြီးနောက် ရုတ်တရပ် လက်ကိုမြှောက်လိုက်သည်။ ဟွမ်ရှောင်ချင်း၏ မျက်နှာပေါ်သို့ လက်တစ်ဖက်က အကျယ်ကြီးရောက်လာကာ သူမ၏မျက်နှာသည် တစ်ဖက်သို့ လည်ထွက်သွားသည်။
“နင်. . .နင်ငါ့ကို ရိုက်ရဲတယ်!” ဟွမ်ရှောင်ချင်းသည် မယုံနိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကာ ရှဲ့တုန်းအား လှည်ကြည့်သည်။ “နင်! ခွေးကောင်! ငါ့ကိုတကယ်ရိုက်ရဲတယ်!” သူမက အော်ဟစ်ကာ ပြောသည်။
သူမ၏ တုန့်ပြန်မှုက ဘာဖြစ်လို့ ဒီလောက်ပြင်းနေရသလဲကို သူနားလည်သည်။ အရင်တုန်းတည်းက သူ့အားသူမက ငြင်သာစွာ စကားပြောတာမျိုး ဘယ်တုန်းကမှ မရှိသော်လည်း သူကတော့ တစ်ချိန်လုံး သူမအား မျက်နှာလိုမျက်နှာရ အရိပ်တကြည့်ကြည့်ဖြင့် ဂရုစိုက်ပေးနေခဲသည်။ သူမသည် အမြဲတမ်းသူ့အား အော်ဟစ်နေတက်ကာ တစ်ခါတစ်လေ ဆဲဆိုတက်သေးသည်။ ရှဲ့တုန်း၏ အရင်တုန်းက အပြုအမှုများကြောင့် ဟွမ်ရှောင်ချင်းသည် သူမကိုရိုက်လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့တာ ဖြစ်သည်။