May Honey Logo May Honey
Previous Next

၄၀၈။ အိပ်နေတဲ့ လူအိုကြီး

သူမသည် အမိုးပေါ်ကိုကြည့်လိုက်သည့်အခါ နံရံအနောက်သို့ ရေပုံးဆွဲသွားသည့် သက်ကြီးဇွန်ဘီရှိသေးတာကို သတိရသွားသည်။ ထိုကြောင့် အနားသို့ လျှောက်သွားလိုက်ကာ သူမအော်နေသည်ကို ဘာဖြစ်လို့ မတုန့်ပြန်တာလဲကို တွေးနေမိသည်။

သက်ကြီးဇွန်ဘီကို တွေ့တော့မှ အဖြေကို သိတော့သည်။ သူသည် ပုံးထဲတွင် ပုံးအစွန်းကိုမှီ၍ ထိုင်နေတုန်း ဖြစ်သည်။ ထို့အတူ အိပ်နေသည် ဟုတ်ပါသည်။ တကယ့်ကို အိပ်မောကျနေတာပင်။

လင်းချင်းသည် အနားကို အံ့သြစွာဖြင့် သွားကြည့်သည့်အခါ သက်ကြီးဇွန်ဘီသည် မျက်လုံးကိုမှိတ်၍ ပါးစပ်တောင် အနည်းငယ်ဟနေကာ ဟောက်တောင်နေသေးသည် ပါးစပ်ထောင့်တွင်လည်း သွားရည်အချို့က ကျနေသည်။

‘ဇွန်ဘီရော ဟုတ်သေးရဲ့လား! တကယ်ကြီး အိပ်နေတယ်! ဇွန်ဘီတွေက အနားယူဖို့ မလိုဘူးမလား? အဘိုးရေ ဘာဖြစ်လို့ ရေချိုးနေရင်း အိပ်နေတာလဲ? ကန်ရေက ဒီလောက်စွမ်းထက်လို့လား?’

လင်းချင်းသည် မေးခွန်းများဖြင့် ပြည့်နေသည်။

လင်းချင်းသည် သူမ၏မျက်ကပ်မှန်ကို ဖြုတ်လိုက်ကာ သက်ကြီးဇွန်ဘီ၏ ကိုယ်ထဲမှ အပြောင်းအလဲများကို သေချာကြည့်သည်။

သက်ကြီးဇွန်ဘီ၏ကိုယ်သည် ကန်ရေထဲက အစွမ်းများကို မြန်မြန်စုပ်ယူနိုင်သည် သူ့ကိုယ်ထဲသို့ စိမ်းပုပ်ရောင်အစွမ်းများက မဆုံးနိုင်အောင်ကို တောက်လျောက်စီးဆင်းနေကာ သူ့ကိုယ်ပိုင်စွမ်းအင်ဖြင့် အတူရောနှောသွားသည်။

ထို့နောက် တခြားသူများ၏ ရေပုံးကို သူမက တစ်ချက်ကြည့်လိုက်သည်။ ရေထဲတွင်ပါသည့်အစွမ်းသည် ၅%ထက်နည်းသလောက်ပဲ စုပ်ယူခံရကာ သက်ကြီးဇွန်ဘီကတော့ သူ့ပုံးထဲကရေမှ ၁၀%ကို စုပ်ယူနိုင်သည်။ သူ့စွမ်းအားကို စုပ်ယူနိုင်ခြင်းသည် တခြားဇွန်ဘီများထက် ၂ဆမြန်သည်။

လင်းချင်းသည် သက်ကြီးဇွန်ဘီက နှစ်ခြိုက်စွာ အိပ်နေသည်ကို ကြည့်လိုက်သည်။ သူမသည် ဘေးကိုကြည့်လိုက်သည့်အခါ အနားတွင် သံဝါယာကြိုးပိုင်းတစ်ခုကို တွေ့သဖြင့် သွားယူလိုက်ကာ ပြန်လာသည်။ ထို့နောက် သက်ကြီးဇွန်ဘီ၏ နှာခေါင်းပေါက်တစ်ဖက်ထဲသို့ သူမက ထိုးထည့်လိုက်သည်။

“ဖူး. . .အား. . .”

သက်ကြီးဇွန်ဘီ၏ တစ်ကိုယ်လုံးတွင် ကြက်သီးများထသွားကာ နှာခေါင်းက ရှုံ့သွားသည်။ ထို့နောက် ထူးဆန်းသည့် အသံတို့က ထွက်လာသည်။

လင်းချင်းသည် သူ့ကိုကြည့်ကာ ရယ်ချင်နေသည်။

‘အခုဘာဖြစ်တာလဲ? သူနှာချေလိုက်တာလား?’

“ဂါး!”

အခုမှ နိုးလာသည့် သက်ကြီးဇွန်ဘီသည် သူမအား မကျေနပ်စွာဖြင့် အော်သည်။

လင်းချင်းသည် ထလိုက်ကာ ပြောသည်။

“ထတော့။ ရေချိုးချိန်ပြီးတာတောင် အိပ်နေတုန်း ဇွန်ဘီဆိုတာရော ကိုယ့်ဟာကိုယ် သေချာရဲ့လား?”

“ဂါး!”

သက်ကြီးဇွန်ဘီသည် သူမအား မျက်မှောင်ကျုံ့ကာ အော်သည်။

လင်းချင်းသည် သူ့အားထူးဆန်းစွာ တစ်ချက်ကြည့်၍ ခေါင်းငြိမ့်ကာ

“ဟုတ်ပြီ သွားမယ်။ မကြည့်ဘူး ဟုတ်ပြီလား?”

စကားပြောရင်းဖြင့် သူမသည် တစ်ဖက်သို့ လျှောက်လာကာ မျက်ကပ်မှန်ကို ပြန်တပ်လိုက်သည်။ ထို့နောက် ရေထဲကထွက်လာသည့်အသံ ထွက်လာပြီးနောက် သက်ကြီးဇွန်ဘီ၏ အဝတ်ကိုဝတ်နေသည့် အသံကိုကြားရသည်။

လင်းချင်းက ခနစောင့်နေပြီးသည့်အခါ နံရံနောက်ကနေ တစ်ယောက်ထွက်လာသည်။

သူမလှည့်ကြည့်သည့်အခါ ထန်မင်းဆက်ခေတ်ကလိုမျိုး သန့်ပြန့်နေသည့် ဝတ်စုံကို ဝတ်ထားသည့် သက်ကြီးဇွန်ဘိကို တွေ့ရသည်။ သူ့ဆံပင်ကို သူ့လက်ဖြင့်တောင် ဖြီးနေကာ လင်းချင်းအား စကားပြောချင်ပုံရသလိုမျိုး သူမ၏ဘေးသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။

လင်းချင်းသည် ရေဖြင့်သေသပ်စွာ ဖိထားသည့် သက်ကြီးဇွန်ဘီ၏ ခေါင်းကိုကြည့်ကာ ပြောသည်။

“ဟုတ်ပြီ။ ဒီနေ့ရေချိုးဖို့က ဒီလောက်ပဲ။ ကိုယ့်နယ်နမိတ်ကို ပြန်သွားပြီး နေလို့ရပြီ။ နောက်ရေချိုးဖို့လိုရင်ခေါ်မယ်။ အမိန့်ကိုစောင့်နေ”

သက်ကြီးဇွန်ဘီသည် သူမ၏စကားကို နားထောင်ပြီးသည့်အခါ ခြေသံကိုလုံစေကာ အမြန်ထွက်သွားသည်။

လင်းချင်းသည် သူထွက်သွားသည်ကို ကြည့်ပြီးနောက် ခနတွေးကာ မေးကိုပွတ်နေသည်။ သက်ကြီးဇွန်ဘီ၏ အရှိန်အဝါသည် အဆင့်ဖြတ်ကျော်တော့မလို ဖြစ်နေသည်ကို ခံစားမိသည်။ 

‘မကြာခင် သူ့အဆင့်တက်တော့မှာလား?’

‘မှတ်ဉာဏ်တွေကို ပြန်ရနိုင်တဲ့ ဇွန်ဘီဖြစ်လာမှာလား? သူ့မှာလူသားအပြုအမှုတွေ ရှိပြီးတော့ ငါပြောသမျှ အကုန်လုံးနီးပါးကို နားလည်နိုင်တယ်။ ဒါမှမဟုတ် ဒါတွေက သူကလူအိုကြီး ဖြစ်နေလို့လား?’

လင်းချင်းသည် အကြာကြီးတွေးမနေတော့ဘဲ အောက်ထပ်သို့ ပြန်ဆင်းလာကာ သူမအခန်းထဲကိုသွား၍ နယ်မြေထဲကို ဝင်လိုက်သည်။

အခုတော့ သူမ၏နယ်မြေသည် သူမအတွက်သာ သီးသန့်ဖြစ်နေသလို ခံစားရသည်။ အရင်က နွယ်လေးရှိခဲ့သဖြင့် သူမနှင့် သက်ဆိုင်သလို မခံစားခဲ့ရပေ။ အခုတော့ နွယ်လေးက သူမ၏ဗိုက်ထဲရောက်နေသဖြင့် သူမနှင့် နယ်မြေကြားက ဆက်သွယ်မှုက ပိုပြင်းထန်လာသည်။

သူမ၏နယ်မြေထဲတွင် သူမ၏အစွမ်းများက လှည့်ပတ်နေသည်ကို ခံစားနိုင်ရုံသာမက အထဲက မြက်တစ်ခုချင်းစီကအစ သူမနှင့်ကန်၏ စွမ်းအင်တို့ ပါနေသည်ကို ခံစားမိသည်။ 

နယ်မြေထဲကလေသည် သစ်တော်ဆီက လာတာဖြစ်သည်။ သစ်တောထဲက ထူးဆန်းသည့် သစ်ပင်တို့သည် ကန်ထဲကစွမ်းအင်ကို စုပ်ယူကာ စွမ်းအင်ပမာဏ အနည်းငယ်ပါသည့် လေတစ်မျိုးအဖြစ် ပြန်ပြောင်းထုတ်ပေးသည်။

‘ဒါဆိုရင် နယ်မြေထဲက လေက ဒီလိုဖြစ်လာတာပေါ့!’

အရင်က ဒါကိုသူမသည် မသိခဲ့ပေ။ နယ်မြေထဲက အပင်တိုင်းတွင် အစွမ်းတွေ ပါနေသည်က မထူးဆန်းတော့ပေ။

သူမသည် နယ်မြေထဲသို့ ခုနက ထည့်လိုက်သည့် အဆောက်အဦးထံသို့ သွားလိုက်သည်။ ဘာပရိဘောဂမှ မရှိဘဲ ရှင်းနေသည့် နယ်မြေလေးများ၏ ဘေးတွင် သူမက အဆောက်အဦးကို နေရာချလိုက်သည်။

သူမသည် တံခါးကိုဖွင့်ဝင်လိုက်သည်။ ပထမထပ်သည် အကျယ်ကြီးဖြစ်ကာ နှစ်မီတာနှင့် ၃၀စင်တီမီတာလောက်ရှိ၍ လေးပိုင်းခွဲထားသည်။

သူမသည် ခုံနှင့်တခြားပစ္စည်းများကို အဆောက်အဦးထဲသို့ ဆွဲယူသွားသည်။ သို့သော်လည်း ဗီရိုနှင့် ကုတင်လိုဟာမျိုးကတော့ အနည်းငယ်ခက်သည်။ သူမက သန်မာတာ မှန်သော်လည်း ဒါတွေကိုရွေ့တာက နံရံကိုတိုက်မိတာ သို့မဟုတ် တခြားတစ်ခုခု ဖြစ်သွားနိုင်သည်။

ထို့ကြောင့် ခနတွေးကာ ရှဲ့တုန်းကို အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်သည်။ ဒီအတွေးဖြင့် သူမသည် နယ်မြေထဲကနေ ချက်ချင်းထွက်လိုက်ကာ ရှဲ့တုန်း၏ အခန်းတံခါးကို သွားခေါက်သည်။

၂မိနစ်လောက် စောင့်ပြီးနောက်မှ ရှဲ့တုန်းသည် ရေချိုးခန်းအဝတ်ကို လျော့ရဲရဲဝတ်ထား၍ ထွက်လာသည်ကို တွေ့ရသည်။ လင်းချင်းသည် သူ့ကိုကြည့်၍ ပြောသည်။

“ဘောင်းဘီသွားဝတ်။ ငါပရိဘောဂတွေရွေ့မလို့ နင့်အကူအညီလိုတယ်”

ရှဲ့တုန်းသည် ခနတုန့်ဆိုင်းသွားသည်။ ကန်ရေဖြင့် ၂နာရီလောက် ရေစိမ်ချိုးပြီးသည့်အခါ သူသည်အခု စိတ်အနည်းငယ် သက်သာနေပြီ ဖြစ်သည်။ သူ့၏စိတ်ဓာတ်ကျနေခြင်းသည် အရင်ကလို မဟုတ်ပေ။

သူသည်ခေါင်းငြိမ့်ပြ၍ အခန်းထဲသို့ ပြန်သွားသည်။ မိနစ်အချို့အကြာသည့်အခါ ဂျင်းဘောင်းဘီကိုဝတ်၍ အပေါ်ပိုင်းဗလာဖြင့် ပြန်ထွက်လာသည်။ လင်းချင်းသည် သူ့လက်မောင်းကိုဆွဲ၍ နယ်မြေထဲသို့ ခေါ်လာသည်။

ရှဲ့တုန်းသည် ဒီနယ်ရာတွင် အသစ်ဖြစ်သည့် အဆောက်အဦးသစ်ကို အံ့သြစွာ တစ်ချက်ကြည့်နေသည်။

“ယွမ်ထန်ရှင်းကို ဒီနေ့မှ ငါ့အတွက် ထည့်ခိုင်းတာ။ ငါဒီမှာထားပြီးတော့ ပရိဘောဂတွေ အထဲသွင်းမလို့။ အခုကစပြီး ဒါကငါ့အိမ်လိုပဲ”

လင်းချင်းက ပြောရင်း ကုတင်နားသို့ လျှောက်သွားကာ လက်ယက်ခေါ်ရင်း

“ဒီကုတင်ကို အရင်သယ်ရအောင်!”

ထို့နောက် သူတို့သည် တစ်ညလုံး ပရိဘောဂများကို အရွေ့အပြောင်း လုပ်နေရတော့သည်။ တော်သေးသည်က ဇွန်ဘီများသည် မမောပန်းတက်၍ပင်။

နောက်နေ့တွင် လင်းချင်းသည် ဟိုတယ်၏ ဧည့်ကြိုခန်းထဲ၌ လင်းဝမ်ဝမ်သည် တခြားကောင်မလေးများဖြင့် ထိုင်နေသည်ကို တွေ့ရသည်။ အစည်းအဝေးတွင်ရှိသင့်သည့် လင်းဝမ်နှင့်တခြားသူများကို မတွေ့ရပေ။ သူမ၏ ထက်မြက်သည့်အာရုံခံမှုကို သုံးလိုက်သည့်အခါ သူတို့က ဒုတိယထပ်က အခန်းတစ်ခုထဲတွင် ဖြစ်ကြောင်း သိလိုက်ရသည်။

လင်းချင်းက အောက်ထပ်သို့ ဆင်းလာသည်ကို လင်းဝမ်ဝမ်က မြင်သည့်အခါ ပြောသည်။

“လုမိန်းကလေး အကိုကြီးနဲ့ တခြားသူတွေက ဒုတိယထပ်က အစည်းအဝေးခန်းမှာ နင့်ကိုမျှော်နေကြတယ်”

လင်းချင်းသည် ခေါင်းငြိမ့်လိုက်ကာ ဒုတိယထပ်သို့ တက်သွား၍ ထိုလူများ၏ အနံ့နောက်သို့လိုက်သည်။ အစည်းဝေးခန်းတွင် စောင့်နေသည့် တပ်သားသည် သူမကို မြင်သည့်အခါ တံခါးဖွင့်ပေးထားသည်။ 	

လင်းချင်းသည် အထဲသို့ဝင်လိုက်သည့်အခါ လင်းဖန်၊ ယွမ်ထန်ရှင်း နှင့် ချန်ယုတင်းတို့ကို တွေ့ရသည်။ သူမသည် လူအများကြီးရှိနေသည့် အခန်းထဲတွင် ဇွန်ဘီတစ်ကောင်တည်း ဖြစ်နေသဖြင့် အကျိုးနည်းသလို ခံစားရသည်။ 

‘နောက်တစ်ခါကျရင် လီလီကိုပါ ငါဆွဲခေါ်လာရမလား? သူတို့ဘာတွေ ပြောနေကြမှန်း နားမလည်ဘူးဆိုပြီး လီလီက လိုက်ချင်မှာ မဟုတ်ဘူး။ လျူကျွင်းကို ခေါ်သင့်လား? သူကတော့ အစည်းအဝေးအကြောင်းအရာတွေကို နားလည်ပင်မယ့် ဇွန်ဘီအရှိန်အဝါကို မြှင့်မပေးနိုင်ဘူး’

အစည်းဝေးခန်းထဲတွင် နှစ်မီတာရှည်သည့် စားပွဲခုံရှည်ကြီးရှိသည်။ လင်းဖန်နှင့် ယွမ်ထန်ရှင်းတို့သည် တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်၍ ထိုင်နေကြသည်။ ချန်ယုတင်းကတော့ တစ်ဖက်တွင် တစ်ယောက်တည်းထိုင်နေကာ လွတ်နေသည့်ခုံက လင်းချင်းအတွက် ချန်ထားသည်ဆိုသည်မှာ အသိသာကြီးပင်။

“ထိုင်ပါဦး”

ယွမ်ထန်ရှင်းသည် လွတ်နေသည့်ခုံကို ညွှန်ပြကာ ပြောသည်။

Previous Chapter 408 of 410 Next