၃၀၀။ ယန်ဖန်းယု လာလည်တယ်
မနက်တွင် ထန်ဟေးသည် ယန်ချောင်းတို့ လူများနှင့် တွေ့နေစဉ် ယွမ်ထန်ရှင်းတို့သည်လည်း ဧည့်သည်တွေ့နေရသည်။
တူယွမ်ရှင်းသည် တံခါးဝတွင် ရပ်နေသည့် မိန်းမလှလေးကို နားမလည်စွာကြည့်ကာ မေးသည်။ “ဟင်. . .ဒုခေါင်ဆောင်ယန်! မနက်အစောကြီး. . .မဂ်လာနက်ခင်းပါဗျ!” တူယွမ်ရှင်းသည် ပြာယာသွားသဖြင့် ဘာပြောရမလဲ မသိတော့ပေ။
ယန်ဖန်းယုသည် သူ့အားကျော့ရှင်းစွာ ပြုံးပြကာ ဖြေသည်။ “ဘာလဲ? အထဲမဝင်ခိုင်းတော့ဘူးလား? ဒုခေါင်းဆောင်နိုးပြီလား? နင်တို့အိပ်နေတာကို လာနှောင့်ယှက်မိတာ အားနာပါတယ်”
“မဟုတ်တာ မဟုတ်တာ မဟုတ်တာဗျာ. . .ရပါတယ်။ တကယ့်ကို အဆင်ပြေတာပါ ဒါက. . .ဟို ဒါပင်မယ့် ခနလေးစောင့်ပေးဖို့တော့ လိုမယ်။ မဟုတ်ရင် အထဲက ရုပ်ပျက်ဆင်းပျက်တွေ မြင်နေရာမှာ” တူယွမ်ရှင်းသည် တစ်ခုခုတွေးမိသွား၍ ခေါင်းကိုအမြန်ခါကာ တံခါးကိုပိတ်ကာလိုက်သည်။
ထို့နောက် ကိုယ်တီးလုံးနှင့်ရော အတွင်းခံဖြင့်သာရှိကြကာ အခန်းထဲက ယောက်ျားထုကြီးကို လှမ်းအော်သည်။ “ဟေ့ကောင်တွေ အမြန်လုပ်! အဝတ်အမြန်ဝတ်ကြ! ဒီမိန်းမလှလေးကို စောင့်ရအောင် မလုပ်နဲ့!”
နိုးနေသည့်သူများ ရှိကြသော်လည်း အခုအချိန်တွင် သူတို့သည် သွားတိုက်တံကိုကိုင်ထားကာ ပုခုံးတွင် သဘတ်သာရှိကြသည်။ တံခါးခေါက်သံကြားမှ သူတိုသည် အိပ်ချင်ပြေကြသည်။ သို့သော်လည်း တူယွမ်ရှင်းက ဒုခေါင်ဆောင်ကို လှမ်းခေါ်နေချိန်တည်းက သူတို့ထကြတာ ဖြစ်သည်။ ထို့ကြောင့် တူယွမ်ရှင်းအော်ချိန်တွင် သူတို့သည် အဝတ်ကို ဝတ်နေကြပြီ။
ယွမ်ထန်ရှင်းသည် တီရှပ်အဖြူကို ဝတ်ထားနှင့်ပြီ ဖြစ်သည်။ တူယွမ်ရှင်း၏ အသံကြောင့် သူ့ကိုယ်သူ သေချာငုံ့ကြည့်သည်။ ဘာမှမမှားကြောင်း တွေ့သည့်အခါ အမြန်မျက်နှာသစ်သွားတိုက်ဖို့ ရေချိုးခန်းသို့ သွားသည်။
နှစ်မိနစ်လောက်ကြာသည့်အခါ တူယွမ်ရှင်းသည် ယန်ဖေးယုကို တံခါးဖွင့်ဝင်ခွင့်ပေးသည်။ “စောင့်ရအောင်လုပ်မိလို့ အားနာပါတယ်။ ဝင်ခဲ့ပါ”
ယန်ဖန်းယု၏ မျက်နှာထက်က အပြုံးဖျော့ဖျော့သည် မပြောင်းလဲပေ။ သူမသည် ဒေါက်မြင့်ဖိနပ်လှလှကို စီးထားကာ အထဲသို့ဝင်လာစဉ် သူမ၏ တင်ပါးများက အနည်းငယ်လှုပ်ခါနေသည်။
“ထိုင်ပါဦး” ယွမ်ထန်ရှင်းသည် ဧည့်ခန်းထဲက ခုံနှစ်လုံးအနက် တစ်လုံးကို လက်ညိုးထိုးပြပြီး သူမကို ရေတစ်ခွက်ခပ်ပေးသည်။
ယန်ဖန်းယုသည် လက်ဗလာဖြင့် လာခဲ့တာတော့ မဟုတ်ပေ။ သူမသည် အိတ်တစ်လုံးသယ်လာကာ ထိုင်လိုက်သည်နှင့် စားပွဲပေါ်သို့ အိတ်တင်လိုက်သည်။ “လာရင်းနဲ့ မနက်စာကြုံလို့ ယူလာခဲ့တယ်။ တို့ကိုယ်တိုင်လုပ်တာလေ။ အကုန်လုံး စားကြည့်ကြပါဦး” ဒီလိုပြောရင်း သူမသည် အိတ်ကိုဖွင့်လိုက်သည့်အခါ ကြက်ဉနှင့်ကြက်သွန်တို့ ပေါင်းစပ်ထားသည့် အနံ့သင်းသင်းလေးက ထွက်လာသည်။
ယွမ်ထန်ရှင်းသည် ပြုံး၍ယဉ်ကျေးစွာ ပြောသည်။ “နောက်ဆိုရင် ဘာလက်ဆောင်မှ မယူခဲ့ပါနဲ့ မဟုတ်ရင် ကျွန်တော်တို့က အားနာဖို့ကောင်းတယ်”
အိတ်ထဲက ကြက်ဉလိပ်ပူပူနွေးနွေးတုံးလေးများကို ကြည့်ရင်း အခုမှနိုးလာ၍ မနက်စာ မစားရသေးသူများသည် သွားရည်မြိုမချဘဲ မနေနိုင်ကြပေ။
“လာစားကြ! တို့လုပ်ထားတာ များပင်မယ့် ရှင်တို့အတွက် မလောက်မှာပဲ ပူရတယ်” ယန်ဖန်းယုက အပြုံးဖျော့ဖျော့ဖြင့် ပြောသည်။
တူယွမ်ရှင်း၊ လင်းယု၊ လုကျွင်းကျားနှင့် တခြားသူများသည် ကြက်ဉလိပ်ကို စားချင်စွာဖြင့်ငမ်းနေကြသော်လည်း မလှုပ်ရဲကြပေ။ နောက်ဆုံးတော့ သူတို့သည် ကြက်ဉလိပ်ထံမှ အကြည့်များကို ယွမ်ထန်ရှင်းအား ပို့လိုက်သည်။
ယွမ်ထန်ရှင်းသည် အနံ့ရသည့်အခါ ယန်ဖန်းယု၏ ကြင်နာမှုကို လက်ခံဖို့ ဆုံးဖြတ်လိုက်သည်။ တခြားသူများအား “မင်းတို့ပန်းကန်နဲ့ တူသွားယူစားကြ”
ဒီလိုပြောသည်နှင့် အခြားသူများသည် မီးဖိုချောင်သို့ ချက်ချင်းပြေးသွားကြကာ ပန်းကန်နှင့်တူကိုယူသည်။ ထို့နောက် စားပွဲနားသို့လာကြကာ တစ်ယောက်ကို နှစ်ပိုင်းစီယူကြသည်။
ယန်ဖန်းယု၏ ကြက်ဉလိပ်အပိုင်းများသည် ကြီးသော်လည်း အရွယ်ရောက်သည့် ယောက်ျားတစ်ယောက်အတွက်တော့ တစ်ခုတည်းဖြင့် မလုံလောက်ပေ။ ထို့ကြောင့် နှစ်ခုစီယူသွားကြကာ သူတို့နှစ်ယောက်အနားမှ ရှောင်ပြေးကြ၍ ထောင့်တစ်ခုတွင် သွားစားနေကြတော့သည်။ တကယ်တော့ သူတို့သည် အပြင်ထွက်၍ တံခါးရှေ့တွင် တန်းစီထိုင်စားနေကြခြင်းပင်။
“ယန်မိန်းကလေးက ငါတို့ဆရာကို တကယ်ကြိုက်နေပုံပဲ။ ဒီလောက်အစောကြီးကို မနက်စာပြင်လာပေးတယ်!” တူယွမ်ရှင်းသည် မွှေးကာ နူးညံ့၍ အရသာရှိသည့် ကြက်ဉလိပ်ကို တစ်ကိုက်ကိုက်လိုက်၍ ဝါးစားနေရင်းက ပျော်ရွှင်စွာဖြင့် ပြောသည်။
“ကန်းနေတဲ့သူတောင် ဒါကိုမြင်နိုင်မှာပဲ” လင်းယုက ပြောသည်။
“ဝမ်းနည်းဖို့ကောင်းတာက ဆရာက သူ့ကိုမကြိုက်ဘူး!” လျူကျွင်းကျားက နောင်တရသလိုဖြင့်ပြောသည်။
“ဒါပင်မယ့် မနက်အစောကြီး ဘာဖြစ်လို့ လာတာလဲ? တစ်ခုခုလိုလို့လား?”
“ဘယ်သိမလဲ”
“သူလည်း ဒုခေါင်းဆောင်ပဲဆိုတော့ တကယ့်အလုပ်ကိစ္စရှိလို့ ထင်ပါတယ်။ အရေးမကြီးရင် ဒီကိုလာစရာအကြောင်းမှ မလိုတာ”
“ဟုတ်တယ်!”
အပြင်ဘက်တွင် သူတို့က စားရင်းစကားပြောနေကြစဉ် ဧည့်ခန်းထဲတွင် ယွမ်ထန်ရှင်းသည်လည်း ကြက်ဉလိပ်ကို နှစ်ကိုက်လောက် ကိုက်ပြီးနေသည်။ ယန်ဖန်းယုကတော့ အစာကိုမထိပေ။
“မနက်အစောကြီး မနက်စာလာပို့ရုံပဲတော့ မဟုတ်ဘူးမလား? ဘာဖြစ်လို့လဲ ပြောပါ” ယွမ်ထန်ရှင်းသည် ယန်ဖန်းယုကို မေးသည်။
ယန်ဖန်းယု၏ အပြုံးသည် ထိုအခါ ပျောက်သွားသည်။ သူ့အား ရုပ်တည်ဖြင့်ကြည့်ကာ ပြောသည်။ “ခေါင်းဆောင်ဝူ နင်နဲ့ ဟေးဒီးစခန်းခေါင်းဆောင်ရဲ့မိသားစုတို့ အကြောင်း သတင်းရထားတယ်!”
ယွမ်ထန်ရှင်းသည် မျက်နှာမည်းသွားကာ “ဘာအကြောင်းလဲ? ဘာဖြစ်လို့ ငါတို့တွေက များနေရတာလဲ?”
“ယန်ချောင်း. . .” ယန်ဖန်းယုက ပြောသည်။ “ခေါင်းဆောင်ဝူအပေါ်ကို ရန်အမြဲလိုနေတော့ ခေါင်းဆောင်ဝူနဲ့ တွဲလုပ်သမျှ လူတိုင်းကို ပစ်မှတ်ထားတက်တယ်။ ဒီတစ်ခါတော့ နင့်ကိုမျက်စိကျသွားပုံပဲ။ နင်နဲ့ငရဲမီးခေါင်းဆောင်မိသားစုအကြောင်း တစ်ခုခုသိထားပုံရတယ်။ နင်စခန်းက ထွက်တာနဲ့ နင့်ကိုချုံခိုတိုက်ဖို့ ပြင်ထားတယ်။ ပြီးတော့လည်း ဟိုကနင့်မိတ်ဆွေတွေနောက်လိုက်ဖို့ လူလွှတ်ထားသေးတယ်”
ယွမ်ထန်ရှင်း၏ မျက်နှာသည် ချက်ချင်းအေးစက်သွားကာ မေးသည်။ “ဒါတကယ်လား?”
ယန်ဖန်းယုသည် ခေါင်းငြိမ့်ကာ ပြောသည်။ “သတင်းက အမှန်ပဲ။ ဒါပင်မယ့် ယုံတာမယုံတာကတော့ ခေါင်းဆောင်ဝူဆီမှ အတည်ပြုကြည့်ပေါ့။ သူလည်း ဒီသတင်းရမယ်လို့ တို့ထင်တယ်”
ယွမ်ထန်ရျင်းသည် ချက်ချင်းထကာ သူမကိုကြည့်ရင်း “ဒါဆိုရင် လင်းဖန်တို့နောက်လိုက်ဖို့ အပြင်ဘက်မှာ လူလွှတ်ထားတယ်လို့ ပြောချင်တာလား?”
ယန်ဖန်းယုသည် သူ့ကိုခေါင်းမော့ကြည့်ကာ ဖြေသည်။
“ဟုတ်တယ်!”
ယွမ်ထန်ရှင်းသည် လက်သီးဆုပ်လိုက်ကာ ဘယ်လက်ကိုထိုးလိုက်ရင်း စိတ်ပူစွာဖြင့် “ဒါမကောင်းဘူး။ သူတို့အခု ဒုက္ခရောက်နေလောက်မလား?”
“ဒါကြောင့် နင်တို့သိအောင် စောစောလာတာ” ယန်ဖန်းယုက ပြောသည်။ “နောက်ဆုံးဖြတ်ချက်ချရအောင်လို့”
ယွမ်ထန်ရှင်းသည် သူမအား ကျေးဇူးတင်စွာကြည့်ကာ “ကျေးဇူးပါပဲ ငါသိပြီ! ကျေးဇူးကြွေးတစ်ခုတင်သွားပါပြီ”
ယန်ဖန်းယုသည် ယွမ်ထန်ရှင်းက အနည်းငယ်စိုးရိမ်နေသည်ကို မြင်သဖြင့် သူမသည် ထလိုက်ကာ “ဒါဆိုရင် တို့သွားတော့မယ်။ ဘယ်လိုကယ်မလဲ အမြန်နည်းလမ်းရှာကြ။ မြန်မြန်လုပ်ကြနော်!” ဒီလိုပြောပြီးနောက် သူမသည် တံခါးသို့ ထွက်သွားသည်။
ယွမ်ထန်ရှင်းသည် သူမကိုကြည့်ကာ “သိပါတယ်”
ယန်ဖန်းယုသည် သူ့အားလှပစွာပြုံးပြ၍ ထွက်သွားသည်။
အပြင်က ငါးယောက်သည် တံခါးနားတွင် ထိုင်နေလေရာ သူမထွက်လာသည်နှင့် ချက်ချင်းမော့ကြည့်ကြသည်။
“ဒုခေါင်းဆောင်ယန် ပြန်တော့မလို့လား?”
“မနက်စာအတွက် ကျေးဇူးတင်ပါတယ်။ တကယ်အရသာရှိတယ်”
ယန်ဖန်းယုသည် သူတို့အားပြုံး၍ “တို့က ဟင်းချက်သိပ်မတော်ဘူး။ ဒါအကောင်းဆုံးလုပ်ထားတာ။ ကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်။ နောက်မှ တွေ့ကြတာပေါ့”
ဒီလိုပြော၍ထွက်သွားသည်။ လမ်းလျှောက်နေရင်း သူမသည် ဒီလူစုကို ပြန်လှည့်ကြည့်၍ ပြုံးပြကာ လက်ပြသွားသည်။ မိန်းမလှလေးက သူတို့အား ပြုံးပြသွားသည့်အခါ ငါးယောက်လုံးသည် သူမ၏နောက်ကျောက ဝေးသထက် ဝေးသွားသည်ကို ငေးကြည့်နေမိကြသည်။
ယန်ဖန်းယုက ဓာတ်လှေကားထဲသို့ဝင်သွား၍ နှစ်စက္ကန့်လောက်ကြာမှ သူတို့သည် အသိဝင်လာကြသည်။ ထို့နောက် အခန်းထဲသို့ ကြည့်လိုက်သည့်အခါ ယွမ်ထန်ရှင်း၏ စိတ်ထိန်းနေသည့်မျက်နှာကို မြင်လိုက်ရသည်။
“ကြည့်လို့ဝပြီလား? သွားရည်တွေသုတ်ဦး!” ယွမ်ထန်ရှင်းက ပြောသည်။
ထိုအခါ သူတို့သည် ချက်ချင်းပဲ သွားရည်များကို သုတ်ကြသည်။