၃၅၅။ သေချာသွားပြီ
လင်းဝမ်ဝမ်နှင့် လုံချင်းယင်တို့သည် လက်ရှိလုထန်ယုမှာ မိတ်ကပ်အထူကြီးလိမ်း၊ မီနီစကတ်ကိုဝတ်၍ သူတို့ရှေ့တွင် လျှောက်သွားကာ ယောက်ျားများအောက်တွင် ဖြစ်နေမည့်အမှုအယာကို တွေးကြည့်မိကြသည်။ မကြာခင်ပဲ သူတို့သည် ထူးဆန်းလွန်း၍ ချက်ချင်းခေါင်းကိုခါပစ်ကြတော့သည်။
“ဒါဆိုရင် နင်အပြင်ကို သွားမေးဦးမှာလား?” တူယွမ်ရှင်းက မေးသည်။
လင်းဝမ်ဝမ်က ခေါင်းကိုခါကာ “နင်အကုန်ပြောပြီးပြီပဲ။ ဘာဖြစ်လို့ ငါကသွားရမှာလဲ? ပြန်ရအောင်။ ငါလိုချင်တဲ့အဖြေကို ရပြီ”
“ဘာအဖြေလဲ?” တူယွမ်ရှင်းနှင့် လုံချင်းယင်တို့သည် သူမကို နားမလည်စွာ ကြည့်ကြသည်။
လင်းဝမ်ဝမ်က ထူးဆန်းသည့်အပြုံးဖြင့် “နင်တို့မကြာခင် သိမှာပါ။ ပြန်ရအောင်”
ပြတင်းပေါက်ကနေ သူတို့သုံးယောက်အပြင်ထွက်သွားမည်ကို စောင့်ကြည့်နေသည့် တူယွမ်ရှင်းသည် သူတို့ကို မတွေ့ရသေးခင် တံခါးဖွင့်လာသံကို ကြားရသည်။ သူလှည့်ကြည့်သည့်အခါ ထို၃ယောက်သည် ၁၀မိနစ်တောင် မကြာသေးဘဲ ပြန်ရောက်လာကြတာ ဖြစ်သည်။
“ဟမ်? မသွားကြဘူးလား? ဘာဖြစ်လို့လဲ?” သူက အံ့သြစွာ မေးသည်။
“မသွားတော့ဘူး” လင်းဝမ်ဝမ်က ပြုံးရွှင်စွာပြောပြီး အခန်းထဲသို့ ပြန်ဝင်သွဦးသည်။ တူယွမ်ရှင်းနှင့် တခြား၂ယောက်ကတော့ အံ့သြနေကြသည်။
လုံချင်းယင်သည် အိပ်ခန်းထဲသို့လိုက်လာကာ တံခါးကိုပိတ်၍ လင်းဝမ်ဝမ်အား မေးသည်။ “လုမိန်းကလေးကြောင်း နင်ဘာသိလိုက်တာလဲ? ခုနက ဒုခေါင်းဆောင်နဲ့ နင့်ငါတို့ခေါင်းဆောင် အကြောင်းပြောနေတာမလား? သူနဲ့ဘာဆိုင်လို့လဲ? တစ်ခုခုသိထားတာလား?”
လင်းဝမ်ဝမ်သည် ပြတင်းပေါက်ကိုမှီကာ အပြင်ကတိမ်များကိုကြည့်ရင်း တစ်ခုခုကြောင့် စိတ်သက်သာရာရသွားသည့်ပုံဖြင့် ပြုံးနေသည်။ လုံချင်းယင်၏ အမေးကိုကြားသည့်အခါ သူမသည် လှည့်ကြည့်လာ၍ ပြုံးပြကာ “ငါသိနေလောက်တယ်။ နင်တို့လည်း အချိန်တန်ရင် သိလာရမှာပါ” လုံချင်းယင်ကို သူမက ဘာကိုသေချာသွားကြောင်းကို မပြောပြပေ။
သူမက ပြောဖို့ကို ငြင်းဆိုသည့်အခါ လုံချင်းယင်က ဘာမှထပ်မမေးတော့ဘဲ သူမအား အဓိပ္ပါယ်ပါသည့် အကြည့်ဖြင့် “လုမိန်းကလေးက ဒီလိုလူမျိုး ဖြစ်လိမ့်မယ်လို့ ငါမထင်ဘူး။ တူယွမ်ရှင်းပြောတဲ့ တစ်ယောက်နဲ့ တကယ့်ကိုကွာလွန်းတယ်။ သူမှားပြောတယ်လို့ မထင်ဘူးလား?”
လင်းဝမ်ဝမ်က သူမကိုလှည့်ကြည့်ကာ “ငါကတော့ ဒီလိုမထင်ဘူး။ ဒါလေးတောင်မှ မှန်အောင် မစုံစမ်းနိုင်ရင် သူထွက်သင့်ပြီ!”
လုံချင်းယင်သည် ခနတွေးကာ ဖြေသည်။ “နင်ပြောတာလည်း ဟုတ်တာပဲ။ ဒါပင်မယ့် လုမိန်းကလေးက တကယ်. . .ဒါတွေ လုပ်ခဲ့တာလား?”
“ဖြစ်နိုင်ပါတယ်” လင်းဝမ်ဝမ်က သူမကိုကြည့်ကာ ပြောသည်။ ‘အရင်ကလူ လုပ်ခဲ့တာ ဖြစ်မှာပေါ့။ အခုသူတော့ မဟုတ်ဘူး!’
လူတစ်ယောက်သည် သေသွားသည့်အခါ မှတ်ဉာဏ်များနှင့် စိတ်ဝိဉာဉ်ဖြင့် ဇွန်ဘီအဖြစ် နိုးထလာသည်။ ထို့အတူ အကျင့်စရိုက်နှင့် စိတ်နေစိတ်ထားတို့ကပါ ပြောင်းလဲသွားသဖြင့် မတူသည့်သူ ဖြစ်နေစေသည်။ သူမကသာ ဟန်ဆောင်နေတာ မဟုတ်လျှင် တကယ့်ကို တခြားသူဖြစ်သွား၍ ဖြစ်သည်။
တခြားသူတစ်ယောက်ဖြစ်ဖို့အတွက် နည်းလမ်းများစွာ ရှိသည်။ လူတစ်ယောက်က တခြားသူအယောင်ဆောင်ရန် အချိန်အများကြီး ယူလိုက်သည့်အခါ သူ့သဘာဝကိုမေ့သွားတာမျိုး ဖြစ်နိုင်သည်။ တခြားသူများ၏ လွှမ်းမိုးမှုနှင့် အိမ်မွေ့ချခြင်းလိုမျိုး ဝိညာဉ်လှုပ်ဆော်ခြင်းတို့ကြောင့်လည်း လူက ပြောင်းလဲသွားတာ ဖြစ်နိုင်သည်။ နောက်ဆုံးတစ်ခုကတော့ ဝိဉာဉ်ပြောင်းလိုက်တာ ဖြစ်သည်။ ဝိဉာဉ်လဲခံလိုက်ရသည့်အခါ တခြားတစ်ယောက် ဖြစ်သွားသည်။
‘အခုပြောနေသည့် ဇွန်ဘီကရော?’ လင်းဝမ်ဝမ်ကတော့ တတိယဖြစ်နိုင်ချေကိုသာ ယုံကြည့်နေသည်။ လုထန်ရိ၏ ဝိဉာဉ်အား သူမ၏ မကြီးလင်းချင်း၏ ဝိဉာဉ်က ပြောင်းဝင်လာတာ ဖြစ်သည်။
‘မဟုတ်ရင် သူမသိတဲ့ ငါတို့မိသားစုကို ဘာဖြစ်လို့ ကူညီဖို့ လာခဲ့မှာလဲ? ပြီးတော့လည်း ဘာဖြစ်လို့ စခန်းသစ်ဆောက်ရာတွင် ကူညီပေးနေမှာလဲ? အဆင့်မြင့်ဇွန်ဘီတွေဆီကလည်း ငါတို့ကို ကာကွယ်ပေးနေသေးတယ်’
လင်းဝမ်ဝမ်သည် တခြားဘယ်သူ့မှာမှ သူမ၏မကြီးလိုမျိုး တည်ရှိမှု၊ အကျင့်နှင့် စကားပြောပုံတို့ ရှိမည်ဟု မယုံကြည်ပေ။ လင်းဝမ်ဝမ်သည် သူမ၏မကြီးက ပြန်လာပြီဟု ခံစားရသည်။ အရင်တည်းက ဒါကိုသံသယဝင်နေတာ ဖြစ်သော်လည်း တူယွမ်ရှင်း၏စကားများကို ကြားသည့်အခါ သူမ၏ခန့်မှန်းချေက ပိုသေချာသွားသည်။
လုံချင်းယင်သည် သူမကို နားမလည်စွာ စိုက်ကြည့်နေရင်းမှ ရုတ်တရပ် မေးသည်။ “ဝမ်ဝမ် ဘာဖြစ်လို့ နင်ငိုနေတာလဲ?”
လင်းဝမ်ဝမ်က အသိပြန်ဝင်လာကာ မျက်နှာကို ထိကြည့်သည့်အခါ တကယ်စိုစွတ်နေသည်။ သူမသည် မျက်ရည်များကို သုတ်လိုက်ကာ ပြုံးရင်း “ဘာမှမဟုတ်ပါဘူး။ ငါတစ်ခုကို တွေးနေမိလို့ပါ”
သို့သော်လည်း လုံချင်းယင်က သူမကို သံသယဝင်စွာ ကြည့်နေသည်။
လင်းဝမ်ဝမ်သည် စိတ်သက်သာရာရသွားကာ တည်ငြိမ်သွားပုံရသည်။ သူမသည် ခပ်ဖွဖွပြုံးနေရင်းက
“ဘာဖြစ်လို့ ငါ့ကိုကြည့်နေတာလဲ? ငါတို့သွားသင့်ပြီလို့ ထင်တယ်။ လုမိန်းကလေးက ပွဲကြည့်လို့ဝပြီလား မသိဘူး?”
“ဘယ်ကိုလဲ?” လုံချင်းယင်က မေးသည်။
လင်းဝမ်ဝမ်က ဖြေသည်။ “ငါတို့နေရာကို။ ငါတို့ရှိသင့်တဲ့နေရာ။ ဒီမှာနေရတာက အဆင်မပြေဘူး။ ငါတို့သေချာ ဂရုစိုက်ဖို့ လိုမယ်”
လုံချင်းယင်က သူမကိုကြည့်ကာ ခေါင်းငြိမ့်၍ “ဒါဆိုရင် ဒီမှာနေတုန်း ဘယ်ကိုမှ မသွားတော့နဲ့တော့”
လင်းဝမ်ဝမ်က သူမအား “ငါသွားဖို့လာဖို့ အစီအစဉ်မရှိပါဘူး”
“ဒါဆိုရင်ကောင်းတာပဲ” လုံချင်းယင်က ခေါင်းငြိမ့်သည်။
. . .
တစ်ဖက်တွင် လင်းချင်းသည် လင်းဝမ်ဝမ်ထင်သလို အလည်ပိုင်းဒေသ၏ အုပ်ချုပ်ရေးရုံးထဲက မိန့်ခွန်းပြောသည့်ခန်းမကြီးထဲတွင် ပွဲကြည့်နေတာ ဖြစ်သည်။ စားပွဲများကို တံခါးပုံစံလိုမျိုး စီထားတာဖြစ်ပြီး ဘေးတွင်နှစ်တန်းနှင့် အလည်တွင် ထောင့်ဖြတ်တစ်တန်းရှိသည်။
ဝူချန်းယွဲ့သည် အလည်တွင်ထိုင်နေကာ ရှောင်ယွင့်လုံ၊ မုန့်ယွဲ့၊ မိုလီနှင့် ရှောင်လီချန်းတို့က သူ့အနားတွင် ရှိကြသည်။ ဘယ်ဘက်တွင် ယန်းချောင်းက ထိုင်နေကာ သူ့ဘယ်ဘက်ကခုံက လွတ်နေသည်။ ကျိုးရှုဟွေ့က ညာဘက်တွင်ထိုင်နေသည်။ သူသည် ဝူချန်းယွဲ့၏ အသက်အရွယ်လောက်လို့ပဲ ထင်ရသည်။ စခန်းခေါင်းဆောင် ၃ယောက်တွင် သူကအကြီးဆုံးမဟုတ်သလို အငယ်ဆုံးမဟုတ်ပေ။
ဝူချန်းယွဲ့က အငယ်ဆုံးဖြစ်သော်လည်း အင်အားအကြီးဆုံးပင်။ သူ့ဘက်တွင် ချန်ယုတင်း၊ မိုလီ၊ ရှောင်ယွင့်လုံနှင့် တခြားအဆင့်၅စွမ်းအားရှင် အယောက်၅၀လောက်ကိုရှိရာ စစ်အင်အားခြင်းယှဉ်လျှင် ယန်းချောင်းနှင့် ကျိုးရှုဟွေ့တို့မှာ သူ့ကိုမယှဉ်နိုင်ပေ။
ယန်းချောင်းတွင် အဆင့်၆စွမ်းအားရှင် ၂ယောက်ရှိသည်။ သေသွားသည် ဖြောင်ကောချန်သည် အရည်အချင်းရှိသည့်တပည့် ဘယ်တုန်းကမှ မဟုတ်သလို သူ့ကိုယ်သူသေအောင်တောင် လုပ်ခဲ့သေးသည်။ လက်ရှိတော့ ယန်ချောင်းတွင် အဆင့်၆စွမ်းအားရှင်တစ်ယောက်နှင့် အဆင့်၅စွမ်းအားရှင် ၁၀ယောက်လောက်သာ ရှိလေသည်။
ကျိုးရှုဟွေ့၏ဘေးတွင်ထိုင်နေသည့် အသက်ကြီးသူနှင့် မိန်းမလှလေး၂ယောက်လုံးမှာ အဆင့်၆ဖြစ်ကြသည်။ အမျိုးသမီးသည် စခန်း၏ နတ်ဘုရားမ ယန်ဖန်ယုဖြစ်၍ ဆံပင်ဖြူဖြင့် မျက်နှာတွန့်နေသည့် အဖိုးကတော့ မျက်မှန်ထူထူကြီးတစ်လက်ကို တပ်ထားသည်။ ကျိုးရှုဟွေ့၏အနောက်တွင် လုထန်ရိနှင့် ကောင်းချင်းမင်းတို့က ရပ်နေသည်။ ကောင်းချင်းမင်းသည် အခုတော့ စစ်စိမ်းရောင်ဝတ်စုံကို ဝတ်ထားကာ လုထန်ရိမှာ သုသေသနပညာရှင် ဝတ်ရုံအဖြူဖြင့် ဖြစ်သည်။
စခန်းခေါင်းဆောင်များနှင့် ဒုခေါင်းဆောင်များသည် အနက်ရောင်စစ်ဝတ်စုံကို ဝတ်ထားကြသည်။ အဆင့်၅နှင့်အောက်မျာ အစိမ်းရောင်စစ်ဝတ်စုံနှင့် တခြားဆင်တူဝတ်စုံများဖြင့် ဖြစ်ကြသည်။ သဘာဝလွန်စွမ်အားရှင်အရာရှိများနှင့် နည်းပညာရှင်များအပါအဝင် သုံးဘက်လုံးမှ လူများသည် ၄၀လောက်ဖြစ်ကြသည်။
အခုအချိန်တွင် ဟောခန်းထဲမှ လေထုသည် စိတ်ညစ်စရာပင်။ ဒီခေါင်းဆောင်နှင့် ဒုခေါင်းဆောင်များကလွဲ၍ လူတိုင်းသည် ခေါင်းကိုငုံ့ထားကြကာ အသက်ကိုတောင် ရဲရဲမရှုရဲကြပေ။ ယန်ချောင်း၏ဘက်က လူတို့ကတော့ ယုံကြည်မှုမရှိကာ ကြောက်နေပုံ အနည်းငယ်ပေါ်နေသည်။