May Honey Logo May Honey
Previous Next

၃၉၂။ တစ်ဝက်ပဲ အလုပ်လုပ်သေးတယ်

    	နယ်မြေထဲက လင်းချင်းသည် သူမအကြောင်း ပေါ်သွားသည်ကို မသိဘဲ နှစ်ရက်လောက် နွယ်လေး၏ စွမ်းအင်များကို စုပ်ယူနေခဲ့သည်။ ထို့နောက် သူမနားတွင် ပိုလင်းသထက် လင်းလာသည်ကို တွေ့ရသည်။ သူမထင်သလို ကန်အောက်ခြေတွင် ဖြစ်သည်။  
   
    	သူမ၏ကိုယ်အား ပြန်ထိန်းချုပ်နိုင်သွားသည့်အခါ သူမသည် အပေါ်သို့ ချက်ချင်းကူးခတ်တော့သည်။ ရေကူးနေစဉ် ရုတ်တရတ် ဆံပင်နက်များက သူမ၏မျက်လုံးရှေ့တွင် မျောနေသည်။ သူမသည် ခနပဟေဠိဖြစ်သွားကာ ရေကူးနေတုန်း သူမ၏ခေါင်းကို လက်ဖြင့်ကိုင်ကြည့်လိုက်သည်။  
   
    	သူမ၏ခေါင်းသည် ဆံပင်ငုပ်စိတို့ဖြင့် မဟုတ်တော့ပေ။ သူမ၏ လက်ငါးချောင်းသည် နူးညံ့ကာ ရှည်လျားသည့် ဆံပင်များကို ကိုင်မိသွားကာ ထိုဆံပင်များကို မျက်စိရှေ့တွင် ထားကြည့်လိုက်သည်။   ‘ရှည်လာပြီ! ငါ့ဆံပင်တွေ!’  
   
    	သူမ၏ဆံပင်သစ်ကြောင့် လင်းချင်းသည် ချက်ချင်းပျော်မြူးသွားသည်။ ကန်အပေါ်သို့ အရှိန်ကုန်ကူးတက်လာသည်။ တချို့အကြောင်းများကြောင့် သူမသည် ကန်ထဲတွင် လွတ်လပ်နေသည်။ သူမသည် အမြန်ကူးတက်လာသောကြောင့် ရေထဲတွင် အချိန်သိပ်မကုန်ခဲ့ပေ။ သို့သော်လည်း ကန်ထဲကနေ သူမကိုပေးနေသည့် စွမ်းအားသည် အရမ်းကို သက်သောင့်သက်သာ ဖြစ်စေသည်။  
   
    	မကြာခင်တွင် သူမသည် ရေမျက်နှာပြင်ထက်သို့ ရောက်လာသည်။ သူမသည် ဟိုဟိုဒီဒီကြည့်ပြီးသည့်အခါ မျက်လုံးထဲတွင် နားမလည်သလို ဖြစ်သွားပြီးနောက် ကမ်းစပ်သို့ ကူးခတ်လာသည်။  
   
    	ထိုအချိန်တွင် ရှန်ယုကျန်းသည် သူမ၏ အရှိန်အဝါကို ခံစားမိသည်ဖြစ်ရာ နယ်မြေလေးထဲကနေ ထွက်လာသည်။ လင်းချင်းကို ကြည့်ရင်း သူမသည် ပဟေဌိအပြည့်ဖြင့် နားမလည်နိုင် ဖြစ်နေသည်။  
   
    	လင်းချင်း၏ အရှိန်အဝါက ပြောင်းသွားသလို သူမ၏ အနံ့လည်း ပြောင်းလာသည်။ သူမ၏အနံ့သည် ပိုချိုမြိန်ကာ ဆွဲဆောင်နေသည်။ သို့သော်လည်း အရှိန်အဝါကတော့ အရင်ကထက် ပိုကြောက်ဖို့ကောင်းလာသည်။   

သူမသည် အဆင့်မြင့်သွားပုံရကာ သူမ၏အရှိန်အဝါထဲတွင် ကန်ထဲက နွယ်ပင်၏ အရှိန်အဝါတို့ ပါဝင်နေသည်။ ထူးဆန်းသည် တစ်ခုမှာ ဒီအရှိန်အဝါသည် ရောနှောနေတာ တစ်ခုခုပါနေသလိုပင်။ လင်းချင်း၏ လက်ရှိအရှိန်အဝါသည် အရင်တုန်းကထက် ရှန်ယုကျန်းအား အများကြီး ပိုဖိအားပေးနိုင်သည်။

    	လင်းချင်း၏ ဆံပင်ရှည်များကို မြင်သည့်အခါ သူမအံ့သြသွားသည်။ ကန်ထဲတွင် ၁၀ရက်လောက်သာ နေခဲ့သော်လည်း ဆံပင်တွေက ဒီလောက် အချိန်တိုအတွင်းမှာ ရှည်လာနိုင်တယ်လား? ငါလည်း သူ့အဆင့်ကိုရောက်ရင် ဆံပင်ရှည်လာမှာလား?  

လင်းချင်းကန်ထဲက ထွက်လာသည်နှင့် ထိုင်ခုံက အဝတ်များကို သွားယူဝတ်နေသည်။ အဝတ်တို့ကို ဝတ်လိုက်ပြီးနောက် သူမ၏လက်ကို ကြည့်ကာ စိုနေသည့် ဆံပင်များကို ထိကြည့်သည်။ ထို့နောက် သူမ၏ မျက်လုံးများကို ထိကြည့်ပြန်သည်။

    	သူမ၏မျက်လုံးများသည် လုံးဝနက်နေရာမှ မျက်သားဖြူနှင့် မျက်စံများအဖြစ် ပြောင်းနေသည်ကို သတိမထားမိပေ။ သူမ၏ မျက်စံများထဲတွင် အစိမ်းရောင်က တောက်နေသဖြင့် အနောက်တိုင်းလူများ၏ မျက်လုံးများလိုပင်။ သို့သော်လည်း သူမ၏ မျက်နှာကတော့ အရှေ့တိုင်းရုပ်ပင်။ သူမသည် မျက်လုံးထဲသို့ အလှမျက်ကပ်မှန်အတုကို ထည့်တပ်လိုက်သည်။ သို့သော်လည်း ဒါတွေကို မလိုတော့ဘူးဆိုသည်ကိုတော့ သူမက မသိသေးပေ။  
   
    	ရှန်ယုကျန်း၏ အကြည့်များကို သူမက သတိထားမိသည်။ သူတို့ကြားတွင် ဝေးနေသော်လည်း သူမ၏ ခံစားချက်များကို သူမက ခံစားနိုင်သေးသည်။ ရှန်ယုကျန်းသည် နားမလည်ခြင်း၊ ကြောက်လန့်ခြင်း၊ နာခံခြင်း. . .စသည်တို့ဖြင့် ရှုပ်ထွေးနေသည်ကို အဝေးကနေ ခံစားမိသည်။ သူမသည် ဟိုးတောအုပ်ထဲကတွင် ပုန်းနေသည့်ကောင်ထံမှ ကြောက်လန့်ခြင်းကိုတောင် ခံစားမိနေနိုင်သည်။  
   
    	သူမသည် ရှန်ယုကျန်းထိုင်နေသည့် ဆိုဖာနားသို့လာကာ မေးသည်။   “ဘာဖြစ်လို့လဲ? ဘာဖြစ်လို့ ကြောက်နေတာလဲ?”   ဒီလိုမေးပြီးသည့်အခါ သူမကိုယ်တိုင်တောင် ပြန်လန့်သွားသည်။ သူမ၏အသံသည် ပြင်ပြီးသွားပြီ ဖြစ်သည်။ အရင်လို ခြောက်ကပ်ကာ အက်ကွဲနေသည့် နားမဝင်သာသည့် အသံမဟုတ်တော့ဘဲ ကျန်းမာသည့် မိန်းကလေးတစ်ယောက်လို ချောမွေ့ကာ ချိုသာနေသည်။  
   
    	ရှန်းယုကျန်းသည် လင်းချင်း၏ အသံကိုကြားသည့်အခါ ခနတန့်သွားသည်။ ဒီလိုအသံကပါ ပြန်ပြောင်းလိမ့်မည်ဟု သူမက မထင်ထားခဲ့ပေ။ လင်းချင်းထံသို့ လျှောက်လာကာ သူမအား သေချာကြည့်သည်။  
   
    	လင်းချင်းသည် သူမ၏အတွေးများကို ခံစားမိသည်။   “ဟုတ်တယ်။ ငါအဆင့်မြင့်သွားတာ ထင်တယ်။ ငါကိုယ်က ပြင်ပြီးတော့ ပြန်အလုပ်လုပ်နိုင်ပြီ။ ဒါပင်မယ့် တစ်ဝက်လောက်ပဲ အလုပ်လုပ်သေးတယ်။ နောက်တစ်ဝက်ကတော့ အလုပ်ပြန်လုပ်ဖို့ ငါစောင့်ရဦးမယ်”   သူမသည်ဗိုက်ကိုထိကာ ပြောသည်။ နွယ်လေးမွေးလာသည့်နေ့ရောက်မှ သူမ၏ကိုယ်သည် အပြည့်အဝပြန်အလုပ် လုပ်နိုင်မည်ဟု နွယ်လေးက ပြောပြထားသည်။ ဒါသည် ဖြစ်စဉ်တစ်ခုလုံးမှာ အန္တရာယ်အများဆုံးဟုလည်း ပြောသေးသည်။  
   
    	ရှန်ယုကျန်းသည် သူမကိုကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။  
   
    	“ငါစခန်းသစ်ကို သွားတော့မယ်။ ချန်ယုတင်းကို ထွက်တွေ့ဖို့ နင်ဆန္ဒရှိပြီလား?”   လင်းချင်းက မေးသည်။  
   
    	ချန်ယုတင်းအကြောင်းကိုပြောသည့်အခါ ရှန်ယုကျန်းသည် ခေါင်းခါကာ ပါးစပ်ဟလိုက်သော်လည်း ဘာအသံမှ ထွက်မလာပေ။  
   
    	လင်းချင်းသည် သူမအား အံ့သြစွာကြည့်ကာ   “ဟမ်? သေချာတွေးပြီးပြီလား? အရင်တည်းက နင်သိသင့်တယ်။ နင်အခု ဘယ်လိုဖြစ်နေသလဲကို သူစိတ်ထဲထားနေလို့ကတော့ နင့်ကိုဇွန်ဘီပြောင်းဖို့ ငါ့ကိုတောင်းဆိုခဲ့မှာ မဟုတ်ဘူး။ နင်တို့ဆက်ဆံရေးကို မယုံဘူးလား?”  
   
    	ရှန်ယုကျန်းသည် ဖြည်းဖြည်းချင်း ခေါင်းခါပြီးနောက် ခေါင်းငြိမ့်သည်။  
   
    	လင်းချင်းက သက်ပြင်းချကာ   “ဒါဆိုရင်လည်း ငါနင့်ကို အဲ့ကိုခေါ်သွားမယ်။ ငါရောက်မှ နင်ထွက်လာတော့”  
   
    	ရှန်ယုကျန်းသည် သူမအား မျှော်လင့်တကြီးကြည့်ကာ ခေါင်းငြိမ့်ပြသည်။  
   
    	ထို့နောက် လင်းချင်းသည် ကိုယ်ဖျောက်၍ လင်းဝမ်ဝမ်တို့ နေခဲ့သည့် အခန်းထဲကနေ ထွက်လာသည်။ သူမသည် အပြင်တွင် အနံ့ခံကြည့်သည့်အခါ လင်းဝမ်ဝမ်နှင့် ယွမ်ထန်ရှင်းတို့၏ အနံ့တို့က ဖျော့နေသည်။ သူတို့ထွက်သွားသည်မှာ ရက်အတော်ကြာကြောင်းနှင့် စခန်းသစ်ကို သွားပြီဖြစ်ကြောင်းကို သိလိုက်သည်။ သို့သော်လည်း တူယွမ်ရှင်းနှင့်တခြားနှစ်ယောက်၏ အနံ့များကို ရနေသေးရာ သူတို့၃ယောက်သာ ကျန်ခဲ့တာ ဖြစ်မည်။  
   
    	သူမသည် တံခါးကိုနှင့် ပြတင်းပေါက်များကို တစ်ချက်ကြည့်လိုက်သည့်အခါ ပိတ်ထားသည်ကို တွေ့ရသည်။ အပြင်ဘက်တွင် လင်းနေသောကြောင့် နေ့လည်ဖြစ်လိမ့်မည်။ သူမသည် တံခါးကို မဖွင့်ဘဲ ဝရံတာတံခါးထံသို့ ဦးတည်ထွက်လာသည်။  
   
    	ထို့နောက် သူမသည် အစွမ်းသုံးခြင်းကလွဲလျှင် ကိုယ်ပျောက်သည့် အခြေအနေဖြင့် အကုန်လုပ်ရပြီဆိုသည်ကို သိလိုက်ရသည်။ သူမသည် ကိုယ်ဖျောက်ထားရင်းက လက်သည်းများသုံး၍ လူသတ်ရနေပြီ။ ထို့ကြောင့် သူမသည် ပြီးပြည့်စုံသည် ချောင်းမြောင်းတိုက်ခိုက်ခြင်းများကို လုပ်နိုင်နေသည်။  
   
    	လင်းချင်းသည် တံခါးကိုသော့ဖွင့်မနေဘဲ တွန်းဖွင့်လိုက်ကာ ပတ်ဝန်းကျင်ကို အာရုံခံကြည့်သည်။ သူမသည် ဘာကြောင့်မှန်းမသိ အနားက အခန်းများတွင် ပုန်းနေသည်တို့ကို သိလိုက်သည်။ သူတို့က ဒီအခန်းကို တစ်ချိန်လုံး စောင့်ကြည့်နေကြသည့်ပုံများပင်။  

ထို့ကြောင့် လင်းချင်းသည် ဝရံတာတံခါးအား လေတိုက်၍ ပွင့်လာသလိုမျိုး ဖြည်းဖြည်းသာ ဖွင့်လိုက်သည်။ ဘယ်သူကမှ သူမကို မြင်နိုင်သည်မှ မဟုတ်တာ။ ထို့နောက် လင်းချင်းသည် ဝရံတာမှနေ တခြားအဆောက်အဦးသို့ ခုန်ကူးသွားသည်။

သူမသည် နေရောင်အောက်တွင် ရပ်နေတာတောင်မှ အရိပ်မထင်ပေ။ ထို့ကြောင့် သူမသည် ခြေရာခံမရသည့် တစ္ဆေလို ဖြစ်နေစေသည်။ အခုလည်း နေရောင်အောက်တွင် အရိပ်မထင်!

    	သူမသည် သစ်ပင်တစ်ခုပေါ်သို့ တက်လိုက်ကာ သူမ၏လက်သည်းနက်များကိုထုတ်၍ သစ်ကိုင်းကို ကုတ်လိုက်သည်။ ထိုအခါ သစ်ကိုင်းသည် ဗုန်းခနဲ ကျိုးသွားကာ ပြုတ်ကျသွားသည်။ လူသားပြန်ဖြစ်သွားတာတောင်မှ သူမ၏အစွမ်းများသည် ပျောက်မသွားကာ အံ့သြဖို့ကောင်းအောင် နည်းနည်းလေးတောင်မှ မထိခိုက်နေပေ။  
   
    	ထို့နောက် လင်းချင်းသည် ဓာတ်တိုင်တစ်ခုပေါ်သို့ ခုန်တက်လိုက်ကာ အုပ်ချုပ်ရေးအဆောက်အအုံသို့ သွားသည်။ ထို့နောက် သူမသည် ထောင့်တစ်ခုကနေ လျှောက်ဝင်လာသည်။  

ပထမထပ်တွင် လူများနေသော်လည်း ဘယ်သူကမှ သူမ၏တည်ရှိမှုကို သတိမထားမိပေ။ လင်းချင်းသည်လည်း ဒီတွင်ကြာကြာမနေဘဲ တာဝန်ခန်းမသို့ လျှောက်လာသည်။

တာဝန်ခန်းမထဲတွင် လျှောက်ပတ်ကြည့်ကာ တူယွမ်ရှင်းတို့ လူစုနေသည့်အလုပ်ကို ခနစောင့်ကြည့်လိုက်သည်။ ဘာမှပုံမှန်မဟုတ်သည် တစ်ခုမှ မဖြစ်သည့်အခါ သူမသည် ဘယ်သူမှမရှိသည့် နေရာသို့ လှည့်ထွက်သွားသည်။

Previous Chapter 392 of 410 Next