၂၈၉။ အစီအစဉ်ပြောင်း
လူတစ်စုကို သတ်လာသည်ဆိုသည့် အသံကိုကြားသည့်အခါ အကုန်လုံးသည် ရုပ်တည်သွားကာ သူမကို နားမလည်စွာကြည့်သည်။
“အရင်ထိုင်ပါဦး!” လင်းဟောင်သည် သူမကိုထိုင်ဖို့ပြောသည်။
လင်းချင်းသည် ပြတင်းပေါက်ဘေးက ခုံတွင်ထိုင်လိုက်သည်။ လင်းချင်းသည် ထိုင်လိုက်ပြီးမှ အခြားသူများကို ကြည့်ကာ ဆက်ပြောသည်။
“ခုနက ဒီကနေ သုံးမိုင်လောက်ဝေးတဲ့နေရာကို လူနှစ်စု ရောက်လာတယ်။ ပထမတစ်စုက ဓားပြ၁၂ယောက်။ ငါ၁၁ယောက် သတ်လိုက်ပင်မယ့် သူတို့ခေါင်းဆောင်က လွတ်သွားတယ်”
“ဓားပြတွေလား?” အခြားသူများသည် မေးလာကြသည်။
“လူသားစားတဲ့ဓားပြတွေကို ပြောနေတာလား?” လင်းဖန်သည် လင်းချင်းကို ကြည့်ကာ မေးသည်။
ခေါင်းဆောင်လွတ်သွားသည်ဆိုသည်ကို သေချာလည်း ကြားလိုက်သည်။ ဒီလိုဓားပြများသည် အရမ်းအငြိုးကြီးကြသည်။ တစ်ယောက်သာ ရှင်ကျန်နေခဲ့ပါက ထိုလူသည် သူ့သူငယ်ချင်းများကို သတ်ခဲ့သည့်အတွက် လာပြန်သတ်မှာပင်။ ထို့အတူ သူတို့သည် အရမ်းကို ရက်စက်ကာ နှလုံးသားမဲ့ကြသည်။ မဟုတ်လျှင် ဘယ်လိုစိတ်ဖြင့် လူသားကို ပြန်စားကြမည်နည်း? ထို့ကြောင့် ဓားပြအုပ်စုဖြင့် ဆုံလိုက်ရသည့်သူတိုင်းသည် အခြေစိုက်စခန်းတွင် နှစ်နှစ်လောက်နေရသည်။ မဟုတ်လျှင် ထွက်တာနှင့် ထိုဓားပြများနှင့် ရင်ဆိုင်ရမှာဖြစ်သည်။
လင်းဖန်သည် မျက်မှောင်ကျုံ့ကာ “ဘယ်အဆင့်တွေလဲ? သူတို့ခေါင်းဆောင်ကရော?”
“အားအနည်းဆုံးသူက အဆင့်လေး။ သူတို့ခေါင်းဆောင်ကတော့ အဆင့်၇”
“အဆင့်၇!”
“အဆင့်၇ကို နင်မောင်းထုတ်နိုင်တယ်လား? နင့်အဆင့်က တကယ်ပဲ ဘယ်လောက်ရောက်နေတာလဲ?”
အခြားသူများသည် ဓားပြခေါင်းဆောင်မှာ အဆင့်၇မှန်း သိသွားသည်နှင့် လန့်ကုန်ကြသည်။ ဒီအဆင့်သည် အခြေစိုက်စခန်းခေါင်းဆောင်များနှင့် အတူတူပင်။ ပိုအရေးကြီးသည့်အချက်မှာ လင်းချင်းကြောင့် အဆင့်၇ ဓားပြခေါင်းဆောင်က ထွက်ပြေးသွားခြင်းပင်။
လင်းချင်းသည် သူမ၏ သွားစွယ်တောက်တောက်လေးများ ပေါ်အောင် တစ်ချက်ရယ်လိုက်ကာ “ငါက ဘယ်လိုလုပ် ဒီလောက် အစွမ်းကြီးမှာလဲ? အဆင့်ခြောက်နဲ့ အဲ့ဒီအောက်ပဲ ကိုင်တွယ်နိုင်တာ။ ဒါပင်မယ့် နင်တို့မသိလိုက်က လီလီက အဆင့်၇ကို ချိုးဖောက်ဝင်သွားနိုင်ခဲ့ပြီ”
အခြားသူများသည် သူမ၏စကားကြောင့် လန့်သွားသည်။
“ခန. . .ခနလေး” အမျိုးသမီးလင်းသည် လင်းချင်းကို နားမလည်စွာကြည့်ရင်း “လုမိန်းကလေး ပြောတာက ဒီကလီလီက. . .အခု အဆင့်၇ဇွန်ဘီလို့လား?”
လင်းချင်းသည် ပြုံးပြကာကြည့်ရင်း “အန်တီရယ် သမီးပြောဖူးသလိုပဲ။ ထန်ယု ဒါမှမဟုတ်လည်း ယုလို့ပဲ ခေါ်လို့ရပါတယ်။ လုမိန်းကလေးလို့ ခေါ်နေတာက စိမ်းနေသလိုကြီးပဲ”
အမျိုးသမီးလင်းသည် ခနရပ်သွားကာ ပြန်ပြုံးပြပြီး “အင်း ထန်ယု. . .အဟမ်း အန်တီက လုမိန်းကလေးလို့ ခေါ်နေကြ ဖြစ်နေလို့ မေ့သွားလို့ပါကွယ်”
လင်းချင်းသည် ပြန်ပြုံးပြလိုက်သည်။
ဘေးတွင် ထိုင်နေသည့် လီကျန်းက အံ့သြစွာဖြင့် “ဒါဆိုရင် လီလီက. . . ဇွန်ဘီအုပ်ချုပ်သူလား?”
လင်းချင်းသည် သူ့ကိုခေါင်းငြိမ့်ပြကာ “ဟုတ်တယ်။ သူက အခုဇွန်ဘီအုပ်ချုပ်သူပဲ”
“ဒါကမကောင်းဘူး. . .အဆင့်၇ဓားပြခေါင်းဆောင် ပြေးသွားတာကို ပြောတာပါ” လင်းဖန်က ပြောသည်။ “နောက်ကျရင် ငါတို့ဒုက္ခရောက်တော့မယ်!”
လင်းချင်းသည် သူ့ကိုလက်ကာပြကာ “မဖြစ်ပါဘူး။ အနည်းဆုံးတော့ နင်တို့နဲ့အတူ ငါရှိမှန်းကို မသိပါဘူး။ ဒုက္ခရောက်မယ်ဆိုရင်တောင် ငါတို့ပဲခံပါ့မယ်”
လင်းဖန်သည် သူမကိုကြည့်ကာ တစ်ခုခု ပြောချင်နေပုံရသော်လည်း မပြောပေ။ သို့သော်လည်း ထူးဆန်းနေသည့်ရုပ်ကြီးဖြင့်ပင်။
“အမေတို့မှာ လီလီရှိသားပဲ” အမျိုးသမီးလင်းက ပြောသည်။ “သူတို့ကို ကြောက်စရာ မလိုပါဘူး”
လင်းချင်းသည် လင်းဖန်ကို တစ်ချက်ကြည့်သည်။ သူဘာကို စိုးရိမ်နေသလဲ ဆိုသည်ကို သူမနားလည်သည်။ “အန်တီ ပုန်းပြီးတော့ပစ်တဲ့မြှားတွေက ရှောင်ရခက်တယ်။ သူ့ထက် သမီးတို့က သန်မာတယ်ဆိုပင်မယ့်လည်း ဖြစ်နိုင်သမျှ သူ့မကောင်းတဲ့အကွက်ထဲ မရောက်အောင် ကြိုကာကွယ်ထားမှ။ လီလီက တစ်ယောက်တည်းရှိတာ။ သူ့အနားရှိရင် သမီးတို့လုံခြုံတယ် ဆိုပင်မယ့် အမြဲတမ်း သမီးတို့နားရှိပေးမယ်လို့ ဘယ်သူကမှ အာမခံနိုင်တာမှ မဟုတ်တာ”
လင်းချင်း၏ သတိပေးချက်ကြောင့် အမျိုးသမီးလင်းသည် ခေါင်းငြိမ့်ကာ “သမီးပြောတာ မှန်တယ်!”
လင်းချင်းက ဆက်ပြောသည်။ “ပြီးတော့လည်း နောက်ထပ် သတင်းရလာတာရှိတယ်။ ဓားပြအုပ်စုက ပင်လယ်မြို့တော်စခန်းနဲ့ အပေးအယူလုပ်လာကြတာ။ သူတို့က ပင်လယ်မြို့တော်စခန်းကိုသွားပြီး ဝူချန်းယွဲ့ကို ထိခိုက်အောင် လုပ်ကြမှာ။ ပြီးတော့လည်း ယွမ်ထန်ရှင်းကို တိုက်ဖို့စီစဉ်ထားကြပြီးသား။ အဲ့ဒါကြောင့် ငါတို့ဆီလာတဲ့သူတွေမလို့ သတ်ပစ်လိုက်တယ်”
သူမပြောသည့်အခါ အခြားသူများသည် အံ့သြသွားကြသည်။
“ယွမ်ထန်ရှင်းနဲ့ သူတို့မှာ ဘာကိစ္စရှိလို့လဲ? ပင်လယ်မြို့တော် စခန်းခေါင်းဆောင်တွေက ဝူချန်းယွဲ့၊ ယန်ချောင်းနဲ့ ကျိုးရှုဟွေ့တို့ပဲရှိတာ။ ယန်ချေင်းက ဝူချန်းယွဲ့နဲ့ ပြဿနာရှိတာကို လူတိုင်းသိပင်မယ့် ထန်ရှင်းနဲ့ ဘာဆိုင်လို့လဲ? ထန်ရှင်းက ဝူချန်းယွဲ့နဲ့ ပူးပေါင်းလိုက်လို့လား?” လင်းဖန်က မေးသည်။
လင်းချင်းသည် သူ့ကိုကြည့်ကာ ခေါင်းငြိမ့်ပြရင်း “အကြောင်းပြချက်တွေက တစ်ခုဖြစ်မှာပေါ့” လင်းချင်း၏ စိတ်ထဲတွင်တော့ ‘သူက ပင်လယ်မြို့တော်စခန်းရဲ့ အလှဆုံးကောင်မလေးနဲ့ တွဲနေမှတော့ သူ့ကို မနာလိုဖြစ်တာပေါ့ ငါတို့က သူ့ကိုတာဝန်ပေးခိုင်းလိုက်တာကို သူကအလှလေးနဲ့တောင် တွဲနေသေးတယ်!’
“ဒီဓားပြတွေက. . .” လင်းဖန်သည် လင်းချင်းကို ကြည့်သည်။
“အတော်သန်တယ်!” လင်းချင်းက ဆက်ဖြေပေးလိုက်သည်။ “ယန်ချောင်းက သူ့လက်မညစ်ပတ်ချင်လို့ ဝူချန်းယွဲ့ကို ခိုးသတ်ခိုင်းတာ ဖြစ်မယ်။ ဓားပြတွေကို သူကတိပေးထားတာကတော့ တည်မတည်ကို မပြောတက်ဘူး။ ဒါပင်မယ့် သူ့နေရာမှ ငါဆိုရင် စခန်းထဲကို ဓားပြတွေ အဝင်မခံပါဘူး”
ယန်ချောင်းသည်သာ ဉာဏ်ထက်မည်ဆိုပါက သူ့ရန်သူဟောင်းကို သတ်ပေးပြီးနောက် သူ့ရန်သူသစ်ဖြစ်လာမည့်သူကို စခန်းထဲသို့ သွင်းမှာမဟုတ်ပေ။ ဓားပြခေါင်းဆောင်သည် သူ့နှင့်အဆင့်တူဖြစ်နေသည့်အချက်ကို သတိပေးစရာတောင် မလိုပေ။
လင်းဖန်သည်လည်း ခေါင်းငြိမ့်ပြသည်။
“ဒါဆိုရင် ငါတို့အစီအစဉ်ပြောင်းရယ်။ ဒုခေါင်းဆောင်ကို အရင်သွားရှာရမှာမလား?” လီကျန်းက မေးသည်။
လင်းချင်းသည် ခေါင်းငြိမ့်ကာ “ဟုတ်တယ်။ ငါတို့ပင်လယ်မြို့တော်စခန်ကို တိုက်ရိုက်သွားပြီး ယွမ်ထန်ရှင်း လူစုနေတာကို ကူရမယ်။ ငါတို့လူငှားရတာ လောက်မယ်ဆိုရင် စခန်းအသစ်ဆောက်ရတာလည်း ပိုမြန်မှာ။ ငါတို့ဆောက်ပြီးတာနဲ့ ငါတို့အဆင့်၇ မပြောနဲ့ အဆင့်၈ကိုတောင် ခုခံလို့ရပြီ”
လင်းဖန်သည် ခေါင်းငြိမ့်ကာ “ငါသဘောတူတယ်!”
အခြားသူများသည်လည်း ကန့်ကွက်စရာကို မရှိပေ။
“ဒါဆိုရင် ဘယ်တော့သွားကြမလဲ?” အမျိုးသမီးလင်းသည် လင်းဖန်ကို တစ်ချက်ကြည့်ကာ လင်းချင်းကို ကြည့်၍ မေးသည်။ လင်းဖန်သည်လည်း လင်းချင်းကို ကြည့်နေသည်။
ထိုအခါ လင်းချင်းသည် ထကာ “အခု! အကုန်လုံး ပစ္စည်းသိမ်းကြတော့ ငါတို့သွားကြတော့မယ်”
လင်းဖန်သည်လည်း ခေါင်းငြိမ့်ကာ ပြောသည်။ “ဟုတ်ပြီ! ပစ္စည်းသိမ်းကြတော့။ ထွက်ဖို့အဆင်သင့်ပြင်”
ဆွေးနွေး၍ပြီးသည်နှင့် လင်းဖန်တို့အခန်းထဲကနေ လင်းချင်းက ထွက်လာသည်။
“ငါတို့သွားကြတော့မယ်. . .ပစ္စည်းသိမ်းတော့” သူမသည် လျူကျွင်းနှင့် ရှဲ့တုန်းတို့အား ပြောသည်။ သူတို့နှစ်ယောက်သည် သူမအား အံ့သြစွာကြည့်ကာ “ဘာဖြစ်လို့ ရုတ်တရပ်ကြီး သွားမှာလဲ? တစ်ခုခုဖြစ်လို့လား? ခုနက လီလီက သူ့အရှိန်အဝါတွေ ထုတ်လိုက်ရတာနဲ့ဆိုင်လား?”
လင်းချင်းသည် ခေါင်းငြိမ့်ကာ “ငါတိုအစီအစဉ် ပြောင်းလိုက်ပြီ။ ယွမ်ထန်ရှင်းကို စောင့်ဖို့ ဒီမှာမနေတော့ဘူး။ ငါတို့ ပင်လယ်မြို့တော်စခန်းကို သွားပြီးတော့ သူ့ကိုပဲ ရှာလိုက်တော့မယ်။ ပြီးရင် အခြေစိုက်စခန်းဆောက်ဖို့ ငါတို့ မြို့ပေါ်ကို တစ်ခါတည်း သွားကြတော့မှာ”
“ဟမ်? ဘာဖြစ်လို့လဲ?” တုံတုံကိုချီထားသည့် လျူကျွင်းက မေးသည်။
“ပြန်မယ့်လမ်းမှာ ဒုက္ခရောက်နိုင်လို့ ငါတို့သွားရှာတာက ကောင်းမယ်” လင်းချင်းသည် တံခါးနားတွင်ရပ်ကာ တုံတုံကိုချီဖို့ လက်ဆန့်ပေးရင်း ပြောသည်။
“ဒုက္ခ? ဘယ်လိုမျိုးလဲ?” တုံတုံကို လင်းချင်းကို ချီစေပြီးနောက် လင်းချင်းအား နားမလည်စွာဖြင့် ကြည့်သည်။ လင်းချင်းသည် တုံတုံ၏ဖင်အား လက်တစ်ဖက်တည်းဖြင့် ပွေ့ချီထားလိုက်ကာ “သူ့ကိုမျက်စိကျနေတဲ့သူတွေရှိလို့။ ငါ့အထင် သူပင်လယ်မြို့တော်စခန်းက ထွက်လာတာနဲ့ လှုပ်ရှားကြမယ့်ပုံပဲ”