၂၃၄။ ကျွင်းကျွင်းကိုကုပြီးပြီ
လင်းချင်းသည် ကန်ဘေးတွင် ထိုင်ကာ ကန်အောက်ခြေက အပြောင်းအလဲများကို အာရုံခံကြည့်သည်။ ကန်ရေထဲက စွမ်းအင်များသည် ကန်အလယ်သို့စုကာ လှိုင်းများဖြစ်နေသည်ကို တွေ့ရသည်။
ထို့နောက် စတော်ဘယ်ရီခင်းသို့ လျှောက်သွားကာ ပေါင်းပင်အချို့တွေ့သဖြင့် ထိုင်နှုတ်နေလိုက်သည်။ ကျွင်းကျွင်းကိုကုပေးခြင်းက ဘယ်လောက်ကြာမလဲ မသိသဖြင့် သူမသည် စိုက်ခင်းက ပေါင်းပင်များကို နှုတ်ဖို့ဆုံးဖြတ်လိုက်တာ ဖြစ်သည်။ အရင်က ကျွင်းကျွင်းသည် ဒါကိုလုပ်ပေးလေ့ရှိသော်လည်း ကျွင်းကျွင်းနယ်မြေထဲတွင်မရှိသည့်ရက်အတွင်းမှာ ပေါင်းပင်များက ထပ်ပေါက်လာတာဖြစ်သည်။
ဒီလိုလုပ်ပြီးနောက် ကျွင်းကျွင်းထံမှ ဘာမှမပြောင်းလဲသေးသဖြင့် သူမသည် နယ်မြေအပြင်သို့ ထွက်လာသ်။ ထိုအခါ အိပ်နေသည့်တုံတုံကို ချူးလီလီသည် ကုတင်စွန်းကိုလက်တင်၍ မေးထောက်ကာ ကြည့်နေသည်ကို မြင်လိုက်ရသည်။ လင်းချင်းထွက်လာသည်နှင့် သူမသည်ချက်ချင်းထကာ “အား ယား ယား ယား။ အား ယား ယား ယား” ‘ထွက်လာပြီလား? ကျွင်းကျွင်းရော?’
လင်းချင်းသည် နှုတ်ခမ်းပေါ်ကို လက်ညိုးတင်ပြကာ အသံတိုးတိုးဖြင့် “တိုးတိုးပြော။ မနိုးစေနဲ့။ နိုးလာလို့ သူ့အမေကို မတွေ့ရင် အသံပြဲကြီးနဲ့ အော်ငိုနေဦးမယ်”
ချူးလီလီသည် တုံတုံကို ကြောက်လန့်စွာ တစ်ချက်ကြည့်လိုက်သည်။ ကလေးသည် နိုးလာသည့်ဟန်မရှိမှ သူမသည် သက်ပြင်းချနိုင်သည်။ ‘ဒီကောင်လေးစငိုလျှင် မျက်နှာကျက်တောင် ကွာကျတော့မလိုပဲ’
လင်းချင်းနှင့် ချူးလီလီတို့သည် ဆိုဖာတွင်ထိုင်လိုက်ကြကာ လင်းချင်းက ညင်သာစွာဖြင့် “ကျွင်းကျွင်းက ကန်ထဲမှာ။ ဘယ်လောက်ကြာမလဲ ငါမပြောတက်ဘူး။ စောင့်ရအောင် မိုးမလင်းခင် ပြီးဖို့မျှော်လင့်ရတာပဲ။ မဟုတ်ရင် ဒီကလေးကို ငြိမ်အောင် ဘယ်သူမှလုပ်နိုင်တာ မဟုတ်ဘူး”
“အား ယား” ချူးလီလီက အသံတိုးတိုးဖြင့် ပြောသည်။ ‘ကျေးဇူးပြုပြီး ကျွင်းကျွင်းမြန်မြန်ပြန်ထွက်လာပါစေ’
ထို့နောက် ချူးလီလီသည် လင်းချင်းပြောသည်ကို သတိရသွားကာ မေးသည်။ “အား ယား ယား။ ယား ယား ယား ယား ယား ယား” ‘ညီမလေး ကိုင်တွယ်ရမယ့် ဇွန်ဘီရှိတယ်ဆို? အဆင့်ခြောက်လား? ဘာအစွမ်းလဲ? ရုပ်ဆိုးလား?’
လင်းချင်းသည် ဇွန်ဘီမငယ်ကို ပြန်တွေးကြည့်လိုက်သည်။ သူမသည် ရုပ်မဆိုးပေ။ အနည်းဆုံးတော့ ဇွန်ဘီများကြားတွင် ကြည့်ကောင်းသည့်အထဲ ပါသည်။ “နင့်အရွယ်လောက်ပဲ ရုပ်မဆိုးဘူး။ သူ့မျက်နှာတစ်ဝက်က အကြေးခွံတွေနဲ့။ လူ့စိတ်ရှိသေးပင်မယ့် စိတ်အခြေအနေက ထူးဆန်းတယ်။ စိတ်အပြောင်းအလဲ မြန်လွန်းတယ်။ မကောင်းတာ မဟုတ်ပင်မယ့် နည်းနည်းတစ်ကိုယ်ကောင်းဆန်ရုံလို့ ငါထင်တာပဲ။ နင်တို့တိုက်ဖြစ်ရင် သူ့ကိုမသတ်နဲ့။ မောင်းထုတ်ပေး”
ထိုအခါ ချူးလီလီသည် အံ့သြစွာဖြင့် မေးသည်။ “အာဟ ဟွေး?” ‘ညီမလေးအရွယ်လား? သူကမကောင်းတာမဟုတ်တာက ဘာသဘောလဲ? သူ့ကိုချရမှာလား မချရဘူးလား?’
လင်းချင်းသည် ပြုံးကာပြောသည်။ “နင်သူ့ကို သင်ခန်းစာပေးစေချင်ရုံတင်ပါ။ ဒါမှမလုပ်သင့်တာတွေကို သူသိမှာ။ ဒါပင်မယ့် ဘာအစွမ်းလဲတော့ ငါလည်းမသိဘူး။ ဒါကြောင့် နင်တို့နှစ်ယောက်မှာ ဘယ်သူကပိုသန်မလဲ မပြောတက်ဘူး”
ချူးလီလီသည် လင်းချင်းကို ကြည့်ရင်း သူမလောက် အင်အားရှိသည့် ဇွန်ဘီမငယ်ကို အရမ်းစိတ်ဝင်စားနေကာ မေးသည်။ “အာ ယာ ယေး?” ‘ညီမလေးလို မှတ်ညဏ်ရှိလား? လူရောသတ်ဖူးလား?’
လင်းချင်းသည် ဇွန်ဘီမငယ်၏ အပြုအမှုများကို ပြန်တွေးကြည့်ကာ “လူသတ်တာ မမြင်ဖူးပင်မယ့် မကောင်းတာလုပ်ရတာ ကြိုက်ပုံပဲ။ ကလေးတွေကို သဘောကျပုံရတယ်။ ထိခိုက်အောင် မလုပ်ပင်မယ့် မိဘတွေဆီကတော့ ကလေးတွေကိုခိုးတယ်”
ချူးလီလီသည် လင်းချင်းကို အံ့သြစွာကြည့်ကာ “အာ ယာ ယား? အာ?” ‘ကလေးခိုးတယ်? လူကုန်ကူးတဲ့သူလား?’
လင်းချင်းသည် သူမကိုပြုံးကြည့်ကာ “ကြည့်ရတာ ကလေးဆန်တဲ့ ရည်ရွယ်ချက်မျိုးပဲ ဖြစ်မှာပါ”
ထိုအချိန်တွင် ကျွင်းကျွင်းသည် ကန်အောက်ခြေတွင် သေမတက်နာကျင်နေသည်။ သူမ၏ကိုယ်မှနှင့် မှတ်ညဏ်များ၏ နာကျင်မှုကြောင့် သူမသည် အော်ချင်လာသည်။ သို့သော်လည်း မျက်နှာနှင့်ပါးစပ်ကို နူးညံ့သည့်အရာများက ကာထားသဖြင့် သူမသည် ပါးစပ်ဖွင့်ရသော်လည်း အော်မရပေ။ စိတ်ထဲတွင်တော့ အော်ဟစ်နေသည်။ ‘အား ဟွမ်ဖေးထန် ခွေးကောင် ငါနင့်ကို ခွင့်မလွှတ်ဘူး တိရစ္ဆာန်ထက်ဆိုးတဲ့ကောင် ရက်စက်တဲ့ကောင်’
သူမတို့သားအမိတို့ စွန့်ပစ်သွားသူအား သူမကို စွန့်ပစ်ခြင်းကို ခွင့်လွှတ်ပေးနိုင်သော်လည်း တုံတုံကိုစွန့်ပစ်ကာ အစာနှင့်ရေများ ယူသွားခြင်းကိုတော့ ဘယ်တော့မှ ခွင့်မလွှတ်နိုင်ပေ။ မှတ်ညဏ်အပိုင်းအစများသည် စိတ်ထဲတွင် ရောထွေးကာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်မိနေသည်။
သူမတို့သည် ဟေးဒီးစခန်းမှနေ ထွက်ပြေးလာကြသည်ကို မှတ်မိသည်။ ဟွမ်ဖေးထန်နှင့် အခြားအဆင့်ငါးစွမ်းအားရှင်ငါးယောက်တို့သည် မိသားစုများကိုခေါ်ကာ ပင်လယ်မြို့တော်အခြေစိုက်စခန်းသို့ ထွက်ပြေးလာကြတာ ဖြစ်သည်။ ထိုငါးယောက်သည် ဟေးဒီးစခန်းမှာ တိုက်ခိုက်ခံရတော့မည်ကို ကြိုသိသဖြင့် ကြိုပြေးလာတာ ဖြစ်သည်။
ထိုအချိန်တုန်းက ကျွင်းကျွင်းသည် ဘာဖြစ်မှန်ကို မသိပေ။ သူမသိသည်က ဟွမ်ဖေးထန်သည် အလျင်စလိုဖြင့်ရောက်လာကာ သူတို့အားပစ္စည်းများသိမ်းခိုင်း၍ သူမ၏သားနှင့်အတူ စခန်းမှ အတူထွက်ပြေးခိုင်းခြင်းပင်။ ဘာမှမပြောသဖြင့် သူမသည်လည်း ဘာဖြစ်မှန်းကို မသိခဲ့ပေ။ အခုတော့ လင်းချင်းပြောပြပုံအရ စခန်းသည် ထိုအချိန်တုန်းက တိုက်ခိုက်ခံရတာ ဖြစ်မည်။
‘လင်းချင်း လင်းချင်း ငရဲမီးခေါင်းဆောင်’
ရုတ်တရက် ကျွင်းကျွင်းသည် တစ်ခုကို တွေးမိသွားသည်။ သို့သော်လည်း သေချာမတွေးနိုင်ခင် ခေါင်းပေါက်မတက် စွမ်းအားများက ဝင်လာကာ မှတ်ညဏ်များက ပြန့်ကျဲကုန်သည်။ ထိုစွမ်းအားများသည် သူမ၏ခေါင်းထဲတွင် ဘောလုံးဝင်နေသလို ကိုက်ခဲစေကာ ခေါင်းပေါက်ထွက်မတက်ပင်။
‘အား’
နာကျင်မှုပြင်းသဖြင့် ကျွင်းကျွင်းသည် စိတ်ထဲတွင် မအော်ဘဲမနေနိုင်ပေ။ စွမ်းအားများသည် ပိုကျယ်ပြန့်လာကာ ကြီးလာပြီး သူမ၏ခေါင်းသည် ဘတ်စကတ်ဘောကွင်းလောက် ကြီးသွားသလို ခံစားရကာ စွမ်းအားများသည် ဦးနှောက်အလယ်တွင်ကျုံ့သွားသည်။
ကျွင်းကျွင်းသည် ကိုယ်ကိုလျှော့လိုက်ကာ လေရှုဖို့လုပ်သော်လည်း သူမ၏ပါးစပ်နှင့်နှာခေါင်းက ပိတ်ခံထားရသည်။ ထိုအချိန်တွင် ဦးနှောက်အလယ်တွင် ကျုံ့သွားသည့် စွမ်းအားများက စုလာကာ လည်ပင်းမှတစ်ဆင့် သူမ၏တစ်ကိုယ်လုံးသို့ စွမ်းအားများက စီးဆင်းသွားသည်။
သိပ်မကြာသည့်အချိန်တွင် ချူးလီလီဖြင့် ဇွန်ဘီမငယ်အကြောင်း ပြောနေသည့် လင်းချင်းသည် တစ်ခုခုကို အာရုံရသည်။ ထို့ကြောင့် သူမ၏နယ်မြေထဲကို မဝင်ခင် “ကျွင်းကျွင်းက ထွက်လာတော့မယ် ထင်တယ်။ ငါသွားကြည့်လိုက်ဦးမယ်”
ရေကန်ဘေးတွင်ရပ်လိုက်သည့်အခါ ကန်ရေသည် တက်လာသည်ကို တွေ့ရသည်။ ‘ရေကဘယ်ကနေလာတာလဲ? နယ်မြေထဲမှာ ရေတွေနဲ့ကန် ဘာဖြစ်လို့ ရှိနေလဲဆိုတာကို ငါတွေးနေတာ။ ရေတွေက ဘယ်ကလာတာလဲ? ရေတွေက် တက်လာပင်မယ့် ရေအရင်းမြစ်က ဘယ်ကလဲဆိုတာကို ငါမသိဘူး’
ရုတ်တရက် လှိုင်းကြီးတစ်ခုက ရေမျက်နှာပြင်ပေါ်သို့ တက်လာကာ ငြိမ်သွားသည်။ ထို့နောက် လင်းချင်းရှိရာ ကန်စပ်သို့ တစ်ယောက်က ကူးလာသည်။