May Honey Logo May Honey
Previous Next

၂၇၁။ စကားပြောရအောင်

လင်းချင်းသည် ချူးလီလီအား သူမ၏အနောက်က အဆင့်ငါးဇွန်ဘီများကို ညွှန်ပြရင်း   “ငါနင့်ကို ဇွန်ဘီအမြူတေ တစ်ချို့ပဲ ယူလာခိုင်းတာပါ။ ဒါပင်မယ့် ဘာဖြစ်လို့ ဇွန်ဘီအရှင်အုပ်စုကြီးကို ခေါ်လာတာလဲ?”

ထို့နောက် ချူးလီလီအား နှာခေါင်းတစ်ရှုံ့ရှုံ့လုပ်ရင်း   “ဟမ်? နင့်ဆီက စွမ်းအားမျိုးစုံကို အာရုံခံမိနေတယ်။ ဘာတွေလဲ?”

ချူးလီလီသည် သူမသယ်လာသည့် အိတ်လေးကို ဖွင့်လိုက်ကာ လက်ထည့်လိုက်ပြီးနောက် ထူးဆန်းသည့် ကျောက်မျိုးစုံကို ထုတ်လာကာ လင်းချင်းကိုပြသည်။   “အား အာ ယာ ယာ ယာ”   ‘သူတို့ကို သတ်ချင်ပါတယ်။ ဒါပင်မယ့် သူတို့က ကြောက်နေကြတော့ သူတို့အသက်ကို ဒါတွေနဲ့ လဲပေးထားတာ’

လင်းချင်းသည် ကျောက်အပိုင်းအစတစ်ခုကို ယူကြည့်ကာ မေးသည်။   “ဒါက တိရိစ္ဆာန် မဟုတ်ရင် အပင်က အမြူတေလား?”

သူမသည် ကျောက်အပိုင်းအစတစ်ခုဆီမှ စွမ်းအားများကို ယူကြည့်၍ အာရုံခံကြည့်သည်။ ထိုအထဲမှ ကျောက်အပိုင်းအစနှစ်ခုသည် နွယ်ပင်တစ်ခုမှ သူမရဖူးသည့် စွမ်းအားနှင့်တူသည်။ ကျန်သည့်အရာများကတော့ သူမအာရုံခံကြည့်လေရာ အနည်းငယ်ထူးဆန်းသည်။ နောက်နှစ်ခုသည် ဇွန်ဘီအမြူတေ ဖြစ်နိုင်သော်လည်း ဘယ်အဆင့်မှန်းတော့ သူမလည်း မပြောတက်ပေ။ 

ချူးလီလီသည် သူမသည် လက်ချောင်းသွယ်သွယ်လေးများဖြင့် ထိုအမြူတေကို ထိုးပြကာ ရှင်းပြသည်။
“အား ယာဟာဟာ ယေး”
‘ဒီနှစ်ခုက အပင်က၊ ဒီနှစ်ခုက ဇွန်ဘီဖြစ်နေတဲ့သတ္တဝါဆီက၊ ဒါကတော့ အဆင့်ငါးဇွန်ဘီဆီက’

လင်းချင်းသည် အဆင့်ငါးဇွန်ဘီအမြူတေငါးခုကို တစ်ချက်ကြည့်ကာ ဘေးသို့ဖယ်ထားလိုက်သည်။ ထို့နောက် အမိုးပေါ်တွင် ထိုင်နေသည့် ဇွန်ဘီမငယ်ကိုကြည့်ကာ နားမလည်စွာဖြင့်   “သူတို့ကို ပြန်ပို့မှာလား? ဒါမှမဟုတ် သူတို့က ဒီအထိ နင့်နောက်ကို လိုက်လာတာလား?”

“အား ယာ ဟ ဟ”   ‘သူတို့ကို ခေါ်လာတာ။ မကြီးပဲ ဇွန်ဘီအဖွဲ့ထောင်မယ်ဆို? အဲ့ဒါကြောင့် သူတို့ကို ခေါ်လာတာ။ ဟိုတစ်ယောက်ကတော့ မပါဘူး။ သူက သူ့ဟာသူ လိုက်လာတာရယ်’

ဒီလိုပြောရင်း ဇွန်ဘီမငယ်ကို ချူးလီလီက လက်ညိုးထိုးပြသည်။

“ဂါး!”   ချူးလီလီက သူမကို ပြောနေသည်ကို ကြားသည့်အခါ ဇွန်ဘီမငယ်သည် လင်းချင်းအား မကျေမနပ်ဖြင့် လှမ်းတစ်ချက်အော်ပြန်သည်။

လင်းချင်းသည် တကယ့်ကို ဘာပြောရမှန်းကို မသိတော့ပေ။   ‘ဒီတစ်ယောက်က နည်းနည်းအန္တရာယ်များပုံရတယ်ဟ’

“နင်သူ့ကိုထိန်းချုပ်နိုင်လား?”   လင်းချင်းက ချူးလီလီကို မေးသည်။

ချူးလီလီသည် ခေါင်းလေးစောင်းကာ တွေးရင်းဖြင့်   “အာ ယာ ယာ ယာ ယာ”   ‘သူက မဆိုးဘူးလို့ မကြီးပြောတာမလား? အဲ့ဒါကြောင့် သူ့ကိုမောင်းမထုတ်ထားတာလေ’

လင်းချင်းသည် တကယ့်ကို ဘာပြောရမှန်းမသိ ထပ်ဖြစ်ရပြန်သည်။ သူမပြောခဲ့သည်က မှန်သော်လည်း ဒီဇွန်ဘီမငယ်က လူများကို တိုက်မတိုက်ဆိုသည်ကိုတော့ မသိပေ။ ပြီးတော့လည်း ဒီဇွန်ဘီမငယ်သည် အချိန်မရွေးပေါက်နိုင်သည့် ဗုံးတစ်လုံးလိုမျိုး စိတ်အတက်အကျက အရမ်းကို မြန်ဆန်လွန်းသည်။   ‘စိတ်ကောက်သွားလို့ လူတွေကို ထတိုက်နေရင် ဘယ်လိုလုပ်ကြမှာလဲ?’

လင်းချင်းသည် ဇွန်ဘီမငယ်၏ အကြေးခွံတစ်ဝက်ဖုံးနေသည့် မျက်နှာကိုကြည့်ကာ မေးသည်။   “ဘာဖြစ်လို့ သူ့နောက်ကို လိုက်လာတာလဲ? ဒီနားက လူတွေကို နင့်မှာတိုက်ခွင့်မရှိဘူးလို့ ငါပြောထားမယ်။ ငါနင့်ကို သတ်လို့မရပင်မယ့် ငါ့စကားကို နင်နားမထောင်ရင် နင့်ကိုအပြစ်ပေးဖို့ ချူးလီလီကို ခိုင်းလိုက်မှာ”   ဒီလိုပြောရင်းဖြင့် လင်းချင်းသည် သူမ၏အရှေ့က ချူးလီလီကို လက်ညိုးထိုးပြသည်။

သို့သော်လည်း လင်းချင်းပြောသည့် လူသားများကို မတိုက်ခိုက်ရဆိုသည်ကို သူမသည် အာရုံမရှိဘဲ မကြိုက်တစ်ခုကို ကြားလိုက်ရသည့်အလား ချူးလီလီကို စိတ်လှုပ်ရှားစွာ အော်သည်။   “ဂါး!”   ‘နင့်နာမည်က လီလီ!”

“ဂါး ဂါး? ဂါး?”   ‘ဒါဆိုရင် ငါ့နာမည်ကရော?’

သူမသည် သူ့ဟာသူရေရွတ်ရင်း တစ်ခုခုကို ဆုံးဖြတ်နေရသလိုမျိုး မကျေနပ်ဖြစ်နေသည်။ ထို့နောက် အကျပ်ရိုက်နေပုံရသည်။ သူမက ဘာကိုတွေးနေမှန်းတော့ ဘယ်သူကမှ မသိကြပေ။ လင်းချင်းနှင့် ချူးလီလီတို့ နှစ်ယောက်လုံးမှာတော့ အံ့သြနေရသည်။   ‘ချူးလီလီရဲ့နာမည်ကို သိတာနဲ့ ဘာဖြစ်လို့ ဒီလိုဖြစ်နေရတာလဲ? ဘာတွေဖြစ်ပြန်ပြီလဲ?’

လင်းချင်သည် ချူးလီလီကို ကြည့်ကာ မေးသည်။   “နင်တို့ကြားက တိုက်တာက ဘယ်လိုလဲ? နင့်ကိုကြောက်ပုံရလား? ဒါပင်မယ့် သူ့ကြည့်ရတာ နင့်ကိုမခွဲနိုင်သလိုပဲ။ နှစ်ယောက်သား ဘာတွေဖြစ်လာကြတာလဲ?”

ချူးလီလီသည် ထူးဆန်းသည့်ရုပ်လေးဖြင့် ဖြေသည်။   “အာ ယာ ယာ ယာ။ အာ ဟ ဟ ဟာ။ အာ ယာ ယာ”   ‘ညီမလေးကို သူမနိုင်အောင် မတိုက်နိုင်ပါဘူး။ ညီမလေးက သူ့ကိုမတိုက်ချင်ပင်မယ့် မောင်းထုတ်လို့လည်း မရပြန်ဘူး’

“သူ့ကိုနင်သေချာ စောင့်ကြည့်ထားမှ ဖြစ်မယ်။ ဒီမှာထပြီးတော့ သူဒေါသထွက်လို့ကတော့ ငါတို့တွေ ပြဿနာအကြီးကြီးတက်ပြီပဲ”

လင်းချင်းက စကားပြောနေစဉ်တွင် ဇွန်ဘီမငယ်သည် သူမတို့အား ခေါင်းမော့ကာ အော်ပြောသည်။
“ဂါး ဝါး ဝိုး ဝါဝူး”
‘ငါ့နာမည်က ဘာဖြစ်သင့်လဲဆိုတာ သိပြီ! မုံမုံပဲ! မုံမုံ! ငါ့ကို မုံမုံလို့ နာမည်တပ်ခေါ်!’

“ဘာဖြစ်လို့ နင့်ကိုနင့် မုံမုံလို့ နာမည်ပေးနေတာလဲ?”   လင်းချင်းသည် သူမကို နားမလည်စွာ ကြည့်မေးသည်။

ချူးလီလီသည် ဇွန်ဘီမငယ်အား မျက်နှာလွှဲသွားကာ ပြောသည်။   “အာ ယေး!”   ‘ဟင့်အင်း။ အဲ့ဒီနာမည်ကြီး နင့်ကိုမခေါ်ပါဘူး!’

ချူးလီလီသည် သူမ၏နာမည်ကို မခေါ်သည့်အခါ မုံမုံသည် စိတ်ပျက်သွားကာ သူမကို အော်သည်။   “ဂါး? ဂါး?”   ‘ဘာဖြစ်လို့လဲ? ငါ့နာမည်ခေါ်ရင် နင်သေမှာမလို့လား?’

လင်းချင်းသည် ချူးလီလီနှင့် မုံမုံကို တစ်လှည့်စီ ကြည့်နေမိသည်။ ထို့နောက် မုံမုံအား လက်ပြခေါ်ကာ   “လာ ဆင်းခဲ့ဦး။ စကားပြောရအောင်”

မုံမုံသည် လင်းချင်းစကားကို ကြားသော်လည်း ဆင်းမလာဘဲ ချူးလီလီဆီမှ တစ်ခုခုကို စောင့်နေသလိုမျိုး ပေကပ်၍ ဆက်ထိုင်နေသည်။

လင်းချင်းသည် သူမကိုကြည့်ကာ ရယ်ချင်နေသည်။   ‘မုံမုံက တကယ်ကလေးဆန်တာပဲ!’

ထို့နောက် လင်းချင်းသည် ချူးလီလီအား   “နင်ပဲပြောလိုက်”

ချူးလီလီသည်  လင်းချင်းကို တစ်ချက်ကြည့်ကာ ခေါင်းငြိမ့်ပြပြီး မုံမုံအား လှည့်အော်သည်။   “အာ ယာ ယေး။ အာ ယာ ယာ”   ‘ဆင်းလာခဲ့!”

မုံမုံသည် ချူးလီလီကိုကြည့်ပြီး လင်းချင်းကိုကြည့်သည်။ ထို့နောက် လင်းချင်းဘေးသို့ ခုန်လာသည်။ လင်းချင်းသည် သူမအား   “လီလီအနားမှာ နေချင်သလောက်နေရတယ်။ ဒါပင်မယ့် သူများတွေကို မတိုက်ခိုက်ရဘူး။ ဒါကိုနားလည်လား?”

“ဂါး? ဂါး?”   မုံမုံသည် နားမလည်ပေ။   ‘သူများကို တိုက်တယ်ဆိုတာက ဘာကြီးလဲ?’

လင်းချင်းသည် သူမကိုကြည့်ကာ ရှင်းပြရသည်။   “ဒီအဆောက်အဦးထဲမှာ နေတဲ့ တခြားသူတွေရှိတာ မြင်တယ်မလား။ သူတို့ကို ထိခိုက်အောင် မလုပ်ရဘူး။ မကိုက်ရဘူး။ ဒီလိုလုပ်ပေးမယ်ဆိုင် ဒါကိုသောက်ခွင့်ပေးမယ်”   ဒီလိုပြောရင်းဖြင့် လင်းချင်းသည် ရေတစ်ခွက် ထုတ်ပြလိုက်သည်။

အစတော့ မုံမုံသည် နားရှုပ်နေပုံရသော်လည်း လင်းချင်း၏လက်ထဲက ရေခွက်ကိုမြင်သည့်အခါ နှာခေါင်းက တရှုံ့ရှုံ့ဖြစ်လာသည်။ သူမသည် ခွက်ကိုစပ်စုစွာကြည့်ရင်း လက်ကို မလှမ်းဘဲ မနေနိုင်ပေ။   ‘ဒါကဘာလဲ? အရမ်းမွှေးတာပဲ’  
  
လင်းချင်းသည် နောက်သို့တစ်လှမ်းဆုတ်ကာ ခွက်ကိုဖယ်လိုက်ရင်း   “ဒါကိုမပေးခင် ငါ့ကိုအရင်ကတိပေးရမယ်”

“ဂါး?”   ‘ဘာကိုကတိပေးရမှာလဲ?’   မုံမုံသည် လင်းချင်းကို နားမလည်စွာကြည့်ပြီးနောက် ချူးလီလီကို တစ်ချက်ကြည့်သည်။ ချူးလီလီသည် သူမကို လျစ်လျူရှုနေသဖြင့် လင်းချင်းကိုသာ ပြန်ကြည့်ရတော့သည်။

“ဒီကလူပဲဖြစ်ဖြစ် တခြားနေရာကလူပဲဖြစ်ဖြစ်ကို အကြောင်းပြချက်ကောင်းမရှိဘဲ လူတွေကို ထိခိုက်အောင် လုပ်လို့မရဘူး။ နားလည်လား? ဒီကလူတွေကိုတော့ နင်ကာကွယ်ပေးရမယ်။ ဒီလိုလုပ်နိုင်မလား?”   လင်းချင်းက မေးသည်။

မုံမုံသည် ခနတွေး၍ နားမလည်သည့်ပုံဖြင့် ခေါင်းငြိမ့်ပြသည်။ ထို့နောက် စိတ်မရှည်စွာဖြင့် ခွက်ကို စိုက်ကြည့်နေလေသည်။ 

“နင့်ငါ့ကို ကတိပေးထားတာကို မှတ်ထားနော်။ နောက်ဆုတ်လို့ မရတော့ဘူး”   လင်းချင်းသည် မုံမုံကို ရေခွက်ပေးကာ ထပ်ပြောသည်။

ချူးလီလီသည် လင်းချင်းကို မသေချာစွာကြည့်ကာ   “အာ ယာ ယာ ယာ?”   ‘ဘာဖြစ်လို့ မကြီးစကားကို သူနားမလည်ဘူးလို့ ညီမလေး ထင်နေရတာလဲ?’
Previous Chapter 271 of 410 Next