May Honey Logo May Honey
Previous Next

၃၉၅။ ပင်လယ်မြို့တော်စခန်းက လင်းချင်းထွက်ပြီ

    	လင်းချင်းသည် ဆက်ကြည့်မနေနိုင်တော့သဖြင့် ထိုမိန်းမအား မေ့လဲကျသွားအောင် သူမကဝင်၍ ရိုက်ပေးလိုက်သည်။  
   
    	ထို့နောက် သူမ၏ရုပ်ကို ထုတ်ပြလိုက်ကာ ရှဲ့တုန်းအား   “နင့်ပစ္စည်းတွေ သွားသိမ်း။ ခေါင်းမာပြီး ဒီမှာဆက်နေစရာ ဘာအကြောင်းမှ မရှိတော့ဘူး။ စခန်းအသစ်ကိုသွားပြီး အသစ်ပြန်စတော့”  
   
    	ရှဲ့တုန်းသည် သူမကိုကြည့်ကာ အိပ်ခန်းထဲသို့ လှည့်ထွက်သွားသည်။  

လင်းချင်းသည် သူမ၏ဘေးသို့သွားကာ နယ်မြေထဲသို့ ပြန်ဝင်သွား၍ ဟွမ်ထန်ဖေးဆိုသည့်သူကို ထုတ်လာသည်။ သူမသည် မေ့လဲနေသည့် လူနှစ်ယောက်ကို မေးပွတ်၍ ထိုင်ကြည့်နေလိုက်သည်။

သူမသည် ဘေးကိုခေါင်းမော့ကြည့်လိုက်သည့်အခါ ခန်းစီးအဟောင်းကို မျက်စိကျသွားသည်။ ထို့နောက် ပြတင်းပေါက်နားသို့သွားကာ ခန်းစီးကို ဆွဲချလိုက်သည်။ ခန်းစီးအား အပိုင်းပိုင်းဖြတ်လိုက်ကာ ဒီနှစ်ယောက်ကို ချည်လိုက်သည်။ ထို့နောက် သူတို့အား တံခါးဝသို့ ဆွဲသွားကာ အပြင်သို့ လွှတ်ပစ်လိုက်သည်။

ထို့နောက် သူမသည် ပြန်လှည့်ဝင်တော့မလို လုပ်နေရာကနေ ခနရပ်သွားကာ သူတို့နှစ်ယောက်အား ပြန်လှည့်ကြည့်လာသည်။ ရုတ်တရပ် သူမ၏ နှုတ်ခမ်းတို့က ကွေးတက်သွားသည်။ လက်ကိုဖြန့်လိုက်ကာ သူတို့နှစ်ယောက်အား လက်ဖြင့်ဝေ့ယမ်းလိုက်သည်။

ထိုအခါ အဝတ်တို့က ပြဲသွားကာ သူတို့နှစ်ယောက်လုံးသည် ကြမ်းပြင်ပေါ်တွင် လဲကျန်ခဲ့တော့သည်။ သူတို့သည် မနိုးသေးလေရာ အဝတ်ပြဲများက ကိုယ်တွင်ကပ်နေဆဲ ဖြစ်သည်။ သူတို့နိုးလာ၍ လှုပ်ဖို့လုပ်လိုက်သည်နှင့် ကိုယ်တီးလုံးဖြစ်တော့မှာပင်။

ဒီလိုလုပ်ပြီးသည့်အခါ လင်းချင်းသည် အိမ်ခန်းထဲသို့ ပြန်ဝင်လာသည်။ ဒီအဆောက်အဦးတွင် လူနေတာများသည်ကို သိသဖြင့် သူတို့နှစ်ယောက်အား မြင်ကုန်ကြလိမ့်မည်။

ထိုအချိန်တွင် ရှဲ့တုန်းသည် အိတ်တစ်လုံးဖြင့် ထွက်လာသည်။ လင်းချင်းဘေးတွင် ရပ်လိုက်ကာ သူမက ဘာလုပ်ထားသည်ကို သတိမပြုမိပေ။ သူထွက်လာသည်နှင့် လင်းချင်းက တံခါးကို ပိတ်လိုက်သည်။

“နင်သိမ်းပြီးပြီလား? ပြီးရင် ငါတို့ထွက်ကြမယ်”
လင်းချင်းက ပြောသည်။

    	ရှဲ့တုန်းက သူမအား ခေါင်းငြိမ့်ပြသည်။  

လင်းချင်းသည် သူ့အားနယ်မြေထဲသို့ ထည့်လိုက်ကာ ကိုယ်ဖျောက်လိုက်၍ လျှောက်ထွက်လာသည်။ သူမသည် စခန်းနံရံနားသို့ သွားလိုက်သည်။ ဘေးကိုခနကြည့်ပြီးသည့်အခါ သူမသည် လှေကားတစ်ခုကို တွေ့သည်။ ထိုလှေကားသည် နံရံပေါ်သို့ တက်သည့်လှေကားဖြစ်ကာ အပေါ်တွင် ကင်းစောင့်တဲများ ရှိသည်။ လင်းချင်းသည် ထိုလှေကားကိုမသုံးဘဲ ၈မီတာ အမြင့်ရှိသည့် နံရံပေါ်သို့ တိုက်ရိုက်ခုန်တက်လိုက်သည်။

နံရံ၏ အထဲဘက်က မီတာ၂ရာနှင့် အပြင်ဘက်က မီတာ၅ရာကြားသည် ရှင်းလင်းနေကာ ဘာအဆောက်အဦးနှင့် သစ်ပင်တို့မှ မရှိပေ။ အစောင့်များအတွက် ပိုကျယ်ကာ ရှင်းလင်းသည့် မြင်ကွင်းရရန် ဒီနေရာအား တမင်လုပ်ထားခြင်း ဖြစ်သည်။ ဒီရည်ရွယ်ချက်ကြောင့် နံရံနားက အဆောက်အဦးတိုင်းသည် စခန်းစတည်ထဲက ဖြိုချထားတာ ဖြစ်သည်။

ထို့ကြောင့် လင်းချင်းသည် ခြေကျင်လျှောက်လိုက်ရသေးသည်။ နံရံပေါ်ကနေ တိုက်ရိုက်ခုန်ချလိုက်သည့်အခါ သူမ၏ ဗိုက်ထဲတွင် ကလေးရှိနေကြောင်းကို မေ့လို့နေခဲ့သည်။ ထို့ကြောင့် မြေပြင်ပေါ်သို့ ရောက်သည့်အခါမှ ခနရပ်တန့်သွားလေသ်။

‘ဟမ်? ငါအခုပြေးလွှားနေတာ။ နွယ်လေး အဆင်ပြေပါ့မလား?’
သူမက အဆင်မပြေတာမျိုး မဖြစ်မှ လင်းချင်းသည် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

    	ထိုအခါ သူမ၏အတွေးများကို ကြားပုံရသည့် နွယ်လေးသည် စိတ်ထဲကနေ လှမ်းပြောသည်။   ‘မေမေ မေမေ နွယ်လေး အဆင်ပြေတယ်. . .ဒါပင်မယ့် မေမေ တခြားသူတွေနဲ့ ကျေးဇူးပြုပြီး မတိုက်ပါနဲ့နော်။ တိုက်မှဖြစ်မယ်ဆိုရင်လည်း အရမ်းပြင်းပြင်းထန်ထန် မတိုက်ပါနဲ့. . .’  
   
    	‘ငါအခု တခြားသူတွေနဲ့ အနီးကပ် တိုက်မရဘူးလို့ ပြောချင်တာလား?’   လင်းချင်းက မေးသည်။  
   
    	‘မရဘူး။ တိုက်လို့မဖြစ်ဘူး’   နွယ်လေးက ပြောသည်။  
   
    	‘ဟုတ်ပြီ။ ငါသိပြီ။ ငါ့အစွမ်းတွေနဲ့ပဲ တိုက်မယ် ဟုတ်ပြီလား?’   လင်းချင်းက ပြောသည်။  
   
    	‘မေမေ အစွမ်းကတော့ ကြိုက်သလောက်သာသုံး။ အကုန်လုံးမသုံးလိုက်ရင်ကို ရပြီ’   နွယ်လေးက ပြောသည်။  
   
    	ထိုအခါ လင်းချင်းသည် သက်ပြင်းချကာ ဆက်လျှောက်သွားလိုက်သည်။  

. . .

    	နယ်မြေထဲတွင် ရှဲ့တုန်းသည် အနည်းငယ် စိတ်ရှုပ်စွာဖြင့် မှိုင်းထိုင်းစွာ ဆိုဖာပေါ် ထိုင်နေသည်။ ရှန်ယုကျန်းသည် နယ်မြေလေးထဲက ထွက်လာသည်။ ရှဲ့တုန်းက သူမလို ဇွန်ဘီဖြစ်သလို သူမထက် အဆင့်မမြင့်တာကို အာရုံခံမိသည်။  
   
    	သူမသည် ဆိုဖာတစ်ဖက်တွင် လာထိုင်ကာ ရှဲ့တုန်း၏ မျက်နှာအား စပ်စုစွာဖြင့် ကြည့်လိုက်သည်။ သူမမျက်နှာလိုမျိုး သူ့တွင်လည်း ဇွန်ဘီပုံ မဖြစ်တာကို တွေ့လိုက်ရသည်။ ဇွန်ဘီအနံ့ကိုသာမရလျှင် သူ့အားဇွန်ဘီလို့ သူမက သိနိုင်မှာ မဟုတ်ပေ။  
   
    	သူ့ဘေးတွင် လာထိုင်မှ ရှဲ့တုန်းသည် အသိပြန်ကပ်လာကာ ရှန်ယုကျန်းကို ခေါင်းထောင်ကြည့်သည်။   ‘ဟမ်?’  
   
    	သူတို့နှစ်ယောက်သည် တူညီသည့် မျက်နှာပေးများဖြင့် ဖြစ်သည်။ သို့သော်လည်း လင်းချင်း၏အနားတွင် ထူးဆန်းသည့် ဇွန်ဘီများစွာကို သူမြင်နေကြ ဖြစ်သောကြောင့် မအံ့သြပေ။ သူကိုယ်တိုင်သည်လည်း ထိုအထဲမှ တစ်ယောက် ဖြစ်သည်။  

. . .

    	အပြင်ဘက်သို့ရောက်၍ ဘယ်သူမှ မရှိသည့်နေရာသို့ရောက်မှ လင်းချင်းသည် နယ်မြေထဲက ကားတစ်စီးထုတ်လိုက်သည်။ ထို့နောက် ဒါရိုက်ဘာခုံတွင်ထိုင်လိုက်ကာ  ကားကိုမောင်း၍ ဟန်ကျိုးသို့ သွားလေသည်။  
   
    	၂နာရီကြာပြီးနောက် သူမသည် မြို့ပေါ်ခရိုင်သို့ ရောက်လာသည်။ အဝေးကနေ ဇွန်ဘီအုပ်ကြီးက မြို့ထဲကလမ်းများတွင် သွားလာနေသည်ကို မြင်ရသည်။ လင်းချင်း၏ ကားရောက်လာသည်နှင့် ဒီဇွန်ဘီများသည် ရပ်သွားကာ သူမအား အကုန်လုံးက လှည့်ကြည့်ကြသည်။  
   
    	လင်းချင်းသည် သူတို့နှင့် သုံးမီတာအကွာတွင် ကားကိုထိုးရပ်လိုက်သည်။ ထို့နောက် ခေါင်းကိုထုတ်ကာ ဘေးကိုကြည့်လိုက်သည်။  
   
    	ဘုန်း!   သူမ၏ကားခေါင်မိုးပေါ်သို့ လေးသည့်အရာက ပြုတ်ကျလာသည်။  
   
    	လင်းချင်းက ကားအမိုးပေါ်ကို မော့ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။   “နောက်ကျရင် ငါ့အမိုးပေါ်ကို ခုန်မချပါနဲ့လား။ ကြည့် ငါ့ကားကို ချိုင့်အောင် လုပ်ပစ်လိုက်ပြီ။ ပြန်လျော်ပေးမှာလား?”  
   
    	ဒီလိုပြောကာ ခေါင်းပြန်လျိုဝင်၍ ကားမောင်းလိုက်သည်။ ထိုအချိန်တွင် သူမ၏အရှေ့က ဇွန်ဘီအုပ်သည် တစ်ခုခုကြောင့် လှုပ်ရှားသွားကာ ဘေးသို့ လမ်းဖယ်ပေးလိုက်ကြသည်။  
   
    	ကားအမိုးပေါ်သို့ ခုန်ချလာသည်မှာ ပါးစပ်ပြဲနေသည့် ဇွန်ဘီကောင်လေး ဖြစ်သည်။ ဇွန်ဘီနံပတ်၄သည် မေးကိုပတ်တီးများဖြင့် စီးထားရသည့် မကျန်းမာသည့် ကလေးလိုပင်။ သူသည် လင်းချင်း၏ ကားပြတင်းပေါက်ကနေတစ်ဆင့် လင်းချင်းကို အကဲခတ်ကြည့်နေသည်။  
   
    	လင်းချင်းသည် သူ့မျက်နှာထက်က နားမလည်ခြင်းကို တွေ့သည်။ ဘာဖြစ်လို့ သူမ၏ အရှိန်အဝါက ပြောင်းလဲသွားသလဲကို သူကနားမလည်ပုံရသည်။ သူမ၏ ဇွန်ဘီအရှိန်အဝါသည် ဆက်ရှိနေဆဲ ဖြစ်သော်လည်း သူမက အပြည့်အဝထုတ်မထားရုံတင်သာ။ ထို့ကြောင့် ဇွန်ဘီနံပတ်၄သည် ဘာဖြစ်လို့ သူမ၏ အရှိန်အဝါက ပြောင်းသွားသလဲနှင့် ဘယ်နေရာက ပြောင်းနေမှန်းကို မသိဖြစ်နေတာ ဖြစ်သည်။  
   
    	လင်းချင်းသည် ခနတွေးကာ သူ့အားပြောသည်။   “ငါ့ကိုနင့်ခွက်ပေး”  
   
    	ခွက်ကိုပြောသည့်အခါ ဇွန်ဘီကောင်လေးသည် တခြားကိစ္စတို့ကို ချက်ချင်းမေ့သွားတော့သည်။ သူ့ကျောပိုးအိတ်ကို ရင်ဘတ်ရှေ့သို့ အမြန်ချွတ်ထားလိုက်ကာ အထဲကခွက်ကို လင်းချင်းအား ပေးသည်။  
   
    	လင်းချင်းသည် သူတို့အား တစ်နေ့လျှင် ရေတစ်ခွက်တိုက်မည်ဟု ကတိပေးထားသည်။ သို့သော်လည်း ဒီကိုရောက်တည်းက လင်းချင်းက ဘာရေမှကို မတိုက်ဖြစ်ပေ။ ထို့ကြောင့် သူတို့အကုန်လုံးသည် အနည်းငယ် စိတ်တိုနေကြသည်။  
   
    	ရက်အချို့ကြာအောင် ရေသောက်ပြီးသည့်အခါ သူတို့သည် လူသားစားချင်စိတ်တို့က ဖြည်းဖြည်းချင်း လျော့သွားကြသည်။  

လက်ကိုလှုပ်လိုက်သည့်အခါ သူမ၏လက်ထဲတွင် ဘူးတစ်ခုက ပေါ်လာသည်။ လင်းချင်းသည် ကန်ရေထည့်ထားသည့် ထိုဘူးထဲမှရေကို ဇွန်ဘီကောင်လေး၏ခွက်ထဲသို့ ဖြည့်ပေးလိုက်သည်။

ခွက်ပြည့်သည်နှင့် ဇွန်ဘီကောင်လေးသည် သူ့ပါးစပ်က ပတ်တီးများအား စိတ်မရှည်စွာဖြင့် ဆွဲခွာပစ်ကာ သူ့၏ကြောက်ဖို့ကောင်းသည့် ပါးစပ်ကြီးကိုဟ၍ ရေများကို လောင်းချကာ သောက်နေသည်။

‘ဒီကလေးက ဘာဖြစ်လို့ အသက်ကယ်ဆေးကို သောက်နေသလိုမျိုး ငါခံစားလိုက်ရတာလဲ?’
လင်းချင်းက တွေးမိသည်။

Previous Chapter 395 of 410 Next