May Honey Logo May Honey
Previous Next

၃၂၉။ အဖေအရင်းမဟုတ်

ကိုယ်တီးလုံးဖြစ်နေသည့် ရှန်ယုကျန်းကိုထိန်းကာ လင်းချင်းသည် သူမ၏ခြေထောက်ကို လာဖက်ထားသည့် ကလေးမလေးကို ထူးဆန်းစွာ ကြည့်လိုက်သည်။ ထို့နောက် ကလေးမလေးကို ပြုံးပြရင်းက   “အဖေက စိတ်မကောင်းဖြစ်လိမ့်မယ်. . .”

လင်းချင်းသည် မိန်းမတစ်ယောက်နှင့် ကလေးတစ်ယောက်နှင့်အတူ ပေါ်လာသည့်အခါ လျူကျွင်း၊ ချူးလီလီနှင့် တခြားသူများသည် သူမတို့ကို သိချင်စွာဖြင့် ကြည့်ကြသည်။ 

ထို့နောက် သူတို့သည် လင်းချင်း၏ခြေထောက်ကို ဖက်ထားသည့် ကလေးမလေးကို မြင်သွားကြသည့်အခါ ဇွန်ဘီများအနက် မုံမုံသည် အရမ်းကို စိတ်လှုပ်ရှားပျော်နေကြသည်။
“ဂါး!”
‘အသေးလေး!’
သူမသည် တောအုပ်နားကနေ လင်းချင်းထံသို့ ချက်ချင်းပြေးလာသည်။

ကလေးမလေးသည် ချက်ချင်းကို လင်းချင်း၏ ခြေထောက်နောက်သို့ ဝင်ပုန်းကာ သူ့နောက်ကနေ ခေါင်းတစ်ဝက်ပြူထွက်လာ၍ မုံမုံကို မျက်လုံးတောက်တောက်လေးများဖြင့် ကြည့်သည်။

“သူ့ကိုမခြောက်နဲ့!”   လင်းချင်းက မုံမုံကိုပြောသည်။

“ဂါး!”   ‘ငါမလုပ်ဘူး!’   ဝူယွဲ့လျန်သည် သူမကိုပုန်းနေသော်လည်း မုံမုံက စိတ်မဆိုးဘဲ လင်းချင်းပြောသည်ကိုသာ သဘောမတူတာ ဖြစ်သည်။

ရုတ်တရပ် ကန်ရေပြင်သည် လှုပ်ခတ်လာကာ ကျောက်စိမ်းဖြူရောင် နွယ်အချို့က ကန်ထဲကနေ လင်းချင်းထံသို့ ထွက်လာသည်။ နွယ်လေးသည် နိုးလာပြီဖြစ်သည်။ 

နွယ်လေးပေါ်လာသည်နှင့် လင်းချင်းထံသို့ ပြေးလာသည့် မုံမုံသည် ဝူယွဲ့လျန်ကို မေ့သွားတော့သည်။ သူမသည် ကန်ထဲက နွယ်လေးကို တစ်ချက်ကြည့်ကာ သစ်တောနားသို့ ပြန်ပြေးတော့သည်။

“နွယ်လေးနိုးလာပြီလား?”
လင်းချင်းက နွယ်လေးကိုကြည့်ကာ လက်တစ်ဖက်ဆန့်လိုက်၍ နွယ်ကိုလှမ်းဖမ်းလိုက်သည်။

နွယ်လေးက ပျှော်ရွှင်စွာဖြင့်   “မေမေ မေမေ နွယ်လေး ဗိုက်ဆာတယ်. . .ဟင်? ဒီမိန်းမက နွယ်လေးရဲ့အစာလား?’   ဒီလိုပြောကာ နွယ်လေးသည် ရှန်ယုကျန်းအား သူ့နွယ်တစ်ခုဖြင့် ထိုးပြကာ ပြောသည်။

လင်းချင်းက ခေါင်းခါကာ ပြောသည်။   “စိတ်ရှည်ရှည်ထား! သူကသေတော့မလို ဖြစ်နေပြီးတော့ သူ့ကိုယ်ထဲမှာ ပိုးတွေနဲ့။ စားလို့မရဘူး။ ခနစောင့်! နင့်အတွက် ငါဇွန်ဘီအမြူတေတွေ ယူလာခဲ့ပေးမယ်”

‘ဒါဆိုရင် သူ့ကိုပြန်ရှင်အောင် လုပ်ပေးလို့ရတယ်!’   နွယ်လေးက ပြောသည်။   ‘မေမေ နွယ်လေးကို အမြူတေတွေပေးရင် ဒီလူသားကို နွယ်လေးရဲ့အစွမ်းတွေကို စစ်လိုက်ဖို့အတွက် သုံးလို့ရတယ်’

လင်းချင်းသည် ခေါင်းငြိမ့်ကာ   “အရင်အောက်ကိုခေါ်သွား။ အမြူတေသွားယူလာပေးမယ်”   ဒီလိုပြောကာ ရှန်ယုကျန်းအား နွယ်လေးကို ပေးလိုက်သည်။

နွယ်လေးက ယူသွားသည့်အခါ လင်းချင်းသည် ဝူယွဲ့လျန်ကို ကောက်ချီ၍ ဒုတိယနယ်မြေလေးထဲသို့ လျှောက်လာသည်။ ကတုံးဓားပြကောင်၏ နယ်မြေထဲတွင် ဇွန်ဘီအမြူတေ အများကြီးရှိကြောင်းကို သူမမှတ်မိသည်။ 

လင်းချင်းသည် ကလေးကိုချီ၍ ရောက်လာသည့်အခါ ဒုတိယနယ်မြေလေးထဲက ဇွန်ဘီတိုင်းသည် ကလေးမလေးအား သွားရည်ကျစွာဖြင့် ကြည့်ကြသည်။ သို့သော်လည်း လင်းချင်း၏ ခွင့်ပြုချက်မရှိဘဲ ဘာမှတော့ မလုပ်ရဲကြပေ။

လင်းချင်းသည် ဝင်လာသည်နှင့် အပေါက်ဝသို့ရောက်သည်နှင့် ဇွန်ဘီအဖွဲ့အား   “ဇွန်ဘီနံပတ်လေး ငါ့ကိုအထဲက ဇွန်ဘီအမြူတေ ယူလာပေး။ နင်တို့စားထားတာတော့ မဟုတ်ကြဘူးမလား?”

ဇွန်ဘီအုပ်စုသည် ခေါင်းများကို ခါပြသည်။ ဇွန်ဘီနံပတ်လေးသည် အမြန်ထွက်သွားကာ ရှာလေသည်။ မကြာခင်တွင် တောက်ပသည့် ဇွန်ဘီအမြူတေ အများကြီးကို တပွေ့တပိုက်သယ်ကာ ထွက်လာသည်။

လင်းချင်းသည် အဆင့်လေးနှင့်အဆင့်ငါး အမြူတေများကို ရွေးထုတ်လိုက်ကာ ကျန်သည်များကို ဇွန်ဘီများအတွက် ထားလိုက်သည်။   “ဟုတ်ပြီ! ဒါတွေက နင့်တို့အတွက် သရေစာ”

ဇွန်ဘီအဖွဲ့သည် ‘သရေစာ’ဆိုသည်က ဘာမှန်းမသိသော်လည်း လင်းချင်းက သူတို့ကို ဒီကျန်သည့်အမြူတေများကို ပေးမှန်းတော့ နားလည်ကြသည်။

လင်းချင်းသည် ကလေးမလေးကို လက်တစ်ဖက်ဖြင့် ပိုက်ချီကာ နောက်တစ်ဖက်က ဇွန်ဘီအမြူတေများကို ကိုင်သည်။ တခြားဇွန်ဘီခေါင်းဆောင်များ၏ မျက်စိရှေ့မှောက်တွင်ပဲ သူမသည် အမြူတေများကို ကန်ထဲသို့ ပစ်ချလိုက်သည်။

ပလုံဟု အသံထွက်ကာ ဇွန်ဘီအမြူတေများက ကျသွားတိုင်း ကျောက်စိမ်းနွယ်များက ချက်ချင်းကို သိမ်းသွားသည်။ 

“ဘယ်သူလဲ?”   လျူကျွင်းနှင့် ချူးလီလီတို့သည် သူမအနားသို့လာကာ သိချင်စိတ်ဖြင့် တစ်သံတည်းမေးသည်။

လင်းချင်းသည် သူမတို့၏ အမေးကို ဖြေသည်။   “သနားဖို့ကောင်းတဲ့ မိန်းကလေးပါ။ သူက သေရမှာကိုတောင် ဒီတိုင်း သေခွင့်မရဘဲ သူ့ကိုယ်ထဲကို ဇွန်ဘီသွေးသွင်းတာ ခံလိုက်ရတယ်။ ဇွန်ဘီအဖြစ် နိုးလာမှာပါ”

“ဘာဖြစ်လို့ ကူညီမှာလဲ?”   ချူးလီလီက မေးသည်။

“ငါကူညီတာ မဟုတ်ပါဘူး”   လင်းချင်းက ပြောသည်။   “သူ့ယောက်ျားက သူ့ကိုတကယ်ချစ်တာ။ သူသာသေသွားရင် ဒီအတွဲအတွက် ငါတကယ်စိတ်မကောင်းဖြစ်နေရမှာ။ ပြီးတော့လည်း အဲ့တစ်ယောက်က သူ့မိန်းမက ဇွန်ဘီဖြစ်သွားရင်တောင်မှ သူလက်မလျှော့ဘူးလို့ ပြောတယ်။ တကယ်ဟုတ်မဟုတ်ကို ငါသိချင်လို့”

“လူတွေရဲ့ ဆန္ဒကို ဖြည့်ရတာကို တကယ်ကြိုက်တာပဲ!”   လျူကျွင်းက ပြောသည်။

လင်းချင်းသည် လက်ကိုဖြန့်ကာ ပြောသည်။   “မဟုတ်ပါဘူးဟယ်။ ငါ့အတွက် လက်တစ်ချောင်းမရုံလောက်တင်မလို့။ ငါမကူညီဖူးဆိုပြီး ငြင်းရင်တောင်မှ ငါစိတ်ပြောင်းမယ့် နည်းလမ်းတစ်ခုခုကို အဲ့ဒီလူက ရှာတွေ့မယ် ထင်ပါတယ်”

“အဲ့ဒီလူ?”   လျူကျွင်းနှင့် ချူးလီလီတို့က သူမကို နားမလည်စွာဖြင့် ကြည့်သည်။   “ဒီမိန်းမရဲ့ ယောက်ျားလား?”

သူတို့သည် လင်းချင်းက ဒီသနားဖို့ကောင်းသည့် မိန်းမ၏ ယောက်ျားကို ပြောနေသည်ဟု ထင်သော်လည်း လင်းချင်းက ခေါင်းခါပြသည်။   “မဟုတ်ဘူး။ သူ့အဖေ!”   လင်းချင်းသည် ဝူယွဲ့လျန်ကို ခေါင်းငုံ့ကြည့်၍ ပြောသည်။ 

ထိုအခါ လျူကျွင်းနှင့် ချူးလီလီတို့သည် သူမကို အံ့သြစွာ ကြည့်သည်။ လင်းချင်းသည် သူတို့ကို ထပ်ရှင်းပြမနေတော့ဘဲ   “ထားလိုက်တော့။ ငါသူ့ကို အပြင်ပို့လိုက်ဦးမယ်။ ဒီမိန်းမက ဇွန်ဘီဖြစ်ဖို့ ဘယ်လောက်ကြာမလဲ ငါမပြောတက်ဘူး”

. . .

ထိုအချိန်တွင် အပြင်ကလူများသည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

“ယွဲ့! ငါ့အထင်တော့ သိပ်မကြာခင်မှာ လျန်လျန်က သူ့အဖေကို မေ့သွားတော့မှာပဲ”   ဟိုခုန်ဒီခုန်ဖြင့် ဝူယွဲ့လျန်ကို လိုက်ရှာနေသည့် မီးခိုးရောင်ယုန်ကို ကြည့်ကာ ပြောသည်။ ဝူချန်းယွဲ့က ခေါင်းငြိမ့်သည်။

“ခေါင်းဆောင်?”   လျန်တရှုက သိချင်စွာဖြင့် မေးသည်။   “ဘာဖြစ်လို့ ဒီထူးဆန်းတဲ့မိန်းမက လျန်လျန်က သမီးရင်းမဟုတ်ဘူးလားလို့ ဘာဖြစ်လို့ မေးတာလဲ?”

မုန့်ယွဲ့သည် ဝူချန်းယွဲ့ကိုကြည့်ကာ သူဖြေမှာကိုပဲ စောင့်နေသည်။ သူမနှင့်တွေ့သည့်အချိန်တည်းက ဝူယွဲ့လျန်သည် သူနှင့်အတူ ရှိနေတာ ဖြစ်သည်။ ဒီကလေးမလေးက သူ့သမီးဟု လူတိုင်းကို ပြောခဲ့သဖြင့် ဘယ်သူကမှ သမီးရင်းဟုတ်မဟုတ်ကို သံသယမဝင်ကြပေ။

ဝူချန်းယွဲ့က သက်ပြင်းချသည်။ အခန်းထဲတွင် လူသိပ်မရှိပေ။ ချန်ယုတင်း၊ လျန်တရှုနှင့် တစ်ချိန်လုံးတိတ်နေသည့် မိုလီကလွဲလျှင် သူနှင့် ခုနကပျောက်သွားသည့် လုမိန်းကလေးတို့သာ ရှိသည်။

သူက ပြောသည်။   “လျန်လျန်က ငါ့သမီးရင်း မဟုတ်ဘူး။ ငါ့အရမ်းကိုခင်ရတဲ့ မိတ်ဆွေကောင်းရဲ့ သမီးလေး။ သူ့ကိုမွေးပြီးတော့ သိပ်မကြာဘူး။ ကမ္ဘာပျက်ကစလာတယ်။ ငါ့သူငယ်ချင်းက ဇွန်ဘီအဖြစ် ပြောင်းသွားတော့ မွေးကာစ ကလေးကို ကာကွယ်ဖို့အတွက် သူ့မိန်းမက သူကို ၁၀လွှာကနေ ဆွဲခေါ်ပြီး အတူခုန်ချသွားခဲ့တယ်”

အခြားသူများသည် သူ့ကိုကြည့်ကာ တိတ်ဆိတ်သွားကြသည်။ ဝူချန်းယွဲ့၏ မျက်နှာက အပြုံးသည် ဖုံးကွယ်ထားသည့် ဝမ်းနည်းမှုအချို့ပါနေကာ ဆက်ပြောသည်။   “ငါသူတို့ကိုတွေ့တော့ ကလေးက သေတော့မလို ဖြစ်နေပြီ။ ကယ်လာပြီးတော့ ငါ့သမီးရင်းလေးလိုပဲ ပြုစုပျိုးထောင်လာခဲ့တာ”

ထိုအချိန်တွင်ပဲ လင်းချင်းက ပေါ်လာကာ   “နင်တို့သွေးတွေ မတူတာက မထူးဆန်းတော့ပါဘူး။ နင့်သမီးမဟုတ်ဘဲ မွေးစားထားတာကိုး!”

သူမပေါ်လာသည့်အခါ ချန်ယုတင်းသည် သူမ၏အနားသို့ အမြန်လာကာ မေးသည်။   “ဘယ်လိုလဲ? ငါ့ကျန်းက . . .နိုးလာနိုင်မှာလား?”

လင်းချင်းသည် ကလေးမလေးကို ချလိုက်ကာ ပြောသည်။   “မသိသေးဘူး။ ငါတို့စောင့်ကြည့်ရမှာပဲ”

အခြားသူများသည် ဝူချန်းယွဲ့အား တအံ့တသြကြည့်ကာ ကြမ်းပြင်ပေါ်ကို ချပေးသည့်နှင့် ဝူချန်းယွဲ့ထံသို့ ပြေးလာသည့် ဝူယွဲ့လျန်ကိုကြည့်ရင်း မုန့်ယွဲ့က တန်းမေးသည်။   “ဒါကို. . .သူသိလား?”

ဝူချန်းယွဲ့သည် ခေါင်းငြိမ့်ကာ ဖြေသည်။   “သိတယ်။ ငါလျို့ဝှက်မထားဘူး”

“ငါနဲ့ဒီနေ့လည် အတူထွက်ဖို့ကို မမေ့နဲ့!”   လင်းချင်းသည် ချန်ယုတင်းကို လှည့်ပြောကာ အခန်းထဲက ထွက်လာသည်။

လျန်တရှုသည် လင်းချင်း၏ နောက်ကျောကို ငေးကြည့်နေရင်း လင်းချင်းက အခန်းထဲက ထွက်သွားကာ ဧည့်ခန်းကနေ အိမ်အပြင်သို့ထွက်ဖို့လုပ်သည်နှင့် စမေးသည်။   “ဘယ်လိုကယ်ရမလဲဆိုတာကို သူသိတာလား?”

“ဖြစ်နိုင်ပါတယ်”   ဝူချန်းယွဲ့သည် မသေချာသည့် အဖြေကိုပေးသည်။ ထို့နောက် ဝူချန်းယွဲ့သည် ယုန်ထံသို့ သွားနေသည့် ဝူယွဲ့လျန်အား   “လျန်လျန် ပြန်ကြရအောင်”  
Previous Chapter 329 of 410 Next