May Honey Logo May Honey
Previous Next

၃၂၈။ သူ့ကိုခေါ်ပြီး ငါနဲ့လိုက်ခဲ့

ဒေါက်တာလျန်ကို မြင်သည့်အခါ ချန်ယုတင်းသည် သူ့ထံသို့ အမြန်သွား၍ မေးသည်။   “ဒေါက်တာလျန် ကျွန်တော့်မိန်းမကို ကယ်ပေးပါ! ကျေးဇူးပြုပြီးတော့ သူ့ကိုကယ်ပေးပါ!”

လျန်တရှုက သူ့ကိုပြောသည်။   “စိတ်အေးအေးထား! ငါအရင်ကြည့်လိုက်မယ်!”

ဒီလိုပြောကာ အခန်းထဲကိုဝင်လာ၍ ကုတင်ဘေးတွင်ရပ်ပြီး ရှန်ယုကျန်း၏ အသားအရည်ကို အရင်သေချာကြည့်သည်။ ထို့နောက် မျက်ခွံကို လှန်ကြည့်၍ မျက်လုံးအိမ်ကို ကြည့်သည်။ ပြီးနောက်မှ သူမ၏လက်ကောက်ဝတ်ကနေ သွေးခုန်နှုန်းကို နားထောင်ကြည့်သည်။ ထို့နောက် သူသည် အနည်းငယ် မျက်မှောင်ကျုံ့သွားသည်။

သူမ၏လက်ကို ချတော့မည့်အချိန်တွင် လက်မောင်း၌ အပ်ပေါက်ရာတစ်ခုကို တွေ့သွားသည်။ ခနတန့်သွားကာ သူ့မျက်နှာက ပြောင်းသွားသည်။ ထို့နောက် သူမ၏မျက်ခွံကိုလှန်ကာ မျက်စံကို သေချာထပ်ကြည့်ပြီး လက်မောင်းက အပ်ပေါက်ကို ဖိလိုက်သည်။

ထို့နောက် ရှန်ယုကျန်း၏လက်ကို ကုတင်ပေါ်သို့ ပြန်ချလိုက်ကာ ထရပ်သည့်အခါ သူ့မျက်နှာထက်တွင် အရမ်းကိုဝမ်းနည်းသည့်ပုံ ပေါ်နေသည်။ သူသည် ချန်ယုတင်းကိုကြည့်ကာ သက်ပြင်းချလိုက်သည်။

သူ့သက်ပြင်းချသံကြောင့် ချန်ယုတင်း၏ခေါင်းဦးရေပြားသည် ထုံကျင်သွားကာ မျက်လုံးထဲတွင် အကြောက်တရားက ပေါ်လာသည်။

“နောက်ဆုံးအချိန်ကို ရောက်သွားခဲ့ပြီ။ ခုနက မင်းကိုတွေ့တုန်းက သူ့စိတ်ကို လျှော့ချလိုက်တာ ဖြစ်မယ်။ အလွယ်ပြောရရင် သူအခုအသက်မရှုတော့ဘူး။ ဒါပင်မယ့် သူ့ကိုယ်က လုံးဝမသေသေးတာကို ငါစစ်မိပင်မယ့် အသိစိတ်ကတော့ မရှိတော့ဘူး။ နောက်တစ်မျိုး နားလည်အောင် ပြောရရင်. . .သူ့ကိုယ်ကို အစွမ်းတစ်မျိုးနဲ့ ကာကွယ်ပေးထားပင်မယ့် ဦးနှောက်က အလုပ်မလုပ်နိုင်တော့ဘူး”
လျန်တရှုသည် ချန်ယုတင်းကို ကြည့်ကာ ပြောသည်။

ထို့နောက် ဝူချန်းယွဲ့ကို လှည့်ကြည့်ကာ မေးသည်။   “ယွမ်ထန်ရှင်းက လျန်လျန်ကို အရင်ကပေးတဲ့ ရေလိုမျိုး သူ့ကိုပေးထားတာလား? ဒီအစွမ်းက လျန်လျန်ကိုယ်ထဲက အစွမ်းနဲ့တူနေတယ်!”

ချန်ယုတင်းက လျန်တရှု၏ စကားများကြောင့် ကြောင်အနေစဉ် ဝူချန်းယွဲ့သည် လင်းချင်းကို လှည့်ကြည့်သည်။ ချန်ယုတင်းသည် လျန်တရှုက ဘာကိုပြောသလဲကို နားမလည်ပေ။ သို့သော်လည်း ဆရာဝန်ပြောပုံအရ သူ့ကျန်းသည် အသိစိတ်မရှိတော့သဖြင့် နိုးမလာနိုင်တော့ပေ။ 

ဝူချန်းယွဲ့သည် တိတ်တိတ်နေလိုက်သည်။ ဒေါက်တာလျန်သည် သူ့အထင်က မှန်သွားသည်ကို သိသဖြင့် ဝူချန်းယွဲ့၏ဘေးက လင်းချင်းကို တစ်ချက်ကြည့်လိုက်သည်။ သို့သော်လည်း ဒါကိုသူသိပ်ဂရုမစိုက်တော့ဘဲ ချန်ယုတင်းကို လှည့်ပြောသည်။   “ကောင်းတာတစ်ခုက သူကအခု အပင်တွေလိုအခြေအနေမှာ။ သူ့ကိုယ်က ရှင်နေသေးတယ်။ ဦးနှောက်က ခနလောက် လှုပ်ရှားမှု ရပ်သွားတာ”

သူခနရပ်သွားပြီးသည့်နောက် တခြားသူများကို လှည့်ကြည့်ကာ ပြောသည်။   “နောက်တစ်ခုရှိသေးတယ်။ သူ့ကိုယ်ထဲကို ဇွန်ဘီပိုးထိုးထည့်ခံထားရတာ သိပ်မကြာသေးဘူး။ ပိုးကသွေးတွေအကုန်လုံးထဲကို ပြန့်နေပြီဆိုတော့ လက်ရှိအခြေအနေကို သုံးသပ်ရရင် မကြာခင် သူဇွန်ဘီ သေချာပေါက် ဖြစ်လာတော့မယ်”

လင်းချင်းကလွဲ၍ လူတိုင်းသည် ဒါကိုကြားသည့်အခါ တအံ့တသြကြည့်ကြသည်။ ဝူယွဲ့လျန်ကိုချီထားသည့် မုန့်ယွဲ့သည် ကုတင်နှင့်ဝေးရာသို့ အလိုလိုကို ရွှေ့သွားတော့သည်။ သို့သော်လည်း ဝူချန်းယွဲ့သည် လင်းချင်းကို ချက်ချင်းကို လှည့်ကြည့်လာသည်။

ချန်ယုတင်းသည် အကြီးအကျယ်ကို ရှော့ရနေသည့် ချန်ယုတင်းသည် ရုတ်တရပ်ကို အသိပြန်ဝင်သွားသည်။ လင်းချင်းထံသို့ အမြန်ပြေးလာကာ သူမ၏အရှေ့တွင် ဒူးထောက်ချ၍ ခေါင်းကိုငုံ့ကာ ပြောသည်။   “လုမိန်းကလေး . . .ကူညီနိုင်မလား? တကယ်လို့. . .တကယ်လို့ ကျန်းက ဇွန်ဘီဖြစ်သွားမယ် ဆိုရင်တောင်မှ ငါ့ကိုမမေ့စေချင်ဘူး ဘယ်လိုကူညီရမလဲဆိုတာ သိတယ်မလား? ဘာဖြစ်လို့လဲဆိုတော့ မင်းက. . .”   သူသည် လင်းချင်းကို တောင်းဆိုနေသည့် အကြည့်ဖြင့် မော့ကြည့်ကာ စကားကိုပြောသည်။ 

လူတိုင်းက လင်းချင်းကို ဝိုင်းကြည့်လာကြသည်။ အချို့က နားမလည်သလို ဖြစ်နေကာ အချို့က တွေးနေ၍ အချို့က မျက်လုံးထဲတွင် သိချင်စိတ်တို့ပြင်းပြနေသည်။

လင်းချင်းသည် သူ့ကိုကြည့်ကာ ဆယ်စက္ကန့်လောက်နေမှ ပြန်ဖြေသည်။
“နင်က သူ့ကို အရမ်းချစ်တာပဲ။ သူဇွန်ဘီဖြစ်သွားတယ် ဆိုရင်တောင်မှ. . .”

ချန်ယုတင်းသည် ရုပ်ချောသည့်သူ မဟုတ်သော်လည်း မှန်ကန်အောင်နေသည့်သူ ဖြစ်သည်။ သူ့မိန်းမကို အရမ်းကို အလေးထားသည် ဆိုသည့်အကြောင်းကို ပြောဖို့က မခက်ခဲပေ။ လင်းချင်းသည် သူ့ကိုထိစရာမလိုဘဲ သူ့၏ဝမ်းနည်းမှုနှင့် စိတ်ခြောက်ခြားခြင်းတို့ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ သူ့မိန်းမအတွက် သူ့အချစ်သည် တကယ့်ကို စစ်မှန်လွန်းသည်။

ဒီလိုတောင်းဆိုနေသည့် အကြည့်များကို ကြည့်ရင်းဖြင့် လင်းချင်းသည် သူမတောင်းဆိုသည့် မည်သည့်အခြေအနေကိုမဆို သူကလုပ်ပေးမှာကို ယုံကြည်နိုင်သည်။ သူမက သူ့ကိုသေခိုင်းလိုက်ရင်တောင်မှ ချက်ချင်းသတ်သေမှာပင်။

လင်းချင်းသည် ခေါင်းငြိမ့်ကာ   “ငါကယ်ပေးနိုင်တယ်။ ဒါပင်မယ့် နောက်ဆုံးရလဒ်က ဘယ်လိုဖြစ်မလဲတော့ ငါလည်းမသိဘူး။ နင့်နဲ့ တခြားဟာတွေကို မှတ်မိမလားတော့ ငါမသိဘူး။ သူ့ကိုမှတ်မိအောင် ငါလုပ်ပေးနိုင်ရင် နင်ငါ့ကိုတစ်ခုတော့ ကတိပေးဖို့ လိုမယ်”

ချန်ယုတင်း၏ မျက်လုံးသည် သွေးယိုမတက် နီရဲနေသော်လည်း ချက်ချင်းပျော်ရွှင်စွာဖြင့် ခေါင်းကိုငြိမ့်ကာ   “ဘာပြောပြော ငါလုပ်ပေးပါ့မယ်!”

လင်းချင်းက ပြောသည်။   “ငါသူ့ကို ကယ်နိုင်ရင် နင်တို့၂ယောက်က ငါတို့စခန်းအသစ်မှာ နေရမယ်”

ချန်ယုတင်းသည် ခနကြောင်အသွားကာ သူမကို အံ့သြစွာကြည့်၍ မေးသည်။   “ဒါပဲလား? တ. . .တခြားဟာ မရှိဘူးလား?”

လုမိန်းကလေးသည် သူမအတွက် တစ်ခုခုကို တောင်းဆိုမည်ဟု ထင်ထားကာ သူမဘာပြောပြော ဘယ်လောက်အန္တရာယ်များများ သူလုပ်ပေးမည်ဟု ဆုံးဖြတ်ထားသည်။ သို့သော်လည်း အံ့သြဖို့ကောင်းသည်က သူမ၏ လိုအပ်ချက်က အရမ်းကို ရိုးရှင်းနေသည်။ သူမသည် သူ့ကိုအိမ်ပြောင်းစေချင်နေရုံတင်။ ချန်ယုတင်းသည် သူ့နားကိုသူ မယုံနိုင် ဖြစ်နေသည်။

လင်းချင်းက သူ့ကိုခေါင်းငြိမ့်ကာ ပြောသည်။   “တခြားဘာမှ မရှိဘူး”

ချန်ယုတင်းသည် အမြန်ခေါင်းငြိမ့်ကာ ပြောသည်။   “ငါတို့ နေပါ့မယ်! လူထပ်လိုမယ်ဆိုရင် ငါတို့မိတ်ဆွေတချို့ကိုပါ ငါခေါ်လာနေမယ်!”

“ဒါကတော့ နင့်သဘောပဲ”   လင်းချင်းက သူ့ကိုပြောသည်။

သူ့မိန်းမကို စခန်းအသစ်သို့ ခေါ်စေချင်ခြင်းမှာ စခန်းသစ်သည် တချို့အကြောင်းများကြောင့် ရေတိုလေးသာ မဟုတ်ပေ။ သူ့မိန်းမကသာ မှတ်ဉာဏ်နှင့် လူ့အသိစိတ်တို့ဖြင့် ဇွန်ဘီအဖြစ်သို့ ပြောင်းသွားနိုင်ရင် သူမသည် စခန်းအသစ်မှာ နေဖို့လိုသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ဒီစခန်းတွင် ဆက်၍ ရှင်သန်နိုင်မှာ မဟုတ်သောကြောင့်ပင်။

“ဇွန်ဘီဖြစ်သွားရင် မင်းရဲ့မိန်းမက ဒီမှာဆက်မရှင်သန်နိုင်တော့မှာကို သူကစိတ်ပူနေတာ”   ဝူချန်းယွဲ့က ဝင်ပြောသည်။   “ဒါပင်မယ့် စခန်းအသစ်မှာတော့ အနည်းဆုံး သူက ကာကွယ်ပေးနိုင်သေးတယ်။ ဟုတ်တယ်မလား?”   ဒီလိုပြောကာ လင်းချင်းကို အဓိပ္ပါယ်ပါသည့်အပြုံးဖြင့် ကြည့်သည်။

ဒီလူသည် ခေါင်းဆောင်ဖြစ်ဖို့ တကယ်ထိုက်တန်သည်။ သူမ၏ အတွေးတွေကို တကယ်ကြီးခန့်မှန်းနိုင်နေသည်။

ဝူချန်းယွဲ့၏ စကားကိုကြားသည့်အခါ ချန်ယုတင်းသည် အကြောင်းအရင်းကို နားလည်သွားသည်။ ထို့နောက် လင်းချင်းအား ကျေးဇူးတင်စွာဖြင့်   “ကျေးဇူးတင်ပါတယ်! ကျေးဇူးတင်ပါတယ်ဗျာ!”

လင်းချင်းသည် လက်ကာပြကာ   “ကျေးဇူးတင်ဖို့ မလိုပါဘူး။ ငါကယ်မပေးရသေးဘူး။ ပြီးတော့လည်း အခုနောက်ကျနေပြီ။ ငါနင့်မိန်းမကို ငါ့နယ်မြေထဲကို ခေါ်ထားလိုက်မယ်။ တခြားသူတွေနဲ့ ဒီနေ့လည်အမှီ ရင်ပြင်ကိုလာဖို့ မမေ့နဲ့!”

“သေချာတာပေါ့! မင်းပြောသလို လုပ်မှာပါ!”   ချန်ယုတင်းသည် ခေါင်းငြိမ့်ကာ ကြမ်းပြင်ကနေ ထလိုက်သည်။ 

ထို့နောက် ဝူချန်းယွဲ့သည် လင်းချင်းကို ကြည့်ကာ
“မင်း ငါ့လူတွေကို ဒီလိုပဲ ခိုးလိုက်တာလား?”

လင်းချင်းသည် သူ့ကိုပြန်ကြည့်ကာ ပုခုံးတွန့်၍ ဖြေသည်။   “ဒါကသူ့ကိုယ်ပိုင်ရွေးချယ်မှုလေ!”

ထိုအချိန်မှာပဲ လင်းချင်းက ထွက်သွားတော့မည်ဟု ထင်လာသည့် ဝူယွဲ့လျန်သည် မုန့်ယွဲ့၏လက်ထဲကနေ ရုန်းကန်ထွက်လာသည်။

“လျန်လျန် ဘယ်သွားမလို့လဲ?”   မုန့်ယွဲ့က သူမကို အံ့သြစွာကြည့်သည်။ ထို့နောက် သူမသည် ကလေးမလေးက လင်းချင်းထံသို့ ပြေးသွားသည်ကို မြင်လိုက်ရသည်။

စကားပြောပြီးသည်နှင့် လင်းချင်းသည် ကုတင်ထံသို့ လျှောက်သွားကာ ရှန်ယုကျန်း၏ လက်ကိုသွားကိုင်လိုက်သည်။ ထိုအချိန်တွင်ပဲ သူမ၏ ခြေထောက်တစ်ဖက်သည် ရုတ်တရတ်လေးသွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက် ရှန်ယုကျန်းနှင့် ဝူယွဲ့လျန်တို့သည် လင်းချင်းနှင့်အတူ ပျောက်သွားကြသည်။

ဝူချန်းယွဲ့သည် သူ့သမီးလေးက ဇွန်ဘီမနှင့်အတူ ထွက်သွားသည်ကိုကြည့်ရင်း ရင်ကွဲကျန်ခဲ့သည်။   ‘ငါစွန့်ပစ်ခံလိုက်ရပြီလား? အဖေအရင်းမဟုတ်ပင်မယ့် မွေးကတည်းက ငါပဲပြုစုပျိုးထောင်လာရတာပါ! အခုတော့ ငါ့ကလေးမလေးက ငါ့ကိုစွန့်ပစ်သွားတယ်!’  
Previous Chapter 328 of 410 Next