၁၄၈။ လိပ်ကိုဘောလုံးလိုကန်
သူမ၏နယ်မြေထဲတွင် သိမ်းထားရင် ကောင်းမလား တွေးမိသွားသည်။
‘နယ်မြေထဲကနွယ်တွေက လိပ်တွေကိုဖမ်းပြီး စုပ်ယူပစ်မှာလား? ကန်ထဲကစွမ်းအင်ကတော့ လိပ်တွေကို ဘာမှမဖြစ်လောက်ပင်မယ့် နွယ်တွေကိုပဲ ငါစိတ်ပူရမှာ’
သို့သော်လည်း နွယ်များသည် စွမ်းအင်ကလွဲ၍ အခြားအရာများကို စိတ်ဝင်စားပုံမရပေ။ သန္ဓေပြောင်းလိပ်များသည် ကြီးသော်လည်း ဘာစွမ်းအားလှိုင်းမှ မထုတ်ပေ။ ထို့ကြောင့် ဒီလိပ်များတွင် အမြူတေမရှိလောက်ဘူးဟု လင်းချင်းက ထင်လိုက်သည်။ သို့သော်လည်း နွယ်ပင်များက စိတ်ဝင်စားမဝင်စားကိုတော့ သူမလည်း မပြောတက်ပေ။လင်းချင်းသည် စားနေရင်းဖြင့် ချူးလီလီက လိပ်ကိုလှည့်ကာဆော့နေသည်ကို ကြည့်နေရင်း အကြံရသွားသည်။
‘လိပ်တစ်ကောင်ကို အရင်ထည့်ကြည့်ပြီးမှ ဘယ်လိုဖြစ်မလဲ သိအောင်လုပ်ရအောင်’
ဒီလိုတွေးရင်းဖြင့် သူမသည် အခြားလိပ်များကို ကြည့်ပြီး ဆက်စားလိုက်သည်။
ချူးလီလီလာသည့်အခါ လင်းချင်းသည် ဓားမြောင်တွင် အသားတစ်တုံးကို ထိုးစိုက်လျှက် ပေးလိုက်သည်။
ချူးလီလီသည် သူမ၏ဘေးတွင် လက်ကိုပိုက်လျှက် ထိုင်ချလိုက်သည်။ သူမသည် အရင်အနံ့ကြည့်သည့်အခါ မျက်ခုံးများတွန့်သွားသည်။ သို့သော်လည်း လင်းချင်းက ခွံ့ကျွေးသည်ကိုတော့ တစ်ကိုက် ကိုက်လိုက်သေးသည်။
သူမသည် ဝါးစားလိုက်သည့်အခါ မျက်ခုံးများက ဆိုးဆိုးဝါးဝါးတွန့်ကွေးလာသည်။ လင်းချင်းသည် သူမ၏တုန့်ပြန်မှုကိုကြည့်ကာ မပြုံးဘဲ မနေနိုင်ပေ။ ချူးလီလီသည် ထွေးထုတ်တော့မတက် ဖြစ်သော်လည်း လင်းချင်းက ပြုံးကြည့်နေသဖြင့် အမြန်မြိုချလိုက်ရသည်။
လင်းချင်းကတော့ သူမအား ဒီလိုအဓိပ္ပါယ်ရသည့် အကြည့်များဖြင့် ကြည့်နေသည်။
‘ဒီလောက်ဆိုးလို့လား? နင့်မျက်နှာကလည်း. . .’
ချူးလီလီသည် မြိုချပြီးသည်နှင့် ကျန်သည့်အပိုင်းကို မစားတော့ဘဲ ထကာ လှည့်သွားသည်။ သူမသည် အရင်လိပ်ဆီကိုသာ ပြန်သွားကာ လှည့်တမ်းဆော့နေတော့သည်။လင်းချင်းသည် သူမထွက်သွားသည်ကိုကြည့်ပြီး ကျန်သည့်အပိုင်းကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ သူမသည် ဖြုန်းတီးရမည်ကို မကြိုက်ပေ။ ချူးလီလီက ကျန်ခဲ့သည်ဖြစ်၍ ရွံ့ဖို့ကောင်းနိုင်သော်လည်း သူမကတော့ စိတ်ထဲမထားပေ။ အရင်ခေတ်က သူမသည် သူမတို့တပ်ဖွဲ့ကလူများဖြင့် အစာကိုမျှစားခဲ့ရဖူးသည်။ ဘယ်သူကမှ ရွံ့ရှာမနေပေ။ အခုလည်း လင်းချင်းသည် ဇွန်ဘီဖြစ်နေပြီ ဖြစ်လေရာ ချူးလီလီ၏ ဇွန်ဘီပိုးကို မကြောက်ရတော့ပေ။
သူမသည် လိပ်ကိုစားပြီးသည့်အခါ အခွံကိုလွှတ်ပစ်လိုက်သည်။ ထို့နောက် အကျီလက်ဖြင့် နှုတ်ခမ်းကိုသုတ်လိုက်သည်။ သူမသည် အခြားလိပ်တစ်ကောင်ဆီသို့သွားကာ အမြီးကနေ ဆွဲကိုင်လိုက်သည်။ ထို့နောက် သူမရော လိပ်ရော ပျောက်ကွယ်သွားသည်။ ချူးလီလီကတော့ သူမတို့ ပျောက်သွားသည်ကို တစ်ချက်လှည့်ကြည့်ပြီးနောက် ဆက်ဆော့ကစားလို့သာ နေသည်။
လင်းချင်းသည် နယ်မြေထဲသို့ ရောက်သည့်အခါ လိပ်ကို ကန်ထဲသို့ ပစ်ချလိုက်သည်။ လိပ်သည် ကန်ထဲသို့ရောက်သည်နှင့် ရေနက်ရာကို ကူးခတ်သွားသည်။ လင်းချင်းသည် ထိုလိပ်၏ လှုပ်ရှားမှုများကို တွေ့ရသော်လည်း ကန်ထဲမှ နွယ်ပင်များ၏ လှုပ်ရှားမှုကို အာရုံမခံမိပေ။ မကြာခင်တွင် ထိုလိပ်သည် ကန်ထဲတွင် ပျော်ပျော်ကြီး ရေကူးနေတော့သည်။
လင်းချင်းသည် ခနစောင့်သော်လည်း ဘာမှဖြစ်မလာပေ။
‘လိပ်ကို နွယ်တွေက စိတ်မဝင်စားဘူးလား? ငါတွေဝေလာပြီ။ နွယ်တွေက ထွက်မလာဘူး။ ကြည့်ရတာ နောက်မှထွက်လာတော့မလားပဲ’
ဒီလိုတွေးကာ လိပ်ကိုထားခဲ့ဖို့ပြင်စဉ်တွင်ပဲ ကန်အောက်ခြေမှ တစ်စုံတစ်ရာသည် ထွက်ပေါ်လာသည်။ လင်းချင်း စိတ်ပူသည်က ဖြစ်လာပြီ။ ထို့နောက် လိပ်သည် သူ့အားတစ်ခုခုက ပတ်ထားသလို ဖြစ်နေသဖြင့် မလှုပ်ရှားတော့ပေ။ လင်းချင်းကတော့ ဒါသည်နွယ်များကြောင့် ဆိုသည်ကို သိလိုက်သည်။သူမ၏အတွေးမဆုံးခင် ကန်ထဲကနေ သူမဆီသို့ တစ်ခုခုက ပျံလာသည်။ လိပ်သည် ကန်အလယ်ကနေ လင်းချင်းဆီသို့ အပစ်ခံလိုက်ရခြင်းဖြစ်သည်။ ဒါကိုမြင်သည့်အခါ လင်းချင်းသည် ဆွံ့အလို့သွားသည်။
ရေမျက်နှာပြင်အပေါ်သို့ တက်လာကာ သူမဆီသို့ ပစ်ပေါက်သည့်နွယ်များကို ကြည့်လိုက်သည့်အခါ ထိုနွယ်များသည် ရေထဲသို့ ပြန်ဝင်သွားသည်။ ထိုနွယ်များက လိပ်ကို မကြိုက်ပုံရသည်။
လင်းချင်းသည် သူမ၏ခြေထောက်နားက လိပ်ကိုကြည့်လိုက်သည်။ ထိုလိပ်သည် ဘာဖြစ်မှန်းမသိသဖြင့် ကြောက်ကာမေ့တော့မတက် ဖြစ်နေသည်။ လင်းချင်းကတော့ သူမ၏အတွေကို သေချာစေရန် ကန်ထဲသို့ လိပ်အား ပြန်ကန်ထည့်လိုက်သည်။လိပ်သည် ကောင်းကင်သို့ ပျံတက်သွားပြီးမှ ကန်ထဲသို့ ပြန်ကျသည်။ လင်းချင်းထင်သလိုပင် တစ်မိနစ်တောင် မကြာဘဲ လိပ်အား သူမရှိရာသို့ ပြန်ပစ်လာသည်။
‘နွယ်တွေမှာ အသိစိတ်ရှိနေတာပဲဟ!’
သူမသည် လိပ်ကိုကြည့်ကာ ခနတွေးပြီးနောက် ကန်ထဲသို့ ဘောလုံးလို ပြန်ကန်လိုက်ပြန်သည်။ ဆယ်စက္ကန့်အတွင်း သူမဆီသို့ ပြန်ပစ်ပေါက်လာသည်။ လင်းချင်းသည် မရယ်ဘဲ မနေနိုင်တော့ပေ။ထိုနွယ်များသည် ရေထဲသို့ ပြန်မဝင်သေးဘဲ ရေမျက်နှာပြင်အား တဗွမ်းဗွမ်းမြည်အောင် ရိုက်နေသည်။
‘ဟယ် စိတ်ဆိုးသွားတာပဲ! ဟား ဟား’
နွယ်များသည် သူမ၏လုပ်ရပ်ကို ဒေါသထွက်နေတာဖြစ်သည်။ လင်းချင်းက အသံထွက်ပြီးရယ်နေသည့်အခါ ထိုနွယ်များဆီမှ မကျေနပ်မှုကိုပါ သူမခံစားလိုက်ရသည်။
လင်းချင်းသည် နွယ်များမကြိုက်သည့် လိပ်ကိုပြန်ကြည့်လိုက်သည်။ နွယ်များက ကန်ထဲသို့ ဒီလိပ်ကို လက်မခံသဖြင့် အခြားလိပ်များကိုပါ ကန်ထဲသို့ အဆင်းခံမည်မဟုတ်သည်က သေချာသည်။
‘မြက်ခင်းထဲမှာပဲ လိပ်တွေကို ထားလိုက်ရမလား?’
လင်းချင်းသည် မြက်ခင်းများထဲက စိုက်ခင်းကို တစ်ချက်ကြည့်လိုက်သည်။ ကျွင်းကျွင်းသည် ဒီစိုက်ခင်းကို သေချာဂရုစိုက်ပေးထားတာ ဖြစ်သည်။ သို့သော်လည်း အပြေးမြန်သည့်လိပ်များကတော့ ဒီစိုက်ခင်းကို ဖျက်စီးပစ်လိမ့်မည်။