“ဒီဂါဝန်ကို မဝတ်ပါနဲ့လို့ ငါနင့်ကို ပြောသားပဲ။ နင်မှနားမထောင်တာ။ အခုတော့ ငါတို့ဒုက္ခရောက်ပြီ” လုံချင်းယင်သည် ဒေါသထွက်နေသည့် လင်းဝမ်ဝမ်ကို ကြည့်ကာ ပြောသည်။
“ငါက ဘယ်လိုလုပ်သိမှာလဲ? ဒီစခန်းထဲမှာတော့ အပြင်ဘက်မှာလို သွားစရာ မလိုတော့ဘူးလို့ ငါထင်လို့ပေါ့။ ဒါပင်မယ့် ဒီလိုကျက်သရေမရှိတဲ့ မိသားစုနဲ့ တိုးရတယ်လို့ပဲဟာ!” လင်းဝမ်ဝမ်က စိတ်မချမ်းသာစွာ ပြောသည်။ ထို့နောက် သူမသည် တစ်ခုခုကို တွေးမိသွားကာ ရပ်၍ဘေးကိုလျှောက်ကြည့်သည်။
“လုမိန်းကလေး ဒီမှာရှိလား? ရှိနေမယ်ဆိုတာသိတယ်။ ခုနက ကူညီပေးလို့ ကျေးဇူးတင်ပါတယ်နော်”
လင်းချင်းသည် သူမ၏ဘေးတွင်ပေါ်လာကာ ပြောသည်။ “လူထူတဲ့နေရာတွေကိုသွားရင် နင်ပိုသတိထားဖို့ လိုမယ်။ နင်က မိန်းကလေးဖြစ်ပြီးတော့ လှလည်းလှတယ်။ ဒါကနင်တို့ ဟေးဒီးစခန်း မဟုတ်တော့ ဒီကလူတွေက နင်တို့ကို ကြောက်မှာ မဟုတ်ဘူး။ ပြီးတော့လည်း ဝူချန်းယွဲ့ပြောတာက မှန်တယ်။ အခုကစပြီးတော့ ယန်းချောင်းကို သတိထားရမယ်။ ငါတို့ကို သေချာပေါက် လက်စားလာချေမှာပဲ”
လင်းဝမ်ဝမ်က အမြန်ခေါင်းငြိမ့်ကာ ပြောသည်။ “အင်း ငါသိပြီ”
ထိုအချိန်တွင် လုံချင်းယင်က ရုတ်တရပ်မေးသည်။ “အခုတလော ဘယ်ကိုရောက်နေတာလဲ? ဒုခေါင်းဆောင်ယွမ်ကို သွားရှာတာ မဟုတ်ဘူးလား? ဒါပင်မယ့် သူပြောတာတော့ သူကိုလာရှာတာက နင်မဟုတ်ဘဲ လီလီတဲ့”
လင်းချင်းသည် ရှေ့သို့လျှောက်လိုက်ရင်း သူမမေးသည်ကို ဖြေသည်။ “ငါ့နယ်မြေထဲမှာ လုပ်စရာလေးရှိနေလို့။ ဒီနေ့မှပြီးလို့ ထွက်လာရတာ။ ငါထွက်လာတာနဲ့ နင်တို့ဒီလိုပြဿနာနဲ့တွေ့ရမယ်လို့ ထင်တောင်မထားဘူး။ နှစ်ယောက်လုံးက မိန်းကလေးတွေဆိုတော့ နင်တို့အမြဲတမ်း သွားလာနေတာမျိုး မလုပ်လို့ မရဘူးလား?” လင်းချင်းသည် လင်းဝမ်ဝမ်အား အရင်တုန်းက ပြောနေကြဖြစ်သည့် အကြံပေးနေကြ လေသံအတိုင်း မပြောဘဲ မနေနိုင်ပေ။
“ဟုတ်ကဲ့ပါ” လင်းဝမ်ဝမ်နှင့် လုံချင်းယင်တို့သည် ခေါင်းငြိမ့်ကာ လင်းချင်းနောက်သို့ လိုက်လာသည်။ တာဝန်ခန်းမသို့ ရောက်သည့်အခါ သူတို့သည် သူတို့စားပွဲနားတွင် လင်းဟောင်နှင့်တူယွမ်ရှင်းတို့ဖြင့် စကားပြောနေသည့် ချန်ယုတင်းကို တွေ့လိုက်ရသည်။
“ဟင်? ဘာဖြစ်လို့ ဒီရောက်နေတာလဲ? ငါတို့အတွက် လူထပ်ရလာလို့လား?” လင်းဝမ်ဝမ်သည် သိချင်စိတ်ဖြင့် လျှောက်သွားကာ မေးသည်။ စကားပြောနေကြသည့် သူတို့က သူမကို လှည့်ကြည့်ကြသည်။ ထိုအခါ သူတို့မမြင်ရတာ ကြာပြီဖြစ်သည့် လင်းချင်းကိုပါ တွေ့လိုက်ရသဖြင့် အနည်းငယ် အံ့သြသွားကြသည်။
ချန်ယုတင်းသည် ပြုံး၍ခေါင်းငြိမ့်ကာ ဖြေသည်။ “ဟုတ်တယ်။ တကယ် ငါတို့လူတွေ ထပ်ရလာတာ”
“ဘယ်လောက်လဲ?” လင်းဝမ်ဝမ်က မျက်လုံးတောက်တောက်လေးများဖြင့် မေးသည်။ ချန်ယုတင်းက လက်သုံးချောင်း ထောင်ပြသည်။
“သုံးဆယ်?” လင်းဝမ်ဝမ်က မေးသည်။
“သုံးရာ” လင်းဟောင်က ဖြေသည်။
“တကယ်လား ကောင်းလိုက်တာ ဒါပင်မယ့် ကပ္ပတိန်ချန် ဒီလောက်လူအများကြီးကို ဘယ်ကနေ ရှာလာတာလဲ?” လင်းဝမ်ဝမ် အရည်အတွက်ကို ကြားရ၍ ပျောက်သွားပြီးနောက် နားမလည်စွာဖြင့် မေးသည်။
“ငါမရှာလိုက်ရပါဘူး” ချန်ယုတင်းက ပြောသည်။ “ခေါင်းဆောင်ဝူက နင်တို့အတွက် စီစဉ်ပေးလိုက်တာ”
လင်းဝမ်ဝမ်၊ လင်းချင်းနှင့် အကုန်လုံးသည် နားမလည် ဖြစ်ကုန်ကြသည်။ “ခေါင်းဆောင်ဝူ? ငါတို့ကို လူသုံးရာထည့်ပေးဖို့ ကူညီတာ?”
ချန်ယုတင်းက ခေါင်းငြိမ့်သည်။
“ဒါဆိုတကယ်ကောင်းတာပဲ။ ငါတို့အလုပ်မြန်မြန်စလို့ရတာပေါ့” လင်းဝမ်ဝမ်သည် မျက်လုံးတောက်တောက်ဖြင့် တခြားသူများကို ကြည့်သည်။ လင်းဟောင်တို့က သဘောတူညီစွာဖြင့် ခေါင်းငြိမ့်ပေးကြသည်။
“ဪ ဒါပင်မယ့် ငါတို့ဒီနေ့အင်တာဗျူး လာဖြေသွားတဲ့သူတွေကို စောင့်ဦးမှပဲ” တူယွမ်ရှင်းက ပြောသည်။ “ဒါမှမဟုတ်လည်း သူတို့နေတဲ့နေရာကို လူလွှတ်လိုက်ပြီး အကြောင်းကြားမှ။ သူတို့အကုန်လုံးက တစ်နေရာတည်းမှာ ပေါင်းနေကြတာပဲဆိုတော့”
လင်းဝမ်ဝမ်က ခေါင်းငြိမ့်ကာ “ငါတို့အခုပြန်ကြမယ်။ ညကျရင် ငါတို့အကိုကြီးနဲ့ ထန်ရှင်းတို့ ထွက်မယ့်အချိန်ကို ဆုံးဖြတ်ပြီးတာနဲ့ သူတို့ကိုပြောဖို့ လူလွှတ်လိုက်မယ်”
တခြားသူများက ခေါင်းငြိမ်သည်။ တာဝန်ခန်းမ၏ တစ်ဖက်က အခန်းပြတင်းပေါက်တွင် ဖြောင်ကောချန်သည် ရပ်နေကာ လုံချင်းယင်အား အကြည့်တို့က မလွှဲနိုင် ဖြစ်နေသည်။ သူ့နောက်ကလူအား “သူတို့က ဘယ်သူတွေလဲ?”
သူ့နောက်တွင် လက်ဖက်ရည်ကြမ်းသောက်နေသည့်သူမှာ တခြားသူမဟုတ်။ ခုနတုန်းက စျေးထဲက ယန်းဟွေ့ပင်။ သူမေးသည်ကို ကြားသည့်အခါ ထိုင်ရာကနေ ထလာကာ သူကြည့်နေသည့်နေရာကို လိုက်ကြည့်ပြီး “ပျက်သွားတဲ့ ဟေးဒီးစခန်းကလူတွေ။ အခုလေးတင် ငါတို့မောင်နှမနဲ့ ရန်ဖြစ်လာပြီးတော့ ငါတို့ကို အရှက်ခွဲသွားတာ။ မင်းကြိုက်တာ ဘယ်တစ်ယောက်လဲ? ဓားရှည်နဲ့စော်လား? ငါကတော့ ဂါဝန်နဲ့စော်ကို မျက်စိကျနေတာ။ ငါ့ဟာပဲ” ယန်းဟွေ့က ပြောသည်။
ဖြောင်ကောချန်သည် ခြောက်နေသည့် သူ့နှုတ်ခမ်းကို သပ်လိုက်ကာ တဏှာကြီးသည့်ပုံဖြင့် “ငါကြိုက်တာက ဓားရှည်နဲ့စော်ကို။ နောက်ကျောက ဖြောင့်နေတာကို ကြည့်စမ်းပါကွာ။ သူ့ဆီက အေးတိအေးစက် အရှိန်အဝါနဲ့. . . ယောက်ျားတစ်ယောက်ဆီမှာ ဖျက်စီးခံရရင် ဘယ်လိုနေမလဲ ငါသိချင်လာပြီ” သူသည် ကျစ်ခနဲစုတ်သပ်ကာ ဆက်ပြောသည်။ “တွေးကြည့်ရုံနဲ့ ငါထန်လာသလိုပဲ”
“ဟေးဒီးစခန်းက ဒီလူတွေက သူ့ကာကွယ်မှုအောက်မှာလို့ ဝူချန်းယွဲ့က ပြောတယ်” ယန်းဟွေ့က စိုးရိမ်စွာဖြင့် ပြောသည်။ “အဲ့ဒါကြောင့် မင်းတစ်ခုခု လုပ်မယ်ဆိုရင်လည်း သူမသိစေနဲ့။ မဟုတ်ရင် ပြဿနာတက်လို့ကတော့ မင်းတစ်ယောက်တည်း ခေါင်းခံရှင်းရမှာ!”
ဖြောင်ကောချန်သည် စိတ်အချဉ်ပေါက်ကာ “သူ့ကာကွယ်မှုအောက်လား? အဲ့ဒီတော့ ဘာဖြစ်လဲ? ဟိုကောင် ချန်ယုတင်းလည်း သူ့ကာကွယ်မှုအောက်မှာပဲမလား? ဒီနေ့ အဲ့ကောင်ရဲ့မယားနဲ့ ငါအိပ်တောင်လာခဲ့သေးတယ်။ ဒါပင်မယ့် ပျော်ဖို့မကောင်းတဲ့ သာမန်မိန်းမပါပဲ။ ရင်သားတွေကသာ ကြီးမနေရင် ငါခနလေးပဲ ငြီးငွေ့သွားမှာ”
ယန်းဟွေ့က သူ့အားတအံ့တသြကြည့်ကာ မေးသည်။ “မင်းမှာ ချန်ယုတင်းရဲ့မိန်းမ ရှိနေတာလား? အခုဘယ်မှာလဲ?”
“ဒေသFမှာ” ဖြောင်ကောချန်က ပြောသည်။ “ငါ့ညီအကိုတွေကို ဒီမိန်းမနဲ့ ဆုချပေးထားတယ်”
ယန်းဟွေ့၏ အမှုအယာသည် အတည်ပေါက်ဖြစ်သွားကာ ပြောသည်။ “ဒီအကြောင်းကို မင်းဘယ်သူ့ကိုမှ မသိစေနဲ့။ မဟုတ်ရင် ငါ့အကိုတောင်မှ မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ စခန်းမှာ မုဒိန်းကျင့်ရင် ဘာဆက်ဖြစ်မယ်ဆိုတာကို မင်းသိဖို့လိုတယ်!”
“သူတို့ မသိစေရပါဘူးကွာ” ဖြောင်ကောချန်က ဂရုမစိုက်စွာ ပြောသည်။
ညတွင် လင်းဝမ်ဝမ်နှင့် သူတို့သူငယ်ချင်းများသည် လင်းဖန်အား ချန်ယုတင်းတို့ပေးသည့် နာမည်စာရင်းကို ပြပြီးသည့်နောက် သူတို့ဒီနေ့စုရသည့် လူစာရင်းကိုပါ ပေးလိုက်သည်။
စာရင်းကိုဖတ်ပြီးနောက် လင်းဖန်သည် ခေါင်းငြိမ့်ကာ “အင်း။ ဒီနေ့လည်က ငါတို့သူ့အိမ်ကိုရောက်တုန်းက ခေါင်းဆောင်ဝူက ငါတို့ကို ကူညီဖို့ လူလွှတ်ပေးမယ်လို့ ပြောထားတယ်။ ငါတို့က သူတို့အလုပ်နဲ့ သူတို့အဆင့်တွေနဲ့ ကိုက်ညီတဲ့အစာကို ပေးရလိမ့်မယ်”
ယွမ်ထန်ရှင်းသည် သူ့ဘေးတွင် ထိုင်နေကာ မေးသည်။ “အခု ငါတို့မှာ လူ၃၅၀ရှိပြီ။ ဒီလူတွေကို ဟိုကိုခေါ်ဖို့အတွက် ငါတို့ကားတွေ လိုမှာပဲ”
ဒီလိုပြောပြီးနောက် လင်းဖန်သည် လင်းရှောင်လုနှင့် ကျောက်တုံး၊ စက္ကူ၊ ကပ်ကြေးဆော့နေသည့် လင်းချင်းကို တစ်ချက်လှမ်းကြည့်ကာ “ဒါပင်မယ့် လုမိန်းကလေးကြောင့် ခေါင်းဆောင်ဝူက ငါတို့ကို ကားကိစ္စအထိပါ ကူညီပေးသွားတယ်”
လင်းချင်းသည် လင်းဖန်တို့ကို လှည့်ကြည့်ကာ ခြောက်ကပ်နေသည့် အသံဖြင့် “ဪ ဘယ်လိုပြန်ကျေးဇူးဆပ်ရမလဲတော့ သူသိသေးသားပဲ”
လင်းဖန်သည် သူမကို သိချင်စွာဖြင့် ကြည့်သည့်အခါ “အရင်တုန်းက ရှောင်လုအစွမ်းနိုးတုန်းက ၁ညပဲကြာတယ်။ ဒါပင်မယ့် ခေါင်းဆောင်ဝူရဲ့ သမီးကျတော့ ၃ရက်ကြာသွားတာလဲ? အရမ်းငယ်သေးလို့လား?”
လင်းချင်းက “မဟုတ်ဘူး။ ငါသူ့ကိုတွေ့တော့ သူ့အစွမ်းက နိုးနေတာက ကြာနေပြီ။ ယွမ်ထန်ရှင်းက ကန်ရေတိုက်ပြီးတော့ ဖြစ်စဉ်ကို နှေးအောင်လုပ်ပေးထားတာက သူ့ကိုယ်ထဲမှာ အစွမ်းတွေကို ပိုစုကုန်တော့တာ။ သူ့သမီးလေးကိုယ်က ဒီလောက်အများကို ခံနိုင်မယ်မထင်တော့ ငါတို့မှာ ဒီအစွမ်းတွေကို ပြန်ပြောင်းထုတ်ဖို့ အချိန်အကြာကြီး ယူလိုက်ရတယ်”
“ငါတို့ဘယ်အချိန်ထွက်မှာလဲ?” တူယွမ်ရှင်းက မေးသည်။ “ဒီလူတွေကို ငါတို့သွားခေါ်ရမယ်”
လင်းဖန်သည် သူ့ကိုတစ်ချက်ကြည့်ကာ လင်းချင်းအား “ဘယ်လိုထင်လဲ? နေရာရွေးထားတော့ အချိန်ကိုလည်း နင်စီစဉ်လို့ရတယ်”
ယွမ်ထန်ရှင်းက ခေါင်းငြိမ့်ကာ သဘောတူသည်။ လင်းချင်းသည် လင်းရှောင်လုနှင့် ဂိမ်းဆက်ဆော့နေရင်းက “နက်ဖြန် နေ့လည်. . .ငါတို့၂နာရီလောက် ထွက်ကြမယ်”
တူယွမ်ရှင်းသည် ခေါင်းငြိမ့်ကာ “ကောင်းတယ်။ နက်ဖြန်မနက်ကျရင် ငါတို့ဒီနေ့ရလာတဲ့သူတွေနဲ့ ချန်ယုတင်းတို့ လူတွေကို အကြောင်းကြားဖို့ လူလွှတ်လိုက်မယ်”