May Honey Logo May Honey
Previous Next

၃၃၀။ ဒေါသထွက်နေတဲ့ ယန်းယန်

အထူးဒေသBတွင် ခမ်းနားသည့် အဆောက်အဦး တစ်ခုရှိသည်။ ထိုအဆောက်အဦးတစ်ခုလုံးကို လည်ပတ်ဖို့ လုံလောက်သည့် စွမ်းအားများရှိသည့် ဆိုလာစက်စွမ်းအင် ၇လုံးလောက် ပါဝင်သည်ကအစ အရမ်းကို ကောင်းမွန်လှသည်။ အဆောက်အဦး၏ ထိပ်တွင် ရေကန်ကြီးတစ်ခုရှိကာ နေ့တိုင်း ရေစွမ်းအားရှင်များက အပေါ်သို့တက်ကာ ရေသန့်ကိုဖြည့်ပေးရသည်။ ထို့အပြင် အဆောက်အဦးသည် အသစ်ဆောက်ထားတာ ဖြစ်သည်။

ထိုလိုဇိမ်ခံအဆောက်အဦး၏ ထိပ်ဆုံးအလွှာတွင် ယန်းယန်သည် ဧည့်ခန်းထဲ၌ ဆိုဖာပေါ်တွင် ထိုင်နေသည့် အသက်၃၀အရွယ်လူကို ဒေါသတကြီး အော်ပြောနေသည်။   “အကိုကြီး! ဘာဖြစ်လို့ ညီမလေးကို မကူညီတာလဲ? သူတို့က ဘယ်သူလဲဆိုတာနဲ့ ဝူချန်းယွဲ့နဲ့ ဘယ်လိုဆက်ဆံရေးရှိရှိ ဂရုမစိုက်ဘူး သူတို့က ညီမလေးရဲ့ ကလေးကို ခြောက်လို့ သူတို့ကို သေစေချင်တယ် ဒါက မဖြစ်နိုင်ဘူးဆိုရင်တောင်မှ ခြေတစ်ဖက် မဟုတ်ရင် လက်တစ်ဖက်တော့ ဖြတ်ပေးစေချင်တယ်!”

ဆိုဖာပေါ်တွင် ထိုင်နေသည့်သူသည် အသက်၃၀ကျော်ရုပ်ပေါက်သော်လည်း တကယ်တော့ ၄၀ကျော်နေတာ ဖြစ်သည်။ သူ့မျက်နှာသည် လေးထောင့်ကျကာ မျက်ခုံးထူထူ၊ မျက်လုံးတောက်တောက်နှင့် နှာခေါင်းဖြောင့်ဖြောင့်ရှိသည်။ သူသည် ဘယ်ထောင့်ကကြည့်ကြည့် ခန့်ညားနေသည်။ သူ့မျက်နှာပေါက်သည် ယန်းယန၃နှင့် ၄၀ရာခိုင်နှုန်းတူသော်လည်း သူကပို၍နူးညံ့ပုံရသည်။

အရမ်းကို ငယ်ရွယ်ကာ ချောမောသည့် မိန်းကလေးတစ်ယောက်မှာ အရိုးမရှိသည့်အလား သူ့ကိုပျော့ခွေစွာ မှီတွယ်နေသည်။ ထိုမိန်းမလှလေးသည် သူမ၏ နူးညံ့သည့်ကိုယ်ဖြင့် ယန်းချောင်း၏ လက်မောင်းကို ပွတ်သပ်နေရင်းက အသံချိုချိုလေးဖြင့် ပြောသည်။   “အဟင်း ဟင်း ဟင်း . . .ချောင်း ဘာဖြစ်လို့ ရှင်က ဝူချန်းယွဲ့ကို ကြောက်နေရတာလဲ? သူတို့ကို ဒုက္ခရောက်အောင် ဓားပြတွေကို ပို့လို့ရတာပဲ။ သူတို့ တစ်ခုခုသိသွားရင်တောင် ဓားပြတွေကို အပြစ်လွှဲချလိုက်လို့ ရတာပဲမလားလို့? ဘာတွေ တွေးပူနေတာလဲ?”

ယန်းချောင်းသည် သူမကို တစ်ချက်ကြည့်ကာ သူ့ညီမလေးကို လှည့်ပြောသည်။   “အခုငါ့ကို ဘာပြဿနာမှ လာပေးမနေနဲ့။ ဝူချန်းယွဲ့သာ ငါတို့လုပ်လိုက်တာကြောင့် ငါတို့အစီအစဉ်ကို သိသွားရင် အရင်ဆုံး အပြစ်ပေးခံရမှာက နင်ပဲ”

“ဒါပင်မယ့် ငါ့ကလေးကို ကြည့်ပါဦး မနေ့တည်းက စောင်အောက်မှာ ပုန်းနေရှာတာ။ အခုအထိ ထွက်မလာနိုင်သေးဘဲ ဘောင်းဘီထဲကို သေးပေါက်ချနေတုန်းပဲ သူကအကိုကြီးရဲ့တူပါ! သူ့ကိုဒီလိုပဲ လွှတ်ထားတော့မလို့လား?”   ယန်းယန်သည် ယန်းချောင်းကို အော်သည်။

ယန်းချောင်းသည် ကျွတ်သပ်ကာ စိတ်ရှည်ရှည်ထား၍ ပြောသည်။   “ဘာဖြစ်လို့ ဒီလူတွေနဲ့ရှုပ်ဖို့ သူ့ကိုအားပေးအားမြှောက်လုပ်ခဲ့တာလဲ? အဲ့နေရာမှာတင် သူ့ကိုဟိုက သင်ခန်းစာပေးသွားတာနဲ့တင် မလုံလောက်နိုင်သေးဘူးလား?”

ယန်းယန်သည် ခနငြိမ်သွားကာ နောင်တရစွာဖြင့်   “ဆံပင်ရှည်နဲ့မိန်းမကို စိတ်တိုသွားမိလို့ပါ။ ယန်းဟွေ့က သူ့ကိုကြိုက်တာ သူကတောင် ကျေနပ်နေသင့်တဲ့ဟာကို သူ့အတွက်ဘာကောင်းလဲကို မသိဘူး! အဲ့ဒါကြောင့် သူ့ဦးလေးအစား လက်တုန့်ပြန်ပေးဖို့ သားကိုလုပ်ခိုင်းလိုက်တာ ဘာမှားလို့လဲ?”

ယန်းယန်၏ စကားဆုံးသည်နှင့် မိန်းမလှလေးသည် ယန်းချောင်းအား    “ယန်က ဟွေ့ကောင်းဖို့အတွက် လုပ်ခဲ့တာ။ သူမမှားဘူးလို့ ထင်တာပဲ”

ထိုမိန်းမက သူမကို ထောက်ခံပေးနေသည့်အခါ ယန်းယန်သည် ပိုယုံကြည်မှုရှိသွားကာ   “ယွန်ပြောတာက လုံးဝမှန်တယ်။ အကိုကြီး သူတို့တွေကို ခံစားရအောင်လုပ်ဖို့ နည်းတစ်ခုခုတွေးကြည့်ပေးပါ။ တခြားသူတွေကို ရှင်ခွင့်ပေးနိုင်ပင်မယ့် နေကာမျက်မှန်နဲ့ ယောက်ျားလျာမကို အရင်သေစေချင်တယ်! သူ့ခြေတွေလက်တွေ အကုန်ဖြတ်ပြီးတော့ ဒေသFက ညစ်ပတ်နံစော်နေတဲ့ဒုက္ခသည်တွေကို မုဒိန်းကျင့်ခိုင်းရမယ်။ သူမသေမချင်းကို မုဒိန်းကျင့်သတ်ပစ်စေချင်တာ”

“ပါးစပ်ပိတ်စမ်း!”   ယန်ချောင်းသည် မျက်မှောင်အနည်းငယ်ကြုံ့ကာ ပြောသည်။   “သူကို ဘယ်သူမှတ်နေလဲ? လူရှေ့သူရှေ့မှာ စတိုက်ရဲတဲ့သတ္တိရှိတဲ့သူပဲ။ ဒီလိုရှင်းဖို့ လွယ်မယ်ထင်နေလား? မနေ့က သူ့အကြောင်းကိုရှာဖို့ ငါလူလွှတ်ထားပင်မယ့် နင်ပြောနေတဲ့မိန်းမက ဘာခြေရာလက်ရာမှ မရှိဘူး။ ငါ့လူတွေကတောင် သူ့အကြောင်းကို ရှာမရတာ။ ပြီးတော့လည်း သူတို့က အခုဝူချန်းယွဲ့နဲ့ အတူအလုပ်လုပ်နေတယ်။ ငါတို့သာ တစ်ခုခုသွားလုပ်လိုက်လို့ကတော့ ငါတို့ကို တိုက်ဖို့အကြောင်းပြချက်ကောင်းကောင်း ရသွားလိမ့်မယ်!”

“အား!!!”   သူ့စကားကိုကြားသည့်အခါ ယန်းယန်သည် အကျယ်ကြီး ဒေါသထွက်၍ အော်ကာ စားပွဲပေါ်က လက်ဖက်ရည်အိုးကို ကြမ်းပြင်ပေါ်သို့ ကွဲအောင်တိုက်ချလိုက်သည်။

“​ဟိုဟာလုပ်မရဘူး ဒီဟာလုပ်မရဘူးနဲ့ ဒါဆိုရင် ဘာလုပ်ရမှာလဲ? ညီမလေးရဲ့ကလေးက အရမ်းကိုကြောက်နေတာ။ ဒီလူတွေက သူတို့လုပ်တာအတွက် ဘာမှပြန်မပေးရဘူးလား? ဒါဘယ်လိုဝဍ်မျိုးလဲ? ဘယ်သူက ညီမလေးတို့အတွက် တရားမျှအောင် လုပ်ပေးမှာလဲ?”

သွေးရူးသွေးတန်းဖြစ်နေသည့် သူ့ညီမကိုကြည့်ကာ ယန်ချောင်းသည် နဖူးပေါက်ကို လက်တစ်ဖက်တင်၍ ပြောသည်။   “ဟုတ်ပြီ ဟုတ်ပြီ အရင်စိတ်အေးအေးထား! နင့်အစွမ်းတွေက မငြိမ်တော့ဘူး။ တကယ်လို့ ပေါက်သွားရင် နင်ပဲခံရမှာ။ ငါရှင်းပေးမယ်။ အခုတော့ နင့်သားကို သေချာစောင့်ကြည့်ဖို့ နင်အိမ်ပြန်တော့!”

“မရဘူး! မပြန်နိုင်ဘူးလို့!”   စိတ်ကြီးနေသည့် ယန်းယန်သည် မတွေးဘဲ အော်ပြောသည်။

“ပြန်တော့!!!”   သူမက စိတ်မငြိမ်သလို ကျိုးကြောင်းမစီလျော်ဖြစ်လာသည့်အခါ ယန်းချောင်းသည် သူမကို ဆူဖို့ကလွဲ၍ တခြားမရှိတော့ပေ။ အအော်ခံလိုက်ရသည့်အခါ ယန်းယန်သည် ခနတောင့်သွားကာ ချက်ချင်းလှည့်ထွက်သွားသည်။

“မင်းလည်းပြန်တော့!”   ယန်းချောင်းသည် သူ့ဘေးက မိန်းမကို ပြောသည်။

“ဟုတ်ကဲ့”   အမျိုးသမီးသည် ခနငြိမ်ကျသွားကာ နာခံစွာဖြင့် ထသွားသည်။ တစ်လှမ်းနှစ်လှမ်းလျှောက်ပြီးသည့်နောက် သူမသည် နောက်သို့ပြန်လှည့်ကြည့်ကာ   “ဒီညပြန်လာလို့ရမလား?”

“မင်းကိုအကြောင်းကြားဖို့ လူလွှတ်လိုက်မယ်”   ယန်းချောင်းက ဒီတိုင်းပြောသည်။

“ဟုတ်ကဲ့ပါ”   အမျိုးသမီးသည် စိတ်မပါစွာဖြင့် လှည့်ပြန်သွားသည်။

ယန်ချောင်းသည် နာရီကို တစ်ချက်ကြည့်ကာ မီးဖိုချောင်သို့သွား၍ ရေနွေးအိုးကို တည်လိုက်သည်။ ထို့နောက် ကမ္ဘာပျက်ခေတ်တွင် အရမ်းကိုရှားပါးသည့် ကော်ဖီမှုန့်ကိုထုတ်လိုက်ကာ သူသောက်ဖို့ တစ်ခွက်ဖျော်လိုက်သည်။

ထို့နောက် ကော်ဖီကိုဇွန်းဖြင့် မွှေလိုက်ကာ ခွက်ကိုကိုင်၍ ဝရံတာသို့ ထွက်လာသည်။ ထို့နောက် အဝေးကိုငေးကြည့်ရင်း ကော်ဖီကို တစ်ငုံချင်းငုံသောက်နေသည်။

ကော်ဖီသောက်ပြီး၍ အထဲသို့ ပြန်ဝင်လာချိန်တွင်ပဲ တံခါးခေါက်သံထွက်လာ၍ စစ်သားတစ်ယောက်က ဝင်လာသည်။   “ခေါင်းဆောင် ထန်လူကြီးမင်း ရောက်လာပါတယ်”

ယန်ချောင်းသည် ခေါင်းငြိမ့်ကာ   “ဝင်ခိုင်းလိုက်”

စစ်သားက တံခါးဖွင့်ပေးသည့်အခါ လူတစ်ယောက်က ဝင်လာသည်။ ထန်ဟေးသည် ဝင်လာကာ တံခါးပြန်ပိတ်ပေးသွားသည့် စစ်သားကို တစ်ချက်ကြည့်ပြီးမှ ဆိုဖာရှိရာသို့ လျှောက်လာသည်။

“ထိုင်ပါဦး။ ကော်ဖီဖျော်ပေးမယ်”   ယန်းချောင်းသည် သူ့ကိုပြောကာ မီးဖိုချောင်ထဲသို့ ခွက်အလွတ်တစ်လုံးဖြင့် ဝင်သွားကာ နှစ်ခွက်သယ်ယူလာသည်။

ထန်ဟေးသည် သူ့ကိုကြည့်ကာ   “ဟိုလူတွေက ဒီနေ့သွားတော့မယ်။ လင်းဖန်က အဆင့်၆ရောက်စနဲ့ တခြားခေါင်းဆောင်နှစ်ယောက်က အဆင့်၅တွေ။ ယွမ်ထန်ရှင်းက သူတို့နဲ့ လိုက်မသွားဘူး။ လမ်းမှာတစ်ခုခုဖြစ်မှာကို သူတို့မပူကြဘူးလား?”

ယန်းချောင်းသည် သူ့အရှေ့သို့ ကော်ဖီတစ်ခွက်ချကာ ပြောသည်။   “မဟုတ်ဘူး. . .သူတို့နောက်မှာပုန်းနေတဲ့ အားကောင်းတဲ့သူတွေကို မင်းမတွေ့သေးလို့”

ထိုအခါ ထန်ဟေးသည် အံ့သြသွားကာ   “အင်အားကြီးတွေ? သူတို့မှာ ထောက်ပံ့ပေးနေတဲ့သူတွေ အများကြီးရှိတာလား?”

ယန်းချောင်းက ခေါင်းငြိမ့်ကာ   “တစ်ယောက်ကတော့ အံ့သြစရာပဲ။ ငါလူတချို့လွှတ်ပြီး စုံစမ်းခိုင်းထားပင်မယ့် နောက်ကြောင်းကို ရှာမရဘူး”

“ဒါဆိုရင် အဲ့တစ်ယောက်က. . .လင်းမိသားစုနဲ့ အတူသွားမှာလား?”   ထန်ဟေးက မေးသည်။   “မင်းတောင် သူ့နောက်ခံအကြောင်းကို မသိဘူးဆိုရင် . . . ငါကဘာသွားလုပ်ရမှာလဲ?”

ယန်ချောင်းက ခေါင်းခါကာ ဖြေသည်။   “မဟုတ်ဘူး။ ငါတို့အစီအစဉ်ပြောင်းမယ်။ သူတို့နဲ့ စခန်းအပြင်လိုက်ထွက်စရာ မလိုဘူး။ ဒီအစား စခန်းမှာကျန်ခဲ့မယ့် မိန်းမကို မင်းကဖမ်း။ ကျန်တာကို ငါကိုင်တွယ်လိုက်မယ်!”   ဒီလိုပြောကာ စားပွဲပေါ်သို့ ဓာတ်ပုံတစ်ခုကို ထုတ်တင်လိုက်ကာ ထန်ဟေးဆီသို့ တွန်းပို့သည်။ 

ပုံထဲက မိန်းကလေးသည် ဆံပင်အဖြောင့်အရှည်အနက်ဖြင့် လင်းဝမ်ဝမ်ဖြစ်သည်။ ထန်ဟေး၏ မျက်လုံးများသည် ပုံကိုမြင်သည့်အခါ တောက်ပသွားသည်။ သူသည် နှုတ်ခမ်းကိုသပ်ကာ ဓာတ်ပုံကိုစိုက်ကြည့်ရင်း   “ဒီမိန်းမက လှလိုက်တာ။ ဘယ်သူလဲ?”

“လင်းမိသားစုရဲ့ သမီးအငယ်ဆုံး”   ယန်းချောင်းက ပြောသည်။   “သူ့ကိုဖမ်းမိရင် မင်းကြိုက်တာလုပ်။ ဒါပင်မယ့် သေချာဖွက်ထားဖို့လိုမယ်. . .ငါ့မှာနောက်အစီအစဉ်ရှိလို့”  
Previous Chapter 330 of 410 Next