May Honey Logo May Honey
Previous Next

၃၇၈။ သေချာအောင်လုပ်

တူယွမ်ရှင်းက ရေရွတ်သည်။   “ငါတို့အခု လူ၄ရာလောက် ရှိနေပြီ။ ဒါကများနေပြီလို့ ငါထင်တယ်. . .ငါတို့က စခန်းနံရံဆောက်ရုံတင်။ ဒီလောက်လူအများကြီး မလိုဘူးမလား?”

ယွမ်ထန်ရှင်းသည် ခပ်ဖွဖွပြုံးကာ သူ့အားတစ်ချက်ကြည့်၍   “ငါတို့ နံရံအတွင်းထဲက အဆောက်ဦးထဲတွေကိုရော ရှင်းဖို့ မလိုဘူးလား?”

ထိုအခါ တူယွမ်ရှင်းသည် အလုပ်ပြီးသည်နှင့် အကြီးဆုံးလုပ်ရမည့် သန့်ရှင်းကို သူမေ့သွား၍ စိတ်ညစ်သွားသည်။   “ဪ. . .ဟုတ်သားပဲ ငါတို့လမ်းတွေနဲ့ လူနေဖို့ နေရာတွေကို ရှင်းရဦးမယ်။ အခုဆိုရင် လမ်းတွေမှာ စွန့်ပစ်ထားတဲ့ကားတွေ ပုံနေမှာ။ ဇွန်ဘီတွေကသာ ရှင်းပေးရင် ကောင်းမယ်”

“ဒါကအကြံကောင်းပဲ”   လုံချင်းယင်က ပြောသည်။   “ဒါပင်မယ့် လုမိန်းကလေး ဒါမှမဟုတ် ချူးလီလီကို အကူအညီတောင်းမှပဲ”

သူက လင်းချင်း သို့မဟုတ် ချူးလီလီလို ကြောက်ဖို့ကောင်းသည့် ဇွန်ဘီများအား တောင်းဆိုရမည်ကို ကြားသည့်အခါ တူယွမ်ရှင်းသည် ခေါင်းကိုအမြန်ခါကာ   “မဟုတ်ဘူး မဟုတ်ဘူး ငါတို့လမ်းတွေကို ကိုယ့်ဟာကိုယ်ရှင်းတာက ပိုမြန်လိမ့်မယ်”

လင်းဝမ်ဝမ်သည် မျက်လုံးကို လှန်လိုက်ကာ ပြောသည်။   “အနည်းဆုံးတော့ အဲ့ဒီဇွန်ဘီတွေက အလုပ်လုပ်နေတုန်း နင့်အပေါ်ကို ခုန်အုပ်ပြီး မစားပါဘူး။ ကျေးဇူးကန်းမနေနဲ့”

သူမပြောသည်က မှန်သဖြင့် ကျန်သည့်သူတိုင်းက ခေါင်းငြိမ့်လိုက်သည်။ သူတို့ စခန်းဆောက်နေစဉ် လူအချို့သည် ဇွန်ဘီတို့က လာတိုက်ခိုက်မည်ကို စောင့်ကြပ်ကာ ကျန်သည့်တစ်ဝက်က အလုပ်လုပ်ရတာ ဖြစ်သည်။ ထိုအချိန်တုန်းက လူတိုင်းသည် အခုလို ခံစားချက်မျိုး မဟုတ်ပေ။ အများစုသည် ကြောက်လန့်၊ စိတ်ဓာတ်ကျ၊ ကြောက်လန့်ကြ၍ ကူကယ်ရာမဲ့ဖြစ်ကြသည်။

သို့သော်လည်း အခုကတော့ ကမ္ဘာပျက်ခေတ်မတိုင်ခင်က အခြေအနေမျိုး ဖြစ်နေကာ ဇွန်ဘီများဖြင့်တောင် ရင်းနှီးနေကြသည်။ ငါးနှစ်ကြာသွားသော်လည်း သူတို့သည် ဒီအခြေအနေဖြင့် နေသားကျနေကြသည်။

“နင်ဒီမှာ လူဆက်စုဖို့ နေခဲ့။ ကျန်းကျားနဲ့ ဝမ်ရှင်းကတော့ မင်းကိုကူညီပေးလိမ့်မယ်”   ယွမ်ထန်ရှင်းက ဆုံးဖြတ်ချက်ချလိုက်သည်။   “ငါတို့တွေကတော့ နောက်၁ရက် စောင့်ကြမယ်။ လုမိန်းကလေးက မနက်ဖြန်ပေါ်မလာရင် ငါတို့လေးယောက် နေ့လည်မှ ထွက်ကြမယ်။ ဟိုကို ၆နာရီလောက် ရောက်မှာပဲ”

အခြားသူများသည် သဘောတူစွာဖြင့် ခေါင်းငြိမ့်လိုက်သည်။

. . .

တစ်ဖက်တွင်တော့ ဝူယွဲ့လျန်ကို ချီထားကာ ပြန်လာခဲ့သည့် တစ်လမ်းလုံးတွင် ဝူချန်းယွဲ့က ဘာမှမပြောဘဲ အပြုံးဖျော့ဖျော့က ထုံးစံအတိုင်းရှိနေခဲ့သည်။ သို့သော်လည်း မုန့်ယွဲက သူ့ကို တစ်ချိန်လုံး အာရုံစိုက်ကြည့်နေခဲ့လေရာ သူသည် တစ်ချိန်လုံး စိတ်နှင့်လူမကပ်ကြောင်းကို သိခဲ့သည်။ ဝူချန်းယွဲ့သည် စခန်းက အိမ်သို့ပြန်ရောက်သည့်အခါ အားကစားဝတ်စုံကို လဲဝတ်ထားလိုက်တော့သည်။

“ချန်းယွဲ့ ဟိုမှာ တစ်ညလုံးရှိနေခဲ့တာ။ တကယ်အဆင်ပြေလား?”
မုန့်ယွဲ့သည် မိုလီကိုလိုက်ပို့၍ သူတို့အိမ်သို့ရောက်သည့်အခါ မေးသည်။

မိုလီသည် စခန်းအလည်တွင် နေတာပဲ ဖြစ်သည်။ ဝူချန်းယွဲ့သည် သူတို့နားက အဆောက်အဦးတစ်ခုတွင် နေရာချပေးထားသည်။ အဆင့်၅ စွမ်းအားရှင် ၂ယောက်ကို သူမအား စောင့်ကြပ်စေသည်။ သူမသည် တိုက်ခိုက်နိုင်စွမ်းမြင့်ကာ သူမကိုယ်သူမ အတိုင်းအတာ တစ်ခုအထိတော့ ကာကွယ်နိုင်သော်လည်း အဆင့်၆ သို့မဟုတ် အဆင့်၇ ရန်သူဖြင့်တွေ့လျှင် လုံခြုံအောင် ဒီလိုပေးထားတာ ဖြစ်သည်။

မုန့်ယွဲ့၏ အမေးကိုကြားသည့်အခါ ဝူယွဲလျန်က ဝူယွဲ့လျန်ကို ဆိုဖာပေါ်တွင် ချလိုက်ကာ မော့ကြည့်၍   “တစ်ချို့ကိစ္စတွေ ဖြစ်သွားခဲ့တယ် . . . ဒါပင်မယ့် ငါပြောရင် မင်းလက်မခံနိုင်မှာကို ငါစိုးရိမ်တယ်။ ယွဲ့ ဒီငါးနှစ်လုံးမှာ မင်းကို သူငယ်ချင်းကောင်းလို ညီမလေးလိုပဲ မြင်ခဲ့တာ။ မင်းဒါကိုလည်း သိမယ်လို့ ငါထင်ပါတယ်”

ထို့နောက် သူ့သည်ပြုံးမနေတော့ဘဲ မုန့်ယွဲ့အား တည်ငြိမ်စွာ ကြည့်ကာ   “ထိုင်ပါဦး စကားပြောရအောင်”

သူ့မျက်နှထားနှင့် စကားတို့ကို ကြားသည့်အခါ မုန့်ယွဲ့သည် အတော်မကောင်းသည့် ခံစားချက်ကို ရလိုက်သည်။ သူမသည် သွေးတက်သွားကာ လှည့်ပြေးချင်သွားသည်။ သို့သော်လည်း သူမသည် အရှေ့ကခုံတွင် နာခံစွာ ထိုင်လိုက်ကာ ဝူချန်းယွဲ့ကို ကြည့်နေလိုက်သည်။

ဝူချန်းယွဲ့သည် ခနတွေးကာ ပြောသည်။   “ဒီနှစ်တွေမှာ ငါ့အတွက် အလုပ်လုပ်ပေးခဲ့ပြီးပြီ။ မင်းက တကယ်လုပ်ကိုင်နိုင်စွမ်းရှိပြီးတော့ ငါကဒီလိုလူတွေကို သဘောကျတယ်။ တခြားသူတွေရှေ့မှာ ငါတို့က ခေါင်းဆောင်နဲ့ လက်အောက်ငယ်သားဆိုပင်မယ့် အိမ်မှာတော့ သူငယ်ချင်းတွေပဲ။ မင်းကို ဂရုစိုက်ပေးနေခဲ့တာက ငါ့ညီမလေးလို ဖြစ်နေလို့။ မင်းဘဝတစ်လျှောက်လုံး အတူတူဖြတ်သန်းဖို့ လူကောင်းတစ်ယောက်နဲ့ တွေ့ပါစေလို့ ငါဆုတောင်းပေးလိုက်ပါတယ်”

မုန့်ယွဲ့က ကြောက်လန့်သွားကာ   “ချန်းယွဲ့ တော်ပါတော့. . .”   သူမက ဖြတ်ပြောသည်။

သို့သော်လည်း ဝူချန်းယွဲ့သည် စကားကို ရပ်ဖို့အစီအစဉ်မရှိဘဲ ဆက်ပြောသည်။   “ဘာဖြစ်လို့ ရုတ်တရပ်ကြီး ငါ့ကို မင်းချစ်မိသွားတာလဲ ဆိုတာတော့ ငါလည်း မသိဘူး။ ဒါမင်းအမှား မဟုတ်ပါဘူး။ မင်းရဲ့ခံစားချက်တွေကို ပြန်မတုန့်ပြန်ပေးနိုင်တဲ့ ငါ့အမှားပါ။ ငါ့လိုပဲ မင်းလည်း ယွင့်လုံကို မတုန့်ပြန်နို်တော့ ငါ့ကိုနားလည်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်”   သူတို့က အခြေအနေတူသောကြောင့် သူမက နားလည်ပေးမည်ဟု သူယုံကြည်သည်။

မုန့်ယွဲ့သည် အမြဲတမ်း မိန်းမဖြစ်ခဲ့သည်။ သို့သော်လည်း အခုတော့ သူမသည် စိတ်ထဲတွင် အလဲလဲအပြိုပြိုဖြစ်သွားကာ ချက်ချင်းထ၍   “ချန်းယွဲ့ ညစာမပြင်ရသေးဘူး. . .ညစာသွားပြင်ဦးမယ်. . .”

“ထိုင်ဦး. . .ငါပြောလို့ မပြီးသေးဘူး”   ဝူချန်းယွဲ့က ပြောသည်။

“မဟုတ်ဘူး ငါမကြားချင်တော့ဘူး”   မုန့်ယွဲ့က သူ့အားခေါင်းခါကာ ပြောသည်။

ဝူချန်းယွဲ့က သက်ပြင်းချကာ   “ထိုင်။ အနှေးနဲ့အမြန် ငါဒါကို မင်းကို ပြောပြရမှာပဲ. . .ကျေးဇူးပြုပြီးတော့”

မုန့်ယွဲ့သည် သူ့ကိုစိုက်ကြည့်ကာ ခနရပ်တန့်သွားပြီးမှ ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။ သူမ၏ မျက်နှာသည် ခါးသက်နေကာ သူမ၏ ခေါင်းထဲတွင် အတွေးတို့က အစီအစဉ်မကျနေဖြစ်သည်။

‘ဘာဖြစ်လို့ ငါ့ကို ရုတ်တရပ်ကြီး ပြောနေတာလဲ? ဘယ်တုန်းကမှ ငါ့ကိုအခွင့်အရေး မပေးဖူးပါဘူး။ ငါနဲ့ခပ်ခွာခွာလည်း တမင်နေတာမှ မဟုတ်တာ။ ဒီလိုကိုးယိုးကားယားအခြေအနေကြီးကို ရှောင်ဖို့အတွက် ငါတို့က ရှောင်ယွင့်လုံနဲ့ သုံးယောက်သား တစ်အိမ်တည်း နေကြတာလေ’

သို့သော်လည်း သူမသည် လက်လျော့ဖို့ကို ဘယ်တုန်းကမှ မတွေးခဲ့ပုံပေ။ တစ်နေ့တွင်တော့ ဝူချန်းယွဲ့သည် သူမက သူ့ကိုဘယ်လောက်ချစ်ကြောင်း သိသွားကာ ဖြည်းဖြည်းချင်း လက်ခံလာလိမ့်မည်ဟု ယုံကြည်ခဲ့ပေ။ သို့သော်လည်း အခုတော့ သူကရှင်းအောင် လုပ်နေသည်။ သူမအား ငြင်းသည့်စကားများကို ပြောနေသည်။

မုန့်ယွဲ့သည် လက်မခံနိုင်ပေ။ သူမသည် ဝူချန်းယွဲ့ထံမှ ငြင်းဆိုမှုများကို လက်မခံနိုင်ပေ။ သူမသည် မကြားချင်တော့ပေ။ သို့သော်လည်း သူ့ကို ဒါကြောင့်ဖြင့် သူမကို ဆက်သဘောမကျတော့တာမျိုး မဖြစ်ရလေအောင် နာခံနေခြင်းကိုလည်း မရပ်ရဲပေ။

သူမ၏ မျက်နှာထားကြောင့် ဝူချန်းယွဲ့သည် စိတ်ထဲက သက်ပြင်းချလိုက်သည်။ သူခံစားရသည်များကို ပြောမှဖြစ်မည်။ မပြောဘဲထားပါက သူမသည် ပိုမျှော်လင့်နေပါက ကိစ္စတွေက ပိုရှုပ်ထွေးသွားနိုင်သည်။

သူသည် ဝူယွဲ့လျန်၏ ဆံပင်ကို ပွတ်ပေးရင်း   “အရင်တစ်ခါက မင်းပြောခဲ့သလိုပဲ လျန်လျန်အတွက် အမေရှာပေးသင့်ပြီ။ ငါလည်း ဒါကိုတွေးနေခဲ့တာ။ မင်းက ကလေးမဟုတ်တော့ဘူး။ မင်းအချိန်တွေကို ငါ့အတွက် မဖြုန်းပစ်ပါနဲ့။ ယွင့်လု့ကို တကယ်လက်မခံချင်ဘူးဆိုရင် တခြားသူတွေကို မင်းတွေးကြည့်တော့”

မုန့်ယွဲ့သည် မျက်လုံးများပြူးသွားကာ သူ့အားကြည့်သည်။ သူပြောသည်ကို ကြားသည့်အခါ သူမသည် အသက်ရှုကြပ်လာကာ မျက်လုံးများ နီရဲလာသည်။ နှလုံးသားထဲက ဝမ်းနည်းမှုကြောင့် မျက်ရည်များက ထွက်ကျတော့မတက် ဖြစ်လာသည်။ ထို့နောက် သူမသည်ထရပ်လိုက်ကာ ဘာမှမပြောတော့ဘဲ အပေါ်မှ ထပ်က သူမ၏ အခန်းထဲသို့ ပြေးတက်သွားသည်။

သူမ၏နောက်ကျောကိုကြည့်ကာ ဝူချန်းယွဲ့က သက်ပြင်းချသည်။   “ဖေဖေက အန်တီယွဲ့ကို ငိုအောင်လုပ်လိုက်ပြီ”   ဝူယွဲ့လျန်ကိုကြည့်ကာ   “ဖေဖေ ဘာလုပ်သင့်လဲ? ညစာစားဖို့ ဘာမှမရှိတော့ဘူး”

ကမ္ဘာပျက်ခေတ်တွင် လူတိုင်းသည် လျန်လျန်ကြောင့် သူကအိမ်ထောင်ပြုပြီးသားဟု ထင်နေကြသည်။ သို့သော်လည်း သူသည် ဘယ်တုန်းကမှ လက်မထပ်ဖူးပေ။ ကမ္ဘာမပျက်ခင်တုန်းကလည်း သူသည် တစ်ကိုယ်တည်းသမား တစ်ယောက်ပဲ ဖြစ်သည်။

သူသည် ကြည့်ကောင်းသည့် စခန်းခေါင်းဆောင် ဖြစ်သောကြောင့် သူ့အားကြွေနေကြသည့် မိန်းမများစွာမှာ မေးစရာမလိုအောင်ကို ရှိသည်။ သို့သော်လည်း သူသည် ကြေးများသည့် ယောက်ျားဖြစ်လေရာ မကြိုက်သည့် မိန်းမတို့ကို မထိခဲ့ပေ။ ထို့ကြောင့် သူ့စိတ်ဆန္ဒများကို သူလက်ဖြင့်သာ ဖြည့်စည်းလေ့ရှိသည်။   
Previous Chapter 378 of 410 Next