၃၇၁။ ဒါကသူ့နယ်မြေ
တခြားလူများသည် ဘယ်လိုတုန့်ပြန်ရမလဲ မသိချိန်တွင်ပဲ အဆင့်၇စွမ်းအားရှင်နှင့် သူ့သမီးတို့မှာ နွယ်များဖြင့် ရစ်ပတ်ခံရ၍ မျက်စိတစ်မှိတ်အတွင်းမှာ ပျောက်သွားတော့သည်။
“ချန်းယွဲ့” မုန့်ယွဲ့၏ မျက်နှာသည် သိသိသာသာကို ပျက်ယွင်းသွားသည်။ သူမသည် ခေါင်းကိုမော့ကာ နွယ်များကိုလိုက်ရှာသော်လည်း မတွေ့ပေ။ ဝူချန်းယွဲ့တို့ သားအဖကို ပတ်ထားသည့် နွယ်တို့မှာ လေထဲတွင် ပျောက်သွားခြင်းပင်။
ထိုအချိန်တွင် လက်ချောင်းတစ်ခုစာလောက်ပဲရှိသည့် နွယ်မျှင်မျှင်လေးသည် ထောင့်တစ်ခုကနေ ကျလာကာ မုန့်ယွဲ့၏လက်ကို ရစ်ပတ်လိုက်ပြီးနောက် ထိုနွယ်သည် ပြန်ပျောက်ကွယ်သွားသည်။ မုန့်ယွဲ့သည် ခနကြောင်အသွားကာ ထူးဆန်းသည့် မျက်နှာထား ဖြစ်ကျန်ခဲ့သည်။
“မုန့်မိန်းကလေး ဘာကိုခံစားလိုက်ရလို့လဲ?” သူမ၏ မျက်နှာထားကြောင့် တခြားသူများသည် နားမလည် ဖြစ်သွားကြသည်။ သူတို့သည် ဝူချန်းယွဲ့ကို စိတ်မပူကြပေ။ အဆင့်၇ မိုးကြိုးစွမ်းအားရှင် တစ်ယောက်က ဒီထူးဆန်းသည့်နွယ်ကို ကြောက်ဖို့ လိုပါ့မလား?
ထို့အတူ ဒီနွယ်များထံမှ သတ်ခြင်းစိတ်ဆိုသည်က ဝေးစွ။ တိုက်ခိုက်ချင်စိတ်ကိုတောင် သူတို့ခံစားမိတာမှ မဟုတ်တာ။ ထို့ကြောင့်လည်း ဝူချန်းယွဲ့၏ တုန့်ပြန်မှုတို့က နှေးသွားခြင်းသာ။ ဒီနွယ်တွင်သာ မကောင်းသည့်စိတ်ရှိလျှင် ပေါ်လာတည်းက ဝူချန်းယွဲ့သည် ပြာကျသွားအောင် မိုးကြိုးဖြင့် ပစ်ချမှာပင်။
မုန့်ယွဲ့သည် တခြားသူများကို နားမည်စွာကြည့်ရင်းက “ဒီထူးဆန်းတဲ့နွယ်က ငါ့ကိုအကြောင်းကြားသွားတယ်။ ပြောသွားတာက ‘ငါယောက်ျားတစ်ယောက်ကို ငှားဖို့လိုလို့’ . . .ဘာသဘောကြီးလဲ?”
လူတိုင်းသည် အံ့သြသွားကာ ဒီနွယ်တို့က အကောင်းဆုံးကို ရွေးချယ်သွားသည်ဟု ခံစားလိုက်ရသည်။ အခန်းထဲတွင်ရှိသည့် အသန်မာဆုံးသူကို ရွေးခေါ်သွားခြင်းကြောင့် ဖြစ်သည်။
“ဟင်. . .ခေါင်းဆောင်ကို ဘာလုပ်ဖို့ ငှားတာလဲ?”
တခြားသူများသည် နားမလည်သဖြင့် ခေါင်းခါကြသည်။ သူတို့တွင် ဘာအတွေးမှမရှိဘဲ နားမလည်ခြင်းတို့ဖြင့်သာ ပြည့်နေသည်။
. . .
ထိုအချိန်တွင် ဝူချန်းယွဲ့ည် လင်းချင်း၏ နယ်မြေထဲသို့ ရုတ်တရတ်ခေါ်ခံလိုက်ရသည့်အခါ နားမလည်ဖြစ်နေသည်။ ဝူယွဲ့လျန်ကိုတော့ သူ့လက်ထဲတွင် ပွေ့ထားဆဲပင်။ သူတို့ဒီနေရာသို့ ရောက်သည်နှင့် နွယ်ဖြူတို့က ပျောက်လို့သွားသည်။
ဝူချန်းယွဲ့သည် သတိဖြင့် ဘေးကိုကြည့်သည့်အခါ သူတို့က ထူးဆန်းသည့် ကန်ဘေးတွင်ရှိကြောင်း တွေ့လိုက်ရသည်။ သူသည် ကန်အနားကနေ အလိုလိုဆုတ်လိုက်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
မြက်ခင်းပေါ်တွင် ပရိဘောဂများရှိနေကာ ထူးဆန်းသည့် တောအုပ်တစ်ခုရှိ၍ တောအုပ်အနောက်တွင် မြူတို့က ဆိုင်းနေသည်။ ကောင်းကင်သည်လည်း မြူတို့ဖြင့် ထူထပ်စွာ အုပ်ဆိုင်းနေသည်။
သူ့လက်ကို လှုပ်လိုက်သော်လည်း သူ့အမှုအယာက ပြောင်းသွားသည်။ ဝူယွဲ့လျန်အား လက်တစ်ဖက်တည်းဖြင့် ချီလိုက်သည်။ သူ့တစ်ဖက်လက်ဝါးမှ လျှပ်စစ်တို့က တဖြစ်ဖြစ်ထွက်နေသော်လည်း အရင်ကထက် အများကြီး အားနည်းသွားတော့သည်။ ထိုလျှပ်စစ်သေးသေးလေးတို့သာ သူ့လက်ဝါးကနေ ထွက်နေတာ ဖြစ်သည်။
ကောင်းကင်ကို ခေါင်းမော့ကြည့်သော်လည်း အပေါ်ကနေ ဘာမိုးကြိုးအစွမ်းကိုမှ မခံစားမိသလို သူနှင့်ကောင်းကင်ကြားက ဆက်သွယ်မှုက ပြတ်တောက်သွားသလိုပင်။ အခုအချိန်တွင် သူသည် သူ့အစွမ်း၏ ၁၀ သို့မဟုတ် ၅ရာခိုင်နှုန်းလောက်တောင် အစွမ်းများကို မထုတ်နိုင်ပါပေ။
ဝူချန်းယွဲ့က ဖြစ်နေသည်ကို သတိအပြည့်ဖြစ်နေချိန်တွင် ဝူယွဲ့လျန်သည် သူချီထားရာကနေ ကိုယ်ကိုရုန်းထွက်၍ ဆင်းလိုက်သည်။
“လျန်လျန် မပြေးနဲ့ ဒီနေရာက အန္တရာယ်များတယ်”
ဝူချန်းယွဲ့သည် အမြန်တားသော်လည်း ဝူယွဲ့လျန်က ခေါင်းခါပြကာ နယ်မြေလေးတစ်ခုသို့ လက်ညိုးထိုးပြသည်။
ဝူချန်းယွဲ့က ထိုဘက်သို့ကြည့်လိုက်သည့်အခါ သဏ္ဍာန်တစ်ခုကို တွေ့လိုက်ရသဖြင့် အော်ပြောသည်။ “ဘယ်သူလဲ? ထွက်လာခဲ့”
ရှန်းယုကျန်းသည် နယ်မြေလေးထဲကနေ သူ့အား နားမလည်စွာကြည့်ရင်း ထွက်လာသည်။ သူတို့ကြားတွင် ဝေးနေသော်လည်း ဝူချန်းယွဲ့သည် သူမမှန်း မှတ်မိသွားသည်။
“မင်းက ကျန်း?”
ချန်ယုတင်း၏ ဇနီးကို သူသိလေရာ သူမကို မြင်သဖြင့် သူအနည်းငယ် အံ့သြသွားသည်။
ရှန်ယုကျန်းသည် သူ့ထံမှ သုံးမီတာအကွာတွင်ရပ်နေရင်း ခေါင်းငြိမ့်ပြသည်။
ဝူချန်းယွဲ့သည် သူမကိုကြည့်ကာ မေးသည်။ “တကယ်နင်ပဲ။ နင်က. . .အခု ဇွန်ဘီလား? ဖြောင်ကောချန်ကို တကယ်ကိုက်လိုက်တာလား?”
ရှန်ယုကျန်းသည် သူ့ကိုကြည့်ကာ ခေါင်းငြိမ့်ပြသည်။
ဝူချန်းယွဲ့သည် တည်ငြိမ်သွားကာ ဘေးကိုကြည့်ရင်း “ဒါဆိုရင် ဒါကသူနယ်မြေမလား? ဘယ်မှာလဲ? ဘာဖြစ်လို့ ငါတို့ကို ရုတ်တရပ် ခေါ်လာတာလဲ?”
ရှန်ယုကျန်းသည် ကန်ကို လက်ညိုးထိုးပြကာ ခေါင်းခါပြသည်။ ဝူချန်းယွဲ့တို့က ဘာဖြစ်လို့ ရောက်လာသလဲကို သူမက မသိသော်လည်း လင်းချင်းကတော့ ကန်ထဲကို ဆင်းသွားရာကနေ ပြန်တက်မလာသေးပေ။
ဝူချန်းယွဲ့သည် ကန်မျက်နှာပြင်ကို ကြည့်ကာ သူမကို ပြန်ကြည့်၍ မေးသည်။ “ဘာကိုပြောချင်တာလဲ? နင်. . .စကားမပြောနိုင်ဘူးလား?”
ရှန်းယုကျန်းသည် ခေါင်းခါပြပြီးနောက် ခေါင်းငြိမ့်သည်။
ဝူချန်းယွဲ့သည် သူ့အိတ်ထဲကို ရှာလိုက်သည့်အခါ စာအုပ်နှင့် ဘောပင်ကို တွေ့သည်။ “ဒီမှာ ပြောချင်တာကို ချရေး”
ရှန်ယုကျန်းသည် စာအုပ်နှင့် ဘောပင်ကို လာယူကာ ရေးပြသည်။ ‘ကန်ထဲကို ဆင်းသွားတာကနေ တက်မလာသေးဘူး’
ဝူချန်းယွဲ့သည် သူမကို အံ့သြစွာကြည့်ကာ စာကိုထပ်ဖတ်ပြန်သည်။ ထို့နောက် ကန်ကိုနားမလည်စွာကြည့်ပြီး “ကန်ထဲမှာ? ဘာလုပ်နေတာလဲ?”
သူ့ခြေထောက်နောက်က ဝူယွဲ့လျန်သည် ကန်ဘက်ကိုသာ တစ်ချိန်လုံး ကြည့်နေသည်။
ဝူချန်းယွဲ့က ရှန်ယုကျန်းကိုကြည့်ကာ မေးသည်။ “နင်နိုးနေပြီပဲ။ ဘာဖြစ်လို့ ချန်ယုတင်းနဲ့ အတူရှိမနေတာလဲ? နင်နိုးလာတာကို သူသိလား?”
ရှန်ယုကျန်းသည် ဝမ်းနည်းစွာဖြင့် ခေါင်းငုံသွားသည်။ ကြမ်းပြင်က ကျောက်တုံးများကိုကြည့်ကာ သူမက ခေါင်းခါပြသည်။
ဝူချန်းယွဲ့သည် သူမကို ခနကြည့်ရုံနှင့် နားလည်သွားသည်။ “အခုရုပ်ကို သူ့ကိုမမြင်စေချင်တာမလား? အခုနင်ဘယ်လိုရုပ်လဲဆိုတာကို သူကစိတ်ထဲမထားတာ သိသင့်တယ်။ ဇွန်ဘီဖြစ်နေတာလည်း သူဂရုမစိုက်ပါဘူး။ ဘာကိုစိုးရိမ်နေသေးတာလဲ?”
ရှန်ယုကျန်းသည် စိတ်ခံစားမှုမြင့်နေသည့် အကြည့်များဖြင့် မော့လာသည်။
ဝူချန်းယွဲ့က “နင်နဲ့သူကြားက ဆက်ဆံရေးက ၂ယောက်လုံးနဲ့ဆိုင်တယ်။ နင်က ဒီမှာခံစားနေတယ်။ သူကအပြင်မှာ နာကျင်မှုကို ရင်ဆိုင်နေရတယ်။ နင့်ကိုနင်ပဲ တွေးမနေနဲ့။ သူ့ကိုချစ်ရင် သူ့ဆီကနေ ပုန်းမနေသင့်ဘူးလို့ ငါထင်တယ်”
ရှန်ယုကျန်း၏ ခံစားချက်တို့မှာ ပိုပြင်းလာသည်။ သူမကသာ ကျန်းမာသည့်လူသားဆိုလျှင် မျက်ရည်တို့က မျက်လုံးထဲကနေ စီးကျလာမှာပင်။
ဝူချန်းယွဲ့ပြောသည်က မှန်ပါသည်။ ဆက်ဆံရေးသည် ၂ယောက်လုံးဖြင့် ဆိုင်တာဖြစ်သည်။ သူမက ဒီမှာတစ်ယောက်တည်း ပုန်းနေခြင်းသည် ချန်ယုတင်းအတွက် မတရားပေ။ သို့သော်လည်း သူမသည် သူ့ကိုထွက်တွေ့ဖို့ အဆင်သင့်မဖြစ်သေးပေ။
“လက်စားချေပြီးပြီ။ နင့်စိတ်ဆန္ဒကိုလည်း သိနေရင် သူဆီပြန်သွားပြီးတော့ အတူနေကြ. . .” ဒီလိုပြောနေရင်း အနံ့တစ်ခုခုကို ရသည့်အလား နှာခေါင်းကိုရှုံ့လိုက်သည်။
“အနံ့ရလား? နည်းနည်းထူးဆန်းတယ်. . .”
ရှန်ယုကျန်းကို မေးလိုက်သည်။
ရှန်ယုကျန်းသည် လေထဲတွင် အနံ့ခံကြည့်ကာ နားမလည်စွာဖြင့် ခေါင်းခါပြသည်။ သူမသည် ဘာအနံ့ကိုမှ မရပါပေ။
ဝူချန်းယွဲ့သည် ဝူယွဲ့လျန်အား ခေါင်းငုံ့ကာ မေးသည်။ “လျန်လျန် သမီးဘာအနံ့ရလဲ?”
ဝူယွဲ့လျန်သည် သူ့ပေါင်နောက်တွင်ပုန်းနေရာကာ ခေါင်းမော့ကြည့်ကာ လေထဲတွင် အနံ့ခံကြည့်သည်။ ထို့နောက် သူမလည်း ထူးဆန်းသည့်အနံ့ရကြောင်း သူ့အဖေကို ခေါင်းငြိမ့်ပြသည်။
အနံ့သည် ဆိုးနေတာ မဟုတ်ပေ။ သို့သော်လည်း ချိုမြိန်ခြင်း သို့မဟုတ် လန်းဆန်းခြင်းမျိုးတော့ မရှိပေ။ အနည်းငယ်ထူးဆန်းကာ ပြင်းလွန်းသည်။
ရှန်ယုကျန်းသည် သူတို့၂ယောက်အား အံ့သြစွာကြည့်သည်။ ‘ဘာအနံ့ရှိလို့လဲ? ငါတော့မရပါဘူး။ ငါကဇွန်ဘီဖြစ်နေလို့လား?’