၂၅၀။ မနိုင်ရင်ပြေး
အမျိုးသမီးလင်းသည် သက်ပြင်းချကာ မျက်နှာမဲ့သွားသည်။ ယန်ကျင်းဟွာကိုတွေးတိုင်း သူမစိတ်ပင်ပန်းရသည်။ “ငါတို့ ဘယ်လိုလုပ်ကြမလဲ? လင်းဖန်က ယန်ကျင်းဟွာကို ယှဉ်နိုင်တာ မဟုတ်ဘူး”
လင်းချင်းသည် သူမကို သက်သောင့်သက်သာဖြစ်စေမည့် အပြုံးဖြင့် ပြုံးပြကာ “ကျွန်မမှာ နယ်မြေမရှိလို့လား? သူ့ကိုမနိုင်ပင်မယ့် ပုန်းလို့မရတာကြလို့? သူဘာလုပ်မလဲဆိုတာပဲ တကယ်သိချင်တာ”
လင်းဝမ်ဝမ်သည် မည်းသည်းနေသည့် မျက်နှာဖြင့် အေးစက်စွာ “သူ့ကိုငါမမြင်ချင်ဘူး။ ရွံ့ဖို့ကောင်းတယ်”
အမျိုးသမီးလင်းသည် ခေါင်းငြိမ့်ကာ “ဟုတ်တယ်။ သူ့ကိုထပ်မြင်ရရင် ငါ့မျက်လုံးတွေ ကန်းမလိုပဲ”
လင်းချင်းသည် ထရပ်ကာ “ဒီလိုဆိုရင်ရော? နယ်မြေထဲကို သွားနေနှင့်ကြ။ သူဘာလုပ်မလဲ ဆိုတာကို မြင်ချင်သေးတယ်။ သူမသွားဘူးဆိုရင် လီလီပြန်လာမှ ရှင်းခိုင်းလိုက်မယ်။ စိတ်မပူနဲ့”
လင်းဟောင်သည် လက်ထဲက သစ်ကိုင်းချွန်ကို တင်းတင်းဆုပ်ကာ အံကြိတ်၍ “သူ့ကိုသတ်ချင်တာ အခုမသတ်နိုင်သေးပင်မယ့် သူအသက်ရှင်နေသေးသ၍ တနေ့တော့ ငါ့လက်နဲ့သေရမယ်”
လင်းဖန်သည် အခြားသူများကိုကြည့်ကာ “အမေ၊ မင်း၊ ဝမ်ဝမ်၊ ရှောင်လုနဲ့ ဝမ်ရှုတို့ အခုသူ့နယ်မြေထဲကို ဝင်လိုက်ကြ။ ငါတို့က အပြင်မှာကျန်ခဲ့ပြီးတော့ ဘာဖြစ်မလဲ စောင့်ကြည့်ဦးမယ်။ အန္တရာယ်တစ်ခုခုရှိလာရင် လုမိန်းကလေးက ငါ့ကိုနယ်မြေထဲကို ခေါ်လာပေးလိမ့်မယ်”
အမျိုးသမီးလင်းက ခေါင်းငြိမ့်သည်။ ချန်ဝမ်ရှုက သူ့သမီးကိုချီထားရင်း လင်းဖန်ကို ဆိတ်ဆိတ်ကြည့်သည်။ လင်းချင်းသည် အမျိုးသမီးလင်း၏ လက်ကိုအရင်ကိုင်လိုက်ကာ နှစ်ယောက်လုံးပျောက်သွားသည်။ ထို့နောက် လင်းချင်းသည် ပြန်ပေါ်လာကာ ချန်းဝမ်ရှုနှင့် လင်းရှောင်လုကို နယ်မြေထဲသို့ ခေါ်သည်။ ထို့နောက် လင်းဝမ်ဝမ်အပြင် စွမ်းအားမရှိသည့် တပ်သားနှစ်ယောက်ကို နယ်မြေထဲသို့ ထည့်လိုက်သည်။ လင်းဟောင်၊ လုံချင်းယင်နှင့် သန်မာသူ အချို့ကတော့ လင်းဖန်နှင့်အတူ ကျန်ခဲ့သည်။
ဒီလိုလူနည်းနည်းလေးက ထွက်ပြေးဖို့ ပိုလွယ်သည်။ အနည်းဆုံးတော့ အရေးပေါ်ပြေးလျှင် လေးဖင့်အောင် လုပ်မည့်သူ တစ်ယောက်မှ မရှိပေ။
လင်းချင်းသည် လျူကျွင်း၏ အခန်းသို့ ပြန်သည်။ ထိုအချိန်တွင် လျူကျွင်းသည် အိပ်ပျော်နေသည့် တုံတုံကိုပွေ့ထားသည်။ ရှဲ့တုန်းက အခန်းနံရံကိုမှီ၍ လက်ကိုပိုက်လျှက် ရပ်စောင့်ပေးနေသည်။
လင်းချင်းလာသည့်အခါ လျူကျွင်းက သူမအား “ယန်ကျင်းဟွာက လူဘယ်နှစ်ယောက်လောက် ခေါ်လာတာလဲ?”
လင်းချင်းက ခေါင်းခါကာ ဖြေသည်။ “မသေချာဘူး။ ဒါပင်မယ့် သူ့အနားက စွမ်းအားရှင်တချို့ကတော့ အဆင့်ငါးတွေနဲ့ သူ့အမိန့်နာခံတဲ့လူတချို့ရှိသေးတယ်”
“တကယ်တော့” လျူကျွင်းက “သူ့စွမ်းအားအပြင် သူတို့ရဲ့ လက်နက်အပြည့်ဆင်ထားတဲ့ ကားတွေကလည်း အန္တရာယ်များတယ်။ လီလီနဲ့တိုက်တုန်းက သူတို့က ကားကလက်နက်တွေကို မသုံးခဲ့ဘူး။ ကြီးကြီးမားမားသုံးစရာအတွက် ချန်ထားသလားပဲ”
လင်းချင်းသည် ခေါင်းငြိမ့်ပြသည်။ လျူကျွင်းနှင့် တုံတုံကို နယ်မြေထဲပို့ပြီးနောက် ရှဲ့တုန်းနှင့်အတူ အခန်းထဲမှ ထွက်လာသည်။ လင်းဖန်၏အခန်းသို့ ရောက်သည့်အခါ သူတို့အား “နင်တို့က ဒီမှာစောင့်ကြည့်နေ။ ယန်ကျင်းဟွာက ဘာလုပ်နေလဲကို ငါသွားကြည့်လိုက်ဦးမယ်။ ငါ့သတင်းကိုစောင့်” ဒီလိုပြောပြီးနောက် သူမသည် ပြတင်းပေါက်ကနေ မမြင်ရနိုင်သည့် အခန်းတံခါးဆီသို့ သွားသည်။ ပြီးမှ ကိုယ်ဖျောက်လိုက်ကာ ပြတင်းပေါက်နေ ခုန်ဆင်းသွားသည်။
အခန်းထဲတွင် ကျန်ခဲ့သည့်သူ လေးယောက်သည် ခုံတွင်ထိုင်လိုက်ကြသည်။ လင်းဖန်က ရှဲ့တုန်းကို ကြည့်ကာ “မင်းကို ငါတစ်ခုမေးလို့ရမလား?”
ရှဲ့တုန်းသည် သူ့ကိုကြည့်သည်။ လင်းဖန်က သူ့ကိုမေးသည်က သေချာမှ ဇဝေဇဝါဖြင့် ခေါင်းငြိမ့်ပြသည်။
“ရိုင်းသလိုဖြစ်ရင်ဖြစ်နေမှာ” လင်းဖန်က ပြောသည်။ “စိတ်ထဲမထားပါနဲ့။ မင်းစကားပြောတာ ငါတို့မကြားဖူးတော့ မင်းအသံပျောက်နေတာ အတော်ကြာပြီလား?”
ရှဲ့တုန်းသည် ခေါင်းငြိမ့်ပြလိုက်သည်။
“ဪ တကယ်အားနာပါတယ်” လင်းဖန်က ဆက်ပြောသည်။ “ဒါပင်မယ့် မင်းနဲ့ လုထန်ယုက ပင်လယ်မြို့တော်စခန်းကမလား? ဘာဖြစ်လို့ သူနဲ့အတူရှိနေတာလဲ? မကြောက်ဖူးလား?” လင်းဖန်သိချင်သည်မှာ ရှဲ့တုန်းသည် ဇွန်ဘီဖြစ်သည့် လုထန်ယုကို မကြောက်ဘဲ ဘယ်လိုသတ္တိဖြင့် သူမ၏အနောက်သို့ လိုက်နေသလဲပင်။
ရှဲ့တုန်းသည် ခါးတွင်ပတ်ထားသည့်အိတ်မှ စာအုပ်ကိုထုတ်ကာ ရေးပြသည်။ ‘သူက မကောင်းတဲ့ဇွန်ဘီ မဟုတ်ပါဘူး။ သူသာငါ့ကို ထိခိုက်စေချင်ရင် ဘယ်ကယ်ပါ့မလဲ’
“မင်းကိုကယ်တယ်လား?” လင်းဖန်သည် အံ့သြစွာပြောသည်။ ထို့နောက် လုံချင်းယင်ကို တစ်ချက်ကြည့်ကာ “ငါ့အထင် ကယ်ဆယ်ရေးလုပ်ရတာကို သူကသဘောကျပုံပဲ”
‘ကယ်ဆယ်ရေးကိုကြိုက်တယ်လား?’ ရှဲ့တုန်းသည် ခနတွေးကြည့်သည်။ သူအပါအဝင် လင်းချင်းကယ်သူများမှ တုံတုံတို့ သားအမိ၊ လုထန်ရိတို့အဖွဲ့၊ မင်းသမီးလေး၊ လုံချင်းယင်နှင့်တူယွမ်ရှင်းတို့ ဖြစ်သည်။ မိသားစုမှတစ်ပါး ကျန်သည့်သူများက သူမနှင့်မဆိုင်သည့်သူများဖြစ်သည်။
ထို့ကြောင့် လင်းချင်းက ကယ်ဆယ်ရေးလုပ်ရသည်ကို တကယ်သဘောကျသည်ဟု သူပါခံစားလာရသည်။ သူသည် တပ်သားဟောင်းဖြစ်ခဲ့သောကြောင့် တာဝန်စိတ်ဖြင့် လူများကို ကယ်တက်သည်။ ထို့ကြောင့် လင်းချင်းမှာလည်း ကယ်တင်ရမည်ကို သူမလုပ်သင့်တာတစ်ခုဟု ထင်နေပုံရသည်။
သို့သော်လည်း ကမ္ဘာပျက်ခေတ်တွင် တစ်စုံတစ်ယောက်က အကူအညီလိုသူများကို ကယ်တင်လျှင် ကျေးဇူးကန်းသည့်သူများနှင့် တွေ့ရလိမ့်မည်။ အသက်ရှင်သန်ဖို့အတွက် ဒီခေတ်ကလူများသည် လူ့ကျင့်ဝတ်များမရှိတော့ပေ။ ထို့ကြောင့် လူသားစားဓားပြများ ရှိနေတာဖြစ်သည်။ သူ့အဖွဲ့တွင်လည်း အတွင်းပြဿနာများက တစ်ချိန်လုံးရှိခဲ့ကာ နောက်ဆုံးတော့ သူ့ကိုသစ္စာဖောက်သွားကြသည်။ သို့သော်လည်း တပ်သားဟောင်းများသည်တောင် ဒီလိုတာဝန်သိစိတ်မျိုးသည် တဖြည်းဖြည်းပျောက်လာကာ အားကြီးသူကိုသာ လေးစားရမည်ဆိုသည့်စိတ်များသာ ရှိကြတော့သည်။
“အရင်က ဒီလိုပဲလား?”
လင်းဖန်က မေးသည်။
ရှဲ့တုန်းသည် ဒီမေးခွန်းကြောင့် ပဟေဠိဖြစ်သွားသည်။ လင်းဖန်ကို ဇဝေဇဝါဖြင့် တစ်ချက်ကြည့်လိုက်ပြီးမှ ခေါင်းခါပြသည်။ လင်းဖန်သည် ထပ်မမေးတော့ဘဲ ပြတင်းပေါက်အပြင်ကိုသာ ငေးနေတော့သည်။
“ဟိုခွေးကောင်ကို သူတကယ်တွေ့တာလား? မှားတာမဖြစ်နိုင်ဘူးမလား?”
ဘာကိုမှ အာရုံမခံမိသဖြင့် လင်းချင်း၏စကားကို အကုန်မယုံနိုင်သည့် လင်းဟောင်က ပြောသည်။
လင်းဖန်သည် သူ့ကိုတစ်ချက်ကြည့်ကာ “ငါလည်းမသေချာဘူး။ ဒါပင်မယ့် အခုသူ့ကိုယုံတာက မမှားပါဘူး။ ဖြစ်နိုင်ချေသေးသေးလေးဆိုတောင်မှ ငါတို့သတိနဲ့နေရမယ်။ ပေါ့လို့မဖြစ်ဘူး”
လင်းဟောင်သည် ပြတင်းပေါက်ကိုကြည့်သည်။ အပြင်တွင် မှောင်နေသဖြင့် သူဘာမှမမြင်ရပေ။ ထိုအချိန်တွင် လင်းချင်းသည် အမိုးတစ်ခုနှင့်တစ်ခုကူးနေသည်။ အမှောင်ထဲတွင် ဘယ်သူကမှ သူမကို အာရုံမခံနိုင်ပေ။
မီတာတစ်ထောင့်သုံးရာသည် သူမအတွက်တော့ ခနလေးသာ။ သူမသည် လမ်းမီးတိုင်ပေါ်တွင် ထိုင်ချကာ ဆယ်မီတာလောက်ဝေးသည့်နေရာမှ အဆောက်အဦး၏ အပေါ်ဆုံးထပ်ကို ကြည့်နေသည်။ ထိုအရာသည့် လူနေခဲ့သည့် အဆောက်အဦး၇ခု၈ခုဖြစ်ပြီး တစ်ခုတွင် အထပ်၂၀မှ ၃၀အထိ ပါဝင်သည်။
ယန်ကျင်းဟွာသည် သူ့လူများသည် အလယ်မှ အဆောက်အဦးတွင် ရှိနေတာဖြစ်သည်။ ဒီအဆောက်အဦးမှ သူတို့သည် လင်းဖန်တို့နေသည့် ဟိုတယ်ကို လှမ်းမြင်နေရသည်။ လင်းချင်းသည် ယန်ကျင်းဟွာတို့အား ခေါင်းမော့ကြည့်ပြီးနောက် အောက်ကိုငုံ့ကြည့်လေရာ သူတို့ကားတစ်စီးမှ မတွေ့ပေ။ သို့သော်လည်း မြေအောက်ကားပါကင်သည် ဒီနေရာနားတွင်ရှိသည်ကို သတိထားမိသဖြင့် ထိုနေရာတွင်း ကားထားလောက်မည်ဟု သိလိုက်သည်။
လင်းချင်းသည် သူမ၏ အာရုံခံနိုင်စွမ်းကို အသုံးပြုသည့်အခါ ယန်ကျင်းဟွာသည် တစ်ယောက်တည်းရှိနေကာ သူ့လက်အောက်က အဆင့်ငါးစွမ်းအားရှင်အချို့နှင့် အချို့အဆင့်သုံး အဆင့်လေးများကတော့ အပေါ်ထပ်၏ အခန်းတစ်ခုထဲတွင် စုနေကြသည်။
လင်းချင်းသည် လမ်းမီးတိုင်ပေါ်မှ ခုန်ဆင်းကာ ထိုအဆောက်အဦးများ အနားသို့ ကပ်သွားသည်။ လင်းချင်းသည် သူတို့ရှိရာ အဆောက်အဦးထံသို့ အရင်မဝင်ဘဲ အနားက မြေအောက်ကားပါကင်ဆီသို့သွားသည်။
အထဲတွင် လုံးဝကို မှောင်ပိန်းနေသော်လည်း သူမကတော့ အကုန်လုံးကို ရှင်းလင်းစွာ မြင်နိုင်သည်။ သူမသည် အထဲသို့ဆင်းလာသည့်အခါ ထင်သလိုပင် လက်နက်ကြီးများ တပ်ဆင်ထားသည့် ယန်ကျင်းဟွာတို့ကားများက နံရံနားတွင် ထိုးရပ်ထားသည်ကို တွေ့လိုက်ရသည်။
လင်းချင်းသည် လက်များကို အကြောလျှော့ကာ ထိုကားများထံသို့ လျှောက်သွားသည်။